ကိုဝင်းဇော်ဦး ကျန်းမာပါစေ

မနှစ်က ထင်တယ်၊ အသက်အရှည်ဆုံးအဖွား မြန်မာပြည်မှာ ရှိတယ်ဆို ပြီး ဖေ့စ်ဘုတ်ပေါ်မှာ ဖတ်ကြ၊ ရှယ်ကြ တော်တော်လုပ်လိုက်ကြသေး တယ် ။ ပြဿနာက ယုံကြည်လောက်တဲ့ မှတ်တန်းမှတ်ရာမှာ မြန်မာက နိုင်ငံ အ လိုက်ကို အားနည်းတယ်။ တကယ်လို့ အဲဒီ အဖွားက ၁၂၆ နှစ် အမှန် ဆို ရင်တော့ ဘောလုံးပွဲကအစ အမြဲတန်း အသက်လိမ်ညာလာတဲ့ အကျင့် ဆိုးကြောင့် ကမ္ဘာက အသိအမှတ်မပြုတာလို့ ဆိုရလိမ့်မယ် ထင်တယ်။ ပြီးတော့ မြင်ရတဲ့ အရာလည်း မဟုတ်ဘူး။ အခု မြင်ရတဲ့ ကိစ္စပေါ်လာတယ်။ ဘယ်သူမှ ငြင်းလို့မရတော့ဘူး။

Photo from The Straits Times

စင်္ကာပူကို လာပြီး ခွဲစိပ်မှုခံယူရရှာတဲ့ ကိုဝင်းဇော်ဦး အကြောင်းပါ။ သူ့ ဟို မုန်း ဓာတ်ကလည်း ထူးထူးခြားခြား အရပ်ကို မနားတန်း ရှည်စေတယ် တဲ့။ ကျန်းမာရေးကို မထိခိုက်ဘူးဆိုရင်လည်း ဒီ အတိုင်း ထားရရင် မဆိုးဘူး ။ လှောင် ပြောင်လိုစိတ်ရှိသူတွေကတော့ ရှည်လို့ပြောင်၊ ပုလို့ပြောင်ြေ ပာင်လှောင်နေကြမှာပဲ။
သူ့အရပ်က ၇ ပေ ခွဲလောက်တောင် ရှိနေပြီ၊ အကြိတ်ကို ခွဲမထုတ်ရင် အရပ် ရှည်လာဦးမှာဖြစ်ပြီး အသက်ကျတော့ တိုသွားမယ်တဲ့။

ဒါက မနေ့က စထရိတ်တိုင်းမ် ပေးထားတဲ့ ရက်ကော့တွေပါ။
Tallest man ever Robert Wadlow 272cm
Tallest man alive Sultan Kosen 31, Turkey, 251cm
ကိုဝင်းဇော်ဦး ၊ မြန်မာ၊ 36, 233cm
Yao Ming 33, China, 229cm

နာမည်နဲ့မလိုက်တာက ကမ္ဘာ့အရပ် အရှည်ဆုံး အမေရိကန်ပါပဲ။ Wad low ရယ်လို့။
ကမ္ဘာ့အရပ် အရှည်ဆုံးလူသား မပိုင်ရရင် နေပါစေ၊ ကိုဝင်းဇော်ဦးရဲ့ ခွဲစိပ် မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

news from  The Straits Times: Myanmar's 'tallest man' seeks medical aid in Singapore

Post a Comment