“လူစိမ်းမှ လူရင်းသို့ (၇း ၁)”


လီကွမ်းယု ရဲ့ Hard Truths ကနေ အခုတလော ရေပန်းစားနေတဲ့ စက္ကူဖြူ စီမံကိန်းကို အထိုကအလျောက် ထင်ဟပ်စေတဲ့ အခန်း ၇ ကို တင်ပေးလိုက် ပါတယ်။


မေး ။ ။ နိုင်ငံခြားသားတွေ ရောက်လာဖို့ တံခါးဖွင့်ပေးရမယ်လို့ ဆိုသူတွေ ထဲမှာ မစ္စတာလီက အသံအကျယ်ဆုံးပဲ။ စင်ကာပူဟာ ဒီလိုပဲ နိုင်ငံခြား သားတွေအပေါ်မှာ အမြဲတမ်း ရပ်တည်နေရမှာလား။

ဖြေ ။ ။ လက်ရှိကလေးမွေးဖွားနှုန်းအတိုင်းသာ ဆိုရင်တော့ ဒီအတိုင်းပဲ။ ဒီလိုမဟုတ်ရင် သက္ကရာဇ် ၂၀၅၀ - မှာ အလုပ်လုပ်နိုင်သူဦးရေက ၁.၅ ပဲရှိပြီး သက်ကြီးရွယ်အိုတွေကို သူတို့က ထောက်ပံ့နေရလိမ့်မယ်။ လုံးဝ အဓိပ္ပါယ် မရှိတော့ဘူး။ နိုင်ငံလည်း ပြိုကျသွားမယ်။ ဒီတာဝန်ကြီးက သိပ်လေးနေေ တာ့ လူတော်တွေက နိုင်ငံခြားကို ထွက်ပြေးသွားကြမှာ။
စင်ကာပူးရီးယန်းတွေ ကလေးယူကြပါ၊ ကလေးယူကြပါလို့ ဘာကြောင့်များ ငါတို့က ခိုင်းနေရတယ် ထင်လို့လဲ။

ကလေးမွေးဖွားနှုန်းက မကာမိဘူး။ နိုင်ငံခြားသားတွေနဲ့ အစားထိုးနိုင်ဖို့ သူတို့ ကလေးတွေ စင်ကာပူးရီးယန်း ဖြစ်လာဖို့ ကြိုးစားနေကြရတာ။ ဒါ့ကြောင့် နိုင် ငံခြားသားတွေကို နေရာခွဲပြီး နေရာချထားပေးတာ။ သူတို့ပတ်ဝန်းကျင်မှာ စင်ကာပူးရီးယန်းတွေ ရှိနေရမယ်။ ဒီလိုနဲ့ သူတို့ကလေးတွေက ဒီက ကလေးတွေနဲ့ အတူနေ၊ အတူကျောင်းတက်၊ တစ်သားတည်း ဖြစ်သွားမှာ။
အခုဝင်လာတဲ့မျိုးဆက်က ပြောင်းလဲလို့ မရတော့ဘူး။ အိန္ဒိယန်း၊ တရုတ် ဘာလူမျိုးပဲဖြစ်ဖြစ်၊ သူတို့ကလေးတွေကို ငါတို့ရအောင် ယူထားနိုင်ရမယ်။ ဒီမှာမွေးတဲ့ ကလေးပဲဖြစ်ဖြစ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကိုရောက်လာတဲ့ ကလေးပဲဖြစ်ဖြစ်ပေါ့။ တို့ကျောင်းကိုသွား၊ တို့ပြောသလို ပြော၊ တို့လုပ်သလို လုပ်အောင် ပြင်ယူကြရမှာ။

နိုင်ငံခြားသားတွေမပါဘဲ လက်ရှိတိုးတက်နှုန်းကို ငါတို့ ထိန်းမထားနိုင်ဘူး။ ရှင်းရှင်းလေး။ လူအင်အားမှ မရှိတာ။တနှစ်မှာ ကလေးဘယ်နှယောက် မွေး သလဲ။ သုံးသောင်းနဲ့ သုံးသောင်းခွဲကြားမှာ ရှိတယ်။ ဒီအရေအတွက်ရဲ့ ဆ တိုး ဖြစ်သင့်တယ်။ ငါ အလုပ်လုပ်နေစဉ်က တစ်နှစ်၊ တစ်နှစ်ကို ကလေး ဦးရေ ခြောက်သောင်းနှစ်ထောင်လောက် မွေးဖွားတယ်။ ဒါတောင်မှ လူဦးရေ က နှစ်သန်း မပြည့်ဘူး။

