ခေတ်သစ် ဆန်ရေ


မီလျံနာသူဌေးကြီး လေယာဉ်စက်ပျက်ကျလို့ သေဆုံးသွားတော့ ကျန်ရစ်တဲ့ သားသုံးယောက်မှာ အမွေတွေ အများကြီး ခွဲဝေရရှိလိုက်ကြတယ်။ ကျေးဇူး ကြီးမားလှတဲ့ ဖခင်ကြီးရဲ့ ဆန္ဒအတွက် ငွေဘယ်လောက်ပဲ ကုန်ကုန် ကု သိုလ်ကောင်းမှုတွေ ပြုလုပ်ကြမယ်လို့လည်း သူတို့က သံဓိဋ္ဌာန်ချလိုက်ကြ တယ်။
ခက်တာက ဘာလုပ်ကြမလဲ ဆိုတဲ့ အဖြေကို မရနိုင်ကြတာ။ ဒါနဲ့ သူတို့ ဇနီးတွေနဲ့ တိုင်ပင်ကြတယ်။ သူတို့ဇနီးတွေ ထညီတညွတ်တည်း ပေးတဲ့ အကြံဉာဏ်က ငြင်းလို့မရအောင် ကောင်းလွန်းတော့ သူတို့ အကြံပေးတဲ့ အတိုင်းပဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

"ရှင်တို့ဖခင်ကြီးရဲ့ နောက်ဆုံးဆန္ဒက လေယာဉ်စက်ပျက်နေချိန်မှာ လေထီးလေးတစ်ချောင်းလောက်ရှိရင် ကောင်းမှာပဲ ဆိုတဲ့ ဆန္ဒပဲဖြစ်မယ်။ ရှင်တို့အဖေကို တကယ်ချစ်ရင် သူ့ ရုပ်အလောင်းကို မီးသဂြိင်္ုတဲ့ အခါ လေ ထီးတစ်ချောင်းစီ ထည့်ပေးလိုက်ကြပါ။ ဒါမှ ရှင်တို့ အဖေကိုကျေးဇူးဆပ် ရာရောက်မယ် " တဲ့။

Ref: R.D, Sep,2012


 ဇင်ဝေသော်

Post a Comment