ရှိခြင်းနှင့် အသုံးပြုခြင်း (ကျောင်းတွင်းမှတ်စု)

ဤစာက တစ်စုံတစ်ရာကို ထိပါးစေသည်ဆိုပါက တောင်းပန်စကား ထားခဲ့ ချင်ပါသည်။ ရေးလိုသည်က အဆောက်အဦနှင့် သင်ထောက်ကူပစ္စည်းတို့ကို အနားမထားဘဲ အသုံးပြုနေပုံသာဖြစ်ပါသည်။
ဤ မင်္ဂလဝိဟာရ ကျောင်း၏ တနင်္ဂနွေနေ့ တစ်နေ့တာ ဘာသာရေး လုပ်ငန်း များကို စာရင်းချပြပါမည်။
၁။ တနင်္ဂနွေ ဓမ္မသင်တန်ကျောင်း။ မနက် ကိုးနာရီခွဲမှ နေ့ ၁၂ နာရီ။ လူကြီး၊ ကလေး။ (အင်္ဂလိပ်)။ နေ့လည်စာ ကော်မတီမှ စီစဉ်သည်။ မြေညီထပ်၊ ထမင်းစား ခန်းမ။

၂။ ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် တရားပွဲများ၊ ဆွေးနွေးပွဲများ၊ ၁၂ နာရီ ၄၅ မိနစ်မှ ၂ နာရီ အထိ။ (အင်္ဂလိပ်)

၃။ Buddhist ans Pali Collage သင်တန်းများ။ နေ့ ၂ နာရီမှ ညနေ ၅ နာရီခွဲ အထိ။ (အင်္ဂလိပ်)

၎။ အဘိဓမ္မာသင်တန်း။ ၅ နာရီ ၄၅ (ဝန်းကျင်) မှ ၇ နာရီခွဲ။ ဒုတိယထပ်။ (မြန်မာ)

၅။ ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှု သင်တန်း (ကလေးငယ်များ အတွက်)။ ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲ အထိ။ တတိယထပ် စာသင်ခန်းများ။ (မြန်မာ)။ စည်းရုံးရေး အဖွဲ့က ကလေးငယ်များ အတွက် စားစရာ တစ်ခုခု စီစဉ်သည်။ မြေညီထပ်၊ ထမင်းစား ခန်းမ။

၆။ အပတ်စဉ် ပဋ္ဌာန်း ရွတ်ဘတ် ပူဇော်မှု၊ ၇ နာရီမှ ၈ နာရီခန့်အထိ။ (တတိယထပ် ခန်းမ)

၇။ ကျောင်း၏ ပုံမှန် ဘုရားဝတ်ပြုချိန်၊ ၆ နာရီ ၄၅ မှ ၇ နာရီ ၄၅ အထိ။

၈။ စင်္ကာပူရှိ ဆရာတော်များ ဝါတွင်း တရားပွဲ၊ ၈နာရီမှ ၉နာရီ ခွဲ အထိ။
သို့ဖြင့် ည ဆယ်နာရီခန့်မှာ အားလုံး ပြီးသွားသည်ဟု ဆိုနိုင်ပေတော့သည်။ ဤ ဘာသာရေးလုပ်ငန်းများအားလုံးကို သုံးထပ်ကျောင်ဆောင် (မြေအောက် ကားပါကင်ပါ လေးထပ်) တစ်ဆောင်ထဲ၊ တစ်မိုးတစ်ရံအောက် မှာ ပြုလုပ်ခြင်းဖြစ်သည်။ ဟော ခန်းမများ၊ စာသင်ခန်းများ၊ သင်ထောက်ကူ ပစ္စည်းများအားလုံး တနင်္ဂနွေနေ့ မှာ မနက် ၉ နာရီခွဲမှ ည ၁၀ နာရီအထိ အနားမရကြပါ။

အလုပ်ရှုပ်သည့် နိုင်ငံဖြစ်သည့်အတွက် အခြားနေ့များမှာတော့ ည ပိုင်းမှာ သာ သင်တန်းများ ရှိနိုင်သည်။

တနင်္လာနေ့၊
၁။ နေ့စဉ် ဗုဒ္ဓဘာသာသင်တန်း၊ ဒုတိယထပ်၊ (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ)

၂။ ဘုရားရှိခိုးစာ သင်တန်း (အခြေခံ) (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ)

၃။ ချိကုန်းသင်တန်း၊ ကျန်းမာရေးအတွက်၊ မြေညီထပ်၊ ထမင်းစား ခန်းမ။ (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ)

၎။ ယောဂသင်တန်း၊ ကျန်းမာရေးအတွက်၊ တတိယထပ်။ (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ)

အင်္ဂါ
၁။ Buddhist ans Pali Collage သင်တန်းများ။
၂။ ဘုရားရှိခိုးစာ သင်တန်း (အခြေခံ) (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ) စသဖြင့်
ရှည်နေမှာ စိုးသဖြင့် မရေးလို့တာ့၊ ဤ နည်းအတိုင်း လည်ပတ်နေလေသည်။

ဤ ကျောင်းမှ လူပုဂ္ဂိုလ်များ မြန်မာပြည်က ပြန်လာတိုင်း မြန်မာတွေ (အထူး သဖြင့် ဘာသာရေး နယ်ပယ်) အဆောက်အဦတွေကို အပြည့်အဝ အသုံးမချ တတ်ကြသေးဘူးဟု မြင်တတ်ကြသည်။
အင်း တို့ လူမျိုးက မြေချမ်းသာ၊ စေတနာ ချမ်းသာကြသည်ကိုး၊ လှူသူရှိ က ဆောက်ကြရပေမည် ဟုသာ သဘောပိုက်လိုက်ရတော့သည့်။ ထို့နောက် အပြည့်အဝ အကျိုးရှိရှိ အသုံးပြုဖို့ကတော့ စီမံခန့်ခွဲမှုနှင့် ပိုပြီး သက်ဆိုင် သည်ဟု ထင်သည်။ အထူးသဖြင့် ယနေ့ခေတ်မှာ စေတနာရှင်တို့က အဆောက်အဦတွေအစား ခေတ်မီသည့် သင်ထောက်ကူပစ္စည်းများ လှူ လျင် နိုင်ငံအတွက်၊ ဘာသာအတွက် ပို၍ အကျိုးများဖွယ်ရှိသည်ဟု အတွေ့ အကြုံအရ သဘောပေါက်မိသည်။
သို့သော် သူရှာသည့်ငွေကို သူစေတနာပေါက်ရာမှာသာ သူက လှူပေမည်။

စင်္ကာပူ နေရှင်နယ် ဒေး အမှတ်တရ သူတို့၏ စီမံခန့်ခွဲမှုပညာကို အသိ အမှတ်ပြု၊ ဂုဏ်ပြုလိုက်ပါ၏။

မေတ္တာဖြင့်

Post a Comment