ဝန်ကြီးချုပ်ကန်တဲ့ဘောလုံး


( ၁ )
ဘူဂေးရီးယားနိုင်ငံ ဝန်ကြီးချုပ် Boyko Borisov က ဘော်လကန်ဒေသမှာ လူခေးမီးယားရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေရဲ့ ရံပုံငွေအတွက် အင်္ဂ လန်က အက်စတွန်ဗီလာအသင်းနဲ့ ဘူဂေးရီးယား လက်ရွေးစဉ်အသင်းတို့ ကစားမယ့်ပွဲမှာ သူလည်းပါဝင်ကစားမယ်လို့ သိရပါတယ်။ သာဓုခေါ်စရာ သတင်းပါ။

( ၂ )
မြန်မာပြည်မှာလည်း ပညာရေး ရံပုံငွေအတွက်ဆိုပြီး သူ တတ်တဲ့ပညာ နဲ့ ဒေါ်စုက ဆွယ်တာထိုးပြီး လေလံတင်လိုက်တာ မြန်မာတွေကြားမှာတော့ အုတ်အော်သောင်းနင်းပဲ။ ဘယ်လောက်နဲ့ ဈေးပြတ်သွားသလဲတော့ မသိ ဘူး။ အဲသလိုပဲ ကျနော်တို့ သမ္မတကြီးကလည်း ဥပမာ ကျန်းမာရေးအတွက် ရံပုံငွေဆိုပြီး ဘောလုံးပွဲ တစ်ပွဲလောက် ခဏဖြစ်ဖြစ် ဝင်ကစားပေးလိုက် ရင် တော်တော်လှမှာပဲလို့ စဉ်းစားမိလို့ပါ။

( ၃ )
ရီးဒါးဒိုင်ဂျက်ထဲမှာ ဖတ်ခဲ့ရဖူးတယ်။ ပုရွက်ဆိတ်အသင်းနဲ့ ဆင်အသင်း တို့ ဘောလုံးကစားရာမှာ ဆင်အသင်းက သုံးဂိုး တစ်ဂိုးနဲ့ နိုင်နေတယ်။ ဒုတိယယပိုင်းရောက်တော့ ပုရွက်ဆိတ်အသင်းက ဘောသမားတစ်ယောက် လူစားဝင်မယ်လို့ စာရင်းပေးထားတယ်။ ဒါပေမဲ့ လူစားဝင်မယ့် ဘောသမား က တော်တော်နဲ့ ရယ်ဒီမဖြစ်လို့ အချိန်တော်ကြာစောင့်လိုက်ရတယ်။ နောက် ဆုံးမှာ လူစားဝင်လာသူက ကင်းခြေများ ဖြစ်နေတယ်။ တစ်ယောက်ဆိုတစ်ယောက်ပဲ။ ဆင်အသင်းပြာသွားတယ်။ ဘောလုံးကို ဘယ်ခြေထောက်နဲ့ ဖမ်းမယ်၊ လှည့်မယ်၊ ကန်မယ်၊ ဂိုးသွင်းမယ်က အစ ခန့် မှန်းဖို့ တော်တော်ခက်တာပဲ။ သူဝင်လာပြီး သိပ်မကြာခင် သုံးဂိုးစီ သရေဖြစ် သွားတယ်။ ခဏနေတော့ ပွဲလည်းပြီးရော။


 ပွဲပြီးတော့ မင်းနော့သမတ်ခ်ျ ( အကောင်းဆုံးဆုရ ) ဖြစ်သွားတဲ့ ကင်းခြေများ ကို အင်တာဗျူးကြတယ်။
" ခင်ဗျားသာ ဒီထက်စောစောက လူစားလဲဝင်ကန်ခဲ့ရင် ဆင်အသင်းကို သေ ချာပေါက်နိုင်မယ်ထင်တယ် "
" ဟုတ်ကဲ့၊ ကျနော်လည်း အစောကြီးကတည်း လူစားဝင်ဖို့ ပြင်နေတာပဲ၊ မီကို မမီလိုက်လို့ဗျ "
" ခင်ဗျားမှာ ဘာအလုပ်တွေများ ဒီထက်အရေးကြီးတာတွေ ရှိနေလို့လဲ "
" မရှိပါဘူးဗျာ။ ဘောကန်ဖိနပ်အားလုံးကို ကြိုးပြီးအောင် ချည်နေရတာနဲ့ အချိန် အတော်ကုန်သွားလို့ပါ "

( ၄ )
( ၂ ) နဲ့ ( ၃ ) က အဆက်စပ် လုံးဝမရှိပါ။



ဇင်ဝေသော်

Post a Comment