သွားမယ့်ခရီး


ဒီလိုကိစ္စတွေ ဖားသားကြီး မာတင်မှာ ကြုံလာရတယ်ဆိုလို့ကတော့ နည်း နည်းမှ အံဩစရာမရှိပါဘူး။ အဆောင်မှာ လူနာစာရင်းတွေကို သူ ကိုင်ရ တဲ့နေ့ဆို လူနာနဲ့ နာမည် အမှန်တွဲလျက်ရှိတယ်ဆိုတာ ခပ်ရှားရှားပဲ။
တစ်နေ့တော့ ရထားစီးရင်း လက်မှတ်ပျောက်နေလို့ လက်မှတ်စစ်လာတော့မှ သူ့လက်မှတ် ဘယ်ထားမိမှန်းမသိ အသည်းအသန် လိုက်ရှာနေတယ်။

သူ့အကြောင်းကို ကောင်းကောင်းသိထားတဲ့ လက်မှတ်စစ်က
" ဖားသားမာတင်၊ ရှာမနေပါနဲ့၊ ဖားသားကြီးကို ကောင်းကောင်း မှတ်မိပါ တယ်၊ လက်မှတ် ဝယ်ခဲ့တယ်ဆိုတာလည်း သိပါတယ်"
ဒီတော့ ဖားသားမာတင်က
" မရှာလို့ မဖြစ်ဘူး၊ ဘယ်သွားမယ်ဆိုတာက လက်မှတ်ထဲမှာပဲ ရေးထား တာ" တဲ့။

RD. (Linus Ascheman)


 ဇင်ဝေသော်

Post a Comment