အိုဘီစီးတီး (Obesity) ပေါ် ဘုရားရှင်၏သဘောထား


မရောင်ရာဆီလူးရပေဦးတော့အံ့။
    မြတ်စွာဘုရားရှင်သည် ဝိတ်ထိန်းဖို့မှာကြားတော်မူခဲ့လေသလော။ တိတိကျကျပြောရန်ကား ခက်၏။ သို့သော် ယင်းအလွန်ဝရောဂါဟုဆိုသော Obesity သည် ယနေ့လူချမ်းသာနိုင်ငံကြီးများ၌ ဝမ်းမီလျံတန်သော ဆိုလူးရှင်းတစ်ခုဖြစ်နေပေတော့သည်။ ထို့ကြောင့် ဒိုက်ယက်နှင့်ဆိုင်သော အမှာစကားတော်တစ်ချို့ လက်လှမ်းမီသ၍ ထုတ်ကြည့်မိတော့သည်။

    မာတိကာနိဒါန်းကိုကျက်စဉ် ထန်းသီးလုံးခန့်ပမာဏရှိသော နို့ဂဏာဆွမ်းကို လေးဆယ့်ကိုးလုတ် မရုတ်လွေးလွေး ဘုန်းပေးတော်မူသည်ဟု ဆို၏။ ထန်းသီးလုံးခန့်ရှိသော ဆွမ်းလုတ်(၄၉) လုတ်သည် အလွန်များသော ပမာဏပင်ဖြစ်ချေ၏။ ဤပမာဏအတိုင်းသာဆိုသော် ယနေ့ဗုဒ္ဓဘာသာတို့အာရုံ၌ ပေါ်ထင်နေသော မြတ်စွာဘုရားရှင်၏ ရူပကာယတော်သည် အတန်ငယ်ပိန်သွယ်တော်မူသည်ဟုသာ ဆိုရချေတော့အံ့။
    (၄၉) လုတ်ကိစ္စကို ဘာမှမမိန့်သော်လည်း “ထန်းသီးလုံးခန့်” ဟူသော စကားကိုမူ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးကား သဘောတွေ့တော်မမူချေ။ ထန်းသီးလုံးခန့်မဖြစ်သင့်၊ ထန်းစေ့ခန့်မျှသာဖြစ်သင့်သည်ဟု မဟာဗုဒ္ဓဝင်ကျမ်း၌ ဆုံးဖြတ်တော်မူ၏။ သဘာဝယုတ္တိ၊ အာဂမယုတ္တိရှိရှိ ရှေးစကားကိုပယ်တော်မူခဲ့၏။ ထိုစကားအရ မြတ်စွာဘုရားရှင်၏ ရူပကာယတော်သည် မပိန်၊ မဝ ကြည်ညိုဖွယ်ကို ဆောင်နိုင်ပေတော့၏။
    ပြုံးရယ်ဖွယ်စကားတစ်ခွန်း ကစ္စည်း သဒ္ဒါကျမ်း၌ တွေ့ရ၏။
    “ ဒေဝဒတ္တော ဒိဝါ နဘုတ္တော တူလော” ဟု ဖြစ်သည်။ ဒေဝဒတ်ကား နေ့အခါ၌ မစား၊ သို့သော် ဝဖြိုး၏ဟု အဓိပ္ပါယ်ရလေသည်။
    သူ့ကိုယ်သူ ခေါင်းပါးချိုးခြံသောအကျင့်ရှိသူဟု ကြွေးကြော်သော ဒေဝဒတ်ကို ဂရမ္မဆရာက လက်ဆော့၍ သော့လိုက်သော အသောစကားဖြစ်လေသည်။ ဘုရားရှင်နှင့်ကား ဘာမှမဆိုင်ပေ။ ဘုရားရှင်က နေ့အခါ၌ အစာမဘုန်းပေးဟုလည်း မမိန့်၊ ဝဖြိုးသောခန္ဓာကိုယ်ရှိသည်ဟု စာပေ၌လည်းမတွေ့ရ။ ဤကိစ္စကို ဒေဝဒတ်အထံသို့သာ ဘော်လီဘောပုတ်ရပေတော့အံ့။
    “ စတ္တာရော ပဉ္စ အာလောပေ အဘုတွာ ဥဒကံ ပိဝေ” ဟူသော စကားတော်ကိုလည်း တွေ့ရပြန်၏။ အဝအတင်းကြီးမစားဘဲ ဆွမ်းလေးငါးလုတ်ခန့်လျှော့စားပြီး ရေသောက်ရန်မှာကြားထားသော ဒိုက်ယက်နှင့်ဆိုင်သည့် စကားတော်ဖြစ်၏။ ငိုက်မြည်းခြင်း၊ အဝလွန်ခြင်း စသည်တို့ကို ကာကွယ်ရန်ဟုတဆိုက ငြင်းရန်ခက်၏။
    ဤသည်ကိုပင် စာတတ်ပေတတ် ညောင်ကန်ဆရာတော်ဗုဓ်က ခပ်သောသော ယူဆတော်မူခဲ့ပေသတတ်။ “ အဘုတွာ” ဟူသော ပါဠိပုဒ်၌ပါသော “အ” ကို ပဋိသေဓ (သို့) နက်ဂေးတစ်ပါတီကယ်အနေဖြင့် မယူဆပဲ “ အပိုအလွန်” ဟူသော အနက်ကိုယူတော်မူပြီး “ ဆွမ်းလေးငါးလုတ်ခန့် (စားသင့်သည်ထက်) ပိုစားပြီးမှ ရေသောက်ရာ၏ဟု ဘာသာပြန်ခဲ့သည်ဟု ကြားဖူး၏။ အတည်စကားဟုတ်ဟန်တော့မတူပေ။ “ သဒ္ဒါတတ်တော့ ဆော့” ဟူသည့် စကားအတိုင်းသာ ဖြစ်နိုင်၏။
    မည်သို့ဆိုစေ ထိုအာဟာရနှင့်ပတ်သက်ပြီး အဝလွန်ရောဂါနှင့် ဝိတ်ချရေးကား လူတော်တော်များများ ပြောနေကြရသော စကားဖြစ်တော့၏။ စားချင်ရင်များ နင်းကန်စားပြီး အဝလွန်လာသောအခါ အစာစားချင်စိတ်နည်းပါးအောင် ထိန်းချုပ်လာကြ၏။ ဆိုက်ကိုကျင့်စဉ်ကုသထုံးကို သုံးလာကြ၏ (Psychotherapy) ။ ဒိုက်ရက်နှင့်ပတ်သက်ပြီး ပညာရှင်များထံ နည်းခံလာကြ၏။ နောက်ဆုံးခွဲစိတ်ကုသမှုများပင် လုပ်လာကြတော့၏။ အမှန်မူ အနည်းငယ်သော လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အစားလျှော့စားခြင်းဖြင့် ဤကိစ္စကို ထိန်းထားနိုင်ပေသည်။
    မြတ်စွာဘုရားကမူ “ မြူးရွယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါ”  ဟု ဆင်ခြင်ကြရန်မှာတော်မူခဲ့၏။
    ယနေ့ အစာစားခြင်းကို ငဲ့စောင်းကြည့်သောအခါ အမှန်ဆာ၍စားသည်က ရှားလှ၏။
    ပျင်း၍စားသည်ဟု တစ်ချို့ကဆို၏။ ကြော်ငြာကောင်း၍ စား၏။ အပျော်သဘော စား၏။ တီဗွီကြော်ငြာကို စမ်းသပ်ကြည့်လိုသဖြင့် စား၏။ မစားဖူးသောအစာဖြစ်သောကြောင့် စား၏။ ဖလေဘာအသစ်ပါဝင်သောကြောင့် စား၏။ ဤသည်တို့ကား ယနေ့လူများ အစာစားခြင်း၏ အကြောင်းတရားတို့တည်း။ ဤနည်းဖြင့် လူကြီးရော၊ ကလေးပါ အဝလွန်ရောဂါ စွဲကပ်လာကြပေတော့၏။
    ဘုရားရှင်လက်ထက်က ပသေနဒီကောသလမင်းကြီးသည် အလွန်အစားမက်၏။ ဝဖြိုးသောခန္ဓာကိုယ် ရှိသည်ဟုလည်းဆို၏။ မြတ်စွာဘုရားထံရောက်ခိုက် အစားလွန်ထားသဖြင့် အသက်ကိုပင် မနိုင်မနင်းရှူနေရရှာသည်ဟု ဆို၏။ ထိုအခါ မြတ်စွာဘုရားရှင်က-
    “ လူတစ်ယောက်သည် သတိနှင့်ယှဉ်ပြီး မျှမျှတတစားသုံးမည်ဆိုလျှင် နာမကျန်းမှုကိုလည်း ပယ်ဖျောက်နိုင်၏။ အရွယ်တင်၏။ အသက်ကိုလည်း ရှည်စေ၏” ဟု မိန့်၏။
    စားပိုးနင့်နေရှာသော ပသေနဒီကောသလကြီးက ထိုစကားတို့ကို ကောင်းကောင်းမကြားလိုက်ရရှာ။ ထို့ကြောင့် တူဖြစ်သူကို ထပ်ပြောပြရန် ခိုင်းခဲ့ရသည်ဟု စာပေကဆို၏။
    ပသေနဒီကား ဘုရားစကားကို နားထောင်၏။ ထို့နောက် on a diet လုပ်ကာ ဝိတ်တွေကျလာပြီး ဘောဒီလည်း စလင်းဖြစ်သွားသည်ဟု ဆိုလေ၏။
    ဘုရားရှင်၏ အဆုံးအမတော်များအနက် အိုဘီးစီးတီးကို အထိရောက်ဆုံးထိန်းချုပ်နိုင်ဆုံး အဆုံးအမမှာ သတိနှင့်စားခြင်းပင် ဖြစ်ပေလိမ့်မည်။ အမှတ်ဖြင့်စားနေသောအခါ အမူအယာလည်းနှေး၏။ ဝါးမှု၊ မြိုမှုလည်း နှေး၏။ အစားအသောက်အပေါ် တွယ်မက်သော ရသတဏှာကိုလည်း ပါးလျစေ၏။ အနည်းဆုံး မိမိဘာစားနေသည် ဘယ်လိုစားနေသည်ကို သိ၏။ ပသေနဒီကောသလကိုပေးခဲ့သော “ သတိနှင့်စား” ဟူသော စကားသည် လိုက်နာရခက်သော်လည်း မဆာပဲစားတတ်ကြသော ယနေ့ခေတ်လူတစ်ချို့အတွက် အလွန်ပင်ထိရောက်နိုင်သည်ဟု ထင်မိသည်။

    ပို၍အံ့သြဖွယ်ကောင်းသည်မှာ ပသေနဒီကောသလကို ဘုရားရှင်မိန့်မှာရာ၌ ပေါ့စတစ်များဖြင့် မိန့်တော်မူခြင်းတည်း။ ဤသည်မှာ ၂၀-၂၁ ရာစု ဆိုက်ကော်လော့ဂျစ်တို့ ပြောနေကြသည့် သူတပါးကို အကြံပေးရာ၌ နဂေးတစ်ထက် ပေါ့စတစ်က ပို၍ထိရောက်ကြောင်းပင် ဖြစ်လေသည်။
    ဝိတ်လျော့ခြင်း၏ အကျိုးကျေးဇူးများကား-
    ၁။ တနုတဿ ဘဝန္တိဝေဒနာ- ခန္ဓာကိုယ် ဝေဒနာကိုလျော့ပါးစေ၏။
    ၂။ သဏိကံ ဇာရတိ- ဇရာ အလာနှေး၏၊ အရွယ်တင်၏။
    ၃။ အာယု ပါလယ- အသက်ကိုစောင့်ရှောက်၏။ အသက်ရှည်စေ၏။
    ဤအချက်တို့သည် မော်ဒန်ဆေးသိပ္ပံက မငြင်းနိုင်သော ဗုဒ္ဓ၏လမ်းညွှန်ချက်များပင် ဖြစ်ချေတော့၏။
    ထို့အပြင် ရှစ်ပါးသီလစောင့်ထိန်းသူ၊ ရဟန်း၊ သာမဏေ၊ သီလရှင်တို့ ဝိကာလကိုရှောင်ကြဉ်ကြ၏။ နေ့လွဲညစာစားခြင်းမှ ရှောင်ကြဉ်ခြင်းသည် အဝလွန်ခြင်း အိုဘီစီးတီး အဝလွန်ခြင်းကို ကာကွယ်ရန်ဟုတော့ မဆိုလိုပေ။ စာပေ၌လည်း မတွေ့ရ။ သို့သော် ညစာမစားခြင်းသည်လည်း အဝလွန်ခြင်းကို သေချာပေါက် ဟန့်တားထားနိုင်ပေလိမ့်မည်။
    မယောင်ရာဆီလူးကိစ္စကို ရှင်း၏။
    မြန်မာလူမျိုးတို့တွင် ထမင်းနပ်မှန်အောင်ပင် ကြိုးစားရှာနေရသော မိသားစုများ များစွာရှိနေပေသေး၏။ ထိုပုဂ္ဂိုလ်တို့အတွက် ယခုရေးမိသော အဝလွန်ခြင်း အိုဘီးစီးတီးသည် အလွန်ပင်အားနာစရာကောင်းလှပေ၏။ မတတ်နိုင်။ ရေးရန်ရှိက ရေးရပေတော့အံ့။
    တစ်နေ့က ကျန်းမာရေးမကောင်းသဖြင့် ဆရာဝန်ထံသွားရ၏။ ဆရာဝန်က အရပ်နှင့် အလေးချိန်ကို စစ်၏။ ယခုအထိတော့ အိုဗာဝိတ်မဖြစ်သေး။ ဖြစ်ရန်အလားအလာကား ရှိ၏ဟုဆို၏။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ရန် ပြော၏။ ဘယ်သို့သော လေ့ကျင့်ခန်းလုပ်ရမည်နည်းဟုမေးရာ “ရေကူး” ဟု ခရစ်ယာန်ဆရာဝန်က ပြော၏။ ရဟန်းရေမကူးရဟုဆိုရာ “ ပြေး” ဟု ဆိုပြန်၏။ ပြေး၍လည်း မရဟုဆိုပြန်ရာ “ ဂျော့ဂင်” လုပ်ဟု ပြောပြန်၏။ ဂျော့ဂင်လည်း လုပ်လို့မရ လမ်းလျှောက်ရုံသာ လုပ်လို့ရသည်ဟုဆိုသောအခါ လမ်းလျှောက်ခြင်းကား အက်ခ်ဆာဆိုက်ဟု ဆိုရန်ခက်၏ဟု ငြီးငြူလေတော့၏။

    ဆေးခန်းကပြန်မှ တစ်ယောက်တည်း စဉ်းစားမိ၏။
    သူပေးသောလေ့ကျင့်ခန်းများက ထမင်းသုံးနပ်စားသောသူများအတွက် ဖြစ်၏။ ရဟန်းကား နှစ်ထပ်မျှသာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း (လမ်းလျှောက်ခြင်း) လေးမျှဖြင့် လူချမ်းသာရောဂါ Obesity ကို ကာကွယ်ထားနိုင်ပေသည်။
    ဤကား ဝိကာလ၏ကျေးဇူးဟုဆိုသော် မှားအံ့မထင်။
    ဘုရားရှင်သည် Obesity ပြဿနာကို ကြိုတင်သိမြင်တော်မူသည်ဟု ထင်၏။ 

(22/10/2013)
သီဟနာဒ
(2-Jul-2012)

ယုံကြည်မှုသာရှိရင် ဖြစ်အောင်လည်း လုပ်လို့ ရတယ်


နိုကီယားရဲ့သမိုင်းကို ပြန်ကြည့်။ နိုကီယာကို ထိမ်းထားတဲ့လူတွေက ဆိုဗီယက်နဲ့ မကင်းတဲ့လူတွေ။ ဖင်လန်က လူဦးရေ (၅) သန်း (၆) သန်းလောက် ရှိမယ်။ ရေရှည်မှာ ကိုရီးယားနဲ့ ဂျပန်ကို သူတို့ ယှဉ်နိုင်မယ်လို့ ထင်သလား။ တီထွင်ကြံဆနိုင်တဲ့ ခေါင်းကောင်းကောင်းတွေ သူတို့ ဘယ်လောက် ရနိုင်မှာလဲ။
သူတို့ကို ဂျပန်၊ အမေရိကန်တွေနဲ့ ယှဉ်ကြည့်ဦး။ ဂျပန်တွေက ပစ္စည်းအစုံထုတ်တယ်။ အမြဲတမ်းလည်း ကောင်းအောင် ကြိုးစားနေကြတယ်။ လျှပ်စစ်မုတ်ဆိတ်ရိပ်စက် ငါ သုံးတယ်။ ခြောက်လပြည့်တိုင်း မော်ဒယ်အသစ်တစ်ခု ထပ်ထွက်တယ်။ အရည်အသွေးက အရင်မော်ဒယ်နဲ့ သိပ် မကွာဘူး။ ဒါနဲ့ ငါ ပြောတယ် "သိပ် မထူးပါဘူး။ မဝယ်နဲ့" လို့။ ဒါပေမယ့် သူတို့က ပိုပိုကောင်းအောင် လုပ်လာကြတာ။ မဝယ်လို့ မရအောင် လုပ်လာကြတာ။ ဂျပန်တွေက ကားကနေ ခေါက်ဆွဲစားတဲ့တူအထိ လုပ်နေကြတာ။
အမေရိကန်တွေရဲ့ ယဉ်ကျေးမှုက တစ်မျိုး။ စနစ်တကျ ကောက်ကြောင်းဆွဲမယ်။ ပြီးတော့ မင်းကို အနိုင်ယူမယ်။ ဒါမျိုး။ ဒါ့ကြောင့် အမေရိကန်တွေ စီးပွားရေးအကျပ်အတည်းကနေ ထွက်လာမှာလို့ ငါ ယုံကြည်တယ်။ ကုန်ထုတ်လုပ်မှုမှာ အမေရိကန်တွေ ဂျာမန်နဲ့ ဂျပန်တွေအောက် ရောက်သွားတယ်။ ဘာမှ မကြာလိုက်ဘူး။ အင်တာနက်နဲ့ ဖောက်ထွက်လာခဲ့ကြရော။ မိုက်ကရိုဆော့(ဖ်)၊ ဘီး(လ်)ဂိတ်၊ ဒဲ(လ်) စတာတွေ။ သူတို့က ရုတ်တရက်ကြီး စီးပွားရေးထောင်တက်သွားတယ်။ ဥရောပနိုင်ငံတွေနဲ့ ဂျပန်တွေ မီအောင် လိုက်ကြပေဦး။
အချိန်နဲ့အညီ တီထွင်တဲ့နေရာမှာ ဂျပန်တွေက နံပါတ်တစ်ပဲ။ ဒါပေမယ့် အမေရိကန်တွေက အသစ်အဆန်းတစ်ခုခုကို အမြဲတမ်း အရင်တွေ့နေတတ်တယ်။
ဒီအရည်အချင်းတွေ ရှိဖို့ ဘာတွေ လိုအပ်သလဲ။
လူ့သမိုင်းကလည်း အစိတ်အပိုင်းတစ်ခုပဲ။ အမေရိကန်တွေက ဘာမှမရှိတဲ့မြေပေါ် ရောက်အောင်သွားပြီး တစ်ခုခုဖြစ်အောင် လုပ်လာခဲ့ကြတာ။ အိန္ဒိယန်းလူနီတွေကို သတ်၊ မြေတွေသိမ်း၊ ကျွဲတွေသိမ်း၊ အဲ့ဒါ သူတို့ ဘယ်သူတွေဆိုတာ ပြတာပဲ။ မင်းက ဒီနေရာမှာ မြို့တည်၊ မင်းက မြို့သူကြီးလုပ်၊ ငါက တရားသူကြီး လုပ်မယ်၊ မင်းက ရဲအရာရှိလုပ်၊ ငါက ကုန်သည်လုပ်မယ်၊ စကြစို့။ အဲ့သလိုမျိုး။ အဲ့ဒီ ယဉ်ကျေးမှုက ဒီနေ့အထိ ရှင်သန်နေတုန်း။ "There is the belief that you can make it happen. "ယုံကြည်မှုသာရှိရင် ဖြစ်အောင်လည်း လုပ်လို့ ရတယ်"

