♥ အချစ်ရှိကြောင်း သက်သေ ♥

            အမှတ်တရ လက်ဆောင်ကဒ်တွေ ပေးဖို့ ရွေးချယ်စရာတွေ အများကြီးပဲဆိုတာ သတိထားမိကြမလား မသိဘူး။ ကျနော် တစ်ခု တွေ့ဖူးတယ်။ "Happy Birthday to my favorite cousin." တဲ့။ ဒီကဒ်လေးကို ဝယ်လိုက်တယ်။ ဒါပေမယ့် ကျနော့်မှာ ကာစင်က ရှစ်ယောက်တောင် ရှိတယ်။ ဒါနဲ့ နောက်ထပ် ခုနှစ်ခု ထပ်မှာတယ်။ "Happy Birthday to my non-favorite cousin." ဆိုတဲ့ စာတမ်းနဲ့။ ဒါက ဈေးကွက်မှာ မရှိဘူးတဲ့။

            အမှတ်တရ ကဒ်လေးတွေပေါ်မှာ ရေးထားတဲ့ စာတမ်းတွေက ပရော်ဖက်ရှင်နယ်သမားတွေအတွက် ပေါ့ပျက်ပျက် နိုင်လွန်းပါတယ်။ အဆိုးဆုံးက ချစ်သူများနေ့ အမှတ်တရကဒ်တွေ။ ပရော်ဖက်ရှင်နယ်ဆန်ဆန် ကိုယ့်အချစ်ကို ဖော်ပြလို့ ရနိုင်သလားလို့ တွေးမိတယ်။ စီးပွားရေးဆန်တဲ့ အမျိုးသားနဲ့ အမျိုးသမီး ပရိုပို့(စ်) လုပ်တဲ့အကြောင်း PG Wodehouse ဝတ္ထုထဲမှာဖတ်ခဲ့ရတာကိုအမှတ်ရမိတယ်။
            "မင်း ငွေကို ချစ်သလား" အမျိုးသားက မေးတယ်။
            "I do" လို့ အမျိုးသမီးက ဖြေတယ်။
            "Have mine" လို့ အမျိုးသားက ပြန်ပြောတယ်။ ဒါပါပဲ။

            အဲ့သလို ဝတ်စုံခန့်ခန့်ငြားငြားနဲ့ လူတွေ သုံးလို့ရနိုင်တဲ့  စလိုဂန်ပါတဲ့ ကဒ်ဆယ်ခု စိတ်ကူး ကြည့်မိတယ်။
၁။ မိမိနဲ့ သင့်တော်တဲ့ Mr. or Mrs. Right ကိုတွေ့ရင်
    "မင်းအပေါ်မှာ ကိုယ့်စိတ်ဝင်စားမှုက ဘဏ်အချင်းချင်း ပေးတဲ့ အတိုးနှုန်းထက် မြင့်နေပါပြီ"
၂။ အဆင်ပြေစ ပြုလာပြီဆိုရင်
    "မင်းကို မြင်ရတိုင်း ကိုယ့်ရင်ခုန်နှုန်းက ပွိုင့်လေးဆယ်အထိ တိုးတိုးလာတယ်"
၃။ ပထမဆုံးအနမ်း ပေးတော့မယ်ဆိုရင်
    "တို့နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေဟာ Non-hostile margin ဆီကို ညွှန်ပြနေပါပြီ"
၎။ ကြိုက်ရာကနေ ချစ်လာကြပြီဆိုရင်
    "ကိုယ့်ဒူးတွေ တစ်ခါမှ မကြုံဘူးတဲ့ Liquidity ဖြစ်နေရပါပြီ"
၅။ တစ်ယောက်ကိုတစ်ယောက် စည်းရုံးရေး စပြီဆိုရင်
    "လာပါ၊ ကိုယ့်ရဲ့ နှစ်ခြိုက်လက်ခံစရာ Extensive portfolio ကို လာကြည့်ပါ"
၆။ ဝန်ခံကတိပြုကြဖို့ လိုလာပြီဆိုရင်
    "ကိုယ့်နှစ်လုံးသာဟာ Receivable ဖြစ်တယ်ဆိုတာ classify လုပ်ပါရစေ"
၇။ လက်ထပ်ခွင့် တောင်းတော့မယ်ဆိုရင်
    "ကိုယ့်ရဲ့ Long term liability ဖြစ်လှည့်ပါတော့လားကွာ"
၈။ လက်ထပ်လိုက်ကြပြီဆိုရင်တော့
    "အဆိုးပဲဖြစ်ဖြစ်၊ အကောင်းပဲဖြစ်ဖြစ် မင်းဟာ ကိုယ့်ရဲ့ တရားဥပဒေနဲ့အညီ လက်ထပ်ထားတဲ့ Hybrid annuity ပါ"
၉။ ကလေးယူတော့မယ်လို့ ဆုံးဖြတ်လိုက်ရင်
    "ကိုယ်တို့ မျိုးဆက်အသစ်လေးအတွက် Co-parent လုပ်လိုက်ပါ ဒါလင်ရယ်"
၁၀။ မိတ်ဆွေတွေနဲ့အတူ ဘားကို မသွားနိုင်တော့ဘူးဆိုရင်
    "ကိုယ် မတက်ရောက်နိုင်တာကို ခွင့်လွတ်ကြပါ။ ကြီးကြီးမားမား Fallout risk ကို ရှောင်ဖို့ ကိုယ့်စူပါဗိုက်ဆာကို ညနေတိုင်း ရီပို့(တ်) တင်ရမှာမို့ပါ"

            ချစ်ခြင်းတရားအကြောင်းကနေ စကားမစပ် ပြောရဦးမယ်။ စီးပွားရေးသမားတွေ အကြံဥာဏ်ယူရာမှာ Source နှစ်ခုကနေ ရအောင် ယူတတ်ကြတယ်ဆိုတဲ့ သုတေသနရှိတယ်။ တစ်ခုက စာရင်းကိုင်ဆီက ဖြစ်ပြီး နောက်တစ်ခုကတော့ အိပ်ယာထဲကပါ။ စာရင်းကိုင်က နံပါတ်တစ်၊ နံပါတ်နှစ်က ဇနီး (သို့) ခင်ပွန်းပါ။ Non-executive ဒါရိုက်တာက နံပါတ်သုံး ရောက်သွားပါတယ်။

            ဒီသီအိုရီကို စမ်းသက်တဲ့အနေနဲ့ မေးခွန်းတစ်ခုထဲကိုပဲ ကျနော့်ဇနီးဆီနဲ့ မိတ်ဆွေစာရင်းကိုင်ဆီ ပို့ပြီး မေးမြန်းခဲ့ပါတယ်။
၁။ ဘာဖြစ်လို့ ကြက်တွေ လမ်းဖြတ်ပြီး ဟိုဘက်ကို ကူးကြတာလဲ။
    ဇနီး။      ။ ဟိုဘက် ရောက်အောင်လို့။
    စာရင်းကိုင်။      ။ ပိုပြီး Favorable tax jurisdiction ဖြစ်တဲ့နေရာကို ရောက်အောင်လို့။

၂။ ၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်လဲ။
    ဇနီး။    ။ လေး။
    စာရင်းကိုင်။    ။ အခွန်ပေးပြီးလား၊ မပေးခင်လား။

၃။ ယောက်ျားတွေက သူတို့ခံစားချက်ကို ဘာဖြစ်လို့ ဖွင့်မပြောကြတာလဲ။
    ဇနီး။    ။ ခံစားချက် မရှိလို့။
    စာရင်းကိုင်။    ။ ဒါတွေကို ရက်ကော့လုပ်ထားဖို့ သင့်တော်တဲ့ Form မရှိလို့။

၎။ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်က ဘာလဲ။
    ဇနီး။    ။ စကားသုံးလုံး၊ I love you.
    စာရင်းကိုင်။    ။ စကားသုံးလုံး၊ "Cashier's cheque enclosed."

