ကွန်ပလိန်းလောက ( တနင်္ဂနွေ အပျင်းပြေ )


တရုတ်ပြည်၊ ကုန်သည်ကြီးများဘဏ် ( Merchants Bank ) က အိမ်ထောင် ရှင် အမျိုးသမီးတွေအကြိုက် အစီအစဉ်တစ်ခု မိတ်ဆက်လိုက်တော့ အိမ်ထောင်ရှင်၊ မရှင် လူငယ်အမျိုးသား ၂ သိန်းလောက်က ချက်ချင်း ကွန်ပ လိန်းတက်ကြတယ်။
အဲ့ဒီ အစီအစဉ်က အမျိုးသားရဲ့ ဘဏ်အကောင့်ထဲမှာ US$ ဒေါ်လာ ၁၆၀ ကျော်တိုင်း အိမ်ရှင်မ အကောင့်ထဲ အော်တိုမက်တစ်လွှဲပေးတဲ့ စနစ် တဲ့။
ကဲ.... မြန်မာအိမ်ထောင်ရှင် အမျိုးသားတွေ အဲ့ဒီ အစီအစဉ်ကို ဘယ်လို သဘောရသလဲ။

မနေ့ညက မန်ယူက တစ်ဂိုး ဂိုးမရှိနဲ့ ဖူဟမ်ကို နိုင်င်တဲ့ပွဲမှာ ဂိုးစည်းပေါ် ကနေ တိုက်စစ်မှူး ဗန်ပါစီက ကန်ထုတ်ပြီး ကယ်ခဲ့ရသေးတယ်။ အဲ့ဒါ ဖူဟမ် က ဆရာကြီးတစ်ယောက်က ပြုံးစိစိကွန်ပလိန်းတက်တယ်။ အဲဒါ တရား မဝင်ဘူး တဲ့။ တိုက်စစ်မှူးဗန်ပါစီက ခံစစ်အလုပ်ကို ဝင်လုပ်နေလို့၊ သူနဲ့ မဆိုင်တာ ဝင်လုပ်လို့တဲ့။

ကွန်ပလိန်းအကြောင်းပြောရင် မြန်မာတွေကိုလည်း ချန်ထားခဲ့လို့ မရဘူး။ ဝန်ကြီးလေးတစ်ယောက်က မသိရှာလို့ပြောမိတာကို ပြောမဆုံးပေါင် တော သုံးတောင်လုပ်နေကြတယ်။ သူ့ခမျာ ပြောမိတာက တောင်သူလယ်သမားတွေ ထမင်းတစ်နပ် လျှော့စား ကြပါတဲ့။ အဲ့ဒါ တော်သေးတာလို့ ပြောရမှာ။ တစ်နေ့တစ်ထပ်ပဲ ကောင်းကောင်းဘုန်းပေးရရှာတဲ့ ရဟန်းသံဃာတော်တွေ ကို ဆွမ်းတစ်နပ် လျှော့ပြီး ဘုန်းပေးကြပါဘုရားလို့ ဆိုလိုက်မှ ဒီထက် ဒုက္ခ။ ဒီခေတ်ကြီးက ပြောလို့ရတာမှ မဟုတ်တာ။
တနင်္ဂနွေ၊ အပျင်းပြေ ပါ။


 ဇင်ဝေသော်

Post a Comment