မနက်ဖြန် အဘိဓမ္မာစာမေးပွဲ

ကမ်းလက်

 စင်္ကာပူမှာလည်း ဒုတိယအကြိမ်မြောက် (မင်္ဂ လဝိဟာရကျောင်းမှာ) ဖြေကြတော့မည်။ မအားမလပ်သည့်ကြားက တစ် ရာကျော် ဖြေကြမည်ဆိုတော့ သာဓုပေပေါ့။ 
သို့ဖြင် "မတည်"တတ်သည့်အလျောက် ခပ်နောက်နောက် ပို့စ်ကို ဖြည့်စွက် ပြီး ပြန်တင်လိုက်ရတော့သည်။

ဒါက ဘာ“ဇ” ပါလိမ့်

တစ်ခါက အဘိဓမ္မာဆရာတစ်ယောက်ဟာ ရွာထဲကလူတွေကို “အသံ” နဲ့ ပတ်သက်လို့ ရှင်းပြနေသတဲ့။

“မိုးခြိမ်းသံ၊ တော်လဲသံ၊ သစ်ကိုင်းကျိုးသံ၊ ရေစီးသံ စတဲ့အသံတွေက ဥတုကြောင့် သက်သက်ဖြစ်တဲ့ အသံတွေမို့ “ဥတုဇ” အသံလို့ ခေါ်ပါတယ်။ စကားပြောသံ၊ ငှက်မြည်သံ၊ တောက်ခေါက်သံ၊ လေချွန်သံ၊ ငြီးတွားသံ စတဲ့ အသံတွေကတော့ စိတ်၊ ဥတုဆိုတဲ့ အကြောင်းနှစ်ပါးကြောင့် ဖြစ်လာတာမို့ “စိတ္တဇ၊ ဥတုဇ” အသံလို့ ခေါ်ပါတယ်”

ရွာသားတွေကလည်း တယ်ဟုတ်ပါလားပေါ့လေ။ လသာသာအောက်မှာ စိတ်ဝင်တစား နားထောင်နေကြတုန်းမှာပဲ-
“ ဘူ” 
ဆိုတဲ့ အသံကြီးတစ်သံ လူတွေကြားထဲက ထွက်လာသတဲ့။
ဒါကို သိပ်ပြီးစိတ်မနှံ့ရှာတဲ့ လူတစ်ယောက်က-
“ဆရာကြီးခင်ဗျား၊ အခုနက မြည်သွားတဲ့ “ဘူ” ဆိုတဲ့ အသံကြီးကရော ဘာ့ကြောင့်ဖြစ်တဲ့အသံလို့ ထင်ပါသလဲခင်ဗျာ” လို့ မေးသတဲ့။

အဘိဓမ္မာဆရာကြီးလည်း နည်းနည်းတော့ အောင့်သွားတာပေါ့။ ဒါပေမယ့် ဆရာကြီး ဆိုတော့ ဖြေရတော့ မှာပေါ့။
“သူ့ဘာသာ ရိုးရိုးလေလည်တာဆိုရင် ဥတုဇ၊ ဥတုကြောင့်။ မင်းစိတ်ပုပ်လို့ ညှစ်ပေါက်လိုက်တာဆိုရင် စိတ်၊ ဥတုကြောင့် ဖြစ်တာမို့ စိတ္တဇ၊ ဥတုဇရုပ်” တဲ့။
အဖြေကြားတော့ အရူးက 
“ဆရာကြီး အဖြေတွေက ရှုပ်လိုက်တာဗျာ။ တကယ်တော့ ဒီအသံက ဘာကြောင့်မှ မဟုတ်ဘူး။ ပဲကြီးလှော်နဲ့ ဆူးပုပ်ရွက်ကြောင့် ဖြစ် တာ။ ခေါ်ခြင်းခေါ် ပဲကြီးလှော် ဇ၊ ဆူးပုပ်ရွက် ဇရုပ်(အသံ) လို့ ခေါ်ရမှာ ပါဗျာ။ လွယ်နေတာကို ရှုပ်အောင်လုပ်ကြတယ်ဆိုပြီး ထွက်သွားလေတော့ သတဲ့။
ဟဲ…ဟဲ၊ ပဲကြီးလှော် ဇ၊ ဆူးပုတ်ရွက် ဇ တဲ့၊ ဟုတ်တော့ ဟုတ်သား။
**************************************************
မေး၊ ဖြေ ပုံစံ

မေး။ ။ဆီးမ်ဂိမ်း၌ ရွှေတံဆိပ်ဆု ရသွားသော မြန်မာ့ အားကစားအသင်းကို လက်ခုပ်လက်ဝါးတီးပြီး အားပေးနေသည့် မြန်မာတစ်ယောက်မှာ ဖြစ်နိုင်ေ သာ စိတ်ကို ဖော်ပြပါ။
ဖြေ။ ။ မြန်မာတစ်ယောက်၏ သဏ္ဍာန်၌ ဖြစ်နိုင်သောစိတ်ကား 
သောမနဿ သဟဂုတ်၊ 
မျိုးချစ်စိတ် သမ္ပယုတ်၊ 
အသင်္ခါရိကစိတ် ဖြစ်ပါသည်။

သီဟနာဒ

Post a Comment