တရုတ် (သို့) ရွက်ပုန်းသီး (၄)


မေး ။ ။ တရုတ်ပြည် ရုတ်တရက်ကြီး ပြောင်းလဲလာတာကို အံ့ဩတကြီး မဖြစ်မိဘူးလား။ ၁၉၇၆ - ခုနှစ်၊ ပထမဆုံး တရုတ်ပြည် ရောက်စဉ်က ဒီ လို ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ကြိုတင် တွေးခဲ့မိသလား။

ဖြေ ။ ။ မတွေးမိဘူး။ မော်စီတုန်း ဘယ်လောက်ကြာမယ် ဆိုတာတောင် မသိနိုင်ဘူး။ ၁၉၇၈ - ခုမှာ တိန့်ရှောင်ဖိန် စင်္ကာပူကို ရောက်လာတယ်။ ဟို လည်း ပြန်ရောက်ရော ပေါ်လစီတွေ အားလုံး ပြောင်းလဲပစ်တယ်။ တံခါးဖွင့် တယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ခေါ်ယူ လက်ခံတယ်။ ဒီလိုနဲ့ သူတို့ ကမ္ဘာ့ရေစီး ထဲ ရောက်သွားတော့တာပဲ။ ပြီးတော့ သူတို့က တစ်ကမ္ဘာလုံးကို ခရီးတွေ ထွက်ပြီး လေ့လာတယ်။ အခုဆိုရင် ဝက်ဘ်ဆိုက်တချို့ကို ပိတ်ထားပေမဲ့ အိုင်ဖုန်းတွေ ရှိနေပြီ။
ဒါက စီချွမ်း ငလျင်လှုပ်မှုမှာ အစပျိုးခဲ့တာ။ လူတစ်ယောက်က အိုင်ဖုန်းနဲ့ သတင်းတွေ ဖြန့်လိုက်တာလေ။ တရုတ်အစိုးရက ဘယ်အချိန်မှာ ဒီသတင်း ကို ကြေညာမယ်ဆိုတာ မဆုံးဖြတ်ရသေးခင် သူက အိုင်ဖုန်းနဲ့ လုပ်ချလိုက် တာ။ ခေတ်သစ်နည်းပညာက သူတို့ရှေးရိုး လုပ်နည်းလုပ်ဟန်တွေ ကို ပြောင်းလဲ ပေးလိုက်တာပဲ။ အစိုးရကိုယ်တိုင်က လက်ရှိ အခြေအနေကို ကိုင်တွယ်နိုင်အောင် ကြိုးစားရမှာ။


မေး ။ ။ ၂၀၀၇ - ခုမှာ ရှီကျန်ဖျင့် ကို မစ္စတာလီအနေနဲ့ ပထမဆုံး တွေ့ဖူး တာနော်။ တွေ့တွေ့ချင်း သူ့အပေါ် မစ္စတာလီ ဘယ်လို မြင်မိသလဲ။

ဖြေ ။ ။ လုပ်ရည်ကိုင်ရည် ရှိတဲ့ ကောင်းခေါင်တစ်ယောက်လို့ မြင်မိတယ်။ အခက်အခဲတွေကြားက တက်လာရတော့ စိတ်ဓာတ်မာကြောတယ်။ သူ့ အဖေ နယ်ပို့ခံရသလို သူလည်း နယ်အပို့ခံခဲ့ရတယ်။ နယ်ကနေ တဖြည်းဖြည်း တက်လာရင်း ဖူကျန် (Fujiant) ပြည်နယ်ရောက်မှ သူ လူသိ များလာခဲ့တယ်။ အဲဒီနောက် ရှန်ဟိုင်းအုပ်ချုပ်ရေးမှူး အကျင့်ပျက် လာဘ် စားတာနဲ့ သူ့ကို ရှန်ဟိုင်းကို လွှဲခန့်လိုက်ကြတယ်။ ရှန်ဟိုင်းမှာရှိစဉ် သူ့လုပ် ရည်ကိုင်ရည်ကို အသိအမှတ်ပြုကြပြီး ပီကင်းကို ခေါ်ယူလိုက်ကြတော့တာပဲ။ ဒါတွေဟာ ကံကြောင့်လို့ ပြောရင်ရသလို အကြပ်အတည်းတွေကြားမှာ သူ ဘယ်လောက် သက်လုံကောင်းသလဲ ဆိုတာကိုလည်း ပြရာ ရောက်ပါတယ်။

