ဘာသာရေးတော့ ဘာသာရေးပေါ့


မနှစ်က ထူးထူးဆန်းဆန်း သတင်းတစ်ပုဒ်ဖတ်ရတယ်။ ဆော်ဒီအာရေး ဗျ နိုင်ငံ ရုပ်ရှင်ရုံထဲမှာ ဒိုင်နိုဆောကားပြနေရင်း THE HAYAA ခေါ်တဲ့ ဘာ သာရေးဆိုင်ရာ ရဲတွေက ရုပ်ရှင်ကို ချက်ချင်းအရပ်ခိုင်းပြီး ကလေးတွေအား လုံး အပြင်ထွက်ခိုင်းတယ်လို့ Economist သတင်းစာက ဖော်ပြထားတယ်။ အကြောင်းက ( သူတို့က မပြောဘူး၊ အပြင်မှာ ပြန့်နေတာက)
၁ ။ အမျိုးမတော်တဲ့ ဒိုင်နိုဆော အဖိုနဲ့အမ အတူထွက်လာလို့ ( ကလေးတွေ မမြင်အပ်လို့)
၂ ။ ဒိုင်နိုဆောအမဘေးမှာ အမျိုးတော်စပ်တဲ့ အစောင့်အရှောက် ဒိုင်နိုဆော အဖိုမပါလို့
၃ ။ ဒိုင်နိုဆော အဖိုရောအမပါ ဂျီဟပ် (hijabs) တွေ မပါလို့ တဲ့။

လွန်တယ်မထင်ပါနဲ့။ ဒီနေ့ စထရိတ်တိုင်းမှာ ပါလာပြန်တယ်။ ဆော်ဒီ အာေ ရးဗျမှာပဲ ကျင်းပတဲ့ ရှေးဟောင်းယဉ်ကျေးမှုပွဲတော် (Jenadrivah Heritage and Cultural Festival) ကိုတက်ရောက်လာတဲ့ အမျိုးသား သုံးဦး ကို အဲဒီ THE HAYAA ခေါ်တဲ့ ဘာသာရေးဆိုင်ရာ ရဲတွေကပဲ ပြည်ဝင်ခွင့်မပြုဘဲ အ ဘူဒါဘီကို ပြန်လွှတ်တယ်လို့ အာရပ်ဘာသာနဲ့ Elaph သတင်းစာ က ဖော်ပြ ထားပြန်တယ်။
အကြောင်းက ရုပ်ချောလွန်းနေလို့တဲ့။
ဒီပွဲကို အမည်မသိ အမျိုးသမီးအနုပညာရှင်တစ်ယောက်ပါ တက်ရောက်မယ့် သဘောရှိနေတော့ အဲဒီ လူချောငနဲသုံးယောက်ကြောင့် အမည်မသိ အမျိုး သမီးအနုပညာရှင် စိတ်ကစားတာတွေ ဖြစ်မှာ စိုးရိမ်ရလို့တဲ့။
ကဲ....... အဲဒါ အာရပ်ကမ္ဘာ။


 ကမ်းလက် 

Post a Comment