ဆရာမနဲ့ လီလီ

ဆရာမ။ ။ လီလီရေ၊ သစ်ပင်ပေါ်မှာ ငှက် ငါးကောင် နားနေတယ်၊ တစ်ကောင်ကို လေသေနတ်နဲ့ ပစ်ချလိုက်ရင် ဘယ်နှကောင် ကျန်မလဲ။

လီလီ ။ ။ တစ်ကောင်မှ မကျန်ပါဘူး ဆရာမ၊ သေနတ်သံကြားရင် အားလုံး လန့်ပြီး ပြန်ပြေးကြမှာပါ။

ဆရာမ။ ။ မဟုတ်ဘူးကွဲ့၊ အဖြေမှန်က လေးကောင်ကျန်တယ်တဲ့။ ဒါပေမဲ့ သမီးတွေးပုံကို ဆရာမ သဘောကျတယ်။

လီလီ ။ ။ ကျေးဇူးပါ ဆရာမ၊ သမီးလည်း ဆရာမကို တစ်ခုမေးချင်တယ်။

ဆရာမ။ ။ မေးပါ သမီး။

လီလီ ။ ။ အမျိုးသမီးသုံးယောက်မှာ တစ်ယောက်က ထမင်းချက်နေတယ်၊ တစ်ယောက်က မိတ်ကပ်လူးနေတယ်၊ တစ်ယောက်က တီဗွီကြည့်နေတယ်။ သူတို့ သုံးယောက်မှာ ဘယ်သူက အိမ်ထောင်ရှင်လဲ။

ဆရာမ။ ။ ဖြစ်နိုင်တာကတော့ ထမင်းချက်နေသူဟာ အိမ်ထောင်ရှင်ပေါ့ ကွယ်။
လီလီ ။ ။ မဟုတ်ဘူး ဆရာမရဲ့။ အဖြေမှန်က လက်ထပ်လက်စွပ် ဝတ် ထားသူတဲ့၊ ဒါပေမဲ့ ဆရာမတွေးပုံကို သမီးလည်း သဘောကျတယ်။

ဆရာမနဲ့ လီလီတို့ ကွန်ဗာဇေးရှင်းကတော့ ပြီးသွားပါပြီ၊ နောက်တွေ့မှပဲ ပညာရှင်လီလီလေးကို မေးရမယ်....
မြန်မာပြည်မှာ သမ္မတလောင်း သုံးယောက်ရှိတယ် သမီး။ သူတို့ သုံးယောက် အနက် ထောင်ထွက်နဲ့ တပ်ထွက်ကို နှုတ်လိုက်ရင် ဘယ်နှယောက် ကျန်မ လဲ လို့။

Post a Comment