မေး ။ ။ တံခါးဖွင့်ရာမှာ အတိုင်းအတာတော့ ရှိသင့်တယ် မဟုတ်လား။ တစ်ခါက စင်ကာပူမှာ လူဦးရေခြောက်သန်းခွဲ မကျော်သင့်ဘူးလို့ မစ္စတာလီ ပဲ ပြောခဲ့တာ မဟုတ်လား။

ဖြေ ။ ။ ငါပြောခဲ့တာက နေရာအခက်အ ခဲကြောင့် ပြောခဲ့တာ။ မြေနေရာ လွတ်တွေရှိမှ ပတ်ဝန်းကျင်စိမ်းစိုအောင် စီမံပြီး နေချင်စဖွယ်မြို့ဖြစ်အောင် လုပ်ယူလို့ရတယ်။ တို့မှာ မြေလွတ်တွေ ရှိနေသေးတော့ ခြောက်သန်းခွဲအ ထိ ဖြစ်နိုင်တယ်လို့ သူတို့ ယုံကြည်ကြတယ်။ ဒါ့ကြောင့် နောက်ထပ် (၁၅) ရာခိုင်နှုန်း လက်ခံမယ်လို့ ပြောခဲ့ကြတာ။

အဲဒီနောက် ဘာဖြစ်သလဲ။ ပင်လယ်ရေကြောင်း နယ်နိမိတ်တွေကို ပြန် လုပ် ယူရတယ်။ ဒီနောက် ကိုယ့်အရည်အသွေးကို ပြန်တင်ယူရတယ်။ အကောင်းဆုံးတော့ ကြိုးစားနေကြတာပဲ။ ငါတို့လူထုရဲ့ မူလဗီဇကို ပြောင်းလို့ မရဘူး။ ဒါပေမဲ့ သူတို့ကို ပညာပေးရင်း လေ့ကျင့်ပေးရင်းနဲ့ အရင်ကထက် အရည်အချင်းရှိလာအောင်တော့ လုပ်ယူလို့ရတယ်။ အခု ငါတို့လုပ်နေတဲ့ SPUR (Skills Programme for Upgrading and Resilience) အစီ အစဉ် လိုပေါ့။ ပြီးတော့ စီးပွားရေးကျဆင်းတာကို အခွင့်ကောင်းယူပြီး သူတို့အဆင့် နဲ့ အရည်အချင်းတွေ တက်လာအောင် လေ့ကျင့်ပေးကြရတယ်။ ဒါမှ စီးပွားရေးဦးမော့လာလို့ စက်ရုံအလုပ်တွေ ပိုများလာရင် သူတို့က အဆင် သင့်ဖြစ်နေမှာ။ စက်ရုံအဟောင်းတွေကတော့ ဒီကို ပြန်လာမှာ မဟုတ်ေ တာ့ဘူး။ သူတို့က တို့ထက် လုပ်အားခ ဈေးချိုတဲ့ နိုင်ငံတွေကို သွားကြမှာ။

မေး ။ ။ နိုင်ငံခြားသားတွေကြောင့် စိတ်မချမ်းမသာ ဖြစ်နေတဲ့ စင်ကာပူး ရီးယန်းတွေကို ကြည့်ပြီး မအံ့သြမိဘူးလား။

ဖြေ ။ ။ မအံ့သြပါဘူး။ အသစ်အဆန်းတစ်ခု ဆိုတာလောက်ပါပဲ။ လတ် တလောနှစ်တွေရဲ့ အရေအတွက်ကို ပြန်ကြည့်ရင် နိုင်ငံခြားသား တော်တော် များများ လက်ခံလိုက်တာကို တွေ့ရမယ်။ စီးပွားရေးက ပိုကျယ်ပြန့်လာတော့ နယ်ပယ်အသီးသီးမှာ မလစ်ဟင်းရအောင် သူတို့က စင်ကာပူအတွက် လို အပ်နေတယ်။ ဒီစီးပွားရေး အကျပ်အတည်းကာလမှာ အလုပ်ကြမ်းသမား၊ ပညာရှင် ဘယ်သူ့ကို ဦးစားပေးမယ် ဆိုတာတွေ သတ်မှတ်လို့ မရဘူး။ သတ် မှတ်လိုက်ရင် အလုပ်ရှင်တွေကရော၊ အလုပ်သမား နိုင်ငံခြားသားတွေကပါ နားလည်မှု လွဲသွားနိုင်တယ်။

