သမ္မတ ပခုံးနှစ်ဖက်မှာ သွားဒဏ်ရာတွေနဲ့


ပထမဆုံး အွန်လိုင်းဂျုတ်နဲ့ စပါမယ်။
Messi carrying Argentina.
Neymar carrying Brazil.
....................................
British Airways carrying England.
ဘာသာမပြန်တော့ဘူး။

ဘောလုံးပွဲမှာ အနီကတ်ထိမှ ပွဲပယ်ခံရတယ်လို့ မသိဘဲ ဝင်မပြောပါနဲ့။
လူးဝစ်ဇ် ဆွာရက်တို့က တစ်နီမှမထိဘဲ ၃၄ ပွဲ အပယ်ခံထားရပါတယ်။

တရုတ်က မူဝါဒငါးချက်နဲ့ နှစ် ၆၀ မြောက် ပေါ်လစီ စည်းရုံးရေး အရှိန်မြှင့် ဖို့ မြန်မာ သမ္မတနဲ့ အိန္ဒိယ ဒု ဝန်ကြီးချုပ်တို့ကို လှမ်းဖိတ်ပါတယ်။
မနေ့ကတင်ပဲ တရုတ်ပိုင်နက်မြေပုံအသစ်ထုတ်လိုက်လို့ တရုတ်ရဲ့ ပယ်လယ် ပိုင်နက်က ပို ကျယ်လာတယ်။ ဝါးပင်စိုက်ပြီး ဝါးပင်သွားရာ ခြံဝင်းသတ်မှတ် သလို လေ။ တရုတ်မြေပုံက အသစ်ထုတ်တိုင်း ကျယ်ကျယ်လာ လို့ အိမ်နီး ချင်းတွေ မခံမရပ်ဖြစ်ချိန် မြန်မာနဲ့တို့များ ပြသနာမရှိဆိုတာ ပြချင်ပုံ ရပါတယ်။ ဘယ်ရှိပါ့မလဲ။ ကြည့်။

ကြားရတဲ့ အတွင်းသတင်းအရ နှစ်နိုင်ငံသဘောတူလို့သာ ပြောတာ သမ္မတခမျာ ရှက်လို့ အင်္ကျီလက်ရှည်ကို မချွတ်ရဲရှာဘူး။ ဘယ်ဘက်ပခုံးမှာ အကိုက်ခံထားရ တဲ့ ဒဏ်ရာကြီးနဲ့မို့တဲ့။
ဒါတင်မပြီးသေးဘူး။ အိန္ဒိယ ဒု ဝန်ကြီးချုပ်ကလည်း သူ့ ညာဘက်ပခုံးကို စိုက် ကြည့်နေတာ။
ဘရာဇီးက အမျိုးသမီးလို ဆွာရက် မကိုက်လို့ ကျန်နေတဲ့ဘက်ကို ဝင်ကိုက်သွားမှ ဒုက္ခ။
(ပုံ နှစ်ကို ကြည့်ပါ)
ကဲ သမ္မတကြီးအတွက် မစိုးရိမ်သင့်ဘူးလား။


Post a Comment