၅။ ဘာဖြစ်လို့ ဒုက္ခရောက်ရတာလဲ။
    ဇနီး။    ။ ရှင်မစွံလို့၊ ဒီဝိကင်းမှာတော့ အရောင်းနည်းနည်း တက်လာတယ်။ ရှင် ပြန်ကြိုးစားရင် ရမယ်။
    စာရင်းကိုင်။ ရှင်ဖိုင်(လ်)လုပ်တာ နောက်ကျလို့။

၆။ အချစ်ကို ယုံကြည်သလား။
    ဇနီး။    ။ ယုံကြည်လို့ ရှင့်လိုလူကို လက်ထပ်ထားတာပေါ့။
    စာရင်းကိုင်။    ။ လက်တွေ့ကျကျ ဖြေရရင် "နိုး"။ ရလာတဲ့ အကျိုးအမြတ်က Tangible မဖြစ်သလို off-balance sheet လည်း ဖြစ်နေပြန်တယ်။

၇။ ဘဝသံသရာဆိုတာ ရှိသလား။
    ဇနီး။    ။ ရှိတယ်။ တစ်နေ့ကျရင် တာဝန်ဝတ္တရားတွေ၊ ဝိတ်ချခြင်းတွေအားလုံးကို စွန့်ပြီး ကောင်းကင်ဘုံကို သွားကြရမယ်။
    စာရင်းကိုင်။    ။ ရှိတယ်ဆိုရင်တောင် ရှင်တို့ ပိုင်ဆိုင်သမျှကို ထရန်စဖာလုပ်လို့ ရမယ့် Ownership ကို ရှာဖွေ မတွေ့သေးဘူး။
  
            ဗယ်လင်တိုင်းလို့ ခေါ်တဲ့ အင်္ဂလိပ်လူမျိုးတစ်ယောက်နဲ့ အလုပ်အတူတူ လုပ်ခဲ့ရဖူးတယ်။ ဖေဖဝါရီ (၁၄) ရက်နေ့မှာ မွေးတာလားလို့ လူတွေက မေးတိုင်း မဟုတ်ဘူး၊ နိုဝင်ဘာမှာ မွေးတာလို့ဖြေတတ်တယ်။ ဘာဖြစ်လို့လဲလို့ မေးရင် ချက်ချင်းပဲ၊ "ဖေဖဝါရီမှာ မွေးဖို့ပါပဲ။ ကျနော့်ခန္ဓာကိုယ်က ကြီးလွန်းနေတော့ နိုဝင်ဘာရောက်မှ မွေးတာ ပြီးသွားတယ်" လို့ ခပ်နောက်နောက် ဖြေတတ်တယ်။

            ဘာပဲဖြစ်ဖြစ် ကျနော့်ချစ်သူတွေအားလုံးကို ကျနော် မေတ္တာပို့ပါတယ်။ အထူးသဖြင့်တော့ ကျနော့်ရဲ့ Non-favorite cousin (၇)ယောက်တို့ကိုပေါ့။

Proof that love Exists
by Nury Vittachi


အဲ နယူးရီးယားနဲ့ ဗယ်လင်တိုင်းဒေး ပို့စ် လွဲတင်မိပြီ။

ဘယ်လိုပဲဖြစ်ဖြစ် 
ကမ်းလက် ကို ဖေးဘရိတ်ဖြစ်သူများရော
ဖေးဘရိတ်မဖြစ်သူများပါ အားလုံးပဲ
နှစ်သစ်ကို ပျော်ရွှင်ချမ်းမြေ့ စွာ
ဆီးကြိုပွေ့ဖက် ဖြတ်သန်းနိုင်ကြပါစေ။


ပေါ့ပေါ့ပါးပါးလေးပါ

Thank You All !
See You Next Year.

ဇင်ဝေသော်


 ကမ်းလက် 

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၆ )


မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၅ ) မှ အဆက်

မေး။        ။ မစ္စတာလီတို့မိသားစုက သူ့အတွက်လိုအပ်တာတွေအားလုံး ဖြည့်ဆည်းမပေးနိုင်ပဲ သူဟာ တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်လာမယ်လို့ ထင်ပါသလား။
ဖြေ။        ။ လုံးဝမဖြစ်နိုင်ဘူး။

မေး။        ။ တကယ် မဖြစ်နိုင်ဘူးလား။
ဖြေ။        ။ မဖြစ်နိုင်ဘူး။ သူ့ကို Dover Court Preparatory ကျောင်းကို ပို့လိုက်တယ်။ ကျောင်းကို ကြီးကြပ်သူက ဗြိတိသျှလူမျိုး။ ပထမဆုံးနေ့ရက်တွေမှာ သူ့ရဲ့အရှက်လွန်နေတဲ့ သဘာဝတွေ၊ ကောင်းကောင်းမမြင်ရတဲ့ အားနည်းချက်တွေ(Half- blindness) ကိုသာ အထူးပြုလေ့လာကြတယ်။ ကျောင်းက သူ့ကိုရှေ့ဆုံးတန်းမှာထားပြီး သက်တောင့်သက်သာနဲ့ ယုံကြည်မှုရှိလာအောင် လုပ်ပေးကြတယ်။ ဒီလိုနဲ့သူလည်း အဆင့်လေးတွေ ရလာတယ်။

    သူအလယ်တန်းကို တက်ရတော့မယ်ဆိုတော့ သူ့အမေ ဟိုချင်း ( Ho Ching- လက်ရှိ ဝန်ကြီးချုပ်ရဲ့ ဒုတိယဇနီး) က ကျောင်းအုပ်ဆီကို ကိုယ်တိုင်သွားအပ်ပြီး ဂရုစိုက်ပေးဖို့ မှာကြားတယ်။ အတန်းထဲမှာလည်း သူမျာကလေးတွေနဲ့မတူတဲ့ ကျောင်းသားအနေနဲ့ အသိအမှတ်ပြုပေးဖို့ပေါ့။ ကျောင်းတော်တော်များများက လက်မခံဘူး။ သူတို့က ဒီပြဿနာကို ရှင်းနိုင်တဲ့ဆရာ၊ သင်ထောက်ကူပစ္စည်းမရှိဘူးလို့ ပြောကြတယ်။ ဒါနဲ့ သူ့ကို Zhonghua (ချောင်းဝှာ) ကျောင်းကို ပို့ရတယ်။ လူကြိုက်သိပ်များတဲ့ကျောင်း မဟုတ်ဘူး ။ ကျောင်အုပ်ကြီးက ကိုယ်ချင်းစာတတ်တယ်။ သူ့ကို လက်ခံလိုက်တယ်။ ဒီလိုနဲ့ ယိပိုင်(Yipeng) လည်း တိုးတက်လာခဲ့တယ်။ အေလယ်ဗယ် (A level) ကို အောင်ခဲ့တယ်။ သူများထက်တော့ နှစ်ပိုကြာတာပေါ့။ သူ့မှာ ကောင်းကောင်းမမြင်ရတဲ့ အားနည်းချက်က ရှိနေတာကိုး။

    သူ့မှာ ဂီတနားရှိတယ်။ သူ့ဆီမှာ တေးဂီတပညာရှင်တွေ၊ တေးရေးဆရာတွေရဲ့  နာမည်တွေ အများကြီးပဲ။ ဂန္ထဝင်ဂီတသမားကောင်းတစ်ယောက်ဖြစ်နိုင်တဲ့ ပါရမီပါတယ်။ ဒါနဲ့ ငါကပြောပါတယ်။ မင်းဂီတဘက်ကို ဇောက်ချလိုက်ပါလားလို့။ သူက တော်ပြီ၊ စိတ်မဝင်စားဘူးလို့ ပြောတယ်။

မေး။        ။ မိသားစုဆီက အထောက်အပံ့တွေရတော့ သူကံကောင်းတာပေါ့။
ဖြေ။        ။ အထောက်အပံ့တွေတင် မဟုတ်ဘူး။ ဂရုစိုက်ပေးမှုပါပါတယ်။ သူ့အမေနဲ့ သူ့အဖေက သူ့ကို သိပ်ဂရုစိုက်ကြတယ်။ ဟိုချင်းဆိုရင် သူ့အတွက် အလယ်တန်းကျောင်း တက်ခွင့်ရဖို့ ကျောင်းတွေအများကြီး သွားခဲ့ရရှာတယ်။ အားလုံး ငြင်းလွှတ်လိုက်တာချည်းပဲ။ နောက်ဆုံး ကျောင်းအုပ်က ကြိုးစားကြည့်မယ်ဆိုတော့မှ အဆင်ပြေသွားတာ

