စီးပွားရေး လုပ်ရခက်တဲ့ နိုင်ငံ


ရဟန်းနှင့် စီးပွားရေးမဆိုင်လှသော်လည်း ဆိုင်သလောက်လေးတော့ ပြောပြ ချင်ပါသည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ (Wesak Day) ကာလဝန်းကျင်၌ စင်္ကာပူ မှာလည်း ပူသည်၊ အထူးသဖြင့် လူစုလူဝေးထဲမှာ ပို၍ ပူပါသည်။
ထို့ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ လာသမျှလူတိုင်းကို ယပ်တောင် တစ်ချောင်းစီဝေရန် မြန်မာပြည် သာရေးနာရေးများမှာ ကမ်းတတ်သည့် ပလပ်စတစ် ယပ်ေ တာင်များ မြန်မာပြည်မှ မှာယူဖို့ စိတ်ကူးမိကြသည်။
မြန်မာပြည်ရောက်ခိုက် အချောင်းရေ တစ်သောင်းမှာယူသည်။
နိုင်ငံတိုင်း မှာ ပစ္စည်းများများဝယ်လေလေ ဈေးချိုလေလေဖြစ်၏။ သင်သိပါ သလား။ ကျွန်ုပ်တို့ ရွှေနိုင်ငံတော်ကြီးကား ထူးဆန်းလှ၏။ ပစ္စည်းများများ ဝယ်ရာ ၌ ဈေးမချိုသည့် အပြင် ဈေးပိုကြီးသွားလေတော့သည်။

ယုတ္တိမရှိဟု မဆိုပါနှင့်၊ သူ့ယုတ္တိနဲ့သူတော့ ရှိသည်။ ဆိုင်များက မြန်မာတွေ ဝယ်နေကျ ရာဂဏန်းမျှသာ ကုန်ကြမ်းတင်ထား နိုင်ကြသည်။ တစ်သောင်း ဟုဆိုရာ လက်တွန့်သွားကြ၏၊ လက်ပင်မခံရဲ။ သူများဆိုင်မှ (သို့) သူများဆိုင် များမှ တဆင့်ယူရမည်ဖြစ်သောကြောင့်ဟု ဆိုကြသည်။ ကံကောင်းသည်ဟု ဆိုရမည်၊ အော်ဒါကို လက်ခံရဲသူကို တွေ့ခဲ့၏။ တစ်သောင်းယူယူသဖြင့် ဈေးချိုခြင်းမျိုးတော့ လုံးဝ မရှိကြောင်း ဝန်ခံရဲပါ သည်။ အနည်းငယ်ပင် ဈေးကြီးသွားသေး၏။
တရုတ်ကော်မတီက ရယ်ကြ၏။ ရယ်လည်း မတတ်နိုင်၊ ရောပြီးရယ်လိုက် ရုံသာ ရှိတော့သည်။

Post a Comment