မြန်မာ့ နှစ်သစ်ကူး ကာလနဲ့ Long Holidays ကို ကြိုဆို နှုတ်ခွန်းဆက်လိုက် ပါတယ်။




ဟောလီးဒေး ဘောနပ်စ်

နီပေါနိုင်ငံ အစိုးရကထုတ်ဝေတဲ့ ရုံးပိတ်ရက် ပြက္ခဒိန်မှာ Sherpa holiday ကို ရက်လွဲပြီး ဖော်ပြထားလို့ ကျောင်းတွေ၊ ရုံးတွေဟာ ရုံးပိတ်ရက်မဟုတ်ပဲ ရုံးပိတ်လိုက်ရတယ်လို့ ခတ္တမန္ဓု ပို့စ်က ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက် လို့ ပြည်သူတွေဆီက အသံကတော့
" ဟောဗျာ၊ ရှီပါ ဟောလီးဒေးက အရင်လက ပြီးသွားခဲ့ပြီပဲ " တဲ့။
ဒါနဲ့ပဲ ထပ်ပြီးပတ်သက်လို့ ကျောင်းသားတွေ၊ ဆရာတွေ၊ အစိုးရဝန်ထမ်းတွေကတော့ ကျေကျေနပ်နပ် ရှိကြပါတယ်လို့ သိရပါတယ်။ ။

ဒါနဲ့ဆက်စပ်လို့ မြန်မာ့ နှစ်သစ်ကူးသင်္ကြန် ရုံးပိတ်ရက်ကတော့ အမှန် အကန် လို့ ယူဆရပါတယ်။ ဒါနဲ့ ပဲ ထပ်ပြီးပတ်သက်လို့ ဒေါ်စုကတော့ ဂျပန်မှာ သင်္ကြန်မယ့်သဘော ထင်ပါရဲ့။ ဒါ့ကြောင့် ဦးသိန်းစိန် ရေကစားမဏ္ဍပ်က ဒီနှစ် ပိုစည်းကားမယ်လို့ ခန့်မှန်းရပါတယ်။ တစ်ခုရှိတာက ဦးသိန်းစိန် ရေ ကစားမဏ္ဍပ်မှာ နောက်ပြောင်ခြင်း သည်းခံပါ၊ ( ရှေ့ပြောင်တာတော့ နား လည်လို့ ရပါတယ် )

ခွင့်လွှတ်နိုင်မလား မိကျန်

ဒါကတော့ တရုတ်ပြည် Special Zone Daily ထဲက သတင်း တစ်ပုဒ်ပါ။ အင်္ဂလိပ်လို အရင်ဖတ်ကြည့်ကြပါအုံး။
" I, Tang Jinhui, carelessly missed the date of registration for my marriage to Miss Zhang on March 13. I deeply apologize for my mistake and for hurting her. I hope Miss Zhang can forgive me." တဲ့။

" ကျနော် တန်ကျင်းဝှေဟာ မကျန်နဲ့ နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေး ထိုးရမယ့် မတ်လ ၁၃ ရက်နေ့ကို အမှတ်တမဲ့ မေ့သွားခဲ့ပါတယ်။ ဒီလို သူမ ကို နာကျင်စေမိတဲ့အတွက် မကျန်ကို အနူးအညွတ် တောင်းပန်ပါတယ်၊ ခွင့်လွှတ်နိုင်ပါစေ လို့လည်း မျှော်လင့်ပါတယ်" ပေါ့။

မကျန်ဆီက တုန့်ပြန်မှုကိုတော့ ဒီ သတင်းပို့စ်တဲ့ အချိန်အထိ မသိရသေးပါ။
နှစ်သစ်ကူးကာလမှာ ပျော်ရွှင်နိုင်ကြပါစေ။


 ဇင်ဝေသော်

Post a Comment