    ဟုတ်ပြီ၊ တို့မှာ ဒီလိုကျောင်းမျိုးရှိတယ်။ ဒါဆို ပြဿနာတွေ အေးသွားရောလား။ မအေးသေးဘူး။ မိဘတွေက စနစ်တကျ ကလေးကိုလမ်းပြမှ၊ တာဝန်ရှိသူတွေဆီကိုလည်း စနစ်တကျ သွားရောက်အပ်နှံမှ အဆင်ပြေမယ်။ အဲသလိုမဟုတ်ရင် ဆရာတွေက တာဝန်တစ်ခုကို လုပ်နေသလို မနက်ကိုးနာရီကနေ ညရှစ်နာရီ၊ မနက်ကိုးနာရီကနေ ညနေ ငါးနာရီလုပ်ကြမှာ။ ပြီးပြီ၊ ကျောင်းဆင်း။ ပြန်လွှတ်ကြမှာ။ ဗြိတိန်မှာရှိတဲ့ အဲသလိုကျောင်းတွေရဲ့ စစ်စတန်ဟာ တကယ်အားနည်းတဲ့ ကလေးတွေကို ဖွံ့ဖြိုးလာစေဖို့ ထူးထူးခြားခြား ဘာမှလုပ်မပေးနိုင်လှဘူး။

မေး။         ။ ကလေးတစ်ယောက် ဖွံ့ဖြိုးသလောက် မဖွံ့ဖြိုးဘူးဆိုတဲ့ကိစ္စမှာ မစ္စတာလီဆိုလိုတာက တာဝန်ရှိသူဟာ နိုင်ငံတော်အစိုးရဆိုတာထက် မိသားစုလို့ ပြောချင်တာလား။
ဖြေ။        ။ နှစ်ခုစလုံး။ အစိုးရက လိုအပ်တဲ့ပစ္စည်းကိရိယာတွေ ပံ့ပိုးမပေးလို့။ မိသားစုက မောင်းနှင်မပေးလို့။ စိတ်ဓာတ်ခွန်အားက မိသားစုဆီကနေလာတာ။

မေး။        ။ ဒါဆို အစိုးရဖက်က တာဝန်လစ်ဟင်းခဲ့တယ်ဆိုတာကိုလည်း လက်ခံတယ်ပေါ့။
ဖြေ။        ။ ကျောင်းတွေ ဆောက်ပေးဖို့၊ တာဝန်ရှိသူတွေကို တာဝန်ပေးဖို့တွေမှာ တာဝန်လစ်ဟင်းခဲ့တယ်လို့ အသိအမှတ်မပြုနိုင်ပါဘူး။ အစိုးရက ပထမကိစ္စကို ပထမဆောင်ရွက်ပေးရတယ်။ဘာသာစကားလေးခုကနေ နိုင်ငံတော်ရဲ့ ဘာသာစကားတစ်ခုအဖြစ် ရောက်လာအောင် လုပ်ယူနေရတာကကို နည်းတဲ့တာဝန်မဟုတ်ဘူး။ နောက်ဆုံး Nanta (တရုတ်ဘာသာစကားသုံး နန့်ယန်းတက္ကသိုလ်၊ ယခု NTU) တက္ကသိုလ်ကို တရုတ်ဘာသာကနေ အင်္ဂလိပ်မီဒီယာအဖြစ် ပြောင်းပစ်လိုက်နိုင်တယ်။ အဲဒီနောက်မှာမှ အလယ်တန်း၊ အထက်တန်း၊ မူလတန်းကျောင်းတွေကို တစ်မျိုးတည်းဖြစ်အောင် အင်္ဂလိပ်လိုသင်၊ မိခင်ဘာသာစကားတစ်ခုကိုလည်း သင် ဆိုပြီး လုပ်ယူခဲ့ရတာ။ ဒီကိစ္စ အောင်မြင်ဖို့ ၁၉၈၀- ခုနှစ်တွေအထိ ငါတို့စောင့်ခဲ့ရတယ်။

    ဘယ်လိုလုပ်ရမယ်ဆိုတာကို ငါသိခဲ့တယ်။ သိတိုင်းလုပ်လို့မရဘူး။
    ဒီပညာရေးမူကို အထာကျဖို့ နှစ်တွေအများကြီး စောင့်ခဲ့ရတယ်။ နေ့ချင်း၊ ညချင်းလုပ်လို့မရဘူး။ ကျောင်းက ဆောက်လို့ရတယ်။ ဆောက်ပြီး၊ ကဲ ဘာလဲ။ အဆောက်အဦးကြီးပဲဖြစ်မယ်။ ကျောင်းတော့ ဖြစ်မလာဘူး။ အဆောက်အဦကို ကျောင်းဖြစ်အောင်လုပ်ရတာက လူတွေ။ အထူးပြုလေ့လာကြတယ်။ ဂရုစိုက်ကြတယ်။ ကလေးတွေကို ကရုဏာစိတ်နဲ့ ကူညီကြတယ်။ နောက်ဆုံးအချက်ကတော့ မိဘတွေနဲ့ ပိုဆိုင်တယ်။ ဒါတွေရှိမှ ကျောင်းဖြစ်လာတယ်(အဆောက်အဦကနေ)။

    မင်းက စပယ်ရှယ်လစ်တစ်ယောက်။ မင်းကလေးက အဲသလိုပုံမှန်မဟုတ်တဲ့ ကလေးတွေအုပ်စုထဲမှာ မပါဘူး။ ဒါဆိုမင်းက အလုပ်သဘောဆန်ဆန်ပဲလုပ်မှာပဲ။ မင်းကလေးကိုယ်တိုင်ကပဲ ပုံမှန်မဟုတ်တဲ့ ကလေးဆိုရင်တော့ ပုံစံတစ်မျိုးဖြစ်သွားပြီ။ မင်းတစ်ယောက်တည်းကကိုပဲ မတူတော့ဘူး။

 


 ဇင်ဝေသော်

အမှန်တကယ် ပျော်ရွှင်ကြသူများ ( ၂ ) (ဗုဒ္ဓဘာသာ စိတ်ပညာရှုထောင့်)


 အမှန်တကယ် ပျော်ရွှင်ကြသူများ (၁)  မှအဆက်

ဗုဒ္ဓဘာသာကပြောသည့် “သောမနဿ၊ ပီတိ၊ သုခ” စသော ဝေါဟာရတို့ကို ယနေ့ ပျော်ရွှင်မှု(happiness) ဟု ခြုံငုံသုံးစွဲထားသည်ကို တွေ့ရသည်။
          သာမာန်ပုဂ္ဂိုလ်တို့အတွက် ပျော်ရွှင်မှုကို-
          ၁။ Sensual Level (အာရုံခံစားမှုအဆင့်)
          ၂။ Ethical Level (အက်သစ် အဆင့်)
          ၃။ Spiritual Level (စိတ်ဓာတ်ပိုင်းဆိုင်ရာ) ဟု
 ခေတ်ပညာက သုံးမျိုးခွဲပြသည်။ အချို့ကလည်း Ethical Level (အက်သစ် အဆင့်) နှင့် Spiritual Level  ကို တစ်ခုတည်းပေါင်းယူပြီး Spiritual ပျော်ရွှင်မှုဟု ဆိုကြသည်။ အဘိဓမ္မာသဘောနှင့် ကိုက်ညီသည်ဟု ဆိုရပေမည်။ ဗုဒ္ဓဘာသာက ရှေးဦးစွာ လောဘမူစိတ်ရှစ်ပါးကို ပြသည်။ ရှစ်ပါးအနက် ပထမလေးပါးက ပျော်ရွှင်မှုနှင့် တိုက်ရိုက်ပတ်သက်သည်။ လောဘစိတ်တို့ကို Sensual Level ပျော်ရွှင်မှုဟု ဆိုရပေလိမ့်မည်။