လီကွမ်းယု ( Hard Truth) "စီးပွားရေး ပဉ္စလက် မှ"

အတွေး ၊ စကား နဲ့ အလုပ်


ပထမလူ ။    ။ အတွေးနောက်ကို အလုပ်က လိုက်တယ်ဆိုတဲ့ စကားကို လက်ခံပါသလား။
ဒုတိယလူ ။ ။ လက်ခံပါတယ်။ ဒါက အနောက်တိုင်းစကားပုံ ဆိုပေမဲ့ ဘုရားဟောတဲ့ မဂ္ဂင်ရှစ်ပါးကလည်း ဒီအတိုင်းပါပဲ။ သမ္မာသင်္ကပ္ပ (မိစ္ဆာသင်္ကပ္ပ) နောက်မှာ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ (မိစ္ဆာဝါစာ၊ မိစ္ဆာကမ္မန္တ၊ မိစ္ဆာအာဇီဝ) တို့ လိုက်ရပါတယ်။ အတွေးနောက် စကားနဲ့အလုပ် လိုက်တယ်ပေါ့။ ဒါပေမယ့်ဗျာ …

ပထမလူ ။    ။ ဒါပေမဲ့ ဘာဖြစ်လို့လဲဗျ …
ဒုတိယလူ ။    ။ ဘာမှ မဖြစ်ပါဘူးဗျာ။ စကားနဲ့ အလုပ်က ကျော်ကျော်ပြီး တက်သွားတတ်လို့ပါ။

နေးချားနဲ့ နားချား


1)    Of Shakespeare, Col. lngersol writes: "Neither of his parents could read nor write.  He grew up in a small and ignorant village."

2)    "Human inequality springs from two sources, nature and nurture". J.B.S. Haldane, The Inequality of Mankind." p. 23.

ကလေးတစ်ယောက်ရဲ့ မွေးရာပါ ဗီဇနဲ့ ပက်သက်လို့ ထပ်တလဲလဲပြောနေကြတဲ့ Germ ကိစ္စကို နောက်ကြောင်းပြန်လှည့်ကြည့်ရရင် ဒါကလည်း ကလေးရဲ့ ဘဝ အစိတ်အပိုင်းလေး တစ်ခုအတွက်ပဲ အဖြေပေးနိုင်ပါတယ်။ အဲဒါက ရုပ်ပိုင်းဆိုင်ရာ အမွေဆက်ခံမှုပါ။ ဒါပေမယ့် ဒီ Germ ကိစ္စဟာ ကလေးရဲ့ ကိုယ်ကျင့်တရားနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာနဲ့ ပက်သက်တဲ့မေးခွန်းတွေကိုတော့ အမှောင်ခန်းထဲမှာ ချန်ထားခဲ့ပါတယ်။

ဒီGerm ကပဲ လူသားရဲ့ ဘဝတစ်ခုလုံးအတွက် ပေးဆပ်ခဲ့တယ်ဆိုရင် အဲဒီလူသားဟာ သူ့ကို Germ နဲ့တကွ မွေးထုတ်ပေးလိုက်တဲ့ မိဘနှစ်ပါးမှာ တစ်ပါးပါးနဲ့ တူနေရပါလိမ့်မယ်။ အခြား နောက်တစ်ယောက်နဲ့ တူနေလို့မရပါဘူး။ မိဘတွေ ပိုင်ဆိုင်တဲ့ Germ ရဲ့ သတ္တိသဘာဝထက် ကျော်လွန်နေလို့လည်း မရနိုင်ပြန်ပါဘူး။

ဒါပေမယ့် လူ့ဝန်းကျင်က တလေးတစားထားရတဲ့ မိသားစုတွေထဲမှာ ရာဇဝတ်သားကလေးတွေ ပါလာတတ်သလို မစွံလှတဲ့ ဝန်းကျင်ထဲမှာရှိတဲ့ မိဘတွေကလည်း သူတော်စင် ကလေးလေးတွေကို ထုတ်ပေးနိုင်ကြပြန်ပါတယ်။


Germ ၊ အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင်တူတစ်ခုထဲမှာ မွေးဖွားလာကြတဲ့ အမွှာကလေးတွေကိုလည်း ကြည့်လိုက်နိုင်ပါတယ်။ ရုပ်ချင်းဆင်နေကြပေမယ့် တစ်ယောက်က ဘုရားအလောင်း၊ တစ်ယောက်က မာရ်နတ်လို ဖြစ်နေတတ်ကြပြန်ပါတယ်။

မွေးရာပါထူးချွန်လာတဲ့ ကလေးတွေကလည်း ဗီဇနဲ့ ပက်သက်လို့ အဖြေရှာနေကြတဲ့ အတွေးအခေါ်ပညာရှင်တွေကို ခေါင်းကိုက်လောက်အောင် ပြဿနာတွေ ပေးနေပြန်ပါတယ်။ မွေးရာပါ ထူးချွန်လာတဲ့ ကလေးတွေရဲ့ မိသားစု အစဉ်အတန်းကြီး (အဘိုးအဘွားစသည်) ကို လှည့်ကြည့်ပြန်တော့ သူတို့လောက်တော်တဲ့သူတွေ တွေ့ရတတ်ပါသလား။

မိုးဇက်၊ ဗီသိုမင် နဲ့ ဒန်တေးတို့ဟာ သူတို့ငယ်စဉ်က မွေးရာပါ ဗီဇထူးချွန်သူတွေလို့ ပြောလို့ရစရာ ဘာမှ မရှိခဲ့ပြန်ဘူး။ ဒါတွေဖြစ်လာဖို့ လိုအပ်တဲ့ အကြောင်းတရားတွေ မညီညွတ်သေးလို့လား။ ဒီအကြောင်းတရားတွေ ထပ်ပေါင်းလိုက်မှ ဒါတွေဖြစ်လာမှာ ဆိုရင် ဒါဟာ မွေးရာပါဗီဇ မဖြစ်နိုင်တော့ပြန်ပါဘူး။

ဒီတော့ ရုပ်သဘာဝ Germ ဟာလူရဲ့ ကိုယ်ပိုင် အရည်အသွေးတို့နဲ့ ပက်သက်လို့ ဘာအဖြေမှ ထုတ်မပေးနိုင်တော့ဘူး ဆိုတာ မလွဲမသွေ ကောက်ချက်ချ ကြရပါတော့တယ်။

အခြားသော ကိုယ်ပိုင်သဘောဝတွေကိုလည်း အမြဲတမ်းကြီး သိနေနိုင်တာမဟုတ်ပြန်ပါဘူး။ တချို့ ရုပ်လက္ခဏာတွေဟာ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်မပြတတ်ကြဘူး။ ဆိုပါတော့ - နာတာရှည်ရောဂါ ရှိနေတဲ့ မိသားစုမှာ မွေးခဲ့တဲ့ ကလေးဟာ အဲဒီရောဂါတွေကနေ မကူးမစက် လွတ်မြောက်နေတတ်ပြန်တယ်။ ရောဂါတွေကို လက်ခံထားတဲ့ တစ်ရှူးတွေက ရှိနေပြန်တော့ ဒီရောဂါက ငုတ်လျှိုးနေပြီး သူ့ရဲ့ ဂျင်နရေးရှင်းဆီ ကူးဆက်သွားတာမျိုးတော့ ဖြစ်နိုင်တာပေါ့။

နောက်ပြီး စိတ်ဓာတ်ခြင်း လုံးဝကွဲလွဲနေတဲ့ ကလေးတွေ မိသားစု တစ်စုထဲမှာ ရှိနေတတ်ပြန်ပါတယ်။ အလွန်စိတ်ဓာတ်ကောင်းတဲ့ မိဘတစ်ယောက်ယောက်ဟာ ဆိုးသွမ်းဖို့ အရိပ်လက္ခဏာတွေ ပြနေတဲ့ သူ့ကလေးကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေရတာတွေကို တွေ့ရတတ်ပြန်ပါရော။

ဒါကြောင့် Heredity ရော Environment ကပါ သူတို့ပေးဖို့ ကတိပြုထားတဲ့ အဖြေကို ပေးမထားခဲ့ကြပါဘူး။ အဲ သူတို့ မပေးရမယ့် အဖြေကို ပေးထားခဲ့တယ်လို့တောင် ပြောရမလားပဲ။ (Dr. Th.Pascal )

ဗုဒ္ဓဘာသာရဲ့ ရှုထောင့်ကတော့ ဒီမတူညီမှုတွေဟာ Heredity, environment တို့သက်သက်ကြောင့်မဟုတ်သလို “Nature နဲ့ Nurture” သက်သက်ကြောင့်လို့ လည်းပြောမရပါဘူး။ Past actions နဲ့ Present doings ဆိုတဲ့ ကံတရားရဲ့ စီမံမှုကို ထည့်တွက်ထားကြရမှာသာ ဖြစ်ပါတော့တယ်။
(The Buddha and his teaching. Narada P-336-337)

Ananda(အာနန္ဒ)


           အာနန္ဒ(အရှင်)ကဘုရားရှင်ရဲ့ ဦးရီးတော်အမိတောဒနရဲ့သားဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ နှောင်းပိုင်း (၃၅) နှစ်ကာလတစ်လျှောက်လုံး အလုပ်အကျွေးရဟန်းတစ်ပါးဖြစ်ခဲ့ပြီး ရဟန်းရှင်လူပရိသတ်ရဲ့ ချစ်မြတ်နိုးခြင်းအခံရဆုံး ရဟန်းတော်တစ်ပါးလည်းဖြစ်ခဲ့ပါတယ်။
သာရိပုတ္တအရှင်ဟာ ပညာကိုကိုယ်စားပြုပြီး မောဂ္ဂလာန်အရှင်ဟာ တန်ခိုးဣဒ္ဓိပတ်ကို ကိုယ်စားပြုတယ်ဆိုရင် အာနန္ဒအရှင်ဟာ ကြင်နာမှုနှုးညံ့သိမ်မွေ့ မှုနဲ့မေတ္တာတရားကို ကိုယ်စားပြုပါတယ်။

        ဘုရားရှင်ကပင် အရှင်ရဲ့မေတ္တာထုံတဲ့ကံသုံးပါး (ကာယကံ၊ ဝစီကံ၊ မနောကံ)ကို ချီးကျူးတော်မူခဲ့ရပါတယ်။ (ဒီဃ၊၂၊၁၄၄)
         ဆိုလိုတာကတော့ လိုအပ်သူအတွက် အကူအညီပေးဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတက်တယ်။ ဘယ် သူနဲ့ပဲပြောပြော သိမ်သိမ်မွေ့မွေ့ပြောတယ်။ သတ္တဝါတွေရဲ့အကျိုးကိုလိုလားတယ်။
        အာနန္ဒ(အရှင်)ဟာ တစ်ချို့ဂုဏ်ပုဒ်တွေမှာ ဘုရားရှင်နဲ့တောင်ဆင်ဆင်တူတယ်လို့ ဘုရားရှင်ကိုယ်တော်တိုင်မြွတ်ဟခဲ့ပါတယ်။ ရဟန်းရှင်လူပရိသတ်က အရှင့်ကိုတွေ့ရင်ကျေနပ်ကြတယ်။ အရှင်ရဲ့တရားတော် တွေကိုနှစ်ခြိုက်ကြတယ်။ ပရိသတ်ရဲ့ရင်တွင်းအပူတွေကို အေးငြိမ်းစေနိုင်တယ်။ (ဒီဃ၊၂၊၁၄၄)ပထမသင်္ဂါယနာမှာ အရှင်ဟာ အဓိက အရေးပါဆုံးရဟန်းတော်ဖြစ်ခဲ့ပါတယ်။
         ဘုရားရှင်နဲ့အတူတကွ နီးနီးကပ်ကပ်အတူသီတင်းသုံးခဲ့ရပြဲီး ဘရားရှင်ရဲ့ဒေသနာတော်တွေကို လုံးစေပတ်စေ့အမှတ်ရတော်မူခဲ့လို့ သင်္ဂါယနာတင်စဉ်မှာ သူကိုယ်တိုင်နှုတ်နဲ့ရွတ်ဆိုပြီး အားလုံးထံလက်ဆင့်ကမ်း ပေးတော်မူခဲ့တယ်။ သုတ္တန်တစ်ခုအစချီတိုင်း " Thus have I heard”  (ဧဝံ မေသုတံ) ဆိုတဲ့ စကားတော်လေးပါတယ်။ ဒါဟာအရှင်မြတ်ရဲ့ နှုတ်ထွက်စကားလေးပေါ့။ (ဗုဒ္ဓဘာသာတတိုင်းရဲ့ အသည်းစွဲစကားလေးတစ်ခွန်းပါ။ ဧဝံမေသုတံ-စာပြန်သူ)
*Great Disciples of the Buddha, Nyanaponika Thera and Hellmuth Hecker, 1997

ကိလေသာများနှင့် ဘောလုံးကန်ခြင်း


သီဟနာဒသည် မန်ချက်စတာ ယူနိုက်တက်ကို ကြိုက်၏။ ၁၉၈၇-ခုကထဲကဖြစ်၏။ ယခု သူများ မန်ယူမှ ယူ လာသူမဟုတ် ( ဆိုင်တော့ သိပ်မဆိုင်လှ)။ ထို့ကြောင့် အားမနာပါးမနာ ကိုယ့်ကိုယ်ကို ဖာဂူဆန်လို သဘောထားမိ၏။ တစ်ဖက် ကိလေသာ အသင်းကို စိတ်ကူးဖြင့် လိုင်းနပ် ဆွဲလိုက်၏။


ကိလေသာတို့ လိုင်းနပ်ကား တိုက်စစ်ဆန်၏။ လေးသုံးသုံး ( 4+3+3) ဟုထင်ရသော်လည်း တစ်ခါ တစ်ရံ နောက်တန်း၊ ဘယ်ညာ၊ အစွန်တို့ပါ ရှေ့တက်လာလျှင် နှစ်သုံး၊ နှစ်သုံး ဖြစ်တတ်၏ ( 2+3 – 2+3) ။ ကစားကွက် အပြောင်း အလဲမြန်၏။ ဘောလုံးအထိမ်းအသိမ်းလည်း ကောင်းကြ၏။ ပရော်ဖက်ရှင် အစစ်များဖြစ်ကြ၏။ နဲဗားဆေး ဒိုင်းတို့တည်း။
အသင်းလိုင်းနပ်ကို ခြုံကြည့်ပြီး အင်ဒီဗီကျူရယ်ကို ဆက်လက် သုံးသပ်မိ၏။

၁။ မောဟ (ဂိုးသမား)
အကောင်ကြီး၏။ လေထဲက ဘောလုံးကို ဖမ်းရာ၌ တော်သကဲ့သို့ မြေပြင်ဘောဖမ်းရာတွင်လည်း ကောင်းလှ၏။ ပီတာ မိုက်ကယ်တို့ ၊ ဗန်ဒါဆားတို့ အဖေခေါ်လောက်၏။ တည်ငြိမ်၏။ ပင်နယ်တီတော်တော်များများ ကာကွယ်နိုင်၏။ မထင်မှတ်သော အဝေးဘောမှ ဂိုးရဖို့ သိပ်မလွယ်။ အချိန်ပိုကစားပြီးလို့ ပင်နယ်တီကန်ရတော့မည်ဆိုလျှင် ရှုံးဖို့များ သည်။ ကိလေသာ ဂိုးသမားကား အငြင်းပွားဖွယ်မရှိတော်လှ၏။ ကစားကွက်စိပ်မှ ပေါက်မည်။
သူ့အားနည်းချက်ကား အနည်းငယ်လေးနေခြင်းတည်း။

၂။ ကုက္ကုစ္စ- နောက်တန်း ညာအစွန်ကစားသမား
အလွန်ခန့်မှန်းရခက်၏။ တစ်ဖက်သားကို စိတ်ဓာတ်ကျအောင် အလွန်လုပ်နိုင်၏။ သူနှင့် ကစားရသည်ကားမလွယ်။ ဒီကောင်ကြောင့် အဝါကတ်၊ အနီကတ်တွေ ထိတာမနည်းတော့။ ပြီးတော့ နောက်တန်းကစားသမား အစစ်မဟုတ် ။ ဘောလုံးခြေထောက်ထဲရှိ၍ တိုက်စစ်ပုံစံပြောင်းလျှင် ဒီကောင်က ဒိဋ္ဌိနှင့် လင့်လုပ်ပြီး လောဘဆီကို အပိုင်လုံးတွေ ချချပေးတတ်သည်။ ညာထောင့်ဖြတ်ဘောများ ကြောက်စရာကောင်း၏။ ဒေးဗစ်ဘက်ခမ်းက အဖေခေါ်ရမည်။
သူ့အားနည်းချက်က စိတ်ဓာတ်ကျလွယ်ခြင်းတည်း။ သူ့ကို မထိတရိကစားလျှင် ရနိုင်သည်။ ဒီကောင် အီးကျူ သိပ်ကောင်း။