တို့လုပ်နိုင်တာက စင်ကာပူလူမျိုးကို အလုပ်ခန့်ရင် ဂျော့(ဘ်) ခရက်ဒစ် အနေနဲ့ ဒေါ်လာသုံးရာ မြှင့်ပေးထားတယ်။ ဒါက အလုပ်ရှင် ဆုံးဖြတ်ရမယ့် အပိုင်း ဖြစ်သွားတယ်။ နိုင်ငံခြားသားကို ငှားမယ်ဆိုရင် ဒေါ်လာသုံးရာ ဆပ်(ဖ်) ဆီဒိုက် လုပ်ရမယ်။ အလုပ်ရှင်တွေကိုလည်း ဆုံးဖြတ်ခွင့် ငါတို့ က ပေးထားရသေးတယ်။ စင်ကာပူးရီးယန်းကို ငှားမလား၊ နိုင်ငံခြားသားကို ငှားမလား။ သူတို့ ဆုံးဖြတ်ကြပေါ့။ တကယ်တော့ ဒါက ဒီအလုပ်သမားက အလုပ်ရှင်အတွက် ဘယ်လောက် အလုပ်လုပ်ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။

အစိုးရအနေနဲ့ ငါတို့က အားလုံးကို ခြုံကြည့်ထားရတယ်။ ဒါမှ စီးပွားရေး ပြန်ကောင်းလာတဲ့အခါ ငါတို့ရဲ့ ကုန်ထုတ်လုပ်မှုနှုန်းက အခက်အခဲ ရင်မဆိုင်ရမှာ။ ဖြစ်ချင်ရာဖြစ် ဆုံးဖြတ်ခဲ့ကြတာ မဟုတ်ဘူး။ သေသေချာချာ စဉ်းစား၊ စည်းဝေးပြီးမှ ဆုံးဖြတ်ချက် ချခဲ့ကြရတာ။ ဘဏ္ဍာရေးဝန်ကြီးနဲ့ အ လုပ်သမားဝန်ကြီးတွေတင်တောင် မကဘူး။ အမျိုးသားဖွံ့ဖြိုးရေးနဲ့ ကုန် သွယ်ရေးဝန်ကြီး၊ ကက်ဘိနက်အဖွဲ့ဝင်တွေအားလုံး ပါဝင်စဉ်းစားပြီး ဆုံးဖြတ် ခဲ့ကြတာ။

အခြားနိုင်ငံတွေ ပြာယာခတ်နေချိန်မှာ စင်ကာပူက ဘာကြောင့် ပြာယာခတ် မနေတာလဲလို့ရော မတွေးမိဘူးလား။
တို့က သူတို့ကို အခွင့်အရေးတွေ ပေးထားလို့။ အခွင့်အရေးဆိုတာတွေထဲမှာ လက်ရှိ အလုပ်သမားတွေကို ပြန်လည်လေ့ကျင့်ပေးတာ။ စင်ကာပူးရီးယန်း ကို အလုပ်ငှားရင် ဆပ်ဆီဒိုက်ပေးတာ၊ သူတို့ အလုပ်သ မားတွေကိုအခ မဲ့ လေ့ကျင့်ပေးပြီး ပိုတော်လာတဲ့ အလုပ်သမားကို သူတို့ဆီ ပြန်ပို့ပေးတာ။ ဒါတွေ ပါတယ်။

နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ယူခဲ့တဲ့ လူသားနဲ့ နည်းပညာ အရင်းအမြစ်တွေ ငါတို့ဆီမှာ ရှိတယ်။ ဒါကြောင့်မို့လို့ ပြဿနာဖြစ်လာတဲ့အ ခါမှာ အေးအေးဆေးဆေးနဲ့ ဖြေရှင်းပေးနိုင်ခဲ့တာ။
အစိုးရက ဒီမူကနေ လုံးဝသွေဖည်ပေးလို့ မရဘူး။ ဒါတွေက စနစ်တကျ တွက်ချက်ထားတဲ့ မူဝါဒတွေ၊ ငါတို့ ကြည့်တာက စင်ကာပူရဲ့ ရေရှည် ရပ် တည်နိုင်ရေးပဲ။

မေး ။ ။ နိုင်ငံခြားသားတွေ ရုတ်တရက်ကြီး တိုးလာတာကို အကြောင်းပြ ပြီး စိတ်မသက်မသာ ဖြစ်နေတဲ့ နိုင်ငံသားတွေကို အခုလိုအချိန်မှာ သူတို့ စိတ်သက်သာသွားအောင် တစ်ခုခု စဉ်းစားမပေးသင့်ဘူးလား။