မေး ။ ။ ရာစုနှစ် နှစ်စုအတွင်း တရုတ်ပြည်ရဲ့ အားအကောင်းဆုံး အချိန်မှာ ရှီကျင့်ဖျင် က အဆင့်မြင့်ရာထူးကို ရခဲ့တာ မဟုတ်လား။ သူ ဒီထက်ပိုပြီး ပါဝါပြစရာ ရှိမလား။

ဖြေ ။ ။ ဒီအပေါ်မှာ သူ အလွန်အမင်း သာယာပြီး မောက်မာနေမယ် မထင် သလို ပါဝါပြနေမယ့် လူလို့လဲ မမြင်မိဘူး။ သူက စဉ်းစားတတ်တဲ့ လူတစ်ေ ယာက်၊ ပြီးတော့ ဒါက တရုတ်ပြည် စိတ်ဝင်စားတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ငါ သူ့ အပေါ်အမြင်ကတော့ သူဟာ တိန့်ရှောင်ဖိန်ရဲ့ ပေါ်လစီကို လိုက်ပြီး ရှိတဲ့ခွန်အားကို လျှို့ဝှက်ထားမယ့် သဘောပါ။

မေး ။ ။ ၁၉၇၀၊ ၁၉၈၀ - ခုနှစ်တွေက ခေါင်းဆောင်တွေနဲ့ ရှီကျင့်ဖျင် အပါ အဝင် လက်ရှိ တရုတ်ခေါင်းဆောင်တွေရဲ့ ခြားနားချက်က ဘာပါလဲ။ သူတို့ ရဲ့ ပုဂ္ဂိုလ်ရေး မတူညီမှုတွေကို ဘေးဖယ်ထားပြီး ဒီနေ့ ပြောင်းလဲလာတဲ့ တရုတ်ပြည်အပေါ် သက်ရောက်မှုရှိတဲ့ ခြားနားချက်က ဘာလို့ ထင်ပါသလဲ။

ဖြေ ။ ။ ခေတ်တိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေဟာ မတူဘူး။ အရင်က ဆိုရင် ဆင်းရဲမွဲတေမှုနဲ့ အဆောက်အဦ မလုံလောက်မှုပဲ။ အခု ပင်လယ် ကမ်းခြေ တလျှောက်မှာ ဟောင်ကောင်အဆင့်ရှိတဲ့ မြို့တော်ကြီးတွေ တည်ဆောက်လာနိုင်ကြပြီ။ ဒါပေမဲ့ ဒါက တရုတ်ပြည်ရဲ့ လူဦးရေ (၅၀) ရာခိုင်နှုန်းလောက် အတွက်ပဲ ဖြစ်နေတယ်။ ငါ့အထင်တော့ (၅၀) နဲ့ (၅၅) ရာခိုင်နှုန်းခန့် လူထုဟာ မဖွံ့ဖြိုးသေးတဲ့ ကျေးလက်တွေမှာပဲ ရှိနေသေးတယ်။

မေး ။ ။ သူတို့ တွေးခေါ်ပုံ ပျော့ပြောင်းလာတယ်လို့ ထင်မိပါသလား။ မစ္စတာ လီရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ ရေးဖူးတာက အရင်က တရုတ်အရာရှိ ကြီးေ တွဟာ စာအုပ်ဟောင်းကြီးအတိုင်း လိုက်နာ ကျင့်သုံးနေကြတယ် ဆိုထား သလားလို့။

ဖြေ ။ ။ မဟုတ်တော့ဘူး။ သူတို့ အများကြီး ပျော့ပြောင်းလာနေကြပြီ။ အဲဒါ က ဟိုအရင် စစ်တပ်က လုံးဝထိန်းချုပ်ထားတဲ့ အချိန်မှာ ပြောတာ၊ တစ်ခုခု အမှားပြောလိုက်မိရင် ဒုက္ခတွေ့တော့တာပဲ။ အခု ပိုပြီး လွတ်လွတ် လပ် လပ် ပြောလို့ ရပြီ။

မေး ။ ။ တရုတ်ခေါင်းဆောင်တွေက မစ္စတာလီနဲ့ တွေ့တိုင်း မတူညီတဲ့ ကိစ္စတွေအပေါ် မစ္စတာလီရဲ့ အမြင်ကို မှတ်သားသွားကြတယ် ဆိုတာ သေ ချာပါတယ်။ အခု ခေါင်းဆောင်တွေကို လေ့လာကြည့်ရင် သူတို့ ခေါင်းထဲမှာ ဘာတွေ ရှိနေမလဲ၊ သူတို့က မစ္စတာလီဆီကနေ ဘာတွေ နှိုက်ယူလိုကြ ပါ သလဲ၊ အရင်ခေါင်းဆောင်တွေနဲ့ နှိုင်းယှည်ကြည့်ရင် လက်ရှိခေါင်းဆောင်ေ တွအပေါ် ဘယ်လို မြင်မိသလဲ။