၃။ အဟိရိက- ညာ၊ နောက်တန်းခံစစ်
ဒီကစားသမားက သိက္ခာမရှိ။ သို့သော် ပါးနပ်၏။ ဂိုးမပေးရရေးအတွက် ဘာမဆို လုပ်သည်။ ပရိသတ်မေတ္တာကို ရသူတော့မဟုတ်။ ကြောက်စရာကား အလွန်ကောင်း၏။ ဒိုင်လူကြီးမမြင်ဘူးထင်လျှင် အင်္ကျိကိုဆွဲ၏။ လက်ဖြင့် ဘောလုံးကို ထိမ်း၏။ မသိမသာ နောက်ကွယ်မှ ခြေထိုး၏။ အရှက်မရှိ။ အဟိရိက ကို အရှက်မရှိဟုဆိုက မိမိသာ အလွန်ဖြစ်ချေမည်။ မန်စီးတီးက လက်ကောနှင့် ဆင်ဆင်တူသည်။
သူ့အားနည်းချက်ကား ပျော့၏။ သူ့ကို ခပ်တင်းတင်း ကိုယ်တွယ်ရမည်။ ဒီကောင်က ကျိုးမှာတော့ ကြောက်သည်။ ဒိုင်ကောင်းဖို့သာဆုတောင်းရမည်။

၎။ အနောတ္တပ္ပ- ဘယ်၊ နောက်တန်းခံစစ်
ပို၍ ကြောက်စရာကောင်း၏။ ဗစ်ဒစ်နှင့် တူသလိုလို ရှိသော်လည်း ဂျွန်တယ်ရီနှင့်လည်း တူတတ်ပြန်သည်။ ခေါင်းနှင့် ခြေထောက်ဝင်တိုးရမှာ မကြောက်သလို နာနေတာကိုပင်ထုံဆေးဖြင့် ဆက်ကစားမည့် ကစားသမားမျိုးဖြစ်သည်။ နောက်တန်း လေးယောက်တွင် “ ကီး” တည်း။ အဖျက်ကောင်းသည်။ မာသည်။ အကြောက်အလန့်မရှိ။
သူ့အားနည်းချက်က ဒစ်စီပလိန်းတည်း။ သူ့ဖက်က များများဖောက်နိုင်လျှင် ပင်နယ်တီရနိုင်သည်။ သူကား အဟိရိကလောက် အကင်းမပါး။

၅။ ဥဒ္ဓစ္စ - ဘယ်၊ နောက်တန်းအစွန်
ကစားကွက်ရှုပ်သည်။ အရှုပ်ကြိုက်သည်။ ခန့်မှန်းရအခက်ဆုံးကစားသမားတည်း။ သူ့ကို လူကပ် ကစား၍မရ၊ လှည့်ထွက်သွားတတ်သည်။ လူကပ်ကစား၍မရတော့ သူ့ဆီက ထွက်လာမည့် ဘောလမ်းကြောင်းကို ပိတ်ဆို့ရန်သာရှိ၏။ သူလည်း နောက်တန်းကစားသမား အစစ်မဟုတ်။ ရောဘက်တိုကားလို့၊ အက်ရှလေကိုးတို့လိုပင်တည်း။ နောက်တန်းဟုသာဆိုသည် တစ်ဖက်သား ပင်နယ်တီ ဧရိယာအပြင်မှာရှိနေတာ များသည်။ သူက မာနနှင့် လင့်(ခ်)လိမ့်မည်။ ဤလမ်းကြောင်းရအောင်ပိတ်ရမည်။ သူ့အားနည်းချက်က ဘောထိမ်းမသေသပ်ခြင်း၊ ဘောပေးမှားခြင်းတည်း ။

ဤနောက်တန်းလေးယောက်ကို သာမန်ကြည့်လျှင် ဘယ်နောက်ခံများဖြစ်ကြသည့် အနောတ္တပ္ပနှင့် ဥဒ္ဓစ္စတို့ကို ပို၍ မာသလို၊လုံသလို ရှိ၏။ ဟုတ်သည်။ မထင်မှတ်သော အပိုင်းမှ တိုက်စစ်ဆင်ရမည်။ ပင်နယ်တီ ဧရိယာထဲ ဘောလုံးရောက်နိုင်သလောက် ရောက်အောင်ပို့ပေးရမည်။ ဂိုးမရစေဦး ပင်နယ်တီရဖို့ အခွင့်သာ၏။ ပင်နယ်တီ မရေစေ၊ ပြစ်ဒဏ်ဘော ရမည်။ ဟုတ်၏။ ရှေ့ရောက်ရောက်နေတတ်သော ဥဒ္ဓစ္စမှ ကောင်တာ အတက် ဆင်ရမည်။ မြန်မှတော့ရမည်။ တစ်ချက်ထိ။ ဝမ်းတူး၊ တူးဝမ်း မှ ရမည်။

၆။ ဒိဋ္ဌိ၊ ကွင်းလယ်ဗိုလ်ချုပ်
တစ်သင်းလုံး၏ တမ်ပိုကို ထိမ်းထားသည်။ သူ၏ ကစားကွက် မဟာဗျူဟာ (၆၂) အလွန်နာမည်ကြီးသည် ။ ကြီးသလောက်လည်း ကြောက်စရာအလွန်ကောင်းသည်။ ဘာစိလိုနာက ရှဗီနှင့် ဆင်ဆင်တူသည်ထင်၏။ အထိမ်းအသိမ်း သေသပ်သည်။ ဘောပေးမှားသည်မရှိ။ တိုက်စစ်အားလုံး သူ့ဆီက စ တတ်သည်။ သူ့ဆီက ဘောထွက်ပေါက် ငါးပေါက်ရှိသည်။ ကြောက်စရာအကောင်းဆုံးက လောဘဆီ ချချပေးတတ်သည့် သေချာပေါက် အလုံးများတည်း။ အဓိက ဤလမ်းကြောင်းကို ပိတ်ရမည်။ သူ့ဆီက ဣဿာနှင့် မစ္ဆရိယ ဆီထွက်သွားသော ဘောလုံးများက သိပ်အန္တရယ်မရှိလှ။ ဘောပိုင်ဆိုင်မှုသာရပြီး ဂိုးသွင်းဖို့ အခွင့်အရေးသိပ်မရှိ။ သို့သော် ကိလေသာ အသင်းက ဂိုးစရလျှင်ဖြင့် ဤနည်းဖြင့် ကစားကွက် အသာစီးယူပြီး ကစားသွားကြလိမ့်မည်။သူ၏ မဟာဗျူဟာ(၆၂) ကြောက်စရာကောင်း၏။
မဟာဗျူဟာ (၆၂)ကို ဤသို့ကြည့်နိုင်၏။


1 ဟူသည် အန္တရယ်အကြီးဆုံး ဘောလမ်းကြောင်းကို ဆိုလိုသည်။
2 ဟူသည် ဒုတိယ အန္တရယ်အကြီးဆုံးသော ဘောလမ်းကြောင်းတည်း။
3 ဟူသည် ကစားကွက်တည်နေခြင်းသာတည်း ။ တိုက်စစ်မဟုတ်သေး။

ထိုကြောင့်ဆို၏။ ဒိဋ္ဌိသည် ကွင်းလယ် ဗိုလ်ချုပ်ဟု။ တစ်သင်းလုံး၏ တမ်ပိုကို သူထိမ်းထားသည်။ ကိုယ်က ဦးအောင်ဂိုးသွင်းနိုင်လျှင် ဒိဋ္ဌိက ဗျူဟာ တစ်နှင့် နှစ်ကို ပိုသုံးမည်။ ကိလေသာ အသင်းက ဂိုးအရင်သွင်းလျှင် ဗျူဟာ သုံးကို ပိုလိမ့်မည်။ ဘောပိုင်ဆိုင်မှုဖြင့် အချိန်ပြည့်အောင်ထိမ်း ကစားသွားလိမ့်မည်။ ခက်သည်က ဒိဋ္ဌိသည် အနီးအဝေး ကစားနိုင်၏။
သူ့ အားနည်းချက်က အနည်းငယ်လေး၏။

သီဟနာဒ
(16-Dec-2011)

AMBEDKAR, BHIMRAO


Bhimrao Amberdkar  ဟာ 1891 ခုမှာအိန္ဒိယနိုင်ငံ ဇာတ်နိမ့်မိသားစုမှာမွေးဖွားခဲ့ပါတယ်။ အခြေခံပညာသင်ယူပြီးနောက် အင်္ဂလန်နဲ့အမေရိကကိုပညာသင်သွားဖို့ စကေားလာရခဲ့တယ်။ ပြီးတော့ အလွန်ထက်မြက်တဲ့ ရှေ့နေတစ်ယောက်ဖြစ်လာခဲ့တယ်။ အဲ့ဒိနောက်နှစ်အနည်းငယ်အတွင်းမှာ လူမှုပြုပြင် ပြောင်းလဲရေးအတွက် အသံကျယ်ကျယ်အော်ဟစ်တောင်းဆိုခဲ့သူလည်းဖြစ်တယ်။ အထူးသဖြင့်ကတော့ ဟိန္ဒီတွေရဲ့ဇာတ်ခွဲခြားမှုစနစ်ကို ဝေဖန်ရှုပ်ချခြင်းပါဘဲ။
         အိန္ဒိယလွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံမူ ရေးဆွဲရေးမှာ ဥက္ကဋ္ဌအဖြစ်ပါဝင်ခဲ့တယ်။ ဟိန္ဒီတွေကြားမှာ လူတန်းစားညီမျှရေးကြိုပမ်းချက်ကိုရရှိဖို့ နှစ်များစွာကြိုးစာခဲ့ပြီး မအောင်မြင်တဲ့နောက်မှာတော့ သူဟာ 1956 ခုနှစ်မှာ ဗုဒ္ဓဘာသာဖြစ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သိန်းပေါင်းများစွာရှိတဲ့လူထုကြီးလည်းသူနဲ့ အတူ သရဏဂုံသုံးပါခံယူပြီး ဗုဒ္ဓဘာသာဝင်တွေဖြစ်လာခဲ့ကြတယ်။
        ဝမ်းနည်းကြေကွဲစရာပါ၊ အဲဒီ့လှုပ်ရှားမှုစပြီး လအနည်းငယ်အတွင်းမှာပဲ သူဟာဆုံးပါးသွားခဲ့ရှာပါတယ်။ ဒီနေ့အိန္ဒိယမှာဗုဒ္ဓဘာသာဝင် ( ၈ )မီလျံရှိပါတယ်။ အိန္ဒိယမှာပြန်လည်ရင်သန်လာတဲ့ ဗုဒ္ဓဘာသာအတွက် သူ့ ကိုဂုဏ်ပြုကြရမှာဖြစ်ပါတယ်။


 Ambedkar and Buddhism, Sangharakshita, 1986*

ရွာပြန်အုံးမယ် လေ


ဆယ်ရက်ကြာ ရွာအပြန်ခရီးကြောင့် (ရောက်တဲ့နေရာကနေ ဓာတ်ပုံ ရိုက်ပြီး လည်း မတင်တတ်တော့) မနက်ဖြန်ကစလို့ ပို့စ်အသစ် တက်နိုင်လမ့်မယ် မထင်မိကြောင်း စာဖတ်သူများကို အသိပေးပြန်ကြားထားခဲ့ချင်ပါတယ်။ အက်ဒမင်က တင်ရင်တော့ တစ်နှစ်ကျော်က စာတချို့ မဖတ်ရသေးသူများ အတွက် တက်လာနိုင်စရာ ရှိပါတယ်။
အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။
(သီဟနာဒ၊ ဇင်ဝေသော်)

img from http://aungsea.blogspot.sg/

ဆိုက်ကို ဖီးစစ်


လိုနေတဲ့ အရာဖြစ်နေရင်တောင်
တောင့်တချိန်အမှီ ရောက်လာမှ
တန်ဖိုးက နှစ်ဆမြင့်သွားတယ်
ခံစားမှုမှာလည်း
ဈေးကွက် စီးပွားရေးသဘောတရားတွေ ရှိနေတယ်။

ဝေ့ဝိုက်ဝင်လာတဲ့ လေညှင်းကို
ချီမွမ်းစကား မဆိုခင်
တံစဉ် တစ်လက်ကို မတ်မတ် အရပ် မခိုင်းသင့်ဘူး
ဘဝမှာလည်း
သူ့အထာ ကိုယ့်အထာ တွေ ရှိနေတယ်။

သေနတ်မောင်းကိုဆွဲနေတဲ့
လက်ညှိုးကွေကွေးထက် ပိုဆိုးတာဆိုလို့
ဘာမှ မသိဘဲ ဆရာကြီးဝင်လုပ်တတ်တဲ့
လူတချို့ရဲ့ လက်ညှိုးဖြောင့်ဖြောင့်တွေပဲ ရှိမယ်။ ။

"လွတ်လပ်စွာ" ခေါင်းစဉ်အောက်မှာ ဘာညာ၊ ဘာညာ


ယနေ့ ဘာသာရေးနှင့် ပတ်သက်ပြီး အနည်းငယ် တို့ထိကြည့်ချင်သည်။
တလောလေးကပင် ရန်ကင်းတောင်ခြေရှိ၊ ဇင်ဘုန်းကြီး ဘောင်ဘီပြာ ဦးဉာဏကို ခဲခဲပျစ်ပျစ် ဝေဖန်ရေးသားထားသော ဆောင်းပါတစ်ပုဒ် ဖတ်လိုက်ရ သည်။ ရေးသူက ဘာသာရေးနယ်မှာ သိက္ခာရှိသူဟု ယူဆ၍ရသော ကလောင် တစ်ချောင်းဖြစ်သည်။ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု ခေါင်းစဉ်အောက်၌ သူ့ယုံကြည်မှုကို ကျုန်ုပ်တို့ နားလည်မှု ပေးမထားသင့်ပေဘူးလား။ သူ အဆုံးအမကို နှစ်ခြိုက် လို့ လိုက်နေသူများကိုလည်း ပြောစရာ အထွေအထူးမရှိဟု ထင်ပါသည်။

သူသည် ထေရဝါဒ မဆန်၊ ဇင် ဆန်သောအဓိပ္ပါယ် ပြန်ဆိုမှုများဖြင့် နေ ထိုင် ပြောဟောနေသူသာဖြစ်သည်။ ကျွန်ုပ်တို့ သိထားသင့်သည်က ဇင် ဗုဒ္ဓဘာသာသည်လည်း ကမ္ဘာမှာ တူတူတန်တန် နေရာတစ်ခု၊ အထူးသဖြင့် အနောက်တိုင်း လူဖြူများအကြား အခိုင်အမာ နေရာရယူထားသော အသွင်ကွဲ ဗုဒ္ဓဘာသာတစ်ခုသာဖြစ်ပါသည်။ ဇင် ဗုဒ္ဓဘာသာအကြောင်း
ဟောပြောကာမျှဖြင့် သာသနာဖျက်ဆိုပြီး ပုတ်ခတ်စွပ်စွဲနေလျင် ကျွန်ုပ်တို့ ကိုယ့်ယုံကြည်မှုကို တွယ်ဖက်ထားပုံက တစ်ယူသန်လွန်း မနေပေဘူးလား။

ကမ္ဘာ့ ဘယ်နိုင်ငံမှာမဆို ဇင် ဗုဒ္ဓဘာသာအကြောင်း လွတ်လပ်စွာ ဟောပြော ခွင့် ရှိပါသည်။
အနည်းငယ်ပိုဆိုးသည်က ထို ဦးဉာဏကြောင့်ပင် သာသနာကွယ်တော့မလို ဆိုနေခြင်းပင်။ ဘာမှ မဆိုင်ပါ။ နှစ်ပေါင်း ၂၅၀၀ ရာကျော် ရှင်သန်ခဲ့သော၊ အတုမရှိဉာဏ်တော်ဖြင့် ဟောကြားခဲ့သော ဒေသနာတော်သည် ဦးဉာဏကြောင့်သော်လည်းကောင်း၊ ဇင် ဗုဒ္ဓဘာသာကြောင့်သော်လည်းကောင်း ကွယ်ပရန် လုံးဝအကြောင်း မရှိပါ။

ကျွန်ုပ်တို့ သိထားသင့်သည်က ထေရဝါဒဆိုရာမှာပင် ပိဋကတ်သုံးပုံ ကို ကြောရိုးအဖြစ်လက်ခံထားသည်သာတူညီပြီး အဓိပ္ပါယ် ပြန်ဆိုမှုများ၊ ကျင့်သုံးမှုများ ထပ်တူရှမနေဟူသည့်အချက်ဖြစ်သည်။ ကိုယ့် ယုံကြည်မှုကို ကိုယ်လေးစားသလို သူ့ယုံကြည်မှု၊ သူ့ အဓိပ္ပါယ် ပြန်ဆိုမှုကို လည်း လေး စားရမည် မဟုတ်ပါလား။
ဤ၌ အနည်းငယ်ထပ်ဆိုရန်ရှိသေးသည်။ သူက ဘုရားအဆုံးအမတွေကို သူ့ သဘောကျ ပြင်လိုပြင်၊ စွက်လိုစွက်ဆိုလျင်တော့ ငုံ့မခံသင့်။ တစ်ခုခု ပြော ရပေမည်။ သို့သော် မူရင်း မဟာပဋ္ဌာနသုတ်အပေါ် ဖွင့်ဆိုမှု မတူညီကာမျှဖြင့်၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကို သဘောပေါက်လက်ခံပုံ မတူညီကာမျှဖြင့်တော့ သာသနာ ဖျက် စာရင်းထဲ မသွင်းသင့်သေးဟု ထင်ပါသည်။

သီအိုရီသဘောတရားပြီးလျှင် လက်တွေ့ကို ပြောချင်ပါသည်။ ပြည်ပမှာရှိ သည့် ကနဦးထေရဝါဒသာသနာပြုကျောင်းများ စတင်အခြေချချိန် ထိုထိုနိုင်ငံများရှိ အသွင်ကွဲ ဗုဒ္ဓဘာသာ ညီ၊ အစ်ကိုတို့၏ ငွေအား၊ စိတ်ဓာတ်အား စ သည့် အားပေးမှုများ မပါဝင်ဘဲ အောင်မြင်ဖို့ လုံးဝမဖြစ်နိုင်ပါ။ (မိမိတို့ မင်္ဂလ ဝိဟာရကျောင်း၊ မြန်မာကျောင်းကြီးတို့ စတင်စဉ်က မဟာယာန အကူ အညီ အများကြီး ရခဲ့ကြပါသည်) မဟာယာနဘုန်းကြီးတို့က ထေရဝါဒယဉ်ကျေးမှုဖြစ်သည့် ကထိန်ပွဲများကို တက်ရောက်သည်၊ လူများကလည်း ကထိန်သင်္ကန်းအလှူငွေများ ဗုဒ္ဓ ဘာ သာချင်း ညီရင်းအကိုလို စိတ်ဖြင့် အားတက်သရော ပါဝင်လှူဒါန်းကြသည်။ ကျွန်ုပ်တို့က အားမပေး၊ ဝေဖန်သည်။ မဟာယာနနှင့် ဇင် ကို စိတ်တိုင်း ကျ ဝေဖန်နေသည့် လစဉ်ထုတ် ဘာသာရေး မဂ္ဂဇင်းများရှိ (ခဲ့ဖူး) သည်။ အချိန်တွေ၊ ငွေတွေ၊ စက္ကူတွေ မကုန်ဘူးလား။