          လောဘသည် အကုသိုလ်စိတ်ဟု ဆိုရသော်လည်း လူ့အဖွဲ့အစည်း၌ လောဘကင်း၍ကား မရပေ။ အပြော၊ အဟော၌ ကင်းသော်လည်း လက်တွေ့၌ လောဘမကင်းနိုင်။ လောဘသည် ပျော်ရွှင်မှုကိုရစေ၏( သောမနဿနှင့်ယှဉ်၏ဟူလို)။ အဘိဓမ္မာကတော့ လောဘနှင့်ပျော်သမျှသည် အကုသိုလ်ဟုဆို၏။ သို့သော် ဒေါသကြီးသူနှင့်စာလျှင် လောဘကြီးသူကမှ ဘဝပျော်ရွှင်မှုကို ရနိုင်သည်။ လောကကြိုးဆွဲရာကို ကရင်း အဆင့်အတန်းရှိသော လက်ရှိဘဝကို ရနိုင်သည်။ ဤသို့ ဆိုသဖြင့် လောဘကြီးခြင်းသည် ကောင်း၏ ဟု ဆိုလိုသည်မဟုတ်ကြောင်း သိစေလိုပါသည်။ ဆိုလိုသည်မှာ တွေ့ကရ လူ နှင့် ခိုက်ရန်ဖြစ်ပွားတတ်သူထက် မနေမနား အားထုတ်နေသော ပေါက်ဖော်ကြီးကမှ  တိုက်နဲ့ ကားနဲ့ နေရသေးသည် ဟု ဖြစ်သည်။

          အရိယာမဖြစ်သေးလျှင် လူ့အဖွဲ့အစည်းအတွက် ရှာဖွေစုဆောင်းမှုနှင့်ဆိုင်သော လောဘကို အလွန်အမင်း အဆိုးမမြင်အပ်ပေ။ ဆန္ဒ၊ ရည်ရွယ်ချက်ပန်းတိုင်၊ ထိုပန်းတိုင်ရောက်အောင် ကြိုးစားမှုလောဘစသည်တို့က သီအိုရီအရ ခွဲခြား၍ရသော်လည်း လက်တွေ့အားဖြင့် ခြားနားချက်က ကျဉ်းမြောင်းလှသည်။

          ဦးပုညပြန်ရေးသည့် ရေသည်ပြဇာတ်ကို ပြန်ကြည့်နိုင်သည်။
          ရေသည်ယောက်ျားဇာတ်လမ်း၏ သင်္ခန်းစာအချုပ်သည် လုပ်အားတန်ဖိုးဖြစ်သည်။ ငွေတမတ်ကိုမစွန့်နိုင်သော တဏှာ (သို့) လောဘ မဟုတ်ပေ။ ထို့ကြောင့် မိမိရပ်တည်ရေး၊ မိသားစုရပ်တည်ရေးအတွက် မနေမနားအားထုတ်သူများကို လောဘကြီးသူ၊ ကိလေသာထူပြောသူဟု မထင်သင့်၊ မပြောသင့်ပေ။ ဇာတ်တော်ထဲမှာပင် ၎င်းရေသည်ယောက်ျားကို အပြစ်မဆိုခဲ့ပေ။

          ဤ၌ ဘုရားရှင်မိန့်သည့် ချမ်းသာလေးမျိုးကို ငဲ့စောင်းကြည့်ရပေတော့မည်။ စည်းစိမ်ဥစ္စာ လုံလောက်စွာရှိခြင်း၊ ထိုစည်းစိမ်ကို ခွဲခြားဝေဖန်သုံးစွဲခြင်း၊ ကြွေးမြီကင်းစင်ခြင်း၊ အတိတ်ပြန်ကြည့်ရင်းအပြစ်ကင်းမှုကိုနားလည်မိခြင်းတို့သည်ချမ်းသာခြင်းတရားဟု ဟောခဲ့သည်။ထို့ကြောင့် ငွေကြေးဥစ္စာလုံလောက်စွာရှိသူများသည် အများအားဖြင့် ပျော်ရွှင်ကြရသည်။ အနည်းဆုံး စိုးရိမ်ပူပန်မှုကို နည်းပါးစေသည်။

          ရဟန်းများကိုပေးသော သြဝါဒကို လူသားက လိုက်၍မရနိုင်။ ရဟန္တာများကိုပေးသော သြဝါဒကို ပုထုဇဉ်ရဟန်း မလိုက်နိုင်။ အချိန်နှင့် ပါရမီ အနု အရင့် လိုသည်။   ဤကိစ္စကို သဘောမပေါက်လျှင် မရိုးသားမှုဖြစ်သွားနိုင်ပြန်သည်။ 

          မည်သို့ဆိုစေ စားချင်တာ စားနေရ၊ သွားချင်ရာ သွားနေရ၊ တွေ့ချင်သူကို တွေ့ခွင့်ရခြင်း
စသည်တို့သည် ပျော်ရွှင်မှုအမှန်ပင် ဖြစ်သည်။ ကုသိုလ်လား၊ အကုသိုလ်လားကိစ္စကို အသာထားပြီး လူသားများအနေဖြင့် ခံစားမှုအဆင့် ပျော်ရွှင်မှုအမှန် ရှိသင့်သည်။ ဤသည်မှာ Sensual Level Happiness ဖြစ်သည်။ ဤကိစ္စကို “လောဘ၊ ကိလေသာ၊ ငရဲ၊ ဘုရားမေ့ တရားမေ့” စသည့် စကားလုံးတို့ဖြင့် နာနာကျည်းကျည်း မယူဆသင့်ဟု ထင်သည်။ လူသည် လူသာဖြစ်သည်။ ကာမဘုံသားဖြစ်သည်။ ကာမကို အပြစ်မြင်လျှင် ကောင်းသည်။ ထိုကာမကို မယုတ်မလွန် သုံးစွဲမှီဝဲခြင်းကြောင့်တော့ အပြစ်ဆိုရန် ခက်လှသည်။ ညနေစာစားသော လောဘကြောင့် လူဆိုးတစ်ယောက်မဖြစ်နိုင်၊ သီချင်းအပေါ် စွဲလန်းစွာနားထောင်မှုကြောင့် လူဆိုးမဖြစ်နိုင်။ မိမိ၏ သမာဓိကို ထိခိုက်စေသော်လည်း သူတစ်ပါးကို မထိခိုက်သော ပျော်ရွှင်မှု တို့သည် အပါယ်ကို မရောက်စေနိုင်။

          အစွန်းရောက် ဘာသာရေးအယူအဆသည် မပြည့်မစုံသော လူ့အဖွဲ့အစည်းကို ဖြစ်စေသည်။အချုပ်ဆိုရလျှင် လောဘရှိသူသည် လိုချင်သောအရာကို ရခိုက်ပျော်ရွှင်မှုကို ဖြစ်စေသည်။ လောဘစိတ် သောမနဿဝေဒနာသဘောတွင် ဒိဋ္ဌိနှင့်တွဲ၍ပါလာသော ပျော်ရွှင်မှု၊ ဒိဋ္ဌိမပါသော ပျော်ရွှင်မှုဟု နှစ်မျိုးပြန်ခွဲပြသည်။ မိစ္ဆာဒိဋ္ဌိနှင့်အတူ ဖြစ်ပေါ်လာသော ပျော်ရွှင်မှုဖြစ်လျှင်တော့ လောက၊ သံသရာ ပို၍အပြစ်ကြီးသည်။ ဒိဋ္ဌိ(အပါယဂမနိယ) သည် အပါယ်ကျစေနိုင်သော သတ္တိလည်းရှိနေသည်။

          မည်သို့ဖြစ်စေ ကာမနယ်တွင် လိုချင်တာ တော်တော်များများရနေလျှင် ထိုသူတို့သည် ပျော်ရွှင်သူတို့ဖြစ်သည်။ အရိယာ မ ဖြစ်သေးသူနှင့် ဟန်မဆောင်တတ်သူတိုင်း မိမိတောင့်တသော အရာများ ရလျှင် ပျော်ရွှင်၏။ မရသော် စိတ်ညစ်ကြရ၏။ ထို့ကြောင့် အာရုံခံစားမှူ ဆိုင်ရာ ပျော်ရွှင်မှုအတွက် လိုအင်ဆန္ဒ အထိုက် အလျောက်  ပြည့် သူတို့သည် ပျော်ရွှင်သူများ ဖြစ်ကြသည် ဟု လောကီဆန်ဆန် ကောက်ချက် ချနိုင်သည်။

