ဆဲဆိုခြင်း သမိုင်းနဲ့ တန်ဖိုး သတ်မှတ်ချက်

စိတ်ဝင်စားစရာ စာအုပ်တစ်အုပ် အောက်စ်ဖို့ တက္ကသိုလ်က ထွက်လာပါ တယ်။ ဆဲဆိုခြင်း သမိုင်းအကျဉ်း တဲ့။
ဆဲဆိုခြင်းဟာ မယဉ်ကျေးဘူး၊ ကိုယ့်ရဲ့ လူမှုရေးအဆင့်ကို ထိခိုက်စေတယ် ဆိုတဲ့ အချက်ကို သမိုင်းအဆက်ဆက်က လူတွေ လက်ခံသလို သမိုင်း အ ဆက်ဆက်မှာလည်း ဆဲဆိုတဲ့ ဝေါဟာရတွေ ရှိနေခဲ့တယ်။ လူတွေဘာကြောင့် ဆဲဆိုကြသလဲဆိုရင်တော့ စိတ်တင်းကျပ်မှုကို ပြေေ လျာ့စေလို့၊ တခါတခါ စိတ်ကျေနပ်မှုကိုတောင် ရစေလို့လို့ ဆိုပါတယ်။

ပါမောက္ခက သူမရဲ့ ဆဲဆိုခြင်း သမိုင်းအကျဉ်းကို နှစ်ပေါင်း နှစ်ထောင်ကျော် က ရောမခေတ် လက်တင်လို ဆဲသံဆိုသတွေနဲ့ စတင်ချီလာခဲ့တယ်။
လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေဟာ အလွန် ရိုင်းစိုင်းတဲ့ ဝေါဟာရတွေအဖြစ် ရောမခေတ်မှာ လက်ခံကြပါသတဲ့။ ဒါပေမဲ့ ဒီ ဝေါဟာရတွေဟာ ဒီခေတ်မှာ မရိုင်းဆိုင်းတော့ပါဘူး။ အထူးသဖြင့် ဆေးပညာရပ် သင်္ခန်းစာ၊ ကျန်းမာရေးသင်တန်းတွေမှာ ဆို ဖော်မယ် ဖြစ်နေကြပါပြီ။ ရောမခေတ်မှာဆို အမျိုးသား၊ အမျိုးသမီး အင်္ဂါတွေရဲ့ အမည်ကို ဘယ်လိုနေရာမျိုးမှာမှ သုံးစွဲဖို့ မအပ် တဲ့ ဝေါဟာရေ တွပါ။

နောက်ပြီး God နဲ့ ဆက်စပ်တဲ့ ဝေါဟာရတိုင်းဟာ ဘာသာရေး စော်ကားမှု တစ်ခုလို့ ယူဆကြပါသတဲ့။ ဥပမာ Oh,my God လို စကားမျိုးပါ။ ဒါပေမဲ့ ဒီခေတ်မှာ ဒီဝေါဟာရ ဘယ်လောက်တွင်ကျယ်ပြီး ဘယ်လောက် ယဉ်ကျေး တယ်ဆိုတာ လူတိုင်းသိနိုင်ပါတယ်။
၁၉ ရာစုနဲ့ ၂၁ ရာစု ဝေါဟာရ သတ်မှတ်ချက်ကတော့ အင်တာနက် မပေါ် ခင်အထိ ထူးထူးခြားခြား ကွာဟမှု မရှိခဲ့ပါဘူး။ လူ့ခန္ဓာကိုယ် အစိတ် အ ပိုင်းတွေရဲ့ ပြုမူဆောင်ရွက်ပုံတွေကို ပုံဖော်ပြတဲ့ စကားတွေဟာ ရိုင်ဆိုင်း ဆဲပါ။ "F**k " လို ဝေါဟာရတွေကို ထောက်ပြတယ်။ ဒါပေမဲ့ အင်္ဂလိပ် စကားပြောနိုင်ငံတွေမှာ (အထူးသဖြင့် အမေရိကန်တွေ) "Sh*t" "D**k" "Holly D**k" "P**s" စတဲ့ ဝောဟာရတွေဟာ ပုံမှန် ဝေါဟာရတွေဖြစ်ေ န တာကြာပါပြီ။
အင်တာနက်က တဆင့် ဒီ စကားလုံးတွေ ပြန့်သွားလိုက်တာ တစ်ကမ္ဘာလုံး က ချတ်တင်း ရုမ်းတွေထဲမှာ ဒီ စကားလုံးတွေမြင်လို့ အံ့ဩတကြီး မဖြစ်ကြ ရတော့ဘူး တဲ့။

ဒီခေတ်မှာ လူထုလက်မခံနိုင်တဲ့ အဆိုးဆုံးဝေါဟာတွေက "nigger" "retards" "cripple" "black people" "monkey" စတာတွေ ဖြစ်လာခဲ့ ပါပြီ။ နိုင်ငံရေးသမားတစ်ယောက်က F**k ဆိုတဲ့ စကားလုံးကို လူထုေ ရှ့သုံးလို့ ဘာမှ မဖြစ်ပေမဲ့ "nigger" "retards" "cripple" "black people" စတဲ့ စကားလုံးတွေကို လူထုရှေ့မှာ သုံးလိုက်ရင်တော့ သူ့ရဲ့ ဘဝနဲ့ အလုပ်ပါ ကမောက်ကမ ဖြစ်သွားနိုင်တယ်လို့ ဆွေးနွေးပြထားပါတယ်။

သူပြောမှ ငယ်ငယ်က ရွာက လူကြီးတချို့ ပုံပြောသံကို ကြားယောင်မိ ပါ တယ်။
"ခွေးမသားလေးတွေ၊ နင်တို့က ပြောရင်ယုံမှာတောင် မဟုတ်ဘူး။ ဟိုတုံးက တို့ရွာမှာ ကမျင်းမ မိအေးဆိုတဲ့ ကောင်မ ရှိဖူးတယ်။ သူ့ကို သေနာကောင် ငမူးက မရ ပန်းသေ အရူးအမူးကို ကြိုက်နေတာ။ ပြဿနာက လူလွန်မသား၊ သူကြီးသား ငထွားပဲ "
ကျနော်တို့က ဆဲနေတယ်လို့ကို မခံစားရဘူး။ အားလုံး ပျော်လို့ ရွှင်လို့ပဲ။

စိတ်ဝင်စားရင်
Brief History of Swearing
Mellisa Mohr, Oxford University Press, 2013

Post a Comment