ဖြေ ။ ။ အားလုံး တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးနေတာပဲ။ အရင်ဆုံး HDB တိုက်ခန်းတွေမှာ သူတို့ကို ခွဲထည့်ပေး ထားတယ်။ ဒါပေမဲ့ အိန္ဒိယက နောက်မှ ရောက်လာသူတွေက East Coast မှာ ကွန်ဒိုတွေ ဝယ်နေတာကတော့ ငါတို့လည်း မတတ်နိုင်ဘူး။ အဲဒီမှာပဲ ကွန်ဒိုဝယ်နေကြတဲ့ အိန္ဒိယမြောက်ပိုင်းကလူတွေရဲ့ အရေအတွက် မမျှ မတ လည်း ရှိနိုင်တာပဲ။

HDB တိုက်ခန်းတွေမှာတော့ ဖိအားပေးခြင်းမရှိဘဲနဲ့ သူတို့ချင်း တစ်ပေါင်းတည်း ဖြစ်သွားအောင်၊ အချင်းချင်း နားလည်အောင် ကိုတာစနစ်နဲ့ အိမ်တွေချပေးထားတယ်။ ပီအေပီက လူထုအချင်းချင်း ပေါင်းသင်းဆက်ဆံရေးအဖွဲ့တောင် ဖွဲ့ပြီး နယ်တွေမှာဆင်းပြီး လှုပ်ရှားကြဖို့ အစီအစဉ် ရှိတယ်။ ဒီကိစ္စ အထမြောက်ဖို့ အချိန်တော့ လိုတာပေါ့။

ပီအေပီရဲ့ ပါတီတွင်း ဆွေးနွေးပွဲတွေမှာ ဒီကိစ္စကို စတင်ခဲ့တယ်။ အဲဒီ စီတီဇင် အသစ်တွေက တရုတ်မန်ဒရင်းစကား ပြောကြတယ်။ အဲဒီအထဲက စီတီဇင် အသစ် တရုတ်စကားပြော ကောင်မလေးကို အင်္ဂလိပ်လို မှန်မှန်မပြောတတ် ရပါ့မလားဆိုပြီး ဆူလို့တဲ့ ကောင်မလေးက ငိုတယ်။ ဒီကလူတွေလို ဘယ်လို လုပ် မှန်မှန်ကန်ကန် ပြောတတ်ပါ့မလဲ။ သူ့ကို အချိန်တော့ ပေးမှပေါ့။ သူက ဒီအထဲမှာပါဝင်ပြီး သူတတ်နိုင်တဲ့ အပိုင်းကနေ လှုပ်ရှားတယ်။ ဒါကို ဆူလိုက် ၊ ငေါက်လိုက်လုပ်တယ်တဲ့။ တို့က နားလည်မှု ပိုရှိဖို့လိုတယ်။ သူက ကြိုး လည်းကြိုးစားတယ်။ သူဖြစ်ချင်တဲ့ ဆန္ဒတွေကိုလည်း ပြောပြတယ် ။ နှစ် ဖက်စလုံး ကြိုးစားဖို့ လိုတယ်။ ဒါက နှစ်လမ်းမောင်းစနစ်ပဲ။

လွန်ခဲ့တဲ့ ၁၉၆၀ - ခု ဝန်းကျင်တွေကလို မိသားစုတိုင်း ကလေးလေးေ ယာက်နှုန်းရှိရင် ဒီပြဿနာက တက်ကို မတက်ဘူး။ အဲဒီနှုန်းနဲ့ဆိုရင် ဒီနေ့ တို့လူမျိုးသက်သက်ပဲ ခြောက်သန်းနဲ့ ခုနှစ်သန်းကြားမှာ ရှိနေပြီ။ ဒါပေမဲ့ အမျိုးသမီးတွေ ပညာရေးနဲ့ အလုပ်အကိုင် အညီအမျှရတဲ့ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုး ပြီးနိုင်ငံတိုင်းမှာ ဒီလိုပဲ ကလေးမွေးဖွားနှုန်းက ကျသွားတတ်တာပါပဲ။
အခုဆိုရင် စီတီဇင်အသစ်တွေကကို ငါတို့လူမျိုးတွေလို ဖြစ်လာနေပြီ။