          Sensual Level Happiness ပြီးလျှင် Ethical Level ကိုလည်း ကြည့်နိုင်ပါသည်။ ဗုဒ္ဓအဘိဓမ္မာက “မဟာကုသိုလ်စိတ်ရှစ်ပါး” ဟု ဆိုသည်။ ယင်းတွင် ပျော်ရွှင်မှု( သောမနဿ) လေးပါး ပါဝင်သည်။ သာမာန်လူများ ကုသိုလ်ပြုရင်း ကျေနပ်ပျော်ရွှင်မှုမှန်သမျှကိုအပြစ်ကင်းသော၊ကုသိုလ်ရသော ပျော်ရွှင်မှုဟုဆိုရမည်။သူတဖက်သားကိုကူညီရင်း၊ပရဟိတဆောင်ရွက်ရင်း ပျော်ရွှင်တတ်သူများ၌ ဤကုသိုလ်အပျော်များ အဖြစ်များသည်ဟု ယေဘုယျမှတ်ယူနိုင်သည်။ ဘုရားရှင်ဟောသော လူ့ချမ်းသာလေးမျိုးအနက်-

          စည်းစိမ်ဥစ္စာကို ခွဲခြားဝေဖန် သုံးစွဲခြင်း-
          အပြစ်ကင်းသောအမှုတို့ကို စဉ်းစားရင်း ဝမ်းမြောက်ရခြင်း-

တို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ယင်းကိုပင် Dedicated Happiness ဟု သုံးစွဲကြသည်ကို တွေ့ရပြန်သည်။ ကလေးတစ်ယောက်ကို မွေးမြူ၊ မြေတောင်မြှောက်ပေးပြီး ထိုကလေးကြီးပွါးချမ်းသာတာကိုကြည့်ရင်း ပျော်ရွှင်ရမှု၊ တပည့်များကို စေတနာအပြည့်ဖြင့် သင်ကြားပေးပြီး ထိုကလေးများ ပညာစုံကြသောအခါ ကြည်နူးရတတ်သော ပျော်ရွှင်မှု စသည်တို့ပင်ဖြစ်သည်။သာမာန်လူသားတို့အတွက် အမြင့်မြတ်ဆုံး ရရှိနိုင်သော ပျော်ရွှင်မှုဖြစ်သည်။ ဤအချက်ကိုထောက်ဆလျှင် ဆင်းရဲပင် ဆင်းရဲငြားသော်လည်း စိတ်ရင်းကောင်းသူများက ပို၍ပျော်ရွှင်သောဘဝကို ရနိုင်၊ ပိုင်ဆိုင်နိုင်ကြသည်။

          မဟာဂန္ဓာရုံဆရာတော်ကမူ ရဟန်းသာမဏေများ ကြည့်လိုက်၍ မျက်နှာရွှင်နေလျှင် သောမနဿဖြင့် ပဋိသန္ဓေယူခဲ့သူ၊ ခပ်တည်တည်ကြီး အမြဲတမ်းနေလျှင် ဥပေက္ခာဖြင့်ပဋိသန္ဓေနေသူဟုပင်တိတိကျကျသြဝါဒပေးခဲ့သည်။ သောမနဿအားကောင်းပြီး အကောင်းဖက်မှရှုမြင်တတ်သူတို့သည်လည်း ပျော်ရွှင်မှုဘဝကိုရကြသည်။ ယင်းတို့ကိုပင် Spiritual Level Happiness ဟု အမည်တပ်လိုက တပ်လို့ရသည်။

          သို့သော် ဗုဒ္ဓဘာသာအနေဖြင့်ဆိုရလျှင် Spiritual Level ပျော်ရွှင်မှုသည် သမာဓိနှင့် (သို့) ဈာန်နှင့် ဆိုင်သည်ဟု ဆိုရမည်။
          လူပုဂ္ဂိုလ်တို့က ဆရာတော်များ တည်ကြည်သွားလျှင် သမာဓိကြောင့်၊ အပြုံးများသော ဆရာတော်ကို ကလက်သည်ဟု ထင်တတ်ကြသည်။ စာပေနှင့် အနည်းငယ် ချော်နေသည်ထင်သည်။ သမာဓိတရားသည် နောက်ဆုံးဈာန်အထိမရောက်မီ (သုတ္တန်အဆို စတုတ္ထဈာန်၊ အဘိဓမ္မာအလို ပဉ္စမဈာန်ကို နောက်ဆုံးဈာန်ဟု ဆိုလိုသည်) ပီတိ၊ သုခတို့နှင့် အတူရှိနေသည်။ အင်္ဂလိပ်က ပီတိကို “Joy” ဟု ဘာသာပြန်တတ်ကြပြီး သောမနဿကို “Happiness” ဟုပင် အများအားဖြင့် ဘာသာပြန်ကြသည်။ သုခ၏ ဆန့်ကျင်ဖက်က ဒုက္ခဖြစ်နေသဖြင့် မဆိုးဟုထင်သည်။

         ယဉ်ကျေးမှုကြောင့်ဟုထင်သည်၊ နိုင်ငံခြားသား ရဟန်းတော်များက လူပရိသတ်ရှေ့မှာ ပြုံးပြုံးရွှင်ရွှင် စကားပြော၊ တရားဟောကြသည်။ မြန်မာရဟန်းတော်၊ ထိုင်းရဟန်းတော်တို့က မျက်နှာတည်တည်ဖြင့် တရားဟောကြသည်။ ဓမ္မကို အလေးဂရုပြုခြင်းဟု ဆိုလိုသည်။ ယဉ်ကျေးမှုကိစ္စက ကျယ်ဝန်းရှုပ်ထွေးသဖြင့် မပြောတော့ပေ။ Spiritual Level ရောက်သည့်တိုင် ရဟန်း၊ လူသည် ပျော်ပျော်ရွှင်ရွှင်ပင် ရှိနေတတ်သည်။ သမာဓိကြောင့် “တည်” သည်ဆိုသောစကားက စာပေနှင့် မညီညွတ်။ သူတည်ချင်၍ တည်ခြင်းသာဖြစ်ပြီး သမာဓိနှင့် လုံးဝမဆိုင်ဟူလို။

ဈာန်ဟူသည် အဘယ်နည်း။
         မြန်မာစကားဖြင့် အတိုဆုံးဆိုလျှင် သမာဓိ(သို့) ဧကဂ္ဂတာသည် ဈာန်ဖြစ်သည်။ ဈာန်မှာပြည့်စုံရမည့် အင်္ဂါအလွန်ဆုံး ငါးပါးရှိရမည်ဆိုသော်လည်း အချုပ်ကမူ သမာဓိဖြစ်သည်။ ဝိတက်၊ ဝိစာရမပါလည်း ဈာန်ဖြစ်သည်။ ပီတိမပါလည်း ဈာန်ခေါ်လို့ရသည်။ သို့သော် သမာဓိ(သို့) ဧကဂ္ဂတာမပါပဲတော့ ဈာန်မဖြစ်။ ဤဒေသနာမှ ဆက်နွယ်၍ သုံးသပ်ရလျှင် ပြာယာခတ်နေသော ပုဂ္ဂိုလ်ထက် စိတ်တည်ငြိမ်သောပုဂ္ဂိုလ်က အမှန်တကယ်ပျော်ရွှင်မှုကိုရသည်။ ဤပျော်ရွှင်မှုက ရှေး Sensual Level, Ethical Level တို့ထက် ပိုသာသွားသည်။ ပျော်ရွှင်မှုက သူ့စိတ်ထဲမှာပင် ရှိနေသည်။ ထို့ကြောင့် ဤပျော်ရွှင်မှုက အနှောက်အယှက်နည်းသွားသည်။

         အနည်းငယ်ရှင်းရန် လိုမည်ထင်သည်။
         ဥပမာအားဖြင့် Sensual Level ပျော်ရွှင်မှုက အခြားပုဂ္ဂိုလ်၊ အရာဝတ္တုတစ်ခုခုကိုမှီ၍ ဖြစ်ပေါ်လာသည်။ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်း၊ တွေ့ဆုံခြင်းမှရသော ပျော်ရွှင်မှုသည် အခြားတစ်ယောက်အပေါ်မှာ တည်နေသည်။ ထိုအခြားတစ်ယောက်က မိမိထင်မှတ်ထားသည့်အတိုင်း မဖြစ်သောအခါ စိတ်ညစ်စရာဖြစ်သွားသည်။ သင်္ချာသဘောအရပြောလျှင် ထိုပျော်ရွှင်မှုက ၅၀/၅၀ ရာခိုင်နှုံးသာရှိသည်။ Ethical Level မှာလည်း ကုသိုလ်ဟုဆိုစေ ထိခိုက်လွယ်သည်။ “အလှူပေး၊ ငရဲရ” ဆိုသော မြန်မာစကားနှင့် အတူတူပင်ဖြစ်သည်။ ထိုပျော်ရွှင်မှုကလည်း အခြားပစ္စည်း၊ လူပုဂ္ဂိုလ် တစ်ခုခုနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ၅၀/၅၀ ပျော်ရွှင်မှုဟုသာ ဆိုရပေမည်။

