အမျိုးသားတွေရဲ့ အသံ

မေး။ ။ အိမ်နောက်ဖေးမှာ ခွေးက သူ့ကို အပြင်မှာထားပြီး တံခါးပိတ်မိ လို့ ဟောင်နေမယ်၊ အိမ်ရှေ့မှာလည်း အပြင်ကပြန်လာတဲ့ဇနီးက တံခါး ဖွင့်ပေးဖို့ ခေါ်နေမယ်ဆိုရင် ဘယ်ကို အရင်သွားမလဲ။
ဖြေ။ ။ ခွေးဆီ အရင်သွားရမှာပေါ့။
မေး။ ။ ဘာလို့ပါလဲ။
ဖြေ။ ။ ခွေးက အထဲရောက်ရင် ငြိမ်သွားမှာလေ။

မေး။ လက်ထပ်ခြင်းကို ဘယ်လို သဘောပေါက်ပါသလဲ
ဖြေ။ လက်ထပ်ခြင်းဆိုတာ "ring" သုံး "ring" နဲ့ ဖွဲ့စပ်ထားတဲ့ လူမှု ဆက်ဆံရေး တစ်မျိုးပါ။
မေး။ စိတ်ဝင်စားစရာပါပဲ၊ "ring" သုံး "ring" က ဘာတွေပါလဲ၊ ပြောပြပေး ပါလား။
ဖြေ။ "ring" သုံး "ring" ဆိုတာက engagement ring, wedding ring နဲ့ suffer ring တွေပါ။

မေး။ အန္ဒိယနဲ့ အာဖရိကမှာဆို အမျိုးသားတွေဟာ သူတို့ လက်ထပ်ရမယ့် ဇနီးအကြောင်း လက်မထပ်ခင်အထိ ဘာမှ မသိကြရဘူးလို့ သိရပါတယ်။
ဖြေ။ အင်း ဒါက အန္ဒိယနဲ့ အာဖရိကမှာတင်မဟုတ်ပါဘူး။ နိုင်ငံတိုင်းက အမျိုးသားတိုင်း မှာ ဒီပြဿနာရှိပါတယ်။
မေး။ တကယ်လား။
ဖြေ။ တကယ်ပေါ့။ ကျနော်ဆို ကလေးသုံးယောက်ရတာတောင် ကျနော့် ဇနီးအကြောင်း မသိသေးဘူး။

မေး။ ညပိုင်း အိမ်မှာမရှိတဲ့ ယောက်ျား ဘယ်မှာရောက်နေတယ်ဆိုတာကို တိတိကျကျ ပြောနိုင်တဲ့ ဇနီး ရှိနိုင်ပါသလား။
ဖြေ။ ရှိနိုင်တာပေါ့။
မေး။ စိတ်ဝင်စားစရာပါပဲ၊ ဘယ်သူလဲ၊ ပြောပြပေးပါလား။
ဖြေ။ ဒါက အိမ်ထောင်ထပ်မပြုသေးတဲ့ ဘယ် မုဆိုးမ မဆို သိနိုင်တဲ့ ကိစ္စပါ။

Post a Comment