ခေါင်းငြိမ့် ခေါင်းခါ

သူ့နာမည်ကိုတော့ ကိုချစ်ခင်လို့ပဲ မှတ်ထားရအောင်ပါ။ လူရိုး၊ လူအေး၊ မိန်းမ က ဘယ်လောက်ပဲ ဆူဆူ ဆဲဆဲ ဘာမှပြန်မပြောတတ်သူ ဆိုပါတော့။ လူရိုး၊ လူအေးတွေဟာ မိန်းမ ခပ်စွာစွာတွေနဲ့ တွေ့ရတတ်တယ် ဆိုရမလားပေါ့။ သူ့ မိန်းမ ဒေါ်ခွေး (လို့ပဲ မှတ်ထားရအောင်) ကတော့ ပါးစပ်က ပွစိပွစိနဲ့ တစ် ခုမဟုတ် တစ်ခု ရန်လုပ်နေတတ်တယ်။ ဒီတော့ ကိုချစ်ခင် သဘောအကျဆုံး အချိန်က လယ်ထွန်သွားချိန်ပါ။ နားအေး ပါးအေးရှိတာကိုး။
ကိုချစ်ခင်က လယ်ထွန်သွား၊ နေ့ခင်းရောက်ရင်တော့ ဒေါ်ခွေးကထမင်းထုပ် လိုက်ပို့တာပေါ့။
တစ်နေ့မှာတော့ ဒေါ်ခွေးထမင်းထုပ်အရောက် ကိုချစ်ခင်က နွားတွေ ကို ဖြုတ်၊ အနားပေးရင်း သူလည်း ထမင်း စ စားတယ်။ ထုံးစအတိုင်း ပဲ ဒေါ်ခွေးက အပြစ်မရှိအပြစ်ရှာ ဘာညာဘာညာ ပွစိပွစိလုပ်တော့တာပဲ။
အဲဒီနေ့မှာတော့ သူတို့နဲ့ မလှမ်းမကမ်းမှာ အစာစားနေတဲ့ နွားကြီးက ဘာ စိတ်ကူးပေါက်လို့လည်းမသိဘူး ပွစိပွစိလုပ်နေတဲ့ ဒေါ်ခွေးကို နောက်ကနေ ဝင်ခွေ့လိုက်တာ နေရာမှာတင်ပဲ ဆုံးရှာပါလေရော တဲ့။



ကိုချစ်ခင်လည်း စိတ်မကောင်းဘူးပေါ့။ တစ်သက်လုံး လိမ္မာလာတဲ့ နွားကြီး က ဘာလို့များ အခုလို စိတ်ရိုင်းဝင်သွားပါလိမ့်ဆိုတာလည်း စဉ်းစားလို့ မရ ဘူး။
ဘာဖြစ်ဖြစ် ဒေါ်ခွေးက ဆုံးရရှာပြီ။
ဒီ သတင်းမြန်ချက်ကလည်း ဖေ့စ်ဘုတ်မှာ ဗိုင်ရယ်ဖြစ်သွားသလို မျိုးပဲ။
" ဒေါ်ခွေး နွားခွေ့ခံရလို့ ဆုံးရှာပြီ တဲ့"
သူမ အသုဘဈာပနအတွက်လည်း မျက်နှာမငယ်ရအောင် ကိုချစ်ခင်က လှ လှပပ စီစဉ်ပါတယ်။
သူတို့ ယဉ်ကျေးမှုအရ ဒေါ်ခွေးရဲ့ ရုပ်အလောင်းရှေ့ကိုလာပြီး ကျန်ရစ် သူတွေက ဂါရဝ ပြုကြ၊ ဆုတောင်းပေးကြတယ်။ သူတို့လာတိုင်း ကိုချစ်ခင် က ဘေးမှာ ရပ်လို့ပေါ့။

တစ်ခုထူးတာက အမျိုးသမီးတွေ ရောက်လာပြီး တိုးတိုးလေး ရွတ်နေရင် ကိုချစ်ခင်က ခေါင်းတွေ စွတ်ငြိမ့်နေပြီး အမျိုးသားတွေ ရောက်လာပြီး တိုး တိုးလေး ရွတ်နေရင်တော့ သူက ခေါင်းတွေ စွတ်ခါနေတတ်တယ်။
ဒါကို ဘေးလူတွေက မြင်နေကြရတယ်။
ညပိုင်း လူရှင်းသွားတော့မှ ဘုရား ဂေါပက ဥက္ကဋ္ဌက (သူ့ကိုတော့ နာမည် မပေးတော့ဘူး) ကိုချစ်ခင်ရဲ့ ခေါင်းငြိမ့် ခေါင်းခါကိစ္စကို မေးကြည့်တယ်။

ဒီတော့ ကိုချစ်ခင်က...
" အမျိုးသမီးတွေ ရောက်လာရင် မခွေးဟာ ဘယ်လိုလှကြောင်း၊ ဘယ်လိုေ တ်ာကြောင်း၊ အချက်အပြုတ်ကောင်းကြောင်း စတာတွေ ပြောကြတာလေ ဗျာ၊ ဒီတော့ ကျနော်က ခေါင်းငြိမ့်တာပေါ့"
" ခေါင်းငြိမ့်တာက ဟုတ်ပါပြီ ခေါင်းခါတာရော ဘာကြောင့်လဲ ကွ"
" ရောက်လာတဲ့ အမျိုးသားတွေက အိမ်ထောင်ရှင်တွေဗျ။ သူတို့က မခွေး အကြောင်း စကားတစ်လုံးမှ မဟဘူး။ သူတို့က တိုးတိုးလေး ကျနော့်နား ကပ်ပြီး
'ချစ်ခင်ရာ မင်းရဲ့ နွားလိမ္မာကြီး ငါ့ကိုရောင်းပါ၊ မင်းပြောတဲ့ဈေး ပေး ပါ မယ်' ပြောကြတယ်၊ ဒီတော့ ကျနော်က ခေါင်းပဲစွတ်ခါပြနေရတော့တာပေါ့ ဗျာ" တဲ့။

ဒီတော့မှ ဂေါပက ဥက္ကဋ္ဌက လိပ်ပတ်လည်သွားတော့တယ်။

(02/08/2013 16:30)

Post a Comment