         စိတ်တည်ကြည်မှုကို အခြေခံ၍ရလာသော ပျော်ရွှင်မှုက သူတပါး၊ အခြားပစ္စည်းတစ်ခုခုနှင့် လုံးဝမသက်ဆိုင်။ မိမိစိတ်နှင့်သာ ဆိုင်သည်။ ထို့ကြောင့် ရာနှုံးပြည့် မိမိအပေါ်မှာပင် တည်နေတော့သည်။ မပျက်စီးနိုင်ဟုပြော၍မရသော်လည်း ပျက်စီးဖို့ရာခိုင်နှုံး အတော်နည်းသွားသည်။ မိမိကိုယ်တိုင်ဖျက်မှသာ ပျက်တော့မည်။ ထို့ကြောင့် အမှန်တကယ်ပျော်ရွှင်ကြသူများတွင် တတိယပုဂ္ဂိုလ်သည် သမာဓိရှိသူဖြစ်သွားတော့သည်။ သူ၏ ပျော်ရွှင်မှုပမာဏကတော့ သူ့မှာရှိသော သမာဓိနှင့် အချိုးညီညီပင် ဖြစ်ပေလိမ့်မည်။

         “ဈာန်” ဟူသော ဝေါဟာရက ယနေ့အနုပညာလောကမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပြီဖြစ်သည်။ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာတို့က အနုပညာဈာန်ဝင်နေသည်ဟု တင်စားတတ်ကြသည်။ တစ်ခုခုအပေါ် အာရုံစူးစိုက်နေသော သမာဓိကို ဆိုလိုကြသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ မှတ်သားဖွယ်စကား ထုတ်ပြလိုသည်။

         “မည်သည့်ကိစ္စမဆို ပြုမူဆောင်ရွက်စရာရှိလျှင် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူသောအဆင့်ငါးဆင့်ဖြင့် တက်ရသည်။
  • ကဗျာတစ်ပုဒ်ကို ဖတ်ရှုရွတ်ဆို၍ စိတ်အာရုံမှာ သွင်းထားလိုက်( ဝိတက်)
  • ထိုသို့ စိတ်အာရုံမှာသွင်းထားသော ကဗျာကို အဖန်တလဲလဲ ရွတ်ဆိုပွားများကြည့်လိုက်(ဝိစာရ)
  • ထိုသို့ ပွားများသောအခါ နှစ်သက်ကြည်နူးမှု အရသာတစ်မျိုးပေါ်လာမည်(ပီတိ)
  • ထိုသို့ ကြည်နူး၊ အရသာထူးပေါ်လာခိုက် နှစ်သက်ခြင်းဖြစ်ကာ ချမ်းသာလာမည်(သုခ)
  • ထိုသို့ နှစ်သက်ကြည်နူးချမ်းသာနေရသော အရသာအပေါ် စိတ်အာရုံတသားတည်းကျကာ တခြားဘယ်ကိုမှ စိတ်မပြန့်လွင့်ပဲ တည်တံ့နေမည်(ဧကဂ္ဂတာ)
ထိုဈာန်ငါးပါးမှာ ဘယ်နေရာမဆို အသုံးချနိုင်သည့် ဖော်မြူလာဖြစ်သည်။

         (ဒေါ်ခင်မျိုးချစ်၊ နှစ်သစ်ကူး ချစ်ဦးလက်ဆောင် ကဗျာစာအုပ် အမှာစာမှ၊ ၁၉၉၈- ဇန်နဝါရီလ)ဒေသနာထံမှ ဈာန်ကို အနုပညာထဲရောက်အောင် ဆွဲထည့်လိုက်သော စကားဖြစ်သည်။ သဘောတူနိုင်၏။ မတူပဲလည်း နေနိုင်၏။ ပျော်ရွှင်မှုနှင့် သမာဓိသည် ဆက်စပ်နေရကား ပျော်ရွှင်မှု (ပီတိ) မရှိလျှင် သမာဓိရဖို့လည်းမလွယ်၊ သမာဓိမရှိလျှင် စိတ်ပျော်ရွှင်မှုလည်း မရနိုင်ဟု ကောက်ချက်ချနိုင်သည်။ မည်သို့ဖြစ်စေ သမာဓိရှိသူ၊ စိတ်တည်သူသည် အမှန်ပျော်ရွှင်သူများ ဖြစ်ကြ၏။

         မြတ်စွာဘုရားရှင်ကတော့ ပျော်ရွှင်ခြင်း (၁၀) မျိုးကို စာရင်းချပြ၏။
         ၁။ ကာမဂုဏ် ပျော်ရွှင်မှု
         ၂။ ပထမဈာန်( ရူပဈာန်) ပျော်ရွှင်မှု
         ၃။ ဒုတိယဈာန်(    ။    ) ပျော်ရွှင်မှု
         ၄။ တတိယဈာန်(    ။    ) ပျော်ရွှင်မှု
         ၅။ စတုတ္ထဈာန်(    ။    ) ပျော်ရွှင်မှု
         ၆။ ပထမဈာန်(အရူပဈာန်) ပျော်ရွင်မှု
         ၇။ ဒုတိယဈာန်(    ။    ) ပျော်ရွှင်မှု
         ၈။ တတိယဈာန်(    ။    ) ပျော်ရွှင်မှု
         ၉။ စတုတ္ထဈာန်(    ။    ) ပျော်ရွှင်မှု
         ၁၀။ နိရောဓသမာပတ္တိ သုခ- ဟုဖြစ်သည်။
(Nibbana is the highest bliss- နိဗ္ဗာနံ ပရမံ သုခံ  အင်္ဂလိပ်ဆောင်းပါး ဖော်ပြခဲ့ပြီး)

ဤဒေသနာအရဆိုရသော်
၁။ Sensual Level Happiness
၂ မှ ၉ အထိသည် Spiritual Level Happiness
၁၀- သည် ဝိမုတ္တိသုခ Liberational Happiness ဟု ဆိုရမည်ဖြစ်သည်။ 

ထို့ကြောင့် အမှန်တကယ် ပျော်ရွှင်ကြသူများသည် ဗုဒ္ဓဘာသာ ရှုထောင့်အရ-
၁။ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စနည်းသူ
၂။ ကာမဂုဏ်ချမ်းသာ ခံစားခွင့်ရသူ
၃။ အများအကျိုး၊ ကိုယ့်အကျိုးဆောင်ရွက်ရင်း စိတ်ချမ်းသာသူ
၎။ သမာဓိဖြင့် ချမ်းသာသူ
၅။ လွတ်မြောက်ခြင်းဖြင့် ချမ်းသာသူ ဟု ငါးမျိုးကွဲသွားလေတော့သည်။

         ဝိမုတ္တသုခမရမချင်း ရှေးချမ်းသာလေးခုသည် တစ်ခုစီ သီးခြားရပ်တည်နေသည်ဟု ပြောရန်ရှိသည်။
“လောကမရှိပဲ လောကုတ္တရာမရှိနိုင်” ဆိုသော ပီနန်ဆရာတော်ကြီး၏ သြဝါဒကို ကိုးကားလိုက်ချင်၏။ ကာမသုခ ဘာမှန်းမသိပဲ ဝိမုတ္တိသုခ လိုချင်၍မရနိုင်ဟု ဆိုလိုသည်။ ကာမသုခသည် အပြစ်မဟုတ်။ ယင်းကာမသုခကို အလွဲသုံးစားလုပ်မှ အပြစ်ဖြစ်သည်။ စည်းစိမ်ဥစ္စာကုံလုံကြွယ်ဝခြင်းက စွမ်းအား၊ အာဏာ အခွင့်အရေးရှိခြင်းက စွမ်းအား။ ထိုစွမ်းအားတို့ကို အလွဲသုံးစားလုပ်က အကုသိုလ်ဖြစ်သည်။

