အာ့ဆို ဘိုလုပ်မဲ? ဘိုမှ မုပ်နဲ့၊ ဒိုင်း ထားလိုက်


အားနက်စ် ဟဲမင်ဝေးရယ်
ဂျော့ဂ်ျ ဘားနတ်ရှောရယ်
ဇင်ဝေသော်ရယ်ဟာ သတ်ပုံ ညံ့တာခြင်း တူပါတယ် (အားမနာပါးမနာ နှိုင်း လိုက်ပါတယ်)။
အားနက်စ် ဟဲမင်ဝေး က အင်္ဂလိပ်စာလုံးပေါင်းတွေနဲ့ မကိုက်ညီဘူးပြောရင် သူရေးတာက အင်္ဂလိပ်မဟုတ်၊ အမေရိကန် လင်းဂွေ့လို့ ပြန်ပြောတတ် တယ်တဲ့။
ဂျော့ဂ်ျ ဘားနတ်ရှော ကိုတော့ သူရေးထားတဲ့အတိုင်းသာ ပုံနှိပ်လိုက်ရင် လူတွေ နားလည်နိုင်မယ် မဟုတ်ဘူးလို့ အယ်ဒီတာက ဆိုပါသတဲ့။
ဇင်ဝေသော်ကတော့ အဓိပ္ပါယ်ကိုရေးနေတာ စာလုံးပေါင်းရေးတာ မဟုတ် ဘူးလို့ အရှက်ပြေ ဖြေပါတယ်။

ပထမ ဟန်းဖုန်းမက်ဆေ့ဂ်ျတွေကြောင့် သူတို့ အင်္ဂလိပ်တော့ ပျက်ပါပြီလို့ ကွန်ဆာဗေးတစ်တွေက အော်ကြပါတယ်။ မရပါဘူး။ အခု ဆိုရှယ်မီဒီယာေ ပ်ါလာတော့ စာလုံးကို အဆင်ပြေသလို ပိုလို့တောင်ပေါင်း လာကြပါသေး တယ်။
စတန်းဒတ် အင်္ဂလိပ် မပျက်ပါဘူး။ သူ့နေရာနဲ့သူ ရှိပါတယ်။
အသံထွက်အတိုင်းပေါင်းတဲ့ အစဉ်အလာက ကြာပါပြီ။ ရှေးဟောင်း သီချင်းတွေထဲမှာ "Gonna" တွေ "wanna" တွေ ရှိပါတယ်။

မြန်မာစာလည်း ဒီအတိုင်းပါပဲ။
"ရေးတော့အမှန် ဖတ်တော့အသံ" ဆိုတဲ့ စကားပုံလေးလည်း မျက်နှာငယ် ငယ်နဲ့ ချောင်ကပ်နေရရှာတယ်။
အာ့ဆို ဘိုလုပ်မလဲ။ ဘိုမှ မုပ်နဲ့၊ ဒိုင်း ထားလိုက်ပေါ့။

မြန်မာစကားပုံက အများညီရင် "ဤ" "ကျွဲ" ဖတ် တဲ့။
အင်္ဂလိပ်စကားပုံက လူညီလို့ အရှူံးပေးရတဲ့အထဲမှာ ဂရမ္မာလည်းပါတယ်တဲ့။
ဥပမာ ( I ) ဆို Shall နဲ့တွဲ၊ You ကို will နဲ့တွဲ ဆိုတာ မရှိတော့ပါဘူး။
"I will go." ကို မှားတယ်ဆိုရင် သူဟာ ၁၈ ရာစုက ဂရမ္မာစာအုပ်ကို ကိုင် ထားလို့ပါ။
အာ့ဆို ဘိုလုပ်ကြမလဲ။ ဘိုမှ မုပ်နဲ့၊ ဒိုင်း ထားလိုက်ပေါ့။

ဇွေသော် (သတ်ပုံ မပြင်ရန် တောင်းပန်ပါသည်)

Post a Comment