**တစ်မူး၊ တစ်မတ်၊ မူး၊ မတ်**

(နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအကြောင်း နှိုက်နှိုက် ချွတ်ချွတ်)

ဘာရယ်မဟုတ်ဘူး၊ ပိုက်ဆံအကြွေစေ့ ရေတွက်တာနဲ့ အစိုးရ ရာထူးတွေ သတ်မှတ်တာ တူနေပုံလေး စဉ်းစားမိလို့ပါ။ ဆက်စပ်မှု ရှိသလား၊ မရှိဘူး လားလည်း မသိဘူး။
အခုတော့ အကြွေစေ့တွေ ပျောက်ကုန်လို့ တော်တော်ငယ်တဲ့ လူငယ်တွေဆို သိချင်မှတောင် သိတော့မယ်။
ငါးပြား စေ့၊ ဆယ်ပြား စေ့၊ တစ်မတ် စေ့၊ ငါးမူး စေ့၊ ပြီးတော့ ကျပ်စေ့ တဲ့။
မတ်စေ့ပြီးတော့မှ မူးစေ့ လာပေမဲ့ သူက ၁ မူး မဟုတ်ဘဲ ၅ မူးဖြစ်နေတယ်။
၅ မူးက ပြား ၅၀ ဆိုတော့ တစ်မူးက ဆယ်ပြား ပေါ့။

အစိုးရ ရာထူးတွေသတ်မှတ်ရာမှာ ရှေးတုံးကတည်းက မူးကြီး၊ မတ်ရာ သေ နာပတိ ဆိုတာရှိခဲ့တယ်။ ( သေနာပတိ က ပါဠိဖြစ်နေလို့ (ဦး) သီဟနာဒကို အဓိပ္ပါယ်မေးတော့ သေနာ က ပါဠိမဟုတ်တော့၊ မြန်မာစကားဖြစ် သွားပြီ ၊ သေနာ က သေနာ ပဲတဲ့၊ ရှင်းရော။ ပတိ ကတော့ ပါဠိ၊ အဓိပ္ပါယ်က ဘုရင်၊ အစိုးရ၊ အကြီးအမှုး၊ လင်သား တဲ့။ စိတ်မကြည်လို့ ကောင်းကောင်းဖြေပေး တာ မဟုတ်ရင်တော့ ကျနော်လည်း မတတ်နိုင်တော့ဘူး)

ထားပါတော့။ မူး၊ မတ်။ မူးပြီးမှ မတ်လာတယ်။ ဒါပေမဲ့ မတ် ကို အခုခေတ်မှာ အမတ်လို့ (ဘာ လီမန်အမတ်၊ ညာ လီမန်အမတ် စသည်) ခေါ်ပြီး မူးကိုေ တာ့ အမူး လို့ မခေါ်ကြဘူး။ တကယ်က ဘာ လီမန်အမူး၊ ညာ လီမန် အမူး စတာတွေလည်း ရှိနေရမယ်။

ပိုက်ဆံအကြွေစေ့ ရေတွက်ရာမှာ မူး၊ မတ်၊ ကျပ်။
ဒါဆို နှစ်ခါ ခွဲ မူးမှ တစ်မတ်၊ ဆယ်ခါပြန်မူးမှ ကျပ်ပြည့်မယ်။ မတ်ကလည်း လေးမတ်ပေါင်းမှ ကျပ်ပြည့်မယ်။ ဒီလိုလား။ ဘယ်လိုကြီးလဲ မသိဘူး။ သိပ်တော့ မမိုက်ဘူး။ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေက ရှုပ်ထွေး လွန်းတယ်။ ဉာဏ်မမီဘူး။

Post a Comment