         သီဟနာဒကတော့ တိုးတက်သော နိုင်ငံတော်ကြီးသား၊ နိုင်ငံကြီးသူများ၊ ကမ္ဘာ့အဆင့်မီသော ပညာရှင်များ၊ ကမ္ဘာ့အဆင့်မီသော ငွေကြေးသုံးစွဲသူများဖြစ်ပြီးမှ လောကုတ္တရာကိစ္စကို ဆွေးနွေးခြင်းသည် ကောင်း၏ဟုထင်သည်။
လောကမရှိပဲ လောကုတ္တရာမရှိ။ ဝိမုတ္တိသုခသည် ကာမသုခကိုခံစား၊ အဆိုးမြင်ကျော်ဖြတ်ရသော ချမ်းသာခြင်းဖြစ်၏။ အဆင့်ကျော်၍ မရ။ ရသည်ဟုဆိုသော် ကောင်းပါ၏။ အငြင်းတော့ မပွားလို။

သီဟနာဒ

" Wh " များနဲ့ အဖေ (ကမ်းလက် ၁၄ လပြည့်အမှတ်တရ )


သား ရေ
" သား ဘယ်ကို သွားမလဲ " မေးတာဟာ
သား ခရီးစဉ်ကို ဟန့်တားဖို့ မဟုတ်ဘူး
အနည်းဆုံး သားကို လိုက်ပို့ခွင့် ရမလား
အများဆုံး သား ဘယ်မှာ ရှိတယ်ဆိုတာ သိချင်ရုံပါ။
သား ရေ
 " သား ဘယ်သူနဲ့ သွားမှာလဲ "  မေးတာဟာ
သား သူငယ်ချင်းကို သံသယရှိလို့ မဟုတ်ဘူး
အနည်းဆုံး သား သူငယ်ချင်းအတွက် ဘာလုပ်ပေးနိုင်မလဲ
အများဆုံး သား ဘယ်သူနဲ့ ရှိနေတယ်ဆိုတာ သိချင်ရုံပါ။

သား  ရေ
" သား ဘာကြောင့် သွားမှာလဲ "  မေးတာဟာ
သား ကိုယ်ရေးကိုယ်တာကို စွက်ဖက်ဖို့ မဟုတ်ပါဘူး

အနည်းဆုံး သားကျရှုံးရင် ဘာလုပ်ပေးနိုင်မလဲ
အများဆုံး သား ရည်ရွယ်ချက်ကို ဂုဏ်ယူချင်ရုံပါ။


သား  ရေ
" သား ဘယ်လို သွားမှာလဲ " မေးတာဟာ
သား အစီအစဉ်ကို သံသယရှိလို့ မဟုတ်ဘူး
အနည်းဆုံး အဖေ လမ်းပြခွင့် ရမလား
အများဆုံး သား အစီအစဉ်ကို ဝမ်းမြောက်ချင်ရုံပါ။

သားရေ
" သား ဘယ်အချိန် ပြန်ရောက်မလဲ " ဆိုတာ
အချိန်နဲ့ ကန့်သတ်ချင်လို့ မဟုတ်ဘူး

အနည်းဆုံး မင်း အိမ်ပြန်လာမယ်
အများဆုံး မင်း အပြန် တံခါးစောင့်ဖွင့်လို့ ရချင်ရုံပါ။

အဖေ စကားတွေ သိပ်ပြောနေမိသလား
တစ်ဦးတည်းသော သားပဲ သားရယ်
အဖေ စကားနည်းတာ သားသိပါတယ်။  ။

( အဖေနဲ့ အဖေများ အားလုံးသို့ ...)


 ကမ်းလက် 

သင်္ဃမိတ္တာနေ့ (သို့မဟုတ်) မဟာဗောဓိနေ့ မှတ်စု

        ဗုဒ္ဓဘာသာများ၌ပင် သီဟိုဠ်ဗုဒ္ဓဘာသာက ဗောဓိပင်ကို ပို၍ အလေးထားသည်။ ဘုရားရှိခိုးရာ၌ပင် ဗောဓိပူဇာ (ဗောဓိပင် ရှိခိုးပူဇော်ခြင်း) ဖြင့် အစပြုတတ်ကြသည်။ အငြင်းပွားဖွယ်တော့ မရှိ။ သူတို့ ဗုဒ္ဓဘာသာကို ရလိုက်ခြင်းကပင် ဗောဓိပင်နှင့် တွဲ၍ ရခဲ့ခြင်းကြောင့်ပင်။ သင်္ဃမိတ္တာနှင့် ဗောဓိပင်တို့ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ရောက်ရှိသည်ဟု ယုံကြည်ကြသည့် ဇေဋ္ဌနက္ခတ် ယှဉ်ခိုက်၊ မြန်မာလို တန်ဆောင်မုန်းလပြည့်နေ့ကို သင်္ဃမိတ္တာနေ့ဟု သက်မှတ်ကြခြင်း ဖြစ်သည်။
        ဤနေ့ကို ဂုဏ်ပြုသောအားဖြင့် “မဟိန္ဒနှင့် သင်္ဃမိတ္တာ” ဟူသော ဇာတ်လမ်းလေးကို “Asoka, the Great” စာအုပ်မှ ယူ၍ တင်ပေးလိုက်ပါသည်။
မြန်မာပြန်အကျဉ်း

        မဟိန္ဒမထေရ်၏ မိခင်သည် ဝိဒိသမြို့သူ မဟာဒေဝီ ဖြစ်သည်။ သူမက သူဋ္ဌေးသမီးဖြစ်ပြီး အသောကမင်းသားကို ခမည်းတော် ဗိန္ဒုသာရက ဝိဒိသမြို့သို့ စေလွှတ်ရာ နှစ်ယောက်တွေ့ဆုံပြီး ချစ်ခင် စုံမက်သဖြင့် လက်ဆက်ခဲ့ကြသည်။ သူတို့မှ သား မဟိန္ဒနှင့် သမီး သင်္ဃမိတ္တာတို့ ဖွားမြင်ခဲ့သည်။
        မဟိန္ဒမင်းသား (၁၄) နှစ်သား အရွယ်၌ အသောကမင်း ပါဋလိပုတ်ပြည့်ရှင် ဖြစ်လာခဲ့သည်။ ထို့နောက် အသောက က ပါဋလိပုတ်၌ ရွေ့ပြောင်းနေထိုင်ခဲ့သော်လည်း မိဘုရား မဟာဒေဝီကတော့ မိဘများနှင့်အတူ ဝိဒိသမြို့မှာပင် နေရစ်ခဲ့သည်။
        အသောက နန်းတက်ပြီး (၇) နှစ်မြှောက်၌ အသက် (၂၁) နှစ်အရွယ်ရှိ မဟိန္ဒ ရဟန်းပြုခဲ့သည်။ ပရိယတ္တိစာပေများ သင်ကြားပြီးသောအခါ အခြား ရဟန်းတော်များနှင့်အတူ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်) သို့ သာသနာပြုရန်ကြွရန် တာဝန်ပေးခဲ့ရသည်။ သီရိလင်္ကာ မသွားမီ ပြင်ဆင်သည့်အနေဖြင့် ရာဇဂြိုဟ်တဝိုက်ရှိ ဘုန်းကြီးကျောင်းတိုက်များသို့ သွားရောက်ကာ ပညာတတ် ရဟန်းတော်များထံမှ ဗုဒ္ဓဒေသနာတော်များကို ဆက်လက် လေ့လာခဲ့သည်။
        မဟိန္ဒမထေရ် သီရိလင်္ကာအကြွ လမ်းခရီး၌ ဝိဒိသမြို့ရှိ မယ်တော် မဟာဒေဝီကို ဝင်ရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ မဟာဒေဝီက သားတော်ကို ရဟန်းတစ်ပါးအနေနှင့် ဖူးမြင်ရခြင်း၊ သီရိလင်္ကာနိုင်ငံသို့ သာသနာပြု ကြွရောက်ခြင်းအပေါ် များစွာ ကျေနပ် ဖြစ်မိသည်။ သို့သော် သီရိလင်္ကာသို့ မကြွမီ မယ်တော်နှင့် တစ်လခန့်အတူ သီတင်းသုံးရန် လျောက်ထားသဖြင့် မဟိန္ဒမထေရ်ကလည်း လက်ခံခဲ့သည်။
        ထိုအချိန် သီရိလင်္ကာနိုင်ငံ၌ ဒေဝါနံပိယတိဿဘုရင် မင်းပြုနေ၏။ နှစ်နိုင်ငံ မြဲမြံသော သံတမန်ရေး ရှိနှင့်ပြီး ဖြစ်သည်။ အသောကမင်းကြီးက မဟိန္ဒမထေရ်နှင့် အခြား ရဟန်းတော်တို့ကို သီရိလင်္ကာသို့ သာသနာပြု စေလွှတ်ခဲ့သည်။ တိဿဘုရင်ကိုလည်း အကြောင်းကြားလွှာ ပါးခဲ့သည်။ မဟိန္ဒမထေရ် ရဟန်း (၄) ပါးနှင့်အတူ သီရိလင်္ကာရောက်သော သက္ကရာဇ်က ဘီစီ (၂၅၄) ဖြစ်ပြီး ထိုအချိန်၌ မထေရ်၏ သက်တော် (၃၂) နှစ် ရှိပြီး ဖြစ်သည်။
        မဟာဝံသကျမ်းအဆိုအရ မဟိန္ဒမထေရ် တမ္ဗပဏ္ဍိ (သီရိလင်္ကာ) ရောက်သည့်နေ့မှာ လပြည့်နေ့ ဖြစ်ပြီး တိဿဘုရင်က အခြွေအရံများနှင့် နက္ခတ်ပွဲသဘင် ဆင်ယင် ကျင်းပနေသည်။ မဟိန္ဒမထေရ်က ထိုသတင်းကို ကြားရပြီး တိဿဘုရင်ရှိရာ မိဿကတောင်သို့ ကြွရောက် တွေ့ဆုံခဲ့သည်။ ဇမ္ဗူဒီပဘုရင် အသောကမင်းကြီးက စေလွှတ်လိုက်သည့် သာသနာပြု ရဟန်းတော်များ ဖြစ်ကြောင်း မထေရ်က ပြောပြသည်။ ထိုအကြောင်းကို သိနှင့်ပြီးသား ဖြစ်သော ဒေဝါနံပိယတိဿမင်းကြီးက မထေရ်နှင့်တကွသော သာသနာပြု တစ်ဖွဲ့လုံးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။