ကျွန်ုပ်ပြည်ထဲမှာရှိသည့် ဇင်၊ မဟာယာန ဗုဒ္ဓဘာသာစင်တာတို့ကို ညီရင်း အကိုစိတ်ဖြင့် ကျွန်ုပ်တို့ ဘယ်လောက် အားပေးကူညီမှု လုပ်နိုင်ကြပါသလဲ။ သူတို့ယုံကြည်မှုက မစစ်၊ မူရင်းမကျ၊ ဂရုစိုက်နေစရာမလို။ တို့ဟာကမှ အစစ်၊ မူရင်း၊ ဒီလိုလား။ သို့ဆိုလျင် ထိုအမြင်မျိုးဖြင့် ဗုဒ္ဓဘာသာသည် လည်း မြန်မာ့ ပထဝီနယ်ကို ကျော်ဖို့ အလွန်ခက်ခဲပေလိမ့်မည်။ "သူတော်ကောင်းဓာတ်၊ တရားမြတ်" စသော တရားသိမ်းဆောင်ပုဒ်တို့လည်း တစ်ချိန်က "မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်" ဆိုသည့် လေလုံးထွား ထွားဆောင်ပုဒ်နှင့်သာ တူနေပေလိမ့်မည်။

ဗုဒ္ဓဘာသာ ကမ္ဘာပြန့်နေသည့်အချက်ပင် အသွင်ကွဲ ဗုဒ္ဓဘာသာအနေနဲ့ သာ ပြန့်နေခြင်းဖြစ်ကြောင်း သတိမူသင့်ကြသည်။
အသွင်ကွဲ ဗုဒ္ဓဘာသာများသည် ညီ အစ်ကိုများဖြစ်သည်။ ညီအစ်ကို အချင်းချင်း ချစ်ခင် လေးစားကြဖို့ တစ်ယောက်နှင့်တစ်ယောက် ချွတ်စွတ် တူနေရန် မလို ပါ။ ရုပ်ချင်း ခွဲမရအောင်တူနေသည့် အမွှာများ ဖြစ်စရာ မလိုပါ။

ဘာသာပြန်ဆိုပုံ ကွဲလွဲမှုကို ပုံကြီးချဲ့ပြီး စွတ်စွဲပုတ်ခတ်နေရန် မသင့်တော့။ ယနေ့ခေတ်က လူတွေ တောင်းနေသည့် ဒီမိုကရေစီခေတ်၊ ကွဲလွဲခွင့် ရှိသော ခေတ်၊ ကွဲလွဲမှုကို (သဘောမတူရင်နေ) လေးစားရသော ခေတ်။

သီဟနာဒသည် ဇင်ဘုန်းကြီး ဘောင်ဘီပြာ ဦးဉာဏကို မသိ၊မတွေ့ဖူးပါ။ မှတ်ချက်။

အကြံတူ နောက်လူသာစမြဲ


အီတလီက ရပ်ကွက်တစ်ခုထဲမှာပဲ ဆိုင်သုံးဆိုင်ရဲ့ ဂစ်တာကြော်ငြာသုံးခု ဒီလိုတွေ့ရတယ် တဲ့။
ပထမဆုံးဖွင့်တဲ့ဆိုင်က
"ကမ္ဘာမှာ အကောင်းဆုံး ဂစ်တာများ ရပြီ" တဲ့။

သူ့နောက်မှာ ဒုတိယဖွင့်တဲ့ဆိုင်ကတော့
"အီတလီမှာ အကောင်းဆုံး ဂစ်တာများ ရပြီ" တဲ့။

သူတို့နှစ်ဆိုင်ရဲ့ အလယ်မှာ နောက်ဆုံးမှ ဖွင့်တဲ့ဆိုင်ကတော့
"ကမ္ဘာမှာ အကောင်းဆုံး ဟုတ် မဟုတ်၊ အီတလီမှာ အကောင်းဆုံးဟုတ် မဟုတ်တော့ မသေချာပါ၊ ဒီရပ်ကွက်ထဲမှာတော့ အကောင်းဆုံး ဂစ်တာများ ဒီဆိုင်မှာ ရပြီ" တဲ့။

စင်္ကာပူကို လာသင့် မလာသင့် မှ


"အကုန်ကောင်းပါတယ် မြန်မာပြည် ကို ရွာ လို့ပြောတာတစ်ခုပဲဆိုးတယ် နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေဘာကြောင့်ဒီလိုခေါ်နေလည်းနားမလည်ဘူး"
Like · Reply · Yesterday at 8:59am via mobile

ဒါက နှိမ်ချင်လို့ခေါ်တဲ့ ဝေါဟာရ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ကဗျာနဲ့ ရသအား ပါတဲ့ ဆောင်းပါးတွေမှာပေါ့။ ဂလိုဘယ်ခေတ်ဆိုတော့ အမေရိကနဲ့ ဥရောပတို့ကို ညွှန်းဆိုချင်ရင် အနောက်ရွာ၊ ရွာအနောက်ခြမ်းစသည် သုံး တတ်ကြပါတယ်။ အမေရိကန် မိတ်ဆွေတစ်ယောက်ဆိုပါတော့၊ သူ့ကို အနောက်ရွာက မိတ်ဆွေလို့ သုံးမိတတ်ကြတာပါပဲ။

နောက်ထပ် ခံစားမှုတစ်ခုက ဘယ်မှာမွေးမွေး၊ ကိုယ့်မွေးရပ်မြေကို ချစ်စနိုးနဲ့ ရွာလို့ပဲ ခေါ်ဝေါ်မိတတ်ကြပါတယ်။ အထူးသဖြင့် အဝေးရောက်မြန်မာတွေ စာရေးတဲ့အခါတွေမှာပါ။
ကျနော့်ဆောင်းပါးထဲက ရွာကတော့ စစ်ကိုင်းတိုင်းထဲက တကယ့်ရွာပါ။ ရွာက သူငယ်ချင်းပါ။
ဒီလိုမဟုတ်ဘူး၊ မြန်မာတစ်နိုင်ငံလုံးကို ညွှန်းချင်ရင်တောင် ရွာ၊ ရွာက သူငယ်ချင်းစသည် ပြောဖို့ လက်မတွန့်မိပါဘူး။

အီးမေးထဲက `` သ ခင် အောင် ဆန်း နဲ့ မ ရင် အေး တို့ ဇာတ် လမ်း ´´


သ ခင် တင် မောင် ( ကျုံ မ ငေး )
အိုးဝေ ဂျာနယ် ၊ အမှတ် - ၂၅ ။ ( ၁၅. ၈. ၁၉၆၉ ) နေ့ထုတ်မှ

သခင်အောင်ဆန်း အတွက်ကတော့ မြစ်ဝကျွန်းပေါ် ရွာကြီး တစ်ရွာ က မြေပိုင်ရှင် စက်သူဌေး သမီးကလေး `` မရင်အေး ´´ ကို ကျွန်တော်ေ ရွးပါတယ်။

မရင်အေးကို ရွေးရတဲ့အကြောင်းရင်းကတော့ မရင်အေးဟာ ရုပ်ရည်ချော သလောက် သဘောလည်း ကောင်းတယ်။ စိတ်လည်း ရှည်တယ်။ ပြီးတော့ သူ့မှာ အုပ်ထိန်းသူဆိုလို့ အမေတစ်ယောက်တည်းဘဲ ရှိတယ်။ အမွေဆိုင်ကလည်း မောင်လေးတစ်ယောက်ပဲရှိတယ်။
အဲဒီ မောင်ကလေးကလည်း ကျွန်တော်တို့ ဒို့ဗမာ အစည်းအရုံးဝင် သခင် တစ်ယောက်ဖြစ်တယ်။ သခင်အောင်ဆန်းနဲ့လည်း ရင်းနှီးတယ်။ သခင်အောင်ဆန်းကိုလည်း ကျောင်းသားဘဝကတည်းက ကြည်ညိုလေးစားခဲ့ သူ ဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်တာပါပဲ။

သခင်အောင်ဆန်း နဲ့ မရင်အေးတို့ ဇာတ်လမ်းကလေးဟာ တော်တော် ကေ လး ရင်နင့်စရာ ကောင်းတဲ့ အဖြစ်အပျက်ကလေးလို့ ဆိုလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကလေးဟာ ကာယကံရှင်တွေ မဆိုထားနဲ့ ၊ စပ်ကြားက ဇာတ်ဆ ရာလုပ်မိတဲ့ ကျွန်တော်တောင်မှ ရင်နာခဲ့ရပါတယ်။ ဒီနေရာမှာ ဇာတ်လမ်း အစကို ပြန်ကောက်ရပါလိမ့်မယ်။ သခင်အောင်ဆန်း ဟာ အခုလို ဘဝကြင်ဖေါ် ဖူးစာဘက်ကို ရှာဖို့တို့ ၊ ဘာတို့ကို လုံးဝ စိတ်ဝင်စားခဲ့တဲ့လူ
မဟုတ်ပါဘူး။ သူ့စိတ်ဟာ ဟိုတစ်ချိန်တုန်းက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ နဲ့ဗမာပြည်သူတစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာဘဲ အာရုံ စူးစိုက်နေရတဲ့ လူဖြစ်ပါတယ်။

ဘေးကရဲဘော်တွေက ဒီလို ဒီလိုလုပ်ရမယ် ဆိုလို့သာ သူကသဘောတူ လိုက်ရတယ်။ သူ့သဘောကတော့ ဒီကိစ္စကို ရေးကြီးခွင် ကျယ် မထားဘူး။ ဒီကိစ္စဟာ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာဘဲလို့လဲ သဘောထား
ဟန် တူပါတယ်။ ဘာကြောင့်လည်းဆိုတော့မော်လမြိုင် ညီလာခံပြီး တဲ့ နောက်တစ်လကျော်လောက်အကြာမှာ ကျွန်တော် ရန်ကုန်ကိုရောက် လာပါတယ်။ သခင်အောင်ဆန်းအတွက် မှန်းထားတဲ့ ` သတို့သမီး မရင်အေး ´ ရဲ့ ဓာတ်ပုံကိုလည်း မရင်အေးတို့မြို့ကို သွားပြီး ယူခဲ့ပါတယ်။

မရင်အေး နဲ့ တွေ့တော့လည်း ကျွန်တော့်အပေါ်မှာ အစ်ကိုအရင်းလို ခင်မင်နေတဲ့မိန်းခလေး ဖြစ်တဲ့အတွက် ကျွန်တော်က ....
`` ဟေ့ ... မရင်အေး ၊ ညည်းရဲ့ နောင်ရေးအတွက် အကိုကြီး အစီအစဉ် တစ်ခုလုပ်နေတယ်။ ညည်းဘာမှ ဂျီးမများရဘူးနော်။ အကိုကြီးသဘော အတိုင်း စီစဉ်လိုက်မယ်။ ညည်းဓာတ်ပုံ တစ်ပုံသာ ပေးလိုက်ပေတော့ ´´

မရင်အေးက ရှက်ကိုး ရှက်ကန်းနဲ့ ....

`` ဟာ ... အကိုကြီးကလည်း ရှက်စရာကြီး။ ညီမအတွက် ဒီလို အလုပ်မျိုးကို
လုပ်နေရသလား ´´

လို့ ပြောပြီး သူ့ဓာတ်ပုံကို ထုတ်ပေးလိုက်ပါတယ်။ ဒို့ဗမာ အစည်းအရုံးဌာန ချုပ်မှာသခင်အောင်ဆန်း နဲ့ တွေ့ကြတော့ ကျွန်တော်က ...

`` ကဲ ... ဆရာကြီး ၊ ခင်ဗျားနဲ့ မှန်းထားတဲ့ သတို့သမီးလောင်းကလေးရဲ့ ဓာတ်ပုံကိုယူလာခဲ့တယ်။ ခင်ဗျားကတော့ ကြိုက်သလား ၊ မကြိုက်ဘူးလား မသိဘူး။ ကျွန်တော့်မှာတော့ တကူးတကန့် သွားယူခဲ့ရတယ်။ ထမင်းကြွေး မယ်သာကြံပေတော့ ´´ လို့ ပြောလိုက်တော့ သခင်အောင်ဆန်းက ....

`` ဟေး ... ခင်ဗျားတို့ ဒီကိစ္စကို တစ်ကယ်လုပ်နေကြတာလား။ ကျုပ်က ဒီကိစ္စဟာအလကား ပြောနေကြတာလို့ထင်နေတာဗျ။ မော်လမြိုင်မှာ ပြောပြီးကတည်းကကျုပ်ဖြင့် တစ်ခါမှ မစဉ်းစားမိပါဘူးဗျာ ´´

သခင်အောင်ဆန်းဟာ အိမ်ထောင်ရေးထက် ဗမာ့ လွတ်လပ်ရေးကိုသာ အလေးအနက်ထားတယ် ဆိုတာဟာ ထင်ရှားပါတယ်။ နောက်ပြီး သခင်အောင်ဆန်းကပြောသေးတယ်။

`` အဟုတ်ပြောတာပါဗျာ။ ကျုပ်တော့ မိန်းမယူဖို့ စိတ်မကူးသေးဘူး။ ခင်ဗျားတို့ပြောတာတွေကိုလည်း မယုံမိဘူး။ အခု ခင်ဗျားက ဓာတ်ပုံတွေ ဘာတွေ ယူလာတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလိုများ ဖြစ်နေ တာလားဗျာ ´´

လို့ ပြောပြီး ဓာတ်ပုံကို သေသေချာချာ စိုက်ကြည့်နေပါတယ်။ ပြီးတော့ သက်ပြင်းရှည်ကြီးချလိုက်ပြီး ....

`` ခက်တာပဲဗျာ။ သူကလေးကို မြင်ရတာ ကျွန်တော်လိုကောင်နဲ့ မတန် ပါဘူးဗျာ။ သနားစရာ ကောင်းပါတယ်။ ကျုပ်တို့က ရှေ့လျှောက်ပြီး ဘာတွေ လုပ်လို့ ၊ ဘာတွေဖြစ်မယ်မှန်း မသိနိုင်တဲ့လူစားတွေဗျ။ သူတို့လို နုနုနယ်နယ် ကလေးတွေနဲ့ ကျုပ်တို့ရဲ့ခရီးကြမ်းနဲ့ မဖြစ်သေးပါဘူးဗျာ။ ပြီးတော့လည်း ကျုပ်တို့က တစ်ကယ့် မေတ္တာနဲ့ချစ်လို့ ကြံစည် ကြတာလဲ မဟုတ်။ သူ့ကို ယူပြီး သူ့ပိုက်ဆံ နဲ့ နိုင်ငံရေးလုပ်ဖို့ကြံကြတာ။ ဒါဟာ မတရားဘူးဗျ။ မှန် လည်း မမှန်ဘူး ´´ လို့ ဇွတ်ငြင်းနေပါတော့တယ်။

အဲဒီလိုနဲ့ နောက်မကြာခင်မှာပဲ မရင်အေးတို့ ခရိုင်မှာ ဒို့ဗမာအစည်းအရုံး ညီလာခံကျင်းပတယ်။ အဲဒီ ညီလာခံကို သခင်အောင်ဆန်းနဲ့ ကျွန်တော်တို့ နှစ်ယောက် ဌာနချုပ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြပါတယ်။ ကျွန်တော်ကတော့ ညီလာခံကိုသွားကတည်းက စိတ်ထဲမှာ ` တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ် ´ သဘောနဲ့ တက်ခဲ့တာဖြစ်ပါတယ်။

ညီလာခံအပြီးမှာ မရင်အေးတို့အိမ်ကို ကျွန်တော်တို့ သွားကြပါတယ်။ ညီလာခံကျင်းပတဲ့ မြို့နဲ့က သိပ် မဝေးလှဘူး။ မရင်အေးတို့အိမ် ရောက်လို့ မရင်အေး ကိုလည်းတွေ့လိုက်ရော ၊ သခင်အောင်ဆန်းဟာ ` မျက်စိပျက် ၊ မျက်နှာပျက် ´ နဲ့ ....

`` ဟေ့လူ .. ဘယ်လို လုပ်လိုက်တာလဲ။ ခင်ဗျား ကျွန်တော့်ကို တကယ်
ဂျောက်ကျအောင် လုပ်နေပြီ ထင်တယ် ´´ လို့ ပြောပါတယ်။

မရင်အေး ခမြာမှာတော့ ဘာအကြောင်းမှ မသိရှာသေးဘူး။ သူ့ ဓာတ်ပုံကို
ကျွန်တော်ယူလာတုန်းက ဘယ်သူ ဘယ်ဝါကို ပြဖို့ ဆိုတာ မပြောခဲ့တော့ အခြေအနေမပျက် ကျွန်တော်တို့ စားဖို့၊ သောက်ဖို့တွေကိုသာ လုပ်ကိုင်နေ ရှာပါတယ်။ မရင်အေးတို့အမေကြီးကတော့ ကျွန်တော်တို့လူငယ်တွေ လွတ် လွတ်လပ်လပ် နေကြနိုင်အောင် ဘုန်းကြီးကျောင်းကို ထွက်သွားပါတယ်။ အကြောင်းမသိသေးတဲ့ မရင်အေးက အိနြေ္ဒမပျက်ပေမယ့် သခင်အောင်ဆန်း ကတော့ မနေတတ် ၊ မထိုင်တတ်နဲ့ အိမ်အပြင်ဘက်ကိုသာ စိုက်ကြည့်နေပြီး ငိုင်နေရှာပါတယ်။

ထမင်းစားသောက်ပြီးတော့ ကျွန်တော်တို့နှစ်ယောက်က အိမ်ခေါင်းရင်းခန်းမှာ
ပက်လက်ကုလားထိုင်နှစ်လုံးနဲ့ ထိုင်နေကြတယ်။ မရင်အေးက လဖက်ရည် ကြမ်းနဲ့အချို အချဉ်ပွဲ လာချတော့မှ ကျွန်တော်က မရင်အေးကို စကားပြော ကြရအောင် ဆိုပြီးအနားမှာ ထိုင်ခိုင်းလိုက်ပါတယ်။ မရင်အေးကလည်း ရိုရိုသေသေ အကိုကြီးအရင်းတွေကို ပြုစုကျွေးမွေးနေရသလို ပြုံးပြုံးရွှင်ရွှင် နဲ့ဘဲ အနားမှာ ထိုင်ရှာပါတယ်။ ကျွန်တော်ကမရင်အေး နဲ့ သခင်အောင်ဆန်း ကို မိတ်ဖွဲ့ပေးလိုက်ပါတယ်။ မရင်အေးကလည်း သခင်အောင်ဆန်းမှန်း သိ ပါတယ်။ သတင်းစာထဲမှာ ဓာတ်ပုံကို မြင်ဘူးပါတယ်လို့ ပြန်ပြော လိုက် ပါတယ်။ အဲဒီအချိန်မှာ သခင်အောင်ဆန်းက ဆိုင်းမဆင့် ၊ ဗုံမဆင့် နဲ့ ....

