မောနင်း ပို့စ်


ဂျာမဏီ ၈ စပိန် ၁။
လူးဝစ် ဆွာရက် ၁၀။
မန်ယူ၊ ဗန်ပါစီ ၂၀။
မြန်မာ....ဘရိုက် စပေါ့တ့်။
တရုတ်က အိန္ဒိယကို လူဦးရေများလို့ အပြစ်တင်။ ဟဲ ဟဲ။

ဂျာမဏီ ၈ စပိန် ၁။

ရော်နာဒို တစ်ဂိုးပြန်ရတာကလွဲရင် ဒီနေ့လည်း ဂျာမန် ဒေါ့မန်က စပိန်က ရီယယ်ကို လေးဂိုး ဆော်လိုက်ပြန်ပြီ။ လေးဂိုးစလုံး လူဝစ်ဒေါ့စကီး တစ်ယောက်ထဲ ရှူးတာ။
ဆီမီးနှစ်ပွဲပေါင်းတော့ ဂျာမန် နှစ်သင်း ၈ ဂိုး၊ စပိန် နှစ်သင်း ၁။ ကိုးနဝင်း အတိ။ ဂျာမန် ရီဗော်လူးရှင်း တစ်ခေတ်ဆန်းပြီ။

လူးဝစ် ဆွာရက် ၁၀။

လူးဝစ် ဆွာရက် ကတော့ ငုံ့ကိုက်မိတာလေးနဲ့ ၁၀ ပွဲ ထိပြီ။ သူ့ထက် ပွဲပယ် ပိုများတာက ဒိုင်လူကြီးကို တွန်းလှဲတဲ့ ဒီကာနီယို (အခုဆန်းဒါးလင်း နည်းပြ) တဲ့။ ၁၁ ပွဲ။
သူ့ပြေးလမ်းကို အီဗန်နိုဗစ်က လက်မောင်းနဲ့ ကာထားလို့ ကာထားတဲ့ လက်မောင်းကို စိတ်တိုတိုနဲ့ ကိုက်မိတာဖြစ်မယ်။ အယူခံဝင်လည်း ၁၀ ပွဲ ပယ်က မလျော့လောက်ပါဘူး။
နောက်နှစ်အထိ ၆ ပွဲ ပါသွားမယ်။ တော်တော်ထက်တဲ့ သွား။

မန်ယူ၊ ဗန်ပါစီ ၂၀။

မန်ယူ ချန်ပီယံဖြစ်တဲ့ အကြိမ်နဲ့ ဗန်ပါစီရဲ့ ကျောနံပတ် သွားပြီးတိုက် ဆိုင်နေတယ်။
ဒါထက်ရယ်စရာကောင်းတာက ပရိသတ်ထဲက စာတမ်း။ "Not nineteen forever." တဲ့။ ပြိုင်ဖက် လီဗာပူးလ်ကို လှမ်းနောက်တာ။ ပြောမယ်ဆို ပြော စရာပဲ။ လီဗာပူးလ်ကလည်း နီးယား ဖြူချားမှာတော့ ၂၀ လမ်းမမြင်။
ဒီစာတမ်းကလည်း လူးဝစ် ဆွာရက် အနားရှိရင် အကိုက်ခံရမယ့်ကိန်းပဲ။

အမေရိကမှာ ဦးသိန်းစိန်တို့က ငြိမ်းချမ်းရေးဆုတွေ ဘာတွေ ရလို့ ဆိုပါ လား။ မြင်းမီးဆွဲ ဦးအောင်သောင်းတို့တောင် ဝေစုတွေ ရလို့။
ဂျွန်ကယ်ရီက မြန်မာကို "ဘရိုက် စပေါ့တ့်" တဲ့။ မိုက်တယ်၊ ဟုတ်ဟုတ် မဟုတ်ဟုတ်။
အမေရိကမှာဆိုတော့ ဆန္ဒပြတာတော့ ခံရမှာပေါ့။ ဥရောပက ပြင်သစ် လူ မျိုးတွေနဲ့ အာရှတိုက်သားတွေက ဆန္ဒပြခွင့် ရလို့ကတော့ အသေ ပြတာပဲ။ မဆန်းပါဘူး။ မယုံရင် အိန္ဒိယသွားကြည့်။ အကြီး အသေးပဲ ကွာမယ်။ နေ့ တိုင်း ဆန္ဒပြပွဲရှိတယ်။

တရုတ်က အိန္ဒိယကို လူဦးရေများလို့ အပြစ်တင်

သူတို့လည်း (အိန္ဒိယတွေ) တရုတ်နဲ့တွေ့တော့ ခံရတာပဲ။ လူဦးရေများပြီး လူဦးရေထိမ်းချုပ်မှု မလုပ်လို့ တရုတ်က ဝေဖန်နေတယ် တဲ့။
ကဲ.... အဲဒါ တရုတ်။ လူးဝစ် ဆွာရက်ကို အကိုက်ခိုင်းလိုက်ရ။


 ဇင်ဝေသော်

Post a Comment