ဖြေ ။ ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှီကျင့်ဖျင် ကိုတွေ့တော့ ငါသူ့ကို ပြော ဖူးတယ်။ ဒီကရှေ့ တရုတ်တွေက စင်္ကာပူကို ကြည့်ပြီး လေ့လာဖို့ လာစရာ မလိုတော့ဘူး။ ငါတို့ စင်္ကာပူးရီးယန်းတွေကသာ တရုတ်ပြည်ကနေ လေ့ လာယူကြရတော့မှာလို့။ သူက ဒါကို လက်မခံဘူး။ သူပြောတာက သူတို့ဆီ မှာ ဗြိတိသျှက ငါတို့ကို အမွေပေးထားခဲ့တဲ့ အခြေခံ အဆောက်အဦ မရှိဘူး ဆိုတာပါ။ ငါတို့ဆီမှာ ရှိတဲ့ အခြေခံဥပဒေက ဥပဒေကို ချိုးဖောက်စရာ မလို ဘဲ အားနည်းတဲ့ ခေါင်းဆောင်ကို ယာယီအားဖြင့် ထောက်ခံပေးထားလို့ ရ တယ်။ အကြာကြီးတော့ မရဘူးပေါ့။

မေး ။ ။ ဒေသတွင်းနိုင်ငံတွေ၊ ပြီးတော့ အမေရိကန်ကိစ္စနဲ့ ပတ်သက်လို့ သူတို့ မစ္စတာလီဆီက ကြားချင်နေတဲ့ အထူးအကြံဉာဏ်က ဘာတွေ ဖြစ်မလဲ။
ဖြေ ။ ။ သူတို့ကိုယ်တိုင် အမေရိကန်နဲ့ တိုက်ရိုက်ဆက်ဆံနေကြတော့ အမေ ရိကန်နဲ့ ပတ်သက်တဲ့ ငါ့စကားကို သူတို့ နားထောင်စရာ မလိုတော့ ပါဘူး။ သူတို့ တန်ဖိုးထားတာက ဒေသတွင်း နိုင်ငံတွေနဲ့ ပတ်သက်တဲ့ ငါတို့ အမြင် ပဲ။ ဒါကို သူတို့ မသိကြဘူး။ သူတို့ မျှော်လင့်ထားတာက ငါတို့က တိုး တက် လာတဲ့ တရုတ်ကို မကြောက်ရွံဘဲ ဒေသတွင်းမှာ ရဲရဲဝံ့ဝံ့ ရှိနေမယ်ဆို တာပဲ။

မေး ။ ။ သူတို့ တုန့်ပြန်နေပုံ၊ သူတို့ တိုးတက်လာနေပုံကို ကြည့်ပြီး လာမယ့် အနာဂတ်အတွက် စိုးရိမ်မှု မရှိဘူးလား။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပိုပြီး ဆက်ဆံရခက်ခဲ၊ ပိုပြီးအင်းအားသုံး၊ ပိုပြီးလွှမ်းမိုးမှု ရှိလာမယ့် တရုတ်ပြည်နဲ့ မဖြစ်မနေ ဆက်ဆံရတော့မှာ မဟုတ်လား။

ဖြေ ။ ။ ဒီဒေသတစ်ဝှိုက်မှာ သူတို့ဟာ အကောင်အကြီးဆုံး ဆိုတာကတော့ လက်ခံရမှာပဲ။ ဒါပေမဲ့ အမေရိကန်က တန်ပြန်အနေနဲ့ အမြဲ ရှိနေမှာဆိုတော့ ပစိဖိတ်သမုဒ္ဒရာ ရပ်ဝန်းမှာတော့ အကြီးဆုံး မဖြစ်နိုင်ဘူး။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ အမေရိကန်တွေ သမုဒ္ဒရာကမ်းခြေကနေ ဝေး သွားအောင်တော့ လုပ်လာနိုင်ပါလိမ့်မယ်။ ဒါကလည်း တို့ လက်ခံရမယ့် အချက်ပဲ။

