လုပ်ချင်ရာ လုပ်ရရင် ပျော်တာပဲ (သိပ္ပံတဲ့လား … ပျင်းတောင် ပျင်းသေး …) ( ၂ )

ယဉ်ကျေးမှုနဲ့ ပတ်သက်လို့လည်း လက်တင်အမေရိကရှိ လူတွေက ဘာကြောင့် အာရှတိုက်သားတွေထက် ပိုပြီး ပျော်ရွှင်ကြရသလဲ ဆိုတာ ရှိသေးတယ်။ ဒါက အနောက်တိုင်းသားတွေရဲ့ ရှေးဟောင်း အယူအဆ စွဲ ဖြစ်ဟန်တူပါရဲ့။ ဒါနဲ့ ပတ်သက်လို့တော့ အာရှတိုက်သားတွေ မပျော်ရွှင် ကြရဘူးထင်ရင် တိဗက်ကို အလည်သွားကြည့်ပါဦးလို့ ဒေါက်တာ ဒီယင်နာ က အကြံပြုထားပါတယ်။

နောက်ပြီး စကင်နေဗီးယန်း (Scandinavians) တွေက ကမ္ဘာပေါ်မှာ အပျော် ရွှင်ရဆုံးတဲ့။ ဒါဖြင့် ဘာဖြစ်လို့ သူတို့နိုင်ငံတွေမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် မှုတွေ မြင့်မားနေရတာလဲလို့ မေးစရာလည်း ရှိနေပြန်ပါတယ်။ ဒေါက်တာ ဒီယင်နာရဲ့ အယူအဆ အရကတော့ ပျော်ရွှင်မှုဆိုတာ ကျားမ၊ ယဉ်ကျေးမှု စတာတွေနဲ့ မဆိုင်ဘဲ လူတစ်ဦးချင်းစီရဲ့ ဘဝ၊ စိတ်နေစရိုတ်နဲ့ပဲ ဆိုင်ပါတယ်။

ပျော်ပျော်ရွှင်ရွှင် နေကြရတဲ့ သူတွေကို သူက VHPs လို့ ခေါ်ပါတယ်။ Very Happy People ပေါ့။ သူ့သင်တန်းတွေမှာ သူ အဓိက ဇောင်းပေးပြီးေ ဆွးနွေးတတ်တာကတော့ အဆင့်မြင့် လူမှုဆက်ဆံရေး “High-quality Social Relationship” ပါပဲ။ ဒါဟာ ဘဝပျော်ရွှင်မှုအတွက် အရေးပါလှပါ တယ်။

တချို့ကလည်း ပျော်ရွှင်မှုဆိုတာ စိတ်နဲ့ပဲ ဆိုင်တယ်လို့ ပြောတတ်ကြပါ တယ်။ ဒါကိုတော့ ဒေါက်တာက လက်မခံပါဘူး။

ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တယ်။ စိတ်နဲ့ပဲ ဆိုင်တယ်ဆိုရင် ပတ်ဝန်းကျင်ကို ပိုကောင်းအောင် ဘာလို့ ကြိုးစားနေကြမလဲလို့ ထပ်ပြီး မေးခွန်း ထုတ်တယ်။ ပတ်ဝန်းကျင်ဆိုတဲ့ နေရာမှာ သက်မဲ့တွေပါသလို သက်ရှိတွေလည်း ပါတာေ ပါ့။ သက်ရှိတွေဆိုတာနဲ့ စောစောက သူပြောခဲ့တဲ့ “High-quality Social Relationship” ပါဝင်လာတော့တာပါ။

တကယ်က စိတ်ခံစားမှုနဲ့ ပတ်သက်တဲ့ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုက အခိုက် အ တန့်မျှသာ ဖြစ်တယ်လို့ သူက သက်သေထုတ်ပြတယ်။

“ဆိုပါတော့။ လူတစ်ယောက် သူ့မိခင် ဆုံးပါးသွားတယ်။ စိတ်ဝမ်းနည်း ကြေ ကွဲရတယ်။ သိပ်မကြာဘူး။ သူ ပုံမှန် ပြန်ဖြစ်သွားတယ်”

