နှုတ်ခမ်းမွှေးချစ်သူ (မောနင်း ပိုစ်၊ ဟာ ဟ)

သူ့ကို ဘယ်လိုပြောကြမလဲ။
နှုတ်ခမ်းမွှေးကြောင့် ပြန်ပေးအဆွဲ ခံခဲ့ရပြီး ဂူထဲမှာ တစ်လ လှောင်ပိတ်ခံ ထားရပြီးပြီ။
မဖြတ်ရင် ခေါင်းအဖြတ်ခံရမယ်လို့ တာလီဘန် လက်အောက်ခံ အဖွဲ့က ခြိမ်းခြောက်ပြီးပြီ။
မိသားစုကို စွန့်မယ်၊ ပါကစ္စတန်ကို စွန့်မယ်၊ နှုတ်ခမ်းမွှေးကိုတော့ မစွန့်နိုင်တဲ့။

သူက ပါကစ္စတန်နိုင်ငံသား စီးပွားရေးသမား Malik Amir Mohammad Khan Afridi တဲ့။
သူ့ နှုတ်ခမ်းမွှေးက ၇၆ စင်တီမီတာရှည်တယ်၊ ကျွဲချိုနဲ့ ဆင်ဆင်တူတယ်။ အဲ့ဒီ နှုတ်ခမ်းမွှေးကြောင့် သူ့ကို လူတွေက အလေးထားကြတယ်လို့ ယုံကြည်တယ်။ သူက စတားပဲ။
ဒါကို ကြည့်မရတဲ့ တာလီဘန် လက်အောက်ခံ အဖွဲ့က ပြန်ပေးဆွဲပြီး မဖြတ် ရင် ခေါင်းဖြတ်မယ်ကြုံးဝါးလို့ ဖြတ်ခဲ့ရတယ်။ အခု ထပ်ရှည်နေတော့ သတ် မယ် ဖြတ်မယ် ဖုန်းတွေ ဝင်ဝင်လာတယ်။
သူ့မှာ ကလေးဆယ်ယောက်ရှိတယ်။ သူတို့ကလည်း ဒီနှုတ်ခမ်းမွှေးကို ကြည့်မရလို့ ဖြတ်ဖို့ပြောကြတယ်။
သူ့ရပ်တည်ချက်ကလည်းရှင်းတယ်။
"မိသားစုကို စွန့်မယ်၊ ပါကစ္စတန်ကို စွန့်မယ်၊ နှုတ်ခမ်းမွှေးကိုတော့ မစွန့်" တဲ့။

ပရီမီးယားလိဂ်ရဲ့ အံ့ဖွယ်နှစ်ခု

ပေးထားတာကတော့ အံ့ဖွယ်နှစ်ဆယ့်နှစ် (၂၂ ) ခုပါ။ ရှည်လို့ အကြိုက် ဆုံး နှစ်ခုပဲ ရွေးလိုက်တယ်။

၁။ မပြောင်းလဲတဲ့ သဘောတရား

ဘောလုံးပွဲတွေမှာ ဒီနေ့သုံးနေတဲ့ ခရာ (ဝီစီ) ဟာ ၁၈၈၄ ခုနှစ်ကတည်းက ဘာမင်ဂန်မြို့သား ဂျိုးဇက် ဟုဒ်ဆင် တည်ထွင်တဲ့ ခရာ (ဝီစီ) ပါတဲ့။ အပြောင်းအလဲများစွာနဲ့ ဘောလုံးလောကမှာ ခရာ (ဝီစီ) ကတော့ အရင် အတိုင်းပါပဲ။ ပြောင်းဖို့ကောင်းပြီ။ ကြားရကြာတော့ ငြီးငွေ့တယ်။ ဘာနဲ့ ပြောင်းရင် ကောင်မလဲ။ လုပ်ကြပါအုံး။ စစ်အစိုးရထက် သက်တန်း ရှည်နေပြီ။

၂။ အင်္ဂလိပ်မန်နေဂျာ ချန်ပီယံ မရှိ

ဒါက အင်္ဂလိပ်တွေ ဘယ်လောက်တော်သလဲဆိုတာရဲ့ သက်သေပဲ။ ပရီမီးယားလိဂ်ဖလား ရဖူးတဲ့ အင်္ဂလိပ်လူမျိုး မန်နေဂျာ မရှိသေး။ မယုံရင် ကြည့်။
အဲလက်စ် ဖာဂူဆန် (မန်ယူ) နဲ့ ကင်နီ ဒပ်ဂလစ်ရှ် (လစ်ဗာပူးလ်)၊ စကော့တ်လူမျိုး။
ကာလို့ အန်ဆယ်လော့တီ (ချယ်လ်ဆီး) နဲ့ ရောဘာတို မန်ချိနီ (မန် စီးတီး)၊ အီတလီလူမျိုး။
အာဆင် ဝင်းဂါး၊(အာဆင်နယ်) ပြင်သစ်။
စပယ်ရှယ် ဝမ်း မော်ရင်ငြို (ညို)၊ (ချယ်လ်ဆီး) ပေါ်တူဂီ။
ကဲ... ဘယ်မလဲ အင်္ဂလိပ်လူမျိုး???

Post a Comment