ဟောင်းလည်း ကောင်းရင် ပြုံးရတယ်


ဟာသတွေနဲ့ ပတ်သက်လို့ ဟာသတစ်ခု ပေါ်ပေါက်လာတဲ့ခေတ်ကိုပဲ ခန့် မှန်းရတာ ခပ်ခက်ခက်ပါလို့ဆိုကြပါတယ်။ အများအားဖြင့် အာရှမှာပဲ စခဲ့ တာပါ။ အောက်က ဂျုတ်ဆိုရင် ကိုးရာစုလောက်က ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ယူဆကြပါတယ်။ မွတ်စလင်ဘာသာရေး နောက်ခံ ဂျုတ်ပါ။

သူ့ကိုသူ ဂေါ့ဒ် ( God ) လို့ ကြွေးကြော်တဲ့ လူတစ်ယောက်ကို ဘာသာရေး တရားခုံရုံးရှေ့ ခေါ်လာကြတယ်။
အဲဒီအချိန်မှာ ဘာသာရေးခေါင်းဆောင်က....
" မင်း ပါးစပ် မဟခင် သတိပေးစကားတစ်ခွန်းပြောထားမယ်။ မနှစ်က သူ့ကိုသူ ဘုရားရှင် ( God ) ရဲ့တမန်တော်ပါလို့ဝန်ခံတဲ့ လူတစ်ယောက်ကို ငါတို့ရုံးက သေဒဏ်ချမှတ်ခဲ့တယ် "
ဒီတော့ ဂေါ့ဒ် ( God ) ဆိုသူက
" ချီးကြူးပါတယ်။ ခင်ဗျားတို့ပစ်ဒဏ်စီရင်တာ မှန်ပါတယ်။ သူ့ကို ကျုပ် စေလွှတ်ခဲ့တာ မဟုတ်ဘူး " တဲ့။


 ဇင်ဝေသော်

Post a Comment