`` ဒီမယ် ... မရင်အေး ၊ ခင်ဗျား အကိုကြီး သခင်တင်မောင်ဟာ ကောင်းတဲ့ လူမဟုတ်ဘူးဗျ။ ခင်ဗျား ဓာတ်ပုံကိုယူလာပြီး ကျွန်တော့်ကို ပြတယ်ဗျ။ ကျွန်တော်ကဘာမှ သိရတာလည်း မဟုတ်ဘူး။ သူတို့တစ်တွေက အကြံကြီး ကြံနေကြတယ်။ခင်ဗျားရဲ့ ပိုက်ဆံနဲ့ ကျွန်တော် နိုင်ငံရေးလုပ်အောင် ဆိုပြီး စီစဉ်နေကြတယ်ဗျ ´´

လို့ ပြောချလိုက်ရော။ ကျွန်တော်လည်း အံ့အားသင့်နေပြီး ဘာမှ မပြော တတ်အောင်ဖြစ်နေတုန်းမှာ မရင်အေးဟာလည်း တခါထဲ မီးဖိုခန်းထဲကို ဝင်ပြေးပါလေရော။
မရင်အေးနောက်ကို ကျွန်တော် ဝင်လိုက်သွားပြီး အစအဆုံး ကျွန်တော်တို့ရဲ့ စီမံကိန်းကိုဖွင့်ဟ ဝန်ခံလိုက်ပါတယ်။ မရင်အေးကိုလည်း စိတ်မဆိုး ဖို့ေ တာင်းပန်ရပြန်ပါတယ်။မရင်အေးဟာ တော်တော်ကြာကြာကြီး တွေနေ ပါတယ်။ နောက်တော့ သူ့ဟာသူအိမ်ရှေ့ခန်းကို ထွက်သွားပြီး သခင်အောင် ဆန်း အနားမှာဘဲ သွားထိုင်ပါတယ်။ ကျွန်တော်ကတော့ လိုက်သွား ရ ကောင်းမလား ၊ မလိုက်ဘဲ နေရ ကောင်းမလား ဆိုပြီး ဝေခွဲ လို့မရခင်မှာ ဘဲ မရင်အေးက ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါတယ်။ ကျွန်တော်လည်း ထိုင်မိရော၊ မရင်အေးက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပုံကတော့ ....

့ `` ဒီမယ် ... အကိုကြီး ၊ အကိုကြီးတို့ နှစ်ယောက်စလုံးကို အကိုအရင်းလိုဘဲ
ကျွန်မ သဘောထားပါတယ်။ မောင်လေးကလည်း အကိုကြီးတို့ကို သိပ်ချစ် တယ်။ သိပ် ကြည်ညိုတယ်။ မေမေ ဆိုတာကလည်း အကိုကြီးတို့တစ်တွေကို အင်မတန်လေးစားပါတယ်။ ဒီတော့ အခုလို အကိုကြီး စီစဉ်တာဟာ ဘာမှ အပြစ်ပြောစရာမရှိပါဘူး။ ဒီကိစ္စမှာ ကျွန်မသဘောကတော့ အကိုအောင် ဆန်း နဲ့ ကျွန်မနဲ့ဟာမတန်ပါဘူး။ ကျွန်မတို့ဟာ တောသူတွေပါ။ တော မှာနေပြီး တောသူပီပီဘဲ နေတတ် စားတတ်ပါတယ်။ အကိုအောင်ဆန်းတို့ ကတော့ နောက်ဆိုရင် တိုင်းပြည်ရဲ့ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည်အုပ်ချုပ် တဲ့ ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်ကြဦးမှာပါ။ဒီတော့ ကျွန်မတို့လို တောသူတွေနဲ့ ဆိုရင် မဖြစ်ပါဘူး။ ဒီလိုပြောတာဟာ အကိုအောင်ဆန်းကို ကျွန်မ မချစ် လို့၊ မခင်လို့ ပြောတာ မဟုတ်ပါဘူး။ အကိုအောင်ဆန်းတို့ ပါရမီကို ညီ မလေး တစ်ယောက် အနေနဲ့လည်း ဖြည့်လို့ ရပါတယ်။
ပိုက်ဆံလိုချင်ရင်လည်း တောင်းကြပါ။ မေမေ သိအောင်တစ်မျိုး၊ မသိအောင် တစ်မျိုးပေးရင်လည်း ပေးလို့ ရပါတယ်။ ကျွန်မရော၊ မောင်လေးကရော အကိုကြီးတို့နိုင်ငံရေး လုပ်တာကို လေးစားနေကြတာပဲ။ နောက်ဆုံး ... အကို ကြီးတို့ လိုတဲ့ ငွေက သိပ်များနေရင် မေမေ မသိအောင် ညီမပေးမှာပေါ့ ´´ လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။

ကျွန်တော်က ဘယ်လို ပြန်ပြောရမလဲလို့ စဉ်းစားနေတုန်း သခင်အောင်ဆန်း က ....

`` ဟုတ်တယ်။ ခင်ဗျားပြောတာ မှန်တယ်။ မှန်တယ် ဆိုတာက နိုင်ငံရေး ပါရမီကိုဘယ်အနေနဲ့ဘဲ ဖြစ်ဖြစ်၊ ဖြည့်ဆည်းလို့ ရတယ်ဆိုတာကို ပြောတာ။ ခင်ဗျား ပြောသလို ညီမတစ်ယောက် အနေနဲ့ပဲ ဖြည့်ပါမယ် ဆိုတာကို ကြိုက်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်မှာမို့ ခင်ဗျား တို့လို တောသူတွေနဲ့ မတန်ပါဘူးဆိုတဲ့ဟာကတော့ မဟုတ်သေးဘူး။ ဝန် ကြီး ဆိုတဲ့ကောင်ကရော ဘာကောင်မို့လဲ။ မိုးကျ ရွှေကိုယ်လည်း မဟုတ်ပါ ဘူး။ တောသား ပါပဲဗျ။ တောရွာ ဇနပုဒ်က တောမှာမွေးခဲ့တဲ့အကောင် ပါဗျ။ ခင်ဗျားပြောတဲ့ တောသူမို့လို့ မတန်ပါဘူး ဆိုတဲ့စကားကိုပြန် ရုပ်သိမ်း လိုက်ပါဗျာ ´´ ဆိုပြီး ဟဲ ဟဲ ... ဟဲဟဲ နဲ့ သဘောကျနေပါတော့တယ်။

ကျွန်တော့် ဝမ်းထဲမှာတော့ ကိုယ့်လူက ဒီလိုတော့လည်း အပြေလည်သား ပါကလား။ ချစ်ရေးဆိုပုံကလေးကလည်း မခေပါကလား လို့ ပီတိ ဖြစ်လိုက် မိပါတယ်။ ကျွန်တော်တို့ပြန်ခါနီးမှာ မရင်အေးက သူ့မေမေဆီမှာ ကျွန်တော် တို့အတွက် အထွေထွေသုံးဖို့ငွေ ၁၀၀ကျပ် ပေးလိုက်မယ်လို့ ပြောပြီး ကျွန်တော် တို့ကို စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံကိုပေးလိုက်ပါ တယ်။ သင်္ဘောပေါ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့မှ ရာတန် ( ၃ ) ရွက်ဖြစ်နေ တာကို တွေ့ရပါတယ်။ ဟိုခေတ်က ငွေ ၃ဝဝ ကျပ်ဆိုတာ နည်းနည်းနောနော တန်ဖိုး မဟုတ်ပါ။

သခင်အောင်ဆန်း နဲ့ မရင်အေး တို့ ဇာတ်လမ်းကတော့ အခုအတိုင်းဘဲ အဆင်ပြေပြေနဲ့ စခဲ့ကြတာပါပဲ။ ဒါပေမယ့် မကြာပါဘူး။ အဲဒီညီလာခံ မှာ ဟောခဲ့တဲ့ တရားကြောင့် သခင်အောင်ဆန်းဟာ ဆုငွေ ( ၅ ) ကျပ် အထုတ်ခံရတဲ့ ဘဝကို ရောက်ခဲ့ရပါတယ်။ အဲဒီ ဝရမ်းကို ရှောင်ရင်းတိန်းရင်း ကနေပြီး ဗမာပြည်အပြင်ဘက်ကို ရောက်သွားရတယ်။
နောက် ရဲဘော်သုံးကျိပ်ကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာ့ လွတ်လပ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း အဖြစ်နဲ့ ဗမာပြည်ကို ပြန်ရောက်တဲ့အချိန်မှာ မရင်အေးကတော့ မျှော်သလင့်လင့်နဲ့ ရှိနေရှာပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကတော့ အထက်ဗမာပြည် သိမ်း ပိုက်နိုင် ဖို့အတွက် ဆက်လက် စစ်ချီနေရှာပါတယ်။

သ ခင် တင် မောင် ( ကျုံ မ ငေး )
အိုးဝေ ဂျာနယ် ၊ အမှတ် - ၂၅ ။ ( ၁၅. ၈. ၁၉၆၉ ) နေ့ထုတ်မှ

ကိုရီယားက ကာဖျူးအမိန့်


"The smartest kids in the world" မိတ်ဆက်

ဒီ သုံးနိုင်ငံရဲ့ အဓိက မောင်းနှင်အားတွေက မတူကြဘူး။
ချုပ်ကြည့်တော့....
ဖင်လန်ရဲ့ အဓိက မောင်းနှင်အားက ကျောင်းဆရာတွေ
ကိုရီးယားရဲ့အဓိက မောင်းနှင်အားက မိဘ၊ ယဉ်ကျေးမှုနဲ့ ကျူရှင်တွေ
ပိုလန်ရဲ့အဓိက မောင်းနှင်အားက အစိုးရဖြစ်နေတယ်။

အတော်ဆုံးလူတွေ (အများစု) ကို ဆရာဖြစ်စေတာနဲ့ လူတော်တွေ ကိုယ် တိုင် ကျောင်းဆရာဖြစ်ချင်နေတာက (ဆရာဝန်လိုင်း၊ ဥပဒေလိုင်းတွေဆီ မသွားဘဲ) ဖင်လန်က ကလေးတွေကို ကံကောင်းစေတာပါ။
ချောင်တော့ မချောင်ဘူး၊ ၁၅၊ ၁၆နှစ်ကလေးအတွက် မေးခွန်းဟောင်းက

"Why is it difficult to achieve peace in the Middle East?" တဲ့။
သိပ္ပံနဲ့ သင်္ချာအပြင် Critical thinking နဲ့ problem solving ကို ဦးစားပေး တယ်။

ကိုရီယားကတော့ ကာဖျူးအမိန့်တောင် ထုတ်ထားရတယ်။ ကလေးတွေကို သတ်မှတ်အချိန်ထက် ကျော်ပြီး စာမသင်အောင်လို့ တဲ့။ သူတို့ဆောင်ပုဒ်က

"If you don't work hard now, you will have to work HARDER later."
ကိုရီယားကျောင်းဆရာတွေက ကျူရှင်ဆရာတွေကို မမီဘူး။ ကလေးတွေ က ကျောင်းထက် ကျူရှင်ကို ပိုအားထားတယ်။ မြန်မာနဲ့ဆင်တယ်။

ပိုလန် ပညာရေးဝန်ကြီးက စစ်စတန် တစ်ခုလုံးအမြစ်ကလှန်ပြီး ပြောင်း လဲလိုက်တာ။ ကျောင်းအုပ်၊ ကျောင်းဆရာ၊ မိဘတွေက လုံးသဘောမတူ ဘူး။
သူကံကောင်းသွားတာက နိုင်ငံရေးကအစ အကြီးအကျယ်ပြောင်းလဲ ပစ်နေချိန်ဆိုတော့ ရောပါသွားပြီး သူလည်း အသက်ရှူပေါက် ချောင်သွား တယ်။ ပိုလန်ဟာ မြန်မာနဲ့ အတူဆုံးပါပဲ။

**ပန်းနှင်း အနုပဿနာ**


ဖူး၊ ငုံ၊ ပွင့်
လန်း၊ နွမ်း၊ ကြွေ
ပန်းတစ်ပွင့် ရှုမှတ်နေ။

ပျော်၊ ငွေ့၊ ပြန့်
စု၊ ဖွဲ့၊ ဝေ
နှင်းတစ်ပေါက် ပွားများနေ။




သတိပဋ္ဌာန်နဲ့ နေတော့
သိမ်မွေ့တဲ့ နှင်းကမ္မဌာန်းသံကို
ပန်းက ဥဒယဉာဏ်နဲ့ အမိအရ လှမ်းရှုတယ်။
အနည်းဆုံးတော့
နေ ထန်းတစ်ဖျား
ဘယဉာဏ် မကစားခင် အထိ

သူတို့။ ။

ဗုံး


လှံ ထမ်းလာတာမြင်ရတယ်၊ ကံ ထမ်းလာတာမမြင်ရဘူး။
ဗုံ ထမ်းလာတာမြင်ရတယ်၊ ဗုံး ထမ်းလာတာမမြင်ရဘူး။
တာရာမင်းဝေက မိုးခေါင်လို့ တီးတဲ့ ဗုံသံ တဲ့။
အခု ဘာလို့တီးတဲ့ ဗုံးသံပါလိမ့်!

မြန်မာတွေက
ဆိုင်းသံ ဗုံသံကြားရင် ကချင် ခုန်ချင်တယ်။

ဂျီဟတ်တွေက
မိုင်းသံ ဗုံးသံကြားရင် ကကြခုန်ကြတယ်။

ဒုတိယကမ္ဘာစစ် ပြီးကတည်းက ကမ္ဘာမှာ ဗုံး နှစ်မျိုးပဲ ရှိတော့တယ်။
တစ်က ဂျီဟတ်တွေ ဖောက်တဲ့ ဗုံးနဲ့
နှစ်က အစိုးရတွေကိုယ်တိုင် ဖောက်တဲ့ ဗုံး။


ကျနော်နဲ့ ယမမင်း အင်တာဗျူး (၂)

"ငရဲပြည်ရဲ့ အင်တာနေရှင်နယ် ရီဆာ့ဗ် ကာရင်စီက အကုသိုလ်ကံ လေ။ ငရဲပြည်မှာ အကုသိုလ်များများရှိတဲ့လူကို မီလျံနာ၊ ဘီလီယံနာ လို့ခေါ်တယ်"

ကျနော် ။ ။ ဒါနဲ့ ငရဲပြည်ရောက်လာသူတွေကို ဘယ်သူက ဘယ်ငရဲကို သွား ရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ ဥပဒေ ရှိပါသလား၊ ဒါမှမဟုတ်သူတို့သဘော နဲ့ သူတို့ လား။
ယမမင်း ။ ။ သူတို့ သဘောနဲ့ သူတို့ပါ။ ငရဲပြည်မှာ ဒီမိုကရေစီ အပြည့်အဝ ရှိပါတယ်။ အမည်ခံ မဟုတ်ပါဘူး။ တတ်နိုင်တဲ့ လူတွေကတော့ အကောင်း ဆုံး ငရဲကို ရွေးကြတာပေါ့။ ငရဲပြည်မှာလည်း ဆင်းရဲချမ်းသာရှိသလို လူတန်း စား ကွာဟမှုပြဿနာလည်း ရှိနေဆဲပါ။

ကျနော် ။ ။ ဗျာ။ ငရဲပြည်မှာ ဆင်းရဲချမ်းသာဆိုတာက ဘယ်အပေါ်မှာ မူ တည်ပြီး သတ်မှတ်တာလဲ ခင်ဗျား။
ယမမင်း ။ ။ ခင်ဗျားကလည်း ဟုတ်မလိုလိုနဲ့ တော်တော်အူတာပဲ။ ငရဲပြည်ရဲ့ အင်တာနေရှင်နယ် ရီဆာ့ဗ် ကာရင်စီက အကုသိုလ်ကံ လေ။ ငရဲပြည်မှာ အကုသိုလ်များများရှိတဲ့လူကို မီလျံနာ၊ ဘီလီယံနာ လို့ခေါ်တယ်။ ခင်ဗျားနိုင် ငံက ဘီလျံနာတချို့ ငရဲပြည်မှာရှိတယ်၊ တော့ပ် တင်း ဝင်တယ်၊ လျှော့ မ တွက်နဲ့။ ဝင်တွေ့ချင်ရင် စီစဉ်ပေးမယ်။

ကျနော် ။ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ အဆင်ပြေရင် တွေ့ချင်ပါတယ်။ ဒါနဲ့ ငရဲ မီလျံနာ၊ ဘီလီယံနာတွေက ဘယ်ငရဲမှာ နေဖို့ဆုံးဖြတ်ကြပါသလဲ။
ယမမင်း ။ ။ သူတို့ကတော့ အကောင်းဆုံး ကက်ပီတယ်လစ်စ် ငရဲမှာ နေကြ တာများပါတယ်။

ကျနော် ။ ။ ဘာကြောင့်ပါလဲ။
ယမမင်း ။ ။ ကက်ပီတယ်လစ်စ် ငရဲမှာ မီးပျက်တယ်၊ ဂက်စ်ပြတ်တယ်၊ေ ရ ပြတ်တယ်ဆိုတာ မရှိဘူး။ ဒီတော့ ငရဲအိုးထဲက သံရေပူတွေက လည်း ၂၄ နာရီ ပွက်ပွက်ဆူပဲလေ။ ပေးထားတဲ့ ဆားဗစ်ကလည်း ပထမတန်းစားတွေ ချည်းပဲ စိတ်ချမ်းသာတာပေါ့။
ငရဲသားတွေရဲ့ လှံတွေကလည်း အခြားငရဲပြည်တွေမှာလို တုံးတိတိကြီးတွေ မဟုတ်ဘူး၊ မျိ ရှနေတာ။ ဗိုင်းရပ်ကာကွယ်ဖို့ တစ်ခါသုံး လှံတွေကို အခု စ သုံးနေတယ်။ ငရဲသားတွေအားလုံး အရပ် ခြောက်ပေ နှစ်လက်မ ရှိရတယ်၊ သူတို့ကိုလည်း စပယ်ရှယ် ထရိန်နင်ပေးထားရတာ။ ငရဲရောက် ဘီလျံနာ ကာစတန်မာတွေ စိတ်ချမ်းဖို့ အကောင်းဆုံး ဖြည့်ဆည်းပေးထားပါတယ်။

ကျနော် ။ ။ ၂၄ နာရီ ပွက်ပွက်ဆူနေတာက၊ ငရဲသားတွေရဲ့ လှံတွေ မျိ ရှနေတာ၊ ဒါတွေက စိတ်ချမ်းသာစရာလား ဗျာ။
ယမမင်း ။ ။ ဟာ ခင်ဗျားက အူပြန်ပြီ။ ဒီကိုရောက်လာတဲ့လူတွေက အကု သိုလ်ချမ်းသာတဲ့ လူတွေ။ ငရဲပြည်ရောက်မှတော့ ငရဲစည်းစိမ် အပြည့် အဝ ခံစားချင်တာပေါ့။ ငရဲပြည်ရောက်ပါတယ်ဆို ငရဲအိုးထဲက ရေက မပွက် တပွက်၊ ကိုယ့်ကို ထိုးတဲ့ လှံက တုံးတိတိဆို ဘယ်ကလာ အဓိပ္ပါယ် ရှိ ပါတော့ မလဲ။
လူ့ပြည်က ဖလော်တွေ ငရဲပြည် ယူမလာနဲ့လေ။ အက်ပလီကေဘယ် မဖြစ်ဘူး။
"When in ငရဲ၊ do as ငရဲသား do" ပဲ။
ဒါနဲ့ ငရဲခြောက်ထပ်မှာ ဘယ်အထပ် ကို အရင် လေ့လာချင်သလဲ။

ကျနော် ။ ။ ဖြစ်နိုင်ရင် ရီဖောင်းမစ်တ် ငရဲကို အရင် လေ့လာချင်ပါတယ်။
ယမမင်း ။ ။ ဟဲ ဟဲ ဟဲ၊ ခင်းဗျားက ရီဖောင်းမစ်တ် နိုင်ငံကကိုး။ ကဲ လာ၊ ဒါဆို သွားကြမယ်။

(ဆက်ရန်)

ကျနော်နဲ့ ယမမင်း အင်တာဗျူး (၁) 

JOYS OF RENUNCIATION


Dhaniya: Cooked is the evening rice, all milked the kine,
By Mahi’s banks with friends, good cheer is mine,
My house well roofed, my fire glows bright and still;
And so, rain on, O sky, if such thy will!

