လူနောက်တွေနဲ့ သုတေသန

၂၀၁၁ ခုနှစ်မှာ ယူကေအစိုးရ က ဘာသာတွေနဲ့ ဘာသာဝင် အရေအတွက် ကို စာရင်းဇယားနဲ့ ထုတ်ပြန်ပေးခဲ့တယ်။
ဟုတ်မလိုလိုပါပဲ။ ကိုးကွယ်တဲ့ဘာသာ ဆိုပြီး ကွက်လပ်ထားပေးတယ်၊ ဖြည့် ရ တယ်ပေါ့။
တချို့ ခပ်နောက်နောက်လူတွေက (Jedi) လို့ ဖြည့်တယ်။
ဒီ ဘာသာကို တစ်ခါမှလည်းမကြားဖူးပါဘူးလို့ ထင်ကောင်း ထင်စရာပါ၊ ဒါဆို the Star Wars (ကြယ်တာရာစစ်ပွဲ) ရုပ်ရှင်ကား မကြည့်ဖူးသေးလို့ပဲဖြစ်ပါ တယ်။
ဂျေဒီ (Jedi) ရီလေးဂျင်းက အပြင်မှာတကယ်မရှိဘဲ ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ကားထဲမှာပဲ ရှိတာပါ။ ယူကေက လူတွေ အစိုးရကို နောက်တယ်၊။


Ref: The Middle Way Journal, July, 2013

Post a Comment