တန်ရာ တန်ကြေး (အထူးကုဆရာဝန်ကြီး တစ်ယောက်ရဲ့ မိဘမေတ္တာဖွဲ့ အက်ဆေး)


Grief hurts but heals too
By Dr. James Low


" ချစ်ခြင်းတရားရဲ့လျော်ကြေးက လမ်းခွဲ ၀မ်းနည်း ပူဆွေးရခြင်းဆိုရင်တောင် အရဲစွန့်ပြီးချစ်သင့်ပါတယ်။ ဒါဟာ ချစ်ရမယ့်သူလည်းမရှိ ၀မ်းနည်းစရာ လည်း မလိုတဲ့ အနေအထားထက်အများကြီးသာပါတယ်"

ဒီနှစ်ထဲမှာ သက်ကြီးရွယ်အိုတွေ ၊ နေ့လား ညလား မသိရတဲ့ လူနာတွေကို အမြဲတမ်းကုသမှုပေးနေရတော့ ဘ၀နဲ့ဆိုင်တဲ့ အမြင်တွေလည်းတော်တော် ရမိတယ်။ နေ့လား ညလား မသိရ ၊ တဖြည်းဖြည်းနဲ့ သေခြင်းတရားဆီ ချဉ်း ကပ်နေတဲ့ မိမိတို့ ကျေးဇူးရှင်မိခင် (သို့) ဖခင် တို့ကို ထိုင်ရင်း ကြည့်နေကြ ရတဲ့ မိသားစုဝင်တွေရဲ့စိတ်ခံစားချက်တွေကိုလည်း နားလည်စ ပြုလာတယ်။
ဒီလိုအဖြစ်တွေ ဒီလောက်ကြုံတွေ့နေရတာတောင် ကျနော့်ကိုယ်ပိုင်ဖခင်ကြီး ဆုံးပါးခဲ့ရင် ဘယ်လိုလဲ ဆိုတဲ့ စိတ်ဓါတ်ပြင်ဆင်မှု လုပ်မထားနိုင်ခဲ့ဘူး။

ဝမ်းနည်းကြေကွဲမှုတွေဟာ တစ်ခုခုဆုံးရှုံးရာကနေ အစပြုတယ်ဆိုတာသာ မှန်ခဲ့ရင် ကျနော့်ဝမ်းနည်းမှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက စတင်ခဲ့စရာပါ။ အဲဒီကတည်းက ဟောလီဒေးရက်တိုခရီးထွက်ရင်း ကျနော့်ဖခင်ကြီး ဟာ လေဖြတ်တဲ့ ရောဂါခံစားလိုက်ရပြီး စကားမပြောနိုင် ၊ လမ်းမလျှောက်နို င် ၊ စားလည်းမစားနိုင်ရှာတော့ဘူး ။ အတိုဆုံးစကားနဲ့ပြောရရင် ကျနော့်ဖ ခင်ကြီးဟာ လူရာမ၀င်တော့ပါဘူး ။
အစာကိုပိုက်ကနေတစ်ဆင့် သွင်းယူရတယ်၊ ဆီးကိုလည်း ပိုက်ကနေတဆင့် သွားရတယ်။ သူ့ရဲ့နေ့စဉ်သာမန်လုပ်ငန်းလေးတွေဟာ သူတစ်ပါးအကူ အညီမပါဘဲ ဘာဆိုဘာမှ လုပ်လို့မရတော့ပါဘူး။ ဘယ်တော့မှ ပြန်ကောင်း လာတော့ မှာ မဟုတ်ဘူးဆိုတာသိလိုက်ရပြီး ဖခင်ကြီးရဲ့ ဘ၀အစိတ်အပိုင်း ကြီးတချို့ကို ဆုံးရှုံးလိုက်ရပြီဆိုတာလည်း ခံစားလိုက်ရပြန်ပါတယ်။ သူ့စ ကားပြောသံကို ဘယ်တော့မှ ကြားရမှာ မဟုတ်တော့ဘူး ၊ သူနဲ့ထမင်းလက် ဆုံစားခွင့် ဘယ်တော့မှ ပြန်ရမှာ မဟုတ်တော့ဘူးဆိုတာ အတိအကျ သိ ထားပေမယ့် ပြန်ရလေနိုးဆိုတဲ့ မျှော်လင့်ချက်က ကုန်မသွားခဲ့ပါဘူး ။