The Buddha: Hatred, and Forwardness from me are gone,
By Mahi’s banks I bide this night alone.
My House unroofed, my Fires in ashes lie;
So, an it liketh thee, rain on O sky!

Dhaniya: No stinging gnats are here to tease and fret.
My cattle crop the grasses lush and wet,
And take no hurt though floods the valley fill;
And so, rain on O sky, if such thy will!

The Buddha: The Raft is bound and well together cast,
The Further Shore attained, the Flood o’erpast,
Of well-made Raft what further need have I?
So, an it liketh thee, rain on O sky!

Dhaniya: Obedient is my wife: no wanton she;
Long have I lived with her full happily;
Nor ever heard of her a breath of ill;
And so, rain on O sky, if such thy will!

The Buddha: My mind obedient is, from Passion freed,
Long trained in Wisdom’s way, subdued indeed!
Evil in me, what searcher can espy?
So, an it liketh thee, rain on O sky!

Dhaniya: My needs are met by my own body’s hire,
My sturdy boys sit round my own house fire;
Nor do I hear of them one word of ill:
And so, rain on O sky, if such thy will!

The Buddha: No hireling, I, to servile bonds inclined.
I walk the world content with what I find.
Of wage or hire, no smallest need have I;
So, an it liketh thee, rain on O sky!

Dhaniya: Cattle have I; yea, cows in milk are mine,
And cows with calf, and tender, rising kine,
And lordly bulls whose ways the herds fulfill;
And so, rain on O sky, if such thy will!

The Buddha: Cattle I’ve none, nor cows in milk are mine.
Nor cows with calf, nor tender, rising kine,
Nor lordly bulls to lead the herds have I;
So, an it liketh thee, rain on O sky!

Dhaniya: The stakes all deeply driven, set firm and sure,
The newly-plaited ropes of grass secure
No frenzied beast can break by any skill;
And so, rain on O sky, if such thy will!

The Buddha: Like bull, bursting the bond that fetters him,
Or elephant freeing his tangled limb,
No more shall I put on morality;
So, an it liketh thee, rain on O sky!

And now the furious showers came down amain
In pouring floods that covered hill and plain
And, listening to the beating of the rain,
Dhamiya, faithful, thus found voice again:

Dhaniya: Surely our gain is great and to be praised,
Whose eyes upon the Blessed One have gazed!
O Seeing One, we put our trust in Thee!
O Mighty Sage, do thou our Teacher be!
Submissive, lo! We wait, my wife and I,
To live the Holy Life, the Pathway High
That leads beyond all birth and death to know,
And win the final end of every woe.

Mara: He that hath boys rejoiceth in his boys.
He that hath kine, of kine are all his joys.
Man’s Being surely is chiefest treasure.
Who hath no Being: how shall he have pleasure?

The Buddha: Whose hath boys, hath sorrow of his boys
Whose hath kine, by kine come his annoys.
Man’s Being, this of all his woes is chief,
Who hath no Being nevermore hath


Sutta Nipāta: Dhaniya
(Tr. Bhikkhu Silacara)

~ သုံးပုဒ် ကဗျာ ~


သူတို့ ကဗျာဝါနဲ့ ကိုယ့်ကဗျာဝါ
သူတို့ အနုပညာသက်နဲ့ ကိုယ့်အနုပညာသက်က
ကွာ မှ ကွာ
ဒါတောင် ကဗျာစာအုပ်နာမည်ကို ရွေးကြတော့
သုံးပုဒ် ကဗျာ တဲ့။
ကဗျာရေးသူတိုင်းကို ညီအကိုလို ချစ်တဲ့ လူကြီးနှစ်ယောက်
သမားဂုဏ်ကြိမ်လုံးနဲ့ မရိုက်တဲ့ လူကြီးနှစ်ယောက်။
I'm truly humbled!



https://www.facebook.com/photo.php?fbid=219098424923472&set=a.191890400977608.1073741829.100004699476770&type=1&theater 

အဘိဓမ္မာအခါတော်နေ့ နှင့် အဘိဓမ္မာဆုနှင်းသဘင် (၂၀၀၂) ဖိတ်ကြားလွှာ


အဘိဓမ္မာအခါတော်နေ့ နှင့် အဘိဓမ္မာဆုနှင်းသဘင် (၂၀၀၂) ဖိတ်ကြားလွှာ
သာသနာတော်သက္ကရာဇ်-၂၅၅၇ ခုနှစ် မြန်မာသက္ကရာဇ်-၁၃၇၅ ခုနှစ်၊ သီတင်းကျွှတ်လပြည့်ကျော် (၈) ရက်နေ့

လေးစားရပါသော ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့ ...
အဘိဓမ္မာစာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ (စင်္ကာပူ) နှင့် အဘိဓမ္မာအသင်းကြီး (စင်္ကာပူ) တို့ ပူးပေါင်း၍ အဘိဓမ္မာဆုနှင်းသဘင် (၂၀၁၂ ) နှင့် သီတင်းကျွှတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဆီမီးလှည့်လည်ပူဇော်ပွဲ ၊ မဟာပဋ္ဌာန်း(ပစ္စယုဒ္ဒေသ၊ပစ္စယနိဒ္ဒေသ) ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားတို့ကို ပူးတွဲကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် မည်သူမဆို ပါဝင်ကုသိုလ်ယူ ပူဇော်နိုင်ကြပါစေရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တိုက်တွန်း အပ်ပါသည်။

အချိန်။ ။ ည ၆း၀၀ နာရီ မှ ၉း၀၀ နာရီထိ
နေ့ရက်။ ။၂၇-၁၀-၂၀၁၃ (တနင်္ဂနွေနေ့)
နေရာ။ ။ မင်္ဂလဝိဟာရကျောင်းတိုက် ၊30 Jalan Eunos, Singapore 419495
နတ်လမ်းညွှန် ။ ။Nearest MRT Station : Eunos MRT (Bus: 21, 60, 63, 93, 854)
မှတ်ချက်။ ။ အကျွေးအမွေးဖြင့် ဧည့်ခံပါမည်။

အခမ်းအနားအစီအစဉ် (ပထမပိုင်း)
  • နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း ၊
  • ရန်ကုန်တိုင်း သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း ၊
  • နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးထံမှ ဩဝါဒတရား နာကြားခြင်း ၊
  • အဘိဓမ္မာစာမေးပွဲ(၂၀၁၂)တွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်သူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း ၊
  • ဆရာတော်များ ပြန်လည်ကြွချီခြင်း။
အခမ်းအနားအစီအစဉ် (ဒုတိယပိုင်း)
  • ပစ္စယုဒ္ဒေသ ရွတ်ဆို၍မင်္ဂလာဝိဟာရကျောင်းတော်ကြီးအတွင်း ယခင်နှစ်များအတိုင်း ဆီမီးတိုင်းလေးများဖြင့် စီတန်းလှည့်လည် ပူဇော်ခြင်း၊
  • သုံးကြိမ်တိုင်တိုင် လှည့်လည်ပူဇော်ပြီးသောအခါ အခမ်းအနားနေရာတွင် ပြန်လည်နေရာယူ၍ ပစ္စယနိဒ္ဒေသပဋ္ဌာန်းတရားတော်ကြီးအား စုပေါင်းညီညာ ရွတ်ဆိုပူဇော်ခြင်း ၊
  • ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခြင်း ။
ဝေယျာဝစ္စကုသိုလ်ယူလိုသူများ၊ အချိုရည်၊ ရေသန့် အာဟာရဒါန လှူဒါန်းလိုသူများလည်း ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။
ဆက်သွယ်ရန်အကျိုးတော်ဆောင်များ
ဦးအံ့ထူးနိုင် - 90254909 ၊ ဦးဇော်မျိုးမင်း - 90479374 ၊ မသန်းလဲ့ခိုင် - 92770249
လေးစားစွာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး(စင်္ကာပူ)

တူပဲ တူနိုင်လွန်းတဲ့ အမွှာများ


ကွာလာလမ်ပူက ရဲအရာရှိ ကူချင်းဝါ (Ku Chin Wah) က သတင်းထောက်ေ တွကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ အဲဒီမှာ ရဲက အသည်း အသန်အလိုရှိနေတဲ့ ရာဇဝတ်သားရဲ့ ဓာတ်ပုံကို သူကထုတ်ပြတယ်။ ဒီမှာ သူ မသိ (သတိမထားမိတာလား??) လိုက်တဲ့ကိစ္စက အဲဒီဓာတ်ပုံဟာ သူနဲ့ ချွတ်စွတ် တူနေပါသတဲ့။
သတင်းထောက်တွေခမျာ ရဲအရာရှိ ကူချင်းဝါကိုကြည့်လိုက်၊ ရာဇဝတ်သား ရဲ့ ဓာတ်ပုံကိုကြည့်လိုက်နဲ့ အူတက်မတတ် ရယ်ကြရပါသတဲ့။ ရဲအရာရှိမှာ အမွှာ ညီ၊အကိုရှိနေခြင်းလား၊ သူကိုယ်တိုင်ကပဲ ဘဝနှစ်မျိုးမှာ နေခြင်းလား ဆိုပြီး ဟာသတစ်ပုဒ် ကွာလာလမ်ပူမှာ ပြန့်နှံ့နေခဲ့ပါတယ်။
(A TOP POLICE OFFICER SHOWED reporters a photo of a wanted criminal—without realizing that it looked exactly like him.
Citizens of Kuala Lumpur were highly amused to see senior assistant commissioner Ku Chin Wah issue a warning while holding up what seemed to be a “selfie”.
Theories are flying that either the red-faced cop has a double life, or he and the criminal are twins separated at birth, said reader Wendy Tong, who sent me the links.)

ရဲအရာရှိက တရုတ်ဆိုတော့ အမွှာ ညီ၊အကိုရှိနေခြင်းက သူ မသိပေမဲ့ အေ ထာက်အထားတွေကြောင့် ဖြစ်နိုင်စရာ အများကြီးရှိနေပါတယ်။ စဉ်းစားစရာက ရဲအရာရှိဟာ အမျိုးသားဖြစ်နေတဲ့ အချက်ပါပဲ။
တရုတ်လူမျိုးတွေက သမီးတွေဆိုရင် မလိုချင်လို့ ယူမယ့်သူကို အလကားေ ပးတတ်ကြပါသတဲ့။
ကနေဒါမှာ ရောက်နေတဲ့ ၇ နှစ်သမီး တရုတ်မလေးဟာ သူမနဲ့ ချွတ်စွတ် တူတဲ့ အချားကျောင်းသူလေးတစ်ယောက်ကို ကျောင်းမှာ သွားတွေ့ရပါ တယ်။ ဒါနဲ့ သူမက သူမရဲ့ မွေးစားမိဘတွေဖြစ်တဲ့ ကနေဒါမိဘတွေ ကို ပြောပြလိုက်လို့ လိုက်လံစုံစမ်းကြည့်တော့ ရုပ်သာမက မွေးနေ့၊ မိဘတွေ ရဲ့နာမည်တွေပါ တူနေတာကို တွေ့ကြရပါတော့တယ်။
ဒီကိစ္စကို တရုတ် သံရုံးကတဆင့် တရုတ်ပြည်ကို အကြောင်းကြားပြီး စုံစမ်းေ တာ့ သူတို့ဟာ အမွှာ မဟုတ်၊ ရုပ်၊ မွေးနေ့၊ မိဘတွေရဲ့နာမည်တွေ တူနြေ ခင်းဟာ တိုက်ဆိုင်မှုသာဖြစ်တယ်လို့ သတင်းပြန်ကြားပါတဲ့။
ကမ္ဘာကတော့ အင်း.... တူပဲတူနိုင်လွန်းပေါ့။

ဒီ အချက်ကိုလည်း သိပ္ပံပညာက ထောက်ခံထားပြန်ပါတယ်။ ကမ္ဘာ့ လူ ဦးရေက ၇ ဘီလီယံ ရှိနေတော့ ကိုယ်နဲ့ ပုံစံတူ လူ ခြောက်ယောက်အထိ ရှိနေနိုင်တယ် တဲ့။ ဒီ သိပ္ပံပညာကတော့ နည်းနည်း ကြောင်တယ်လို့ ထင်ပါ တယ်။
"Since there are seven billion people on earth, scientists say everyone has SIX exact doubles." တဲ့။

ထားပါတော့၊ ချွတ်စွတ်တူ အမွှာညီအမ (အိုင်ဒင်တီကယ် တွင်း) ဟာသ ကို ပြောပြချင်ပါတယ်။

အမဖြစ်သူက ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်ဆိုပြီး ဆူးဆိုက်ဒ် လုပ်ဖို့ကြိုးစား လိုက်တာ ရုပ်က ခွဲမရအောင်တူနေတော့ သူမ ကိုယ်တိုင်မဟုတ်တော့ဘဲ ညီမဖြစ်နေလို့ လက်လျှော့လိုက်ရတယ် တဲ့။
ဒါကတော့ မစ္စတာ ကူးပါးရဲ့ ဂျုတ်ပါ။

ကျနော်နဲ့ ယမမင်း အင်တာဗျူး (၁)


ကျနော် ။ ။ ယမမင်းကြီးခင်ဗျား၊ ငရဲပြည်မှာလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီလို့ ကြားသိရပါတယ်။ အဲဒါ ဟုတ်ပါသလား။
ယမမင်း ။ ။ ဟုတ်ပါတယ်။ ဒါ သတင်းအမှန်ပါပဲ။

ကျနော် ။ ။ ဘယ်လိုရည်ရွယ်ချက်တွေကြောင့် အခုလို ပြုပြင်ပြောင်း လဲရေးတွေ စတင်ခဲ့ရတာလဲ။ တကယ်ရော လိုအပ်နေလို့လား။
ယမမင်း ။ ။ လိုအပ်ပါတယ်။ လူ့ပြည်မှာတောင် ပြုပြင်ပြောင်းလဲရေး မစသေးတာဆိုလို့ မြောက် ကိုရီးယားတို့ ကျူးဘားတိုလောက်ပဲ ကျန်တော့ တာ မဟုတ်လား။ ဘယ်သူမှ ထင်မထားတဲ့ အရှေ့တောင် အာရှက မြန်မာေ တာင် စနေပြီဆိုတော့လေ။ ပြုပြင်ပြောင်းလဲမှု မလုပ်ရင် ကျနော်တို့လည်း ကျန်ရစ်ခဲ့မှာပေါ့။ ပတ်ဘလစ်ကလည်း တောင်းဆိုလာကြပြီလေ။ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးသတင်းဟာ ကျနော်တို့ကို လှုပ်နှိုးသွားတာပါ။ ဝိတ်ကပ် ခေါပါပဲ။ ဟဲ ဟဲ ဟဲ။

ကျနော် ။ ။ ဒါနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ရာမှာ ဘယ်ကိစ္စတွေကို အရင် ကိုင်တွယ်ပါသလဲ။ အခြေခံ ဥပဒေ၊ ပညာရေး၊ ဘဏ္ဍာရေး........
ယမမင်း ။ ။ နေအုံး၊ ခင်ဗျားပြောတာတွေ တစ်ခုမှ မဟုတ်သေးဘူး။ အုပ် ချုပ်ရေးကို စတင်ပြောင်းလဲရတယ်။

ကျနော် ။ ။ အော် ဟုတ်ကဲ့။ အုပ်ချုပ်ရေးကို ဘယ်လိုကနေ စတင်ပြောင်း လဲတယ်ဆိုတာလေး နည်းနည်း ရှင်းပြပေးပါလား။ လူ့ပြည်ကလူတွေ သင်္ခန်း စာလေး ဘာလေး ယူလို့ရအောင်။
ယမမင်း ။ ။ ဟာ၊ ဒီလိုတော့ ရမယ် မထင်မိပါဘူး။ အရင်ဆုံး ဗဟို အုပ်ချုပ်မှု ကို ပေါ့လျှော့ပြီး တချို့ကိစ္စတွေကို တိုင်း၊ ခရိုင်ဆိုင်ရာ အစိုးရတွေ လွတ် လပ်စွာ ဆုံးဖြတ် စီရင်ခွင့်ပြုပါတယ်။ ဒါနဲ့ ခင်ဗျားကို မေးရအုံးမယ်။ ငရဲ ဘယ်နှထပ်ရှိတယ်လို့ သိဖူးသလဲ။

