ဦးဆဒ္ဒန်(ဆင်မင်း) တို့ စကားပြောနိုင်တယ်ဆိုတာကို ယုံပါပြီဗျ


ဇာတ်တော်တွေထဲက တရစ္ဆာန်နဲ့ စကားပြောခန်းတွေကိုယုတ္တိမရှိဘူး ပြော မယ့်လူတွေ ရှိနေမလား။
တရုတ်စာ၊ အင်္ဂလိပ်စာတွေ သင်ယူရတာ ခက်လို့ စိတ်ပျက်နေသူတွေရော မရှိနိုင်ဘူးလား။
ဒါဆို အဲလီဖင့် (ဆင်) ဘာသာကို စမ်းသပ်လေ့လာကြည့်နိုင်ကြပါပြီ။
နိမလ တော့ပ်နို (Nirmala Topno ) ဟာ ၉ နှစ်သမီးကတည်းက ဆင်တွေပြောတဲ့စကားဟာ ဩရိဿပြည်နယ် (Orissa) မှာပြောနေကြတဲ့ ဘာသာစကားတွေထဲက မွန်ဒရီ (Mundaari) စကားနဲ့ တူတယ်ပြောလို့ နာမည်ကြီးသွားခဲ့တယ်။
အခု ၁၇ နှစ်ရှိနေပြီဖြစ်တဲ့ နိမလ တော့ပ်နိုဟာ အဲလီဖင့် (ဆင်) ဘာသာမှာ အိတ်စ်ပတ်ဖြစ်နေပါပြီ။


အိန္ဒိယ စက်မှုမြို့တော်တစ်ခုဖြစ်တဲ့ Rourkela မြို့ထဲကို ဆင်ရိုင်းအုပ်ကြီး ဝင်လာပြီး ဘယ်လိုမှ ပြန်မောင်းထုတ်မရ ဖြစ်နေခဲ့တယ်။
ဒီတော့ လူထုကြီးက
"ဒါဆို မနိမလကို ခေါ်"
ဆင်ရိုင်းအုပ်ကြီးကို လုံးဝမကြောက်တဲ့ မနိမလက ဆင်တွေကို ပြောတယ်
“This is not your home.You need to go back where you belong.
(အင်္ဂလိပ်လိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ အဲလီးဖင့်လိုပေါ့)
ဒီတော့ ဆင်တွေက
“Okay, right-o, terribly sorry” တဲ့။
အုပ်စုကြီးလိုက် ထွက်သွာရုံတင် မကပါဘူး တောင်းပန်စကားတောင် ပြော သွားကြသေး သတဲ့။
(အင်္ဂလိပ်လိုတော့ ဘယ်ဟုတ်ပါ့မလဲ၊ အဲလီးဖင့်လိုပေါ့)

ကဲ ချီးမွမ်းစရာ မကောင်းဘူးလား။
အထူးသဖြင့် ကလေးတွေကို တီဗွီ၊ ကွန်ပျူတာရှေ့ကနေခွာအောင်မလုပ်နိုင် တဲ့ မိဘတွေကို ကြည့်ရင် ဆင်ရိုင်းအုပ်ကြီး မြို့ထဲက အသာတကြည် ထွက် သွားအောင် လုပ်နိုင်တဲ့ မနိမလရဲ့ အစွမ်းက မသေးလှတာတော့ အမှန်ပဲ။

story on www.thehindu.com , www.thesundaytimes.co.uk

Post a Comment