ကမ္ဘာ့သာသနာပြုရဟန်းတော်များ သင်တန်း


ပီနန်ဆရာတော်ကြီးကို ပြန်မပေးချင်ရင် ရွှေတောင်ကုန်း ဆရာတော်ကြီး (သို့)ဖားအောက်ဆရာတော်ကြီးအား မဟာသန္တိသုခကို လှူဒါန်းသင့်ပါတယ်။
ဟာ ဒီကောင်(ဒီကိုယ်တော်)အူတူတူတွေ လျှောက်ရေးနေပြီလို့ မထင်ကြပါနဲ့။ စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်ပါ။
ဒီကျောင်းတော်ကြီးရဲ့ အဓိက ရည်ရွယ်ချက်က ပြည်ပသာသနာပြု ရဟန်းတော် များ မွေးထုတ်ပေးနိုင်ရေး ဖြစ်ပါတယ်။
ကဲ ဒါဆိုရင် မဟနပိုင်(သို့)အစိုးရပိုင် သာသနာပြုကျောင်း ကမ္ဘာမှာ ဘယ်နှကျောင်း ရှိပါသလဲ။
ကျောင်းမရှိဘဲ ဒီကျောင်းဆင်း သံဃာတွေကို ဘယ်နိုင်ငံက ဘယ်ကျောင်းကို သွားပို့ကြမှာလဲ။

ကမ္ဘာနိုင်ငံ အသီးသီးရှိ ကျောင်းအများစုက
၁။ မဟာစည် ဩဝါဒခံ ကျောင်းများ(ရွှေတောင်ကုန်း ဆရာတော်ကြီးရဲ့ ရိပ်သာခွဲများ အပါအဝင်)
၂။ ပီနန်ဆရာတော်ကြီး တည်ထောင်ခဲ့တဲ့ကျောင်းများ
၃။ နှောင်းပိုင်းမှာ ဖားအောက်ဆရာတော်ကြီးရဲ့ ဩဝါဒခံ ကျောင်း၊ ရိပ်သာများ
၎။ ကိုယ့်ဒူးကိုယ်ချွန် ပုဂ္ဂလိကပိုင်ကျောင်းများသာ ဖြစ်ကြပါတယ်။
အထူးသတိချပ်ရန်က ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြား နိုင်ငံခြားရှိ ယင်းကျောင်းတွေကို ညအချိန်မတော်မှာ ဝင်သိမ်းလို့ မရခြင်းဖြစ်ပါတယ်။

ပို့စရာကျောင်း မရှိဘဲ "ကမ္ဘာ့သာသနာပြုရဟန်းတော်များ သင်တန်း"ခေါ်ယူလိုက် ပါကလည်း ကြားရကောင်းသလောက် အဓိပ္မါယ်က တစ်စက်မှ မရှိဖြစ်နေပါ တယ်။(စဉ်းစားတတ်သူတွေက မယုံကြည်)
ကမ္ဘာ့သာသနာပြုဖို့ဆိုရင် ပီနန်ဆရာတောကြီးကို (ဂရန်ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ လှူ ဒါန်းခြင်းက အကျိုး ပိုများပါလိမ့်မယ်။
ဒီလိုမှ မလုပ်နိုင်ရင် မဟာစည်ဆရာတော်ကြီးရဲ့ တပည့်ကြီး တစ်ပါးဖြစ် တဲ့ ရွှေတောင်ကုန်း ဆရာတော်ကြီးအား လွှဲပြောင်းလှူဒါန်းရင်(သို့) လက်ရှိအနေအထားအရ လူမျိုးခြားထဲ သာသနာရောက်အောင်ပြုနိုင်ပြီး သက်တော်ထင်ရှားလည်း ရှိနေဆဲ ဖားအောက်ဆရာတော်ကြီးအား မဟာသန္တိ သုခကို လှူဒါန်းလိုက်ရင် ပြည်ပသာသနာပြုလုပ်ငန်း အတွက် ကျေးဇူး များပါ လိမ့်မယ်။
ပြောမယ့်သာပြောရတာပါ။ ပြည်ပသာသနာ တကယ်ပြုနိုင်တဲ့ အထက်ပါ ဆရာတော်ကြီးနှစ်ပါးကလည်း ကြားသိရသလောက် မဟနနဲ့ အဆက်အဆံ လုပ်တော်မမူကြပါ။ မဟနက အပ်မှာမဟုတ်သလို ယင်းဆရာတော်ကြီးတွေ ကလည်း လက်ခံ မခံက မသေချာပြန်ပါ။



အကျဉ်းချုပ်တော့ ပြည်ပသာသနာ တကယ်ပြုနေတဲ့၊ ပြုနိုင်တဲ့၊ ဩဝါဒခံကျောင်းတွေလည်း ရှိတဲ့ ဆရာတော်ကြီးသုံးပါးနဲ့( ပီနန်ဆရာတောကြီးအပါအဝင်)မဟနက ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေခြင်း ထူးခြားနေပါတယ်။ တိုက်ဆိုင်မှုသက်သက် မဖြစ်တန်ရာ။

မှတ်ချက်။ သီဟနာဒက ဖားအောက်ဆရာတော်ကြီးတပည့် မဟုတ်ပါ။ ပီနန် ဆရာတော်ကြီးတပည့်ဖြစ်ပြီး မဟာစည် သတိပဋ္ဌာန်နည်းကို ကျင့်သုံး၊ ဖြန့်ဝေသူ သာမင်ညောင်ည ရဟန်းတစ်ပါးသာပါ။

Post a Comment