“မုဆိုးမ ဖြစ်ရရှာတဲ့ ဇနီးတစ်ယောက်ကိုလည်း ကြည့်ပါ။ သူမ ခင်ပွန်း နာဖျားနေပြီး မဆုံးပါးခင် သုံးနှစ်လောက်မှာ ကြေကွဲဝမ်းနည်း နေရပါတယ်။ တကယ် ခင်ပွန်း ဆုံးပြီးလို့ ငါးနှစ်လည်း ကြာရော အဲဒီဇနီးဟာ အရင် မူလ ပုံစံအတိုင်း ပြန်ကောင်းနေပါပြီ” လို့ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ ပျော်ရွှင်မှု၊ ဝမ်း နည်းမှုကို သူက ထပ်ရှင်းပြတယ်။

ပျော်ရွှင်တဲ့ဘဝကို ဘယ်လို တည်ဆောက်ယူရမလဲဆိုတာနဲ့ ပတ်သက် လို့တော့ တိကျတဲ့ အဖြေ မရှိကြောင်း၊ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရ မှာ ဖြစ်ေ ကြာင်း ကိတ်မုန့်ဖုတ်တာနဲ့ ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။

(ကွမ်းစားတတ်တဲ့ မြန်မာတွေဆိုရင် ကွမ်းယာနဲ့ ဥပမာပေးတာက ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒီကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေး အတူတူ ထည့် တာချင်း တူတာတောင် ယာတတ်သူယာမှ စားကောင်း သလိုမျိုးလို့ စိတ်ကူးရမိပါတယ်။)

အထက်က အချက်တွေက သိပ္ပံပညာက ပြောတဲ့ အချက်တွေပါ။

ဒါဆို ကျနော်တို့ကို ကျနော်တို့ ပြန်မေး ကြည့်လို့ ရပါပြီ။

ပျော်ရွှင်တဲ့ ဘဝကို ရဖို့ ဘယ်လို တည်ဆောက်ယူမလဲ???

သိပ္ပံက အဖြေပေး မထားခဲ့ဘူး။ ကိုယ်စီကိုယ်စီနဲ့ (Individuals) ပဲ ဆိုင် တယ်တဲ့။ ဒါကတော့ သူတို့ သိပ္ပံက ပြောမှလား။ ဘယ်ဘဝမှာပဲနေနေ ကိုယ်နေတတ်မှ ကိုယ်ပျော်ရွှင်မယ်ဆိုတာကတော့ လူတိုင်း သိနေတပဲ။

ဒီဆောင်းပါး (Dr. Happy) ကို ဖတ်ရင်း သတိရမိတာကတော့ ကလေးတွေရှေ့ ရယ်လိုက်ရင် အထင်များ သေးသွားမလား။ အရိုအသေများ တန်သွားမလား ဆိုပြီး ရယ်ချင်စိတ်ကို ထိမ်းထားတတ်တဲ့ လူတွေပါပဲ။ မဆီမဆိုင် ဒုက္ခရောက်နေ ကြရရှာတယ်။ သူတို့ မဆီမဆိုင် ဒုက္ခရောက် ရ တာကို ကျနော်ကလည်း မဆီမဆိုင် ဆွဲထည့်နေမိပြန်ပါတယ်။ မဆီမဆိုင်ပေမဲ့ သူတို့ကို သတိရတာက ရယ်တော့ ရယ်ရတယ်လေ။

ကဲ … ဒီဆောင်းပါးကို အဆုံးသတ်ပါတော့မယ်။

ဘယ်သူတွေရဲ့ ဘဝဟာ ပျော်ရွှင်ရသလဲ။

သိပ္ပံ ။ ။ ဝါသနာနဲ့ အလုပ် တစ်ထပ်တည်း ကျနေသူတွေရဲ့ ပျော်ရွှင်မှု ဟာ ရေရှည်ခံတယ်။

အရပ်စကား ။ ။ ကိုယ်လုပ်ချင်ရာ လုပ်နေရသူတွေရဲ့ ဘဝဟာ ပျော်စ ရာ ကောင်းတယ်။

ဒါပါပဲ။ ပျော်ချင်သလား။ ကိုယ်လုပ်ချင်ရာ လုပ်ချလိုက်။ သိပ္ပံတဲ့လား။ ပျင်းတောင် ပျင်းသေးတယ်။


 ဇင်ဝေသော်

Post a Comment