ကျနော် ။ ။ စာအုပ်တွေထဲမှာတော့ ရှစ်ထပ်၊ ကိုးထပ် စသည်ရေးထား တယ်လို့ သိရပါတယ်။
ယမမင်း ။ ။ ဟဲ ဟဲ ဟဲ။ ရှေးလူတွေမြင်ရင်တောင် အခု ငရဲပြည်ကို မှတ်မိမယ် မထင်တော့ဘူး။ အဲဒါ ဟိုတုန်းက။ အခု ဖွဲ့စည်းပုံတွေရော၊ အုပ်ချုပ်ပုံတွေပါ ပြောင်းလိုက်ပြီ။ အခု ငရဲ ခြောက် ထပ်ပဲ ရှိတော့တယ်။

ကျနော် ။ ။ တကယ်လား၊ စိတ်ဝင်စားစရာပဲ။ ငရဲ ခြောက် ထပ်ဆိုတာက........
ယမမင်း ။ ။ ကက်ပီတယ်လစ်စ်တ် ငရဲ၊ ဆိုရှယ်လစ် ငရဲ၊ ကွန်မြူနစ်ငရဲ၊ စစ်အာဏာရှင် ငရဲ၊ ရီဖောင်းမစ်တ် ငရဲ နဲ့ အစွန်းရောက်ဘာသာရေး ငရဲ ရယ်ပါ။ နောက်နေ့မှ ခင်ဗျားကို တစ်ထပ်ချင်း လိုက်ပြရအုံးမယ်။
(ဆက်ရန်)

ပညာရေးဒေတာ


ဒီ ပညာရေးဒေတာက
(၁) ဆရာတွေနဲ့ ပညာရေး အပေါ်မှာ ကျောင်းသားမိဘတွေရဲ့ ယုံကြည် အားထားမှုနဲ့
(၂) ဆရာတွေရဲ့ လစာ၊ အကျိုးခံစားခွင့်ကို ထင်ဟပ်စေပါတယ်။
Var key Gems Foundation ရဲ့ ထိပ်သီး ၁၀ နိုင်ငံပေါ့။ အရင်တစ် ပတ်ေ ကျာ်က စထရိတ်တိုင်း ဆောင်းပါးထဲကပါ။
သူတို့ ဆရာတွေဟာ ကမ္ဘာမှာ အများဆုံး လစာပေးထားခြင်းခံရတယ်၊ မပေါ့နဲ့ ဆိုတာကိုလည်း ကျောင်းဆရာတွေကို လက်တို့ ပြခြင်ပုံရပါတယ်။
ဒါပေမဲ့ ဒီ ဒေတာဟာ ကလေးပညာရေးကို လုံးဝ ကိုယ်စားမပြုပါဘူး။

၁၉၈၀ ခုတွေတုံးက အမေရိကန် ကျောင်းဆရာတစ်ယောက်နဲ့ စကားစပ်မိ ရင်း သူက မြန်မာ ကျောင်းဆရာတစ်ယောက်ရဲ့ လစာ ဘယ်လောက်ရှိသ လဲမေးတာကို သတိရမိပါတယ်။ အဲဒအချိန်တုန်းက နှစ်ထောင်ဝန်းကျင်လို့ ထင်ပါတယ်။ အမေရိကန် တစ်ဒေါ်လာကို ၂၀၀ ကျပ် ဝန်းကျင်ပေါက်ပါ တယ်။
တိတိကျကျ မှတ်မိတာက မြန်မာ ကျောင်းဆရာတစ်ယောက်ရဲ့ လစာဟာ အမေရိကန် ဆယ်ဒေါ်လာနဲ့ ညီမျှနေတယ်ဆိုတာလောက်ပါပဲ။
အခုရော?????

(1) ကို ယုံကြည်အားထားမှုလို့ မှတ်ပြီး (2) ကိုတော့ လစာလို့ မှတ်ယူကြပါ။

တရုတ် (1) 5.78% (2) US$ 17,378
ဂရိ။ (1) 4.28%. (2) US$ 23,341
တူရကီ။ (1) 4.25%. (2) US$ 23,378
တောင်ကိုရီယား (1) 4.45% (2) US$ 43,874
နယူးဇီလန်။ (1) 6.08% (2) US$ 28,438
အီဂျစ်။ (1) 3.98% (2) US$ 18,604
စင်္ကာပူ။ (1) 6.66% (2) US$ 45,755
နယ်သာလန်။ (1) 6.39% (2) US$ 37218
အမေရိက။ (1) 5.89% (2) US$ 44,917
ဗြိတိန်။ (1) 6.06% (2) US$ 33,377

ထိပ်သီး ဖင်လန်၊ တောင်ကိုရီယား နဲ့ ပိုလန်တို့ သုံးနိုင်ငံမှာ တောင်ကိုရီ ယားပဲ ပါနေတာတွေ့ရပါတယ်။
ဆရာကို တန်ဖိုးထားတဲ့နေရာမှာ ကွန်ဖျူးရှပ်တွေက တစ်ပြေးနေပြီး ဆရာ့ လစာမှာတော့ စင်္ကာပူက တစ်ပြေးနေပါတယ်။

ကျနော် ဉာဏ်မမီတဲ့ ဆရာတစ်ယောက်ရဲ့ အက်သစ်


ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ်ဖတ်နေရင်း ကျနော့် ငယ်ဘဝဆီကို စိတ်ပြန်ရောက်သွာ့းမိပါတယ်။ ရွာမှာအတန်းကျောင်းရှိပေမယ့် ရွာက တော ရကျောင်းမှာပဲ ကျနော့်ရဲ့ကလေးပညာရေးကို စခဲ့ရပါတယ်။ ဆရာဘုန်းကြီး က ခေတ်မီတော့ ကိုရင်တွေ၊ ကလေးတွေကို သင်္ချာကအစ သင်ပေးတယ်။ ကိုးနှစ်သားရောက်တော့မှ အဖေက စာသင်ကျောင်းပြောင်းအတက်ခိုင်းလို့ တက်ခဲ့ပါတယ်။ ကျောင်းအုပ် ဆရာကြီးက ဦးမြအောင်ပါ။ ဦးမြအောင်က မင်းကို ဘယ်အတန်းထားရမလဲ မသိဘူး၊ စစ်ဆေးရဦးမယ်ဆိုပြီး ဖတ်စာ အဖတ်ခိုင်း၊ သင်္ချာတချို့ အတွက်ခိုင်းတယ် (အဲဒီတုံးက မူလတန်းမှာ အင်္ဂ လိပ်စာ မသင်ရသေးပါဘူး) ပြီးတောမှမင်းက လေးတန်းအဆင့်ရှိတယ်။ေ လးတန်းမှာ နေဆိုလို့ အောက်ကအတန်းတွေ မတက်လိုက်ရဘဲ လေး တန်းကို ရောက်သွားခဲ့ရပါတယ်။ (ဆရာဘုန်းကြီး မှာလိုက်တာက လေး တန်းမထားရင် မတက်နဲ့၊ ငါ့ကျောင်း ပြန်လာခဲ့ တဲ့)

အဲဒီတုံးက ရွာက မူလတန်းကျောင်းမှာ ကျောင်းအုပ် ဆရာကြီး ဦးမြအောင် နဲ့ ဆရာမ ဒေါ်အေးအေးမူတို့ပဲရှိတယ်။ ဆရာကြီး ဦးမြအောင်က တက္ကသိုလ် ဘွဲ့ရ ဟုတ်ပုံမရပါဘူး။ သူ့ကို သိပ်မကြိုက်တဲ့ လူတွေက လေးတန်း ပဲေ အာင်တယ် လို့တောင် ပြောတတ်ကြတာ မှတ်မိပါတယ်။ တိတိကျကျ မသိ ပါဘူး။ စာအသင်အပြကောင်းတယ်လို့ ထင်ပါတယ်။ သူက လေးတန်းနဲ့ နှစ် တန်းကို သင်တယ်။
ဆရာမ ဒေါ်အေးအေးမူကတော့ တက္ကသိုလ်ဘွဲ့ရပါ။ ရွာကလူတွေက ဆရာ မ ဘယ်နှတန်းအောင်သလဲမေး ရင် ရွာသားတွေ သိနိုင်လောက်တဲ့ စကားနဲ့ "၁၄" တန်း အောင်တယ်လို့ ဖြေတတ်တယ်။ ကြီးမှ သိရတာက ဆယ်တန်း ထဲကို တက္ကသိုလ်လေးနှစ်ထည့်ပေါင်းပြီး လွယ်အောင် ပြောခဲ့တာပဲ ဆိုတာပါ။
ကျနော်အခု ပြန်တွေးကြည့်သလောက် သိလို့ရတာက ဆရာကြီးနဲ့ ဆရာမ က သိပ်မတည့်လှဘူး။ ကျနော်တို့ရှေ့မှာကိုပဲ တခါတခါ နှုတ်ထွက်တွေ ကြမ်းလာတတ်တယ်။ မာန်လို့ထင်ပါတယ်။ ဆရာကြီးက ကျောင်းအုပ် ဆိုတဲ့ မာန်နဲ့ ဆရာမကတက္ကသိုလ်ဘွဲ့ရဆိုတဲ့မာန် ဖြစ်ပုံရပါတယ်။

တစ်နေ့ ဆရာကြီး ဦးမြအောင် ခရီးထွက်စရာရှိတော့ လေးယောက်ပဲ ရှိ တဲ့ လေးတန်းကို ဆရာမ ဒေါ်အေးအေးမူ သင်ရတယ်။ တစ်ယောက်ချင်းစီကို သေသေချာချာ စစ်ဆေးပြီး ပြန်ခါနီးရောက်တော့ ကျနော့်ခေါင်းကိုပွတ်ပြီး ဆရာမက ပြောတယ်
"မင်းလိုကျောင်းသားကို ဆရာမသာ သင်ခွင့်ရရင် မြို့နယ်အဆင့်ထိ နံပတ်ဝင်အောင် သင်ပေးလိုက်လို့ရတယ်။ အခုတော့ ငါ့တပည့်ရယ် မင်း ကံပဲပေါ့"
လို့ ပြောပါတယ်။ ဘာကို ဝမ်းနည်းမှန်းမသိပေမဲ့ ကလေးတစ်ယောက်ရင် မှာ တော်တော်ကြီး ဝမ်းနည်းသွားမိတယ်။ ဆရာမရဲ့ အသံကလည်း စေ တနာကြောင့် တကယ်ပဲ နူးညံ့ နွေးထွေးနေတယ်လို့ ခံစားမိပါတယ်။

ဒီ စကားမျိုး ဆရာမက ကျနော်လို ကိုးနှစ်ကျောင်းသားကို ပြောသင့်သလား၊ မပြောသင့်ဘူးလားဆိုတာ မဝေဖန်ရဲပါဘူး။
ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ဆရာကြီးအပေါ် အယုံအကြည်မဲ့သွားတယ်။ ဆရာမစကားကို ကြားရပြီးတဲ့နောက် အမှတ်စာရင်းတွေကလည်း ရုပ်ပျက် ဆင်းပျက် ထိုးကျသွားလို့ ဆရာကြီးက အိမ်ကိုလာပြီး အဖေ့ကို တိုင်ပါတော့ တယ်။ (အဖေက ရွာ ဥက္ကဌဖြစ်ပြီး ဆရာကြီးလည်း အိမ်မှာ မကြာမကြာ ထမင်းစားတတ်တယ်)
အကြောင်းစုံ သိသွားတဲနောက် ဒီကိစ္စက ဒီမှာ မရပ်တော့ဘဲ စာသင်ချိန်မှာ ဆရာကြီးနဲ့ ဆရာမတို့ ကျနော်တို့ ကလေးတွေရှေ့မှာ စကားတွေ များ ကြတော့တယ်။

ဒီဆရာ နှစ်ယောက်စလုံးရဲ့ ကျေးဇူးကို အမှတ်တရ ရှိဆဲပါ။ ဆရာကြီး မရှိေ တာ့ပေမယ့် ဆရာမတော့ ရှိနေသေးတယ်လို့ ထင်ပါတယ်။
သူတို့ကို ဝေဖန်လိုတာ မဟုတ်သလို ဆရာတစ်ယောက် ရှိသင့်တဲ့ အက်သစ် သဘောတရားတွေကိုလည်း အပြည့်အဝ နားမလည်ပါဘူး။
ဒါပေမဲ့ ကလေးဘဝက အဆိုးအကောင်းကြုံခဲ့ရသမျှတွေဟာ ကျနော်တို့ ဘဝတွေထဲ အချိန်အတော်ကြာအောင် နက်နက်ကြီး စူးဝင်နေတတ်တယ်။

ဒီလောက်တော်သူ သူခိုးဖြစ်နေရတယ်လို့ (တနင်္ဂနွေ အပျင်းပြေ)


စင်္ကာပူက အသိ ဆရာတော်တစ်ပါးမိန့်ကြားတာကို ပြန်ရေးခြင်းဖြစ်သည်။
စလုံး ဒကာတစ်ယောက်က ကျောင်း တစ်ကျောင်း၏ ဆရာတော်များ ပရိတ်ရေဖြန်းပေးရာ နေရာ၌ ပုဆစ်ဒူးထောက်ပြီး ပရိတ်ရေဖြန်းခြင်းကို ခံယူသည်။
ပရိတ်ရေဖြန်းအပြီး ခပ်တည်တည်နှင့် အန်ပေါင်းကို အလှူခံပုံးထဲ ထည့်လိုက် သည်။
ထို ပုဂ္ဂိုလ်က နောက်ကြောင်း မကင်းလှ၊ လစ်ရင်လစ်သလို အလှူခံပုံးထဲမှ အလှူငွေများကို နှိုက်ယူတတ်သည်ဟု ဆို၏။
သူ့အကြောင်းကို သိထားသောဆရာတော် တစ်ပါးက သူထည့်သွားသည့် အန်ပေါင်းကို စစ်ဆေးကြည့်ရာ ဘာ အလှူငွေမှ မပါ။
ဗလာဖြစ်လေသတတ်။

ဤ ကိစ္စက မဆိုးလှသေး။
တစ်နေ့ ထိုနည်းအတိုင်းပင် ပြုမူပြန်၏။ ခဏနေသောအခါ သူ့ အန်ပေါင်းအိပ် ထဲ ၅ ဒေါ်လာအစား ဒေါ်လာ ၅၀ တန် လွဲမှားထည့်လိုက်မိသဖြင့် အန်ပေါင်း အိပ်ချင်း ပြန်လည် လဲလှယ်လိုကြော င်း ပြောလာလေသည်။ သူ ကံဆိုး ချင်တော့ အလှူခံငွေဖလားထဲမှာ ဒေါ်လာ ၅၀ တန် ထည့်ထားသော အန်ပေါင်းအိပ် လုံးဝမရှိ ဖြစ်လေတော့သည်။
သို့ဖြင့် သူ၏လိမ်ညာမှုလည်း ဗူးပေါ်သလို ပေါ်သွားလေတော့သည်။

စဉ်းစားမိသည်မှာ ဤမျှ ဖြတ်ထိုးဉာဏ်ရှိပါလျက် ဘာကြောင့် သူခိုးဖြစ်နေရ သနည်း ဟူ၍ဖြစ်သည်။
ထို့အပြင် ဉာဏ်ကောင်းသူများထံ ခိုးသည့်အကျင့်၊ မရိုးမသား လိမ်ညာ စားသောအကျင့် ရောက်သွားပြီဆိုလျင် သိလျက် ဖမ်းရ အလွန်ခက်၏။

ကမ်းလက်ရဲ့ (ဆီးရီးယပ်) စာဖတ်ပရိသတ်များ ခင်ဗျား


အူကြောင်ကြောင်လို့ ပြောရင်လည်းရ၊ မပြောရင်လည်းရတဲ့ အကြံပြု မေးခွန်း တစ်ခု မေးချင်ပါတယ်။
အခု အားနေတဲ့အခိုက်လေးတွေမှာ ဖတ်မိတဲ့ စာအုပ်တွေထဲ ရင်ထဲငြိ၊ အ ကျိုး လည်းရှိမယ်လို့ ခံယူမိတဲ့ စာအုပ် နှစ်အုပ် ရှိပါတယ်။

၁။ လီကွမ်းယုရဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်" နဲ့
၂။ amanda ripley ရဲ့ "the smartest kids in the world" စာအုပ်ပါ။

"တစ်" ကတော့ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အကြောင်း စတာတွေကို ရေးထားပြီး
"နှစ်" ကတော့ လူငယ် ပညာရေး (မူလတန်းကနေ တက္ကသိုလ်အထိ) သက်သက်ပါ။
ဂျာမဏီ၊ အမေရိက၊ တောင်ကိုရီးယား၊ ဖင်လန်နဲ့ ပိုလန်နိုင်ငံတွေရဲ့ ပညာေ ရး မော်ဒယ်တွေကို အခြေခံပြီး သုတေသနပြု ရေးထားတဲ့ စာအုပ်ပါ။ (တောင်ကိုရီးယား၊ ဖင်လန်နဲ့ ပိုလန်နိုင်ငံတွေက အခု ပညာရေးမှာ ထိပ် က ပြေးနေပါတယ်)

ကျနော့် မေးခွန်းက
၁။ ဘယ်စာအုပ်ကို အရင် ဘာသာပြန်ပြီး တင်သင့်ပါသလဲ။
၂။ ဘာကြောင့်လဲ။
ဖြစ်နိုင်ရင် ဝေါပေါ်မှာပဲဖြစ်ဖြစ်။ အီးမေးမှာပဲဖြစ်ဖြစ် နှစ်မိနစ် သုံးမိနစ်လောက် အချိန်ယူပြီး အကြံပေးကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။

လေးစားစွာဖြင့်

လွတ်လပ်စွာ ပြောရေးဆိုခွင့်

( ၁ )

ပထမလူ။  ။ ဟေ့ကောင် ဒီလို လွတ်လပ်စွာ ပြောရေးဆိုခွင့်ရနေတဲ့ ခေတ်ကြီးထဲမှာ မင်းက ဘာဖြစ်လို့ ငြိမ်နေရတာလဲ။
ဒုတိယလူ။  ။ ပြောစရာ ထူးထူးထွေထွေ မရှိလို့ပါ ဗျာ။
ပထမလူ။  ။ မင်းတို့လိုကောင်တွေကြောင့်ခက်နေတာ။ ကိုယ်ဖြစ်ချင်တာ တစ်ခုခုကို ပြောနေရတယ် ကွ။
ဒုတိယလူ။  ။ ဟော ဗျာ။
( လွတ်လပ်စွာ ပြောရေးဆိုခွင့် ရလိုက်တာနဲ့ လွတ်လပ်စွာ တိတ်ဆိတ်နေခွင့် ဆုံးရှူံးသွားတယ် ဗျာ )

( ၂ )

ပထမလူ။  ။ လွတ်လပ်စွာ ပြောရေးဆိုခွင့်တွေ ရလာတာကို ဘယ်လို မြင်ပါသလဲ။
ဒုတိယလူ။  ။ ကြိုဆိုပါတယ်။
ပထမလူ။  ။ ဘာကြောင့်ပါလဲ။
ဒုတိယလူ။  ။ စကားလုံး ရွေးချယ်စရာသိပ်မလိုတော့ပါ။ပြောချင်ရာတွေ ပြောချလိုက်ရုံပဲ။
(posted on 10/18/2012)

ဇင်ဝေသော်

Any difference


Dear Burmese parents,
Is there any difference or even gets worse in Myanmar?