မေး ။ ။ ဒီလိုသာဆိုရင် စင်္ကာပူလို နိုင်ငံသေးသေးလေးတွေ ရပ်တည်မှု အ တွက် အခက်အခဲ ဖြစ်လာနိုင်စရာ မရှိဘူးလား။

ဖြေ ။ ။ သူများတွေထက် ပိုပြီး အခက်အခဲ ကြုံစရာတော့ မရှိပါဘူး။ ဗီယက် နမ်ဆိုရင် ပိုပြီး အကြပ်ရိုက်နိုင်တယ်။ ငါတို့နဲ့ တရုတ်ပြည်နဲ့က သဘောထား မတိုင်ဆိုင်တာရယ်လို့ မရှိဘူး။ ဗီယက်နမ်က ရေနံနဲ့ ဓာတ်ငွေ့တွေ ရှိနိုင်မယ် လို့ မျှော်လင့်ရတဲ့ ပင်လယ်ရေမျက်နှာပြင်နဲ့ ပတ်သက်လို့ တရုတ်နဲ့ သဘော ထား မညီညွှတ်သေးတာတွေ ရှိတယ်။ တို့နဲ့ သူတို့က ဒီလို ပြဿနာမျိုး မရှိဘူး။

မေး ။ ။ သမ္မတအိုဘားမားကတော့ ပစိဖိတ်ဒေသအ တွင်း အမေရိကန်ဩဇာ ဆက်ရှိနေဖို့ မဟာဗျူတစ်ခု ချမှတ်နေတယ်။ အိုဘားမား ‘Pacific Pivot’ ဆို ပြီးတော့လေ။ ဟီလာရီကလင်တန်ကလည်း လေတပ်ကို အမှာစကားေ တွ ပြောနေတာ တွေ့ရတယ်။ ဒါဟာ ဒီဒေသအတွင်းမှာ အမေရိကန်တွေ ထာဝရ ရှိနေဖို့ အားထုတ်မှု တစ်ခုလား။

ဖြေ ။ ။ မဟုတ်ဘူး။ ဒါမျိုး ရှိကို မရှိဘူး။ သူတို့ ဒီမှာ ရှိနေချင်တဲ့ ဆန္ဒရှိတယ် ဆိုတာ ထုတ်ပြလာရုံ သက်သက်ပဲ။ ပါဝါချိန်ခွင်လျှာ ပြောင်းသွားရင် အမြဲ ရှိနေမယ်ဆိုတဲ့ စကားလည်း မမှန်နိုင်တော့ဘူး။ ပစိဖိတ်ကို အုပ်စီးထားဖို့ မိုင်ပေါင်း ရှစ်ထောင်ကိုးထောင်ကျော်ကို ဖြတ်ပြီး အင်အားဖြည့်ရမယ်။ ဂျပန်နိုင်ငံကို အခြေစိုက် ကြားနိုင်ငံအနေနဲ့ အသုံးပြုပြီး စွမ်းအင်ဖြည့်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူဘူး။

မေး ။ ။ ဒါဆိုရင် တရုတ်ပြည်ရဲ့ တွက်ကိန်းက အမေရိကန်တွေ ဒီလို လုပ်နိုင် မလားဆိုတာ စောင့်ကြည့်နေရုံပဲပေါ့။
ဖြေ ။ ။ ဒါပေါ့။ အဲဒါ အမှန်ပဲ။

မေး ။ ။ ဒါဆိုရင် အမေရိကန်တွေ အင်အားထပ်ဖြည့်နိုင်မှု အတွက် ဖြစ်နို င်ခြေ က ဘာဖြစ်မလဲ။


ဖြေ ။ ။ တစ်က - အမေရိကန်ရဲ့ စီးပွားရေး၊ ပြီးတော့ ပစိဖိတ်ဒေသကို သူတို့ က ဘယ်လောက် အရေးကြီးတယ်လို့ ယူဆပြီး ဒီအတွက် ကာကွယ်ရေး အ သုံးစရိတ် ဘယ်လောက်အထိ သုံးစွဲမလဲ ဆိုတာပဲ။
နှစ်က - တရုတ်ပြည် ဘယ်လောက်မြန်မြန်ကြီး ခွန်အား တိုးပွားလာမလဲ ဆိုတာပေါ့။

ဆက်ရန်

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)

တရုတ် (သို့) ရွက်ပုန်းသီး (၂)

တရုတ် (သို့) ရွက်ပုန်းသီး (၃) 

Post a Comment