အကြီးအကျယ်ဆုံးရှုံးမှုတစ်ခုဟာ တစ်နေ့နေ့မှာ မလွဲမသွေ ကြုံတွေ့လာ ရတော့မယ်ဆိုတဲ့ အသိနဲ့အတူ ဖြစ်လာခဲ့ရင်ဆိုပြီး စိတ်ပိုင်းဆိုင်ရာ ကြို တင်ပြင်ဆင်မှုလည်း ကြိုးစားတော့ ထားခဲ့မိပါတယ်။ ဒီအခါမှာ ကြေကွဲဝမ်း နည်းမှုရဲ့ အဓိပ္ပါယ်ကိုလည်း သိလာသလိုလို ရှိလာခဲ့ပါတယ်။ ဒါဆို ဒီလိုကြေ ကွဲဝမ်းနည်းမှုဟာ တစ်ယောက်ယောက်ကို အချစ်ကြီးချစ်မိလို့ ဖြစ်လာရတာ လား ။
ဆရာဝန်တစ်ယောက်အနေနဲ့ မကြောင့်မကျ နေနိုင်တဲ့ ဒီဘ၀ကိုရောက်ေ အာင် ပြုစု ပျိုးထောင်ပေးခဲ့သူတွေဟာ ကျနော့်မိဘနှစ်ပါး မဟုတ်လား ။ သူတို့ကိုတော့ ကျနော်ချစ်သင့်တာပေါ့။ သူတို့ကို ချစ်မိလို့ ဒီလိုကြေကွဲ ပူဆွေး ရတယ်ဆိုရင်လည်း ထိုက်တန်တယ်လို့ပဲ ပြောရမှာပါ။ သူတို့ကျနော့် ကိုပေးခဲ့တဲ့ မိဘတို့ချစ်ခြင်းမေတ္တာတွေ ၊ ငယ်စဉ်တောင်ကျေး ကလေးဘ၀ တည်းက ပြုစုစောင့်ရှောက်ခဲ့ရတာတွေဟာ မနည်းလှပါဘူး ။
ဒါနဲ့တိုတိုပဲ ကောက်ချက်ချလိုက်မိတယ်။ ချစ်ခြင်းတရားရဲ့လျော်ကြေးက လမ်းခွဲ ၀မ်းနည်း ပူဆွေးရခြင်းဆိုရင်တောင် အရဲစွန့်ပြီးချစ်သင့်ပါတယ်။ ဒါဟာ ချစ်ရမယ့်သူလည်းမရှိ ၀မ်းနည်းစရာလည်း မလိုတဲ့ အနေအထား ထက် အများကြီးသာပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်လေးကတင်ပဲ လေဖြတ်တာ အပြင် တော်တော်ဆိုး ရွားတဲ့ ကင်ဆာပါထပ်ဖြစ်လာခဲ့ပါတော့တယ် ။ ရောဂါသိခဲ့ရပြီးတဲ့နောက် သုံး ပတ်အတွင်းမှာပဲ သေခြင်းတရားဟာ ကျနော့်ဖခင်ကြီးဆီ မြန်မြန် ဆန်ဆန် ပဲ ရောက်လာခဲ့ပါတော့တယ် ။ ဒီအတွက် ကျနော့်ကိုယ်ကျနော် ပြင်ဆင် ခဲ့ပြီးပြီလို့ ထင်ထားခဲ့ပေမယ့် တကယ်တော့ အဆင်သင့်ဖြစ်မနေခဲ့ပါဘူး ။
အသက်မရှိ ၊ အေးစက်နေပြီဖြစ်တဲ့ ဖခင်ကြီးရဲ့ရုပ်အလောင်းကို လွန်ခဲ့တဲ့ ဩဂုတ်လက နောက်ဆုံးကျနော် ကိုင်တွယ်ခွင့်ရခဲ့တာပါ။ အခေါင်းထဲမှာ ရှိနေတဲ့ ရုပ်အလောင်းဟာ ငါ့ဖခင်မဟုတ်တော့ဘူး ၊ အနှစ်မရှိတဲ့ အနတ္တ ရုပ် ကြွင်းတစ်ခုသာပဲလို့ ကျနော့်ကိုယ်ကျနော် ထပ်တလဲလဲသတိပေးနေခဲ့တယ် ။ မရပါဘူး ။

ဝမ်းနည်းမှု ၊ ဒေါသဖြစ်မှု ၊ မယုံကြည်နိုင်မှု ၊ ကြောက်ရွံ့မှု ၊ နောင်တ စတာတွေဟာ စိတ်ထဲမှာ အထိန်းအကွပ်မဲ့လျက်ပါ။
ဒီခံစားမှုတွေအားလုံးထဲမှာ တစ်ခုက “ ငါ အဖေ့အတွက် အကောင်းဆုံး လုပ်ကော ပေးနိုင်ခဲ့ရဲ့လား ၊ ဒီလောက်ကြီးမြန်မယ်မှန်း သိရင် သူ့အတွက် ဒီထက် အချိန်ပိုမပေးသင့်ခဲ့ဘူးလား ” ဆိုတဲ့ နောင်တ အတွေးပါပဲ။