What's needed to enter China's top school:
Brains......and bribes.
Everything is negotiable if parents have cash and connection.
(Washington Post.)

ဒီအကြောင်း ဟိုအကြောင်း ကဗျာ

ဆံပင်တိုတို စကတ် တိုတို ကောင်မလေး ရေ ...
အားရင် ပြောပြပေးပါလား

ယပ်တောင် တစ်ချောင်းနဲ့ ကမ္ဘာမြေကြီး အကြောင်း
ကြေကွဲ မျက်ရည်တွေနဲ့ ဝင်ရိုးစွန်း ရေခဲတောင်တွေ အကြောင်း
ဗိုက်ခေါက် စူစူလာနေတဲ့ ပင်လယ်ရေမျက်နှာပြင် အကြောင်း
ရေငတ်နေရှာတဲ့ မြစ်တွေ အကြောင်း။

ဆံပင်တိုတို စကတ် တိုတို ကောင်မလေး  ရေ ...
အားရင် ပြောပြပေးပါလား

အိုင်တီပေါ်က တွားသွား သတ္တဝါတွေ အကြောင်း
အိုင်ဖုန်းပေါ်လာမှ လူချင်း ဝင်တိုက်မှုတွေ ပိုများလာတဲ့ အကြောင်း
နာရီမဝယ်နိုင်တဲ့ ဥဩငှက်တွေ အကြောင်း
ရာသီ သင်ရိုးမကျေတဲ့ ပန်းပွင့်တွေ အကြောင်း။




ဆံပင်တိုတို စကတ် တိုတို ကောင်မလေး  ရေ ...
အားရင် ပြောပြပေးပါလား

အိပ်ရေး မဝတဲ့ စပါးခင်းတွေ  အကြောင်း
ငြိမ်းကျော် ရဲ့ ပဉ္စမမြောက် ဆောင်းရက်များ  အကြောင်း
မဇ္ဈိမလှိုင်း ရဲ့ ကြိုးကြာသံတွေ  အကြောင်း
တာရာမင်းဝေ ရဲ့ ပြိုင်းမြင်း ခွာသံ မြေဆိုင်ခဲတွေ  အကြောင်း။


ဆံပင်တိုတို စကတ် တိုတို ကောင်မလေး  ရေ ...
အားရင် ပြောပြပေးပါလား

အသောက ရဲ့ ကလိင်္ဂ လမ်းဆုံ အိုအေစစ် အကြောင်း
တပုဿ နဲ့ ဘလ္လိကာ အရင်းရှင်တွေ မဟုတ်တဲ့ အကြောင်း
အဇာတသတ် နဲ့ ဆေးပေါင်းခ တဲ့ ည အကြောင်း
စကားမှားလို့ လှေပေါ်မှာ ဘုရားလောင်း အရိုက်ခံရတဲ့ အကြောင်း။

ဆန်အိုးထဲ ဆန်မရှိသူတွေအကြာင်း
သူတို့ စားရတဲ့ ဝက်သားဟင်းအကြောင်း

ခေါင်းပေါင်းစ နဲ့ လူကြီးတွေ မပြောခင်လေး။  ။
(posted on 10/07/2012 )
ဇင်ဝေသော်

ဘယ်သူတွေ အသက်ပိုရှည်သလဲ?


အပြင်လက်တွေ့ဘဝမှာ အရက်သမားလူအိုတွေကို ဆရာဝန်လူအိုတွေထက် ပိုတွေ့နေရတယ် ဗျ။
(ဖရန်စွာ ရာဘလယ်)

လက်ရည်ကျသွားတယ်???
ကျနော်မှာ သမ္မတရာထူးမရှိတော့တဲ့နောက် ဂေါက်ရိုက်တာလည်း နိုင်ကို မနိုင်တော့ဘူး ဗျာ။
(အိုက်ဇင် ဟောင်ဝါ၊ အမေရိကန်သမ္မတဟောင်း)

ဒါက ဥပဒေလား၊ ဟုတ်ကဲ့၊ လေးစားစွာလိုက်နာပါမယ်


မနေ့ကရေးမိတဲ့ "ဂျူးလေးမျိုးနဲ့ မြန်မာ အရာရှိလေးမျိုး" က အတိတ် နိမိတ်ြ ပနေသလိုလိုပါပဲ။
သတင်းစာ ကောက်လှန်မိတော့ ဓာတုဗေဒပညာရပ်နဲ့ နိုဘယ်လ်ဆုရသူ သုံးယောက်မှာ နှစ်ယောက်က ဂျူး အမေရိကန်တွေ ဖြစ်နေတာတွေ့ရတယ်။

ဒါဆို မြန်မာ အရာရှိတွေ ကရော?????
မယုံမရှိနဲ့ ဒီတစ်ခါ "ငမှုံ" ကိုယ်တွေ့ ပြောရပါတော့မယ်။ ကျနော်တို့က အပြင် ကနေပဲကြည့်တော့ အောက်ခြေက ချစားမှုတွေကို သိပ်မသိကြရဘူး။ မှုန်နေတယ်။
ကျနော်တို့ စာအုပ်မိတ်ဆက်ပွဲလုပ်ဖို့ စီစဉ်ထားတဲ့ စင်ထရယ် ဟိုတယ်ရှိရာ မြို့နယ်က ခွင့်ပြုမိန့် ချပေးဖို့ အကြောင်းမရှိ အကြောင်းရှာ ရစ်နေလို့ တဲ့။ ဘာလို့လဲ လို့တော့ မရေးတော့ပါဘူး။ သိနိုင်တဲ့ အဖြေပါ။ လာဘ်ပေးလာဘ် ယူမှုကို စက်စုပ်ပေမယ့် အမြစ်စွဲနေတဲ့ အကုသိုလ်စရိုက်ကို နေ့ချင်း ညချင်းတော်လှန်လို့ရမယ်လို့ ထင်မှတ်ရဲလောက်အောင် ကျနော်တို့လည်း မရူးမိုက် လှသေးပါဘူး။ ရှိနေဦးမှာပါ။ နားလည်မှုလည်း ရှိပါတယ်။

ဥပဒေ အသစ်က....... နိုင်ငံရေး ပါတီတွေကို မဖိတ်ပါဘူးလို့ ဝန်ခံ ကတိပြု ရတယ် တဲ့။
ဒါက ဥပဒေလား၊ ဟုတ်ကဲ့၊ ဥပဒေဆိုရင် လေးစားစွာ လိုက်နာပါမယ်။
နိုင်ငံရေး ပါတီတွေဆိုတာ
အဖွဲ့ချုပ်ကို ဆိုလိုတာလား၊
ပြည်ခိုင်ဖြိုးလား။
အားလုံးလား။
အားလုံး။
ဟုတ်ကဲ့။ လေးစားစွာ လိုက်နာပါမယ်။

သတင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတွေကို စာအုပ်ေ တွ လှူချင်တယ်။
ဖိတ်လို့ ရမလား။
သူတို့က အစိုးရလား၊
နိုင်ငံရေး ပါတီလား။

နိုင်ငံရေးထဲရောက်နေတဲ့ ရေးဖော် ရေးဖက် စာပေနယ်က မိတ်ဆွေတွေ ဆိုရင်ကော ဘယ်လိုလဲ။
သူတို့က
နိုင်ငံရေး ပါတီကို ကိုယ်စားပြုသလား၊
စာရေးဆရာ ဘဝကို ကိုယ်စားပြုသလား။

ဒီပွဲကို စီစဉ်ပေးတဲ့ ရန်ကုန်က စာပေမိတ်ဆွေတွေကတော့ ခေါင်းစား၊ ဒေါသဖြစ်နေရသလို မရရင် မီဒီယာ ဖွင့်ချမယ် ပဲ။
ကျနော် ကံကောင်းတာက အကူအညီပေးတတ်လွန်းတဲ့ မိတ်ဆွေတွေ ပိုင် ဆိုင်ခွင့်ရရှိနေခြင်းပါပဲ။ ကျေးဇူလည်း ကြီးလှပါတယ်။

နိုင်ငံခြားမှာ နေတယ်ဆိုပေမဲ့၊
လီကွမ်းယုတွေ၊ စထရိတ်တိုင်းတွေ ပါနေပေမဲ့
ကျနော်တို့လည်း ပိုက်ဆံအလကားရတဲ့နေရာမှာ နေနေကြတာတော့ မဟုတ်ကြပါဘူး။
ဒါက ဥပဒေလား၊
ဟုတ်ကဲ့၊
ဥပဒေဆိုရင် လေးစားစွာ လိုက်နာပါမယ်။

လက်တွေ့ကျကျ


ငါတို့လူမျိုး (စလုံးတွေ) တွေ စီးပွားရေးလုပ်တယ်ဆိုတာ ဘာကိုခေါ်တာလဲ မင်း သိသလား။
သူတို့က ကုန်စုံဆိုင်ဖွင့်တာကို စီးပွားရေးလုပ်တယ်လို့ ခေါ်တာ။ စားသောက် ဆိုင် ဖွင့်တာ၊ ရောင်းတာ၊ ဝယ်တာ၊ ဒါပဲ။
သမိုင်းကို ပြန်ကြည့်၊ ငါတို့လူမျိုးက ဘယ်လို ကုန်ပစ္စည်းတွေထုတ်ပြီး စီးပွား ရှာတယ် ဆိုတာများ ရှိဖူးလို့လဲ။ လက်တွေ့ကျစမ်းပါ။
(ရှင်းရော၊ ရယ်ရတယ်။ စင်္ကာပူရီးယန်းတွေ MNC တွေထဲဝင်နိုင်မလား မေး လို့ ဆရာကြီး လီ ဖြေထားတာ)

ဂျူးလေးမျိုးနဲ့ မြန်မာ အရာရှိလေးမျိုး


ဂျူးလေးမျိုး

၁။ လက်ဆွဲအိပ်ကြီးကြီးနဲ့ ထွက်ပြေးလာတဲ့ ဂျူးမှာ ဘေ့စ် ဂစ်တာကြီးပါတယ်။
၂။ လက်ဆွဲအိပ်သေးသေးနဲ့ ထွက်ပြေးလာတဲ့ ဂျူးမှာ တယော ပါတယ်။
၃။ ဒီထက် ပိုသေးတဲ့ လက်ဆွဲအိပ်နဲ့ ထွက်ပြေးလာတဲ့ ဂျူးမှာ ထရမ်းပက် ပါတယ်။
၎။ ဘာ အိပ်မှ မပါဘူးဆိုတဲ့ ဂျူးကတော့ စန္ဒယားဆရာလား၊ သိပ္ပံပညာရှင် လား ပဲ။ သူတို့မှာ " နုတ်" တွေပဲ ပါတော့တယ်။
နံပတ်လေးက ထိပ်တန်း ဂျူးတွေ၊ ရအောင်သာဖမ်းထားပေတော့။

မြန်မာ အရာရှိလေးမျိုး

၁။ မဆလ ခေတ် လာဘ်စားတဲ့အရာရှိကို အိမ်အရောက် ခခယယ သွားပေး ရတယ်။ အရာရှိက ခပ်တည်တည်နဲ့ ငြင်းတယ်၊ ဇနီးက ယူတယ်။
၂။ တဖြည်းဖြည်းနဲ့ ဇနီးမပါတော့ဘူး။ သူ့ ပီအေကနေ တဆင့်ပေးရတယ်။
၃။ ပိုကြာလာတော့ ပီအေ မလိုတော့ဘူး၊ အရာရှိကိုယ်တိုင် ဗြောင် ယူတယ်။
၎။ အခု လာဘ်ပေးမယ့်လူအိမ်ကို အရာရှိကိုယ်တိုင် ကားမောင်းလာပြီး လာ ယူတယ်။
နံပတ်လေးက ထိပ်တန်း အရာရှိတွေ၊ မိအောင်သာဖမ်းကြပေတော့။

(မြန်မာပြည်မှာ စီးပွားရေးပြန်လုပ်နေတဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ ရင်ဖွင့် ချက်ကို စပ်ပေးလိုက်တာပါ။)

ရည်းစားစာလား နှုတ်ထွက်စာလား ဝန်ကြီး ရယ်


ဖတ်ကြည့်ကြပါအုံး။ ဒီစာက ဗြိတိသျှ ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ John Nott က ဝန်ကြီးချုပ် မာဂရက် သက်ချာဆီတိုက်ရိုက်ရေးတဲ့ ရာထူး မှ နှုတ်ထွက်ခွင့် တင်တဲ့စာပါ။ နု ရွနေတာပါပဲ။
ကိန်းဘရေ့ဂ်ျ၊ ချာချီကောလိပ်က ထုတ်ဝေတဲ့ "မာဂရက် သက်ချာ အာ ခိုက်ဗ်" စာအုပ်ထဲမှာ ပါလာတဲ့ ပုဂ္ဂလိက ပေးစာပါ။
နောက်ဆုံးမှာ "ချစ်တဲ့ ဂျွန်" လို့တောင် ရေးထားလိုက်ပါသေးတယ်။ ဒါပေမဲ့ သူ့စာကို မာဂရက် သက်ချာက " ချစ်တဲ့ မာဂရက်" ဆိုပြီး စာမပြန်ခဲ့ပါဘူး တဲ့။


ဒီလို နောက်တောက်တောက်ရေးလို့ သူ့ကို လျှော့တွက်ရင် မှားပါလိမ့်မယ်။ အခု အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ John Nott ဟာ ၁၉၈၂ ခုနှစ်က Falklands စစ်ပွဲမှာ နာမည်ကောင်းရခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် နောက်ချင်စိတ်ပေါက်ရင် နောက်လိုက်ကြတာပဲ မဟုတ် လား။
ဘာသာပြန် ပေးမထားပါဘူး။ ဘော့စ်ချောချော အမကြီးတွေရှိတဲ့ ရွှေမြန်မာ လူငယ်တွေ လေ့လာကြည့်သင့်ပါတယ်။


Your greatest triumph as PM, if I may say so, is that your colleagues actually like you. Some of them even love you, just a little.
It is inexcusable to say so nowadays but I actually admire you as a woman-your good look, charm and bearing have always attract me, as a man.
I'm sorry but what is wrong with it!I think your emotional, instinctive and unpragmatic approach to most issues - so very unmasculine - is the secret of your success in the male-dominated world of politics.
love
John!

unpragmatic ကို ရှေးရိုးစွဲ မဆန်တဲ့
unmasculine ကို နူးညံ့ပျော့ပျောင်းတဲ့၊ (သို့) မိန်းမသား ဆန်တဲ့ လို့ ဘာသာပြန်ရင် သင့်မယ်ထင်ပါတယ်။


related story


ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည် စာအုပ်မိတ်ဆက်


ဒီစာအုပ်ကို ခေါင်းစဉ်တင်ဖို့ ကျွန်တော်ကိုယ်တိုင်သံသယရှိခဲ့တယ် ။ ကျွန်တော်ကိုယ်တိုင်ရွေးချယ်လို့ မရခဲ့ပါဘူး။ ဒါနဲ့ဆရာမောင်စိမ်းနီကိုပဲ ကြိုက်သလိုတင်ဗျာဆိုပြီး ပြောမိတယ် ။ ကျွန်တော့်စိတ်ထဲမှာ "ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်" (ဘာသာပြန်) , "သမ္မတဦးသိန်းစိန် (သို့) နှီးဖျာတစ်ချပ်ရဲ့ ဗီတာမင်ရေကြည်တစ်ပေါက်" (ဘာသာပြန်) နဲ့ "စင်ကာပူကို လာသင့်မလာသင့်" တို့ဖြစ်ပါတယ်။ ဒီအထဲမှာ စင်ကာပူကို လာသင့်မလာသင့်ဟာ ပရိသတ်အများကြီးဖတ်ပြီး အများကြီးအားပေးခြင်းခံလိုက်ရတဲ့ ဆောင်းပါးပါပဲ။



"ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်" ကိုတော့ ကိုယ့်သဘောအရ သိပ်မကြိုက်ပါဘူး ။ စာကိုကြိုက်ပေမယ့် စာအုပ်ရောင်းရဖို့ ဒေါ်စုနာမည်ကို သုံးလိုက်မိသလို ဖြစ်လေမလားဆိုတဲ့ သံသယကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် "ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည်" အမည်နဲ့စာအုပ်ကတော့ စာဖတ်သူထံရောက်လာခဲ့ပါပြီ။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘလော့ဂ်လေးမှာ ရေးခဲ့ ၊ ဘာသာပြန်ခဲ့တဲ့ စာမူတွေ ဖြစ်နေလေတော့ ရသအားဖြင့်လည်း ရောနေတယ်။ ဒါကြောင့် အခန်းလေးခန်းခွဲပြီး
၁။ လူမျိုးရေး
၂။ စင်ကာပူနှင့် လူပြောသူပြောကိစ္စ
၃။ ပြုံးစိစိဖတ်စာ
၎။ နှစ်ပြားတန်အတွေး လို့ဆိုပြီးစီစဉ်လိုက်မိတယ်။

ဒီစာအုပ်နဲ့ပတ်သက်လို့ မဖြစ်မနေ ကျေးဇူးတင်ရမှာကတော့ ကမ်းလက်ကိုကူညီခဲ့ကြတဲ့ အဖွဲ့သားတွေဖြစ်ပါတယ်။ဒီစာအုပ်ကိုစီစဉ်ပေးတဲ့ကဗျာဆရာ မောင်စိမ်းနီကိုလည်း ကျေးဇူးတင်ကြောင်းပြောထားခဲ့ချင်ပါတယ်။