ဒေါ်မြရီဆိုတဲ့ မိန်းကလေး


စာဖတ်သူတစ်ယောက်က လက်ဆောင်ပေးလို့ သန့်မြင့်ဦးးရဲ့ စာအုပ်၊ မြနှင်းဆီ ဘာသာပြန်ထားတဲ့ ခြေရာပျောက်မြစ် ကို ကောက်လှန်လိုက်မိတယ်။ လှန်မိတဲ့ စာမျက်နှာက ၄၉၂ ပါ။ ဒီမှာ တွေ့လိုက်ရတာက
"တက္ကသိုလ်ပြီးဆုံးသောအခါ နုက (ဦးနုကို ပြောတာ) သူ့မွေးရပ်မြေမှ ခဲ တစ်ပစ်သာဝေးသည့် ပန်းတနော်သို့ ပြောင်းရွှေ့သည်" ပါ။ "ခဲတစ်ပစ်သာဝေးသည့် ပန်းတနော်သို"့ မှာ ပြုံးလိုက်မိတယ်။ အင်္ဂလိပ် အီဒီယံကို တိုက်ရိုက်ပြန်လိုက်တော့ ပြုံးစရာလေး ဖြစ်သွားတာကိုး။ မြန်မာ့ စာပေမှာလည်း "ခဲတစ်ပစ်" ဆိုတဲ့စကားတော့ ရှိတာပါပဲ။ ဒါပေမဲ့ သုံးစွဲပုံ မတူဘူး။
ဒါနဲ့ ဆက်ဖတ်လိုက်တော့
"ဒေါ်မြရီသည် အေးဆေးပြီး ဘာသာတရားကို ရိုသေကိုင်းရှိုင်းသော မိန်း ကလေးဖြစ်သည်"
ကို ထပ်တွေ့လိုက်ရပါတယ်။
"မိန်းကလေး" လို့ ဆိုချင်ရင်လည်း "ဒေါ်" လေးတော့ ဖြုတ်လိုက်ပါ ဆရာမ ရယ်လို့ ပြောလိုက်မိပါသေးတယ်။ ဆက်တော့ မဖတ်ဖြစ်သေးဘူး။
ဆရာ မောင်သွေးချွန်ကတော့ ဒီ ဘာသာပြန်စာအုပ်ကို တော်တော် ကြီး ဝေဖန်ထား ဆိုပဲ။
"လီကွမ်းယု နားဝင်မချိုထဲ" မှာ အဲသလို ပြုံးစရာလေးတွေတွေ့ရင် စာဖတ် သူတွေကလည်း ကျနော့်ကို လက်တို့ကြပါဦး နော့်။

Post a Comment