တစ်ခုခုဝင်ပြောပေးပါ စင်္ကာပူက မစ္စတာအမ်ဘာဇဒါ


ငွေမရှိ၊ အာဏာမရှိ "ဟုမ်း"ကို အားမကိုးပါနဲ့။ ကျနော်ပြောနေတာ အိမ်ဖော် မမိုးမိုးသန်းကိစ္စပါ။
ခင်ဗျားတို့ပြောတဲ့ အမျိုးဂုဏ်၊ အမျိုးသားရေးလက္ခဏာတွေ
ထမိန်အချွတ်ခိုင်း ခံနေရပြီ။
ကိုယ့်အံဖတ်ကို ပြန်စားနေရပြီ။
ကြိမ်နဲ့ အရိုက်ခံနေရပြီ။
ကြိမ်နဲ့၊ အင်္ကျီချိတ်နဲ့၊ ခေါက်ဆွဲစား တူနဲ့ ခြောက်ကြိမ် အရိုက်ခံခဲ့ရပြီးပြီ။
ပါး အရိုက်ခံခဲ့ရပြီးပြီ။
တစ်ခုခုဝင်ပြောပေးပါ မစ္စတာအမ်ဘာဇဒါ။

ဆံပင်ကိုဆွဲ၊ ကြမ်းပြင်ပေါ်လှဲ၊ ဝမ်းဗိုက်ပေါ် တက်နင်းတာခံခဲ့ရပြီးပြီ။
ဓာတ်ပုံရိုက်ယူဖို့ ထမိန်အချွတ်ခိုင်း ခံခဲ့ရပြီ။ အမျိုးဂုဏ်က ဒါမဟုတ်ရင် ဘာပါလဲ။
ကျေးဇူးပြုပြီး တစ်ခုခုဝင်ပြောပေးပါ။ ကျေးဇူးပြုပြီး ရေငုံနှုတ်ပိတ် မနေလိုက်ပါနဲ့။
မိဘဆန်ပေးပါ။ အစိုးရဆန်ပေးပါ။ သံတမန်ဆန်ပေးပါ၊ အကာအကွယ်ပေးပါ။

အဆိုးဆုံးက ကတော့ကို ပါးစပ်ထဲထိုးသွင်း၊
သကြားတွေ လောင်းထည့် သတဲ့။
အဲဒီ သကြား မချိုနိုင်လောက်ပါဘူး မစ္စတာအမ်ဘာဇဒါ။
မခံနိုင်လို့ အန်ချတော့ အန်ဖတ်တွေကို အစားခိုင်းပြန်သတဲ့။




News on ST: http://www.straitstimes.com/news/singapore/courts-crime/story/couple-faces-total-32-charges-abusing-two-their-maids-20140612

ကျနော်တို့ ချွေးနဲစာ ဒေါ်လာ၂၀၊ ၂၅ စီစုပြီး ရပ်တည်ဖို့ ကြိုးစားနေရတဲ့ "ဟုမ်း" ကို အားမကိုးပါနဲ့။
ကျေးဇူးပြုပြီး တစ်ခုခုဝင်ပြောပေးပါ။ စင်္ကာပူမှာ ဥပဒေ ရှိပါတယ်။ ခင်းဗျားတို့ ဖိအားများလေလေ ဥပဒေက ထိရောက်လေလေပါ။
လူမဆန်တဲ့ ဒီလင်မယားကို ဒဏ်ငွေလေး ထောင်ဂန်းလောက်နဲ့ မပြီးပါစေနဲ့။ အကြီးလေးဆုံး ပစ်ဒဏ် ခံသွားပါစေ။ ပစ်ဒဏ်ကို မက်က်စီမိုက်ဇ်ဖြစ်အောင် လုပ်ပေးပါ။
ဟုမ်းက အကြောင်းမကြား၊ အပူမကပ်လို့ မသိသေးဘူးဆိုရင် ဒီနေ့ စထရိတ် တိုင်း၊ စာမျက်နှာ သုံး၊ ခေါင်းကြီးကို ဖတ်ပေးပါ။
ကျနော်တို့ အမျိုးတွေ
ထမိန် မချွတ်ရပါစေနဲ့၊
အံဖတ် မစားပါစေနဲ့၊
အသားနည်းနည်းပိုဖြူ ရုံနဲ့ မကြောက်လိုက်ပါနဲ့။ ပလိစ်။
အားကိုးစွာဖြင့်

Post a Comment