ဈာပနအခမ်းအနားနဲ့ ဘာသာရေးကျင့်ဝတ်ထုံးစံတွေက ကျနော့်ကို သက် သာမှုရစေခဲ့ပါတယ်။ တကယ်တမ်း ၀မ်းနည်းပူဆွေးနေရချိန်မှာ ဒါတွေဟာ အရေးပါလှသလို အရှိတရားကို လက်ခံတတ်ဖို့အတွက်လည်း ဒါတွေ လို အပ်ပါတယ်။ အဲဒီနောက် တဖြည်းဖြည်းနဲ့ သေခြင်းတရားဟာ မြဲတဲ့တရား ဆိုတာ အစပြုလက်ခံလာနိုင်ခဲ့ပါတော့တယ် ။ ဒီသဘောတရားကို လက်ခံ လိုက်ခြင်းဟာ ကျနော့်စိတ်ကို ကုစားဖို့ လမ်းစလည်း ဖြစ်နေပါတယ် ။
ဈာပနအခမ်းအနားအနားမှာ အဖေ့မိတ်ဆွေ အသစ်အဟောင်းတွေရော ၊ ကျနော့်မိတ်ဆွေ အသစ်အဟောင်းတွေပါတက်ရောက်လာကြတော့ စည် စည် ကားကားပါပဲ ၊ ဒါကသည်ပင် ဖေဖေဟာ လူချစ်လူခင်ဘယ်လောက်များ တယ်ဆိုတာ ပြသရာရောက်သလို ပတ်ဝန်းကျင်ရဲ့အားပေးမှုကြောင့် မိသား စုဟာ အထီးကျန် မဆန်လှဘူးဆိုတာ သိခဲ့ရပြန်ပါတယ်။

အံ့ဩစရာပါပဲ ၊ ဒီရက်တွေအတွင်း ကျနော့်စိတ်ထဲခံစားနေရတာတွေ မမျှော် လင့်ဘဲ လျော့ပါးသွားတာတွေ့ရပါတယ်။ ဒါပေမယ့် အဖေ နေခဲ့တဲ့ အခန်း ၊ အဖေထိုင်တတ်တဲ့ ထိုင်ခုံ ၊ အဖေပြောခဲ့တဲ့ စကားတွေကို ပြန်ကြားမိ တိုင်းတော့ မျက်ရည်စို့လျက်ပါပဲ ။ သေဆုံးသူတွေကို သတိရနေခြင်းဟာ အဓိပ္ပါယ်မဲ့ အချိန်ကို နောက်ပြန်ဆွဲနေခြင်းပဲလို့လို့လည်း တချို့ကပြောကြပါ တယ်။ အဖေ အသုံးပြုခဲ့တဲ့ ပစ္စည်း ပစ္စယတွေကို ရှင်းလင်းပေးရတာက လည်း တော်တော်နာကျင်စရာကောင်းပါတယ်။ ဒါက မလုပ်လို့လည်း မရပါ ဘူး ။ တကယ်လက်တွေ့ဘ၀မှာက အဖေမပါတော့တဲ့ ကျနော်တို့မိသားစု ခရီးကို ကျနော်တို့ကိုယ်တိုင် ခရီးဆက်ကြရတော့မှာမဟုတ်လား ။
အဖေနဲ့ပတ်သက်တာတွေအားလုံးဟာ ပန်းအိုးကွဲ တစ်ခုလိုပါဘဲ ။ ကွဲနေတဲ့ ပန်းအိုးကို ပြန်ဆက်ကြရာမှာ ပုံမှန်အရင်လိုတော့ ဘယ်ဖြစ်နိုင်ပါတော့မလဲ ။ ဒါပေမယ့် အရင်လိုမဟုတ်တဲ့ ပန်းအိုးကွဲ အစအနတွေကိုပဲ အမြတ် တနိုး နဲ့ နှလုံးသားထဲမှာ သိမ်းဆည်းထားလို့ ရနိုင်ပါတယ်။

