ဒါရော The Clash of Civilizations လား မသိ


ဘုရားဆင်းတုတော်ကြီး ကျောက်သားအရောင်တင်ဖို့နဲ့ ရွှေသင်္ကန်းပြန်လည် ဆက်ကပ်ဖို့ဆိုပြီး တရုတ်နှစ်သစ်ကူးမှီ မန္တလေးက ရွာအဆက်ကောင် ကလေးကို လှမ်းခေါ်လိုက်သည်။ ရွာသားရိုးပုံက ပုဆိုးနဲ့ ထွက်လာသည်၊ အင်မီဂရေးရှင်းက အတွန့်တက်တော့ သူ့ခမျာ ရုံးခန်းရောက်လိုရောက်၊ လက်မှတ် အထိုးခိုင်းလို့ ထိုးခဲ့ရ။ ဘုရားဆင်းတုကြီးပေါ် ဆင်းလိုက် တက် လိုက် ပုဆိုးကြီးနဲ့တော့ တော်မည်မထင်၊ ဘောင်းဘီလေး ဘာလေးပြောင်း ဝတ်ပါဆိုပြီး ဒကာတစ်ယောက်ကို အကူအညီတောင်းပြီး အဝယ်ခိုင်းရသည် ။ ငေါက်ပြီး အဝတ်ခိုင်းခဲ့ရသည်။ ဆရာသမားက အစတော့ ရှက်သလိုလို ဘာလိုလို။ တစ်ပတ်ကျော်တော့
"မင်းကွာ ဘောင်းဘီကြီး တကားကားနဲ့ မြန်မာဆန်ဆန် ပုဆိုးလေးဘာလေး ဝတ်ပါအုံး" စသလိုလိုပြောမိတော့
"ပုဆိုးကတော့ ဒီကရှေ့ မဝတ်တော့ဘူး" တဲ့။
ဒါက The Clash of Civilizations လား မသိ။

Post a Comment