**ပုံပြင်နှစ်ပုဒ်ရဲ့ မနက်စာ**

(တစ်)
ဇင် မာစတာကြီးဟာ တောထဲကို မနက်တိုင်း လမ်းလျှောက်ထွက်လေ့ရှိ တယ်။ တစ်နေ့မှာတော့ လမ်းလျှောက်နေရင်း သူဖြတ်လျှောက်နေကျ စမ်းချောင်းပေါ်က တံတားလေးဟာ ရေတိုက်စားမှုကို ခံရပြီး မျောပါ သွားပြီ ဆိုတာ တွေ့လိုက်ရတယ်။
ဒါနဲ့ သူ့ဖိနပ်ကိုချွတ်ပြီး စမ်းချောင်းလေးထဲကနေ ဖြတ်လျှောက်လိုက်တော့ တယ်။ အဲဒီ အချိန်မှာ တံ တားပေါ်က လျှေက်စဉ် သူ မရခဲ့ဖူးတဲ့ ကြေနပ်စရာ ခံစားမှု နှစ်ခုကို သွားတွေ့ တယ်။

၁။ စမ်းချောင်းလေးက အေးမြလိုက်တာ။ (ကြည်နူးစရာ ပဲ။)
၂။ ခြေဖဝါးအောက်က ကျောက်ခဲလေးလေးတွေကလည်း မာကြော (ခံနိုင် ရည် ရှိ) လိုက်တာ၊ (အားကျ ဂုဏ်ယူစရာ ပဲ တဲ့။)

(Jack Kornfield, Buddhism For Beginners)

ပုံပြင်က ပြီးပါပြီ။
ကျနော် စဉ်းစားမိတာက အဲဒီ တံတားလေး ပြန်ထိုးပြီးသွားပြီဆိုရင် ဇင် မာ စတာကြီးက ဘယ်လိုတွေးပြီး သူ့ ဘဝကို ကျေနပ်၊ ကြည်နူးလေဦးမလဲ ဆို တာပါ။

( နှစ် )
ကလေးဘဝတုံးက အက်လက်ဇန်းဒရား ဧကရာဇ်နဲ့ ဒိုင်အောဂျင်းနီးတို့ အကြောင်း ဖတ်ခဲ့ရဖူးတယ်။ သူက လဲဂျင့်ဆိုတော့ အနှစ်သာရ မကွဲပေမဲ့ ဇာတ်လမ်းကွဲလေးတွေတော့ ထပ်တွေ့ရပါတယ်။ ထားပါတော့။
ဒိုင်အောဂျင်းနီးက အက္ခရာသင်္ချာတွေ မြေကြီးပေါ်မှာ ရေးနေ တွက်နေချိန် အက်လက်ဇန်းဒရား ဧကရာဇ် ရောက်လာပြီး သင့်အတွက် ဘာလုပ်ပေးရ မလဲမေးတော့
"နေရောင်ခြည်ကို ကွယ်ပြီးရပ်နေရာကနေ ဖယ်ပေးပါ" ပြောခဲ့တယ်။ ဧကရာဇ် တစ်ပါးဆီက သူတောင်းဆိုချင်တာ ဒါ အကုန်ပါပဲ။ သူ့ အက္ခရာ သင်္ချာတွေ နေရောင်ခြည်အောက်မှာ လင်းလင်း လက်လက် မြင်နေရရင် သူကျေနပ်နေပြီ။

ဒါနဲ့ အက်လက်ဇန်းဒရား ဧကရာဇ် သူ့အနားက ထွက်သွားတော့ရော ဒိုင်အောဂျင်းနီး ဘယ်လို ခံစားနေရလောက်သလဲ။

၁။ သူ့အနားမှာ ဧကရာဇ်တစ်ပါး မရှိတော့တာလား
၂။ အက္ခရာသင်္ချာတွေအပေါ် ကွယ်နေတဲ့ အရိပ်မည်းကြီး မရှိတော့တာလား။
ဧကရာဇ်ကြီးကို အားနာစရာပဲ။

Post a Comment