တကယ်တမ်းပြန်စဉ်းစားကြည့်တော့လည်း အဖေဟာ ၈၈-နှစ် အရွယ် အ ထိ ကောင်းကောင်းမွန်မွန် အသက်ရှင်သန်နိုင်ခဲ့ပါတယ်။ ဒီမှာရှိကြတဲ့ သက် ကြီးရွယ်အိုတွေအားလုံးလိုပါပဲ ကျနော့်အဖေဟာ မိဘမဲ့ ကလေး တစ်ယောက်အနေနဲ့ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရတယ်။ သူ့မှာတီဘီရောဂါ ရခဲ့ တယ် ။
ဘ၀နဲ့ပတ်သက်လို့ကျနော်တို့တွေးယူသင့်တာက ဘာတွေဆုံးရှုံးခဲ့ရပြီလဲ ဆိုတာထက် ဘာတွေရလိုက်သလဲ ဆိုတာမျိုးပါ။ ကျနော်ပြန်ရလိုက်တာ ကတော့ အဖေဆုံးပါးသွားတဲ့နောက် ငါတို့လည်း ဒီလမ်းကိုလိုက်ရမှာပဲ ဆို တဲ့ အသိနဲ့ ကိုယ့်ကိုယ်ကို ထပ်တလဲလဲ သတိပေးနေမိခြင်းပဲဖြစ်ပါတယ် ။ ပြီးတော့ ကျနော်တို့ရဲ့လက်ရှိဘ၀နဲ့ စိတ်ဓါတ်ရင့်ကျက်မှုကျင့်စဉ်တွေကို အမှတ်ရစေတယ်။

ဖခင်ကြီးရဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုလ်တော့ အရိုးတွေ ၊ ပြာစတွေ ၊ အမှုန် အမွှားတွေပဲ ကျန်ခဲ့တော့တယ် ။
ဒါတွေသည်ပင် ဘ၀တစ်ခုလုံးရဲ့ ရုပ်ကြွင်း လား ၊
သေဆုံးသူရဲ့ ရပိုင်ခွင့်က ဒါပဲလား ?
မဟုတ်ပါဘူး ။ ကျနော်တို့ရနိုင်တာက လူ့ဘ၀နဲ့ဆိုင်တဲ့လေးနက်တဲ့ အသိ ပါ။ ဒီအသိကြောင့် ပတ်ဝန်းကျင်ကို ကျနော်တို့ပိုပြီးချစ်မြတ်နိုးလာနိုင်တယ် ။ ဒိထက်ပိုပြီး ကြီးကြီးကျယ်ကျယ်ပြောရရင် ဘ၀ရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုတာကိုတောင် လေ့လာသုံးသပ်ခွင့်ရလိုက်ပါတယ်။
ဒီကြေကွဲ ၀မ်းနည်းရမှုကို အခြေခံပြီး ကျနော်တို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင် အတွက် အပြုသဘောဆောင်တဲ့ ကုသိုလ်စိတ်တွေတောင်ရလာနိုင်ပါတယ် ။

တချို့ကြီးကျယ်မြင့်မြတ်မှုလုပ်ငန်းကြီးတွေဟာ နက်နက်နဲနဲကြီး ခံစား လိုက် ရပြီးတဲ့နောက်မှ ဖြစ်လာတတ်တဲ့ သဘောလည်းရှိပါတယ်။
ဒီအတွေးတွေကြောင့် ပူပြင်းလှတဲ့စိတ်ဟာ ငြိမ်းချမ်းစပြုလာတယ်။ အချိန်က ကုစားပေးတာပါ။ ဒါပေမယ့် စိတ်ရှည်မှု ၊ ယုံကြည်မှု ၊ မျှော်လင့်ချက် ချစ်ခြင်းမေတ္တာတရားတွေရဲ့ အကူအညီတော့ လိုတာပေါ့ ။
ဒီလိုနဲ့ ကျနော့်ဖခင်ကြီးရဲ့ ကြီးမားတဲ့ကျေးဇူးတရားတွေကို အောက်မေ့လိုက် မိတိုင်း ၀မ်းနည်းမိရတာတွေ ၊ မျက်ရည်ကျရတာတွေဟာ ကျနော်နဲ့ ဝေး လာခဲ့တယ်။

ရုပ်ဝတ္ထုအားဖြင့် အဖေဟာမရှိတော့ဘူး ။ ဒါပေမယ့် ကျနော့် နှလုံးသား တစ်နေရာမှာတော့ အဖေဟာကွယ်ပျောက်သွားမှာ မဟုတ်တော့ဘူး ။ ဒါဟာ စိတ်ခံစားမှုပါ ။ ဒီခံစားမှုမှာ အချိန်နဲ့နေရာဆိုတာ မရှိပါဘူး။ မှန်ချင်မှတော့ မှန်မှာပေါ့ဗျာ၊ ကျနော့်ရဲ့ ၀မ်းနည်းမျက်ရည်တွေဟာ ကျနော်နဲ့ ကျနော့်အဖေ တို့ဆက်ဆံရေးအတွက် အဆုံးသတ်မရှိတဲ့ ချစ်ခြင်းတရားကို ဖွဲ့ချည်ပေးခဲ့ တယ် လို့ ခံစားနေရပါတယ်။


 ဇင်ဝေသော်

Post a Comment