တရုတ်ပြည်ကနေ ရောက်လာတဲ့ နာ့(စ်)မလေးတစ်ယောက်နဲ့ တွေ့တယ်။ သူ့မှာ ကလေးတစ်ယောက် ရှိတယ်။
“ဘာလို့ ကလေးနှစ်ယောက် မယူတာလဲ။ သုံးယောက်ဆို ပိုတောင်ကောင်းသေးတယ်” လို့ ငါကမေးတော့ “မယူနိုင်ဘူး၊ ဈေးသိပ်ကြီးတယ်။ မူကြိုကျောင်းအပ်ခကတောင် နည်းတာ မဟုတ်ဘူး။ အခု ကလေးက ကျောင်းအပ်ရတော့မယ်။ အရွယ်ရောက်နေပြီ။ အိမ်နားက ဘယ်ကျောင်းမှာ အပ်ရမလဲလို့ လိုက်စုံစမ်းကြည့်နေရတာ။ သူ အရွယ်ကောင်းကောင်းမရောက်ခင် ကျောင်းလိုက်ပို့တာ၊ လမ်းဖြတ်ကူးပေးရ တာတွေကအစ လိုက်လုပ်ပေးရဦးမယ်” တဲ့။

သူမက ဆက်ပြောတယ်။ “ကလေးနှစ်ယောက်သာဆိုရင် ငွေလည်း မတတ်နို င်တော့ဘူး။ အလုပ်က အနားယူပြီး နောက်မှ အလုပ်ပြန်လုပ်မယ်ဆိုရင် လည်း ကိုယ့်နေရာကို သူများတွေက ဦးသွားလို့ နေရာတောင် ပျောက်သွား ဦးမယ်” တဲ့။

သူစဉ်းစားနေပုံက ဒီကလူတွေ စဉ်းစားတာနဲ့ တစ်ထေရာတည်း ဖြစ်နေပြီ။ သူတို့ စဉ်းစားတာက စီတီဇင်အသစ်တွေဟာ ငါတို့ ဟိုတုန်းက စင်ကာပူး ရီးယန်းတွေလို ဖြစ်လိမ့်မယ်လို့ တွေးထားကြတာ။ ဘယ်ဟုတ်လိမ့်မလဲ။ နိုင်ငံသားအသစ်တွေ တွက်ချက်ခန့်မှန်းတာတွေက ဒီခေတ် စင်ကာပူးရီးယန်းတွေ အတိုင်းပဲ။ ဒီညီမျှခြင်းကို ငါတို့ ရှာမတွေ့သေး ဘူး။ မတွေ့တော့တာလည်း ဖြစ်ကောင်းဖြစ်မယ်။

ပြင်သစ်နဲ့ ဆွီဒင်မှာသာ မိသားစုတစ်စု ကလေးနှစ်ယောက်မွေးဖွားနှုန်းကို ထိန်းထားနိုင်တယ်။ တခြားတော့ ဘယ်နိုင်ငံမှ ထိန်းမထားနိုင်ဘူး။ အထူး သဖြင့် အရှေ့အာရှက ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပိုဆိုးသေးတယ်။
အမေရိကကတော့ တမူထူးခြားတယ်လို့ ပြောရမယ်။ သူတို့က မြေနေရာ အလွတ်တွေကကို အများကြီး ကျန်သေးတာ။ လူတွေကလည်း အကော င်းမြင်ဝါဒသမားတွေ။ တဖြည်းဖြည်းတော့ သူတို့လည်း ဒီအတိုင်း ဖြစ်လာဦး မယ်လို့ ခန့်မှန်းမိတယ်။ ဂျပန်နဲ့ တရုတ်က မြို့ကြီးတွေမှာဆိုရင် လက်မထပ် တဲ့ အမျိုးသမီးတွေ မီဒီယာထဲမှာကော၊ စီးပွားရေးလောကထဲမှာရော အများကြီးပဲ။ ဒီပြဿနာက ကမ္ဘာနဲ့အဝှမ်း ဖြစ်နေတဲ့ ပြဿနာပဲ။ ပုံစံတကျ ပြောင်းလဲလာနေတဲ့ လူမှုရေးပုံသဏ္ဍာန်ပဲ။ အမျိုးသမီးတွေ ပညာတတ်လာပြီး အလုပ်အကိုင်မှာ အမျိုးသားတွေနဲ့ အခွင့်အရေးအတူတူ ရလာပြီဆိုရင် အဲဒီ လူ့အဖွဲ့အစည်းက ပြောင်းလဲလာတာပဲ။


 ဇင်ဝေသော်

Post a Comment