        ထို့နောက် မထေရ်လည်း သာသနာပြုလုပ်ငန်း စတင်တော့သည်။ တိဿဘုရင်နှင့် အခြွေအရံများ အားလုံးကို အရှင်သာရိပုတ္တရာမထေရ် သာဝတ္ထိမြို့၌ ရဟန်းတော်တို့ကို ဟောကြားခဲ့သည့် ဟတ္ထိပဒေါပမသုတ်ကို ဟောကြားခဲ့ပြီး ဒေသနာအဆုံး၌ မင်းကြီးနှင့်တကွ လေးသောင်းလေးထောင်သော မင်းခစားတို့ ဗုဒ္ဓဘာသာအဖြစ် ခံယူကြသည်။ ထို့နောက် တိဿဘုရင်၏ ထောက်ပံ့မှုဖြင့် သီရိလင်္ကာနိုင်ငံ သာသနာပြု လုပ်ငန်းကို ဆက်လက် ဆောင်ရွက်တော်မူခဲ့သည်။
        ဒေဝါနံပိယတိဿ၏ ခယ်မတော်ဖြစ်သူ၊ ညီတော်၏ ကြင်ယာတော် အနုလာမင်းသမီးသည် သူမကိုယ်တိုင် ရဟန်းပြုခွင့်ရရန် ဘုရင်ကြီးထံ ခွင့်ပန်သည်။ မင်းကြီးက ဝမ်းသာမဆုံးဖြစ်ပြီး မဟိန္ဒမထေရ်ကို လျှောက်ထား တောင်းပန်ရာ “အမျိုးသမီးကို ရဟန်းပြုပေးရန် ငါ့မှာ အခွင့်အာဏာ မရှိ၊ သာသနာတော် ပြန့်ပွားရေး ဖြစ်သဖြင့် တားလည်း မတားမြစ်အပ်၊ ဤအကြောင်းကို ခမည်းတော် အသောကမင်းကြီးထံ အကြောင်းကြားပြီး သင်္ဃမိတ္တာကို စေလွှတ်ပေးရန် မေတ္တာရပ်ခံပေးမည်” ဟု မထေရ်က မိန့်လိုက်သည်။
        မထေရ်၏ ဩဝါဒအတိုင်း ဒေဝါနံပိယတိဿက ပါဋလိပုတ်သို့ တမန်တော်များ စေလွှတ်ပြီး အသောကမင်းကြီးထံ သဝဏ်လွှာ ဆက်သသည်။ သားရဟန်းတော်၏ အောင်မြင်သော သာသနာပြုခရီးကို နှစ်ထောင်းအားရ ရှိလှသော အသောကမင်းကြီးက သမီးတော် သံဃမိတ္တာနှင့်အတူ ဗုဒ္ဓဂယာမှ ညောင်ကိုင်းတစ်ကိုင်းပါ လက်ဆောင် ပေးလိုက်လေသည်။ ထိုညောင်ပင်ငယ်ကို ဓမ္မသင်္ကေတ တစ်ခုအနေဖြင့် သီရိလင်္ကာ၌ စိုက်ပျိုးစေသည်။ ထိုညောင်ပင်က ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး သစ်ပင်ဟု ဆိုနိုင်သည်။
        သင်္ဃမိတ္တာထေရီ သီရိလင်္ကာသို့ ရောက်သည့်အချိန်တွင် ကြီးကျယ်စွာ ကြိုဆိုခဲ့ကြသည်။ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် အနုလာဒေဝီနှင့် အလုပ်အကျွေး မောင်းမမိဿံ ငါးရာတို့ ဘိက္ခူနီသာသနာထဲ ဝင်ကြစဉ် မဟိန္ဒမထေရ်ကလည်း ဘုရင်၏တူတော် အရိဋ္ဌနှင့် သူငယ်ချင်း ငါးရာတို့ကို သူတော်ကောင်းတရား၌ တည်စေခဲ့သည်။
        အနုရာဓပူရမြို့ရှိ မဟိန္ဒမထေရ် သီတင်းသုံးခဲ့ရာ ကျောင်းတော်သည် ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့ အတွက် အထွဋ်အမြတ် ထားရာ နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
        မဟိန္ဒမထေရ် သီရိလင်္ကာ သာသနာပြုကာလသည် (၃၈) နှစ် ဖြစ်ပြီး သက်တော် (၇၀)၊ ဘီစီ (၂၀၀) ၌ ပျံလွန်တော် မူခဲ့သည်။
        ထို့နောက် နှစ်နှစ်ခန့်အကြာတွင် သင်္ဃမိတ္တာမထေရ်လည်း ပျံလွန်တော်မူခဲ့လေသည်။ ဤမောင်နှမ နှစ်ယောက်တို့ ကြိုးစား သာသနာပြုခဲ့မှု့ကြောင့် အလှမ်းဝေးကွာလှသော သီရိလင်္ကာကျွန်း၌ ဗုဒ္ဓသာသနာလည်း ထွန်းလင်းတောက်ပ လာခဲ့ရတော့သည်။
        ဤကား အသောကမင်းကြီး၏ သာသနာပြု အစီအမံ တစ်ခုပင်တည်း။


Mahinda and Sanghamitta


Mahinda’s mother’s name was Devi or Mahadevi, and she belonged to Vidisa. While a prince, Asoka was sent by Bindusara as a regent to Vidisa, where he married the daughter of a ‘setha’ or millionaire. The girl was named Devi. She bore Asoka a son, Mahinda, and a daughter, Sanghamitta, in that order. Asoka was crowned the king at Pataliputra when Mahinda was fourteen. Though Asoka settled there, Rani Devi lived in her parental home at Vidisa.

    Mahinda was initiated by sthavira Mahadeo in the seventh year of Asoka’s coronatin. Mahinda was twenty-one by then. After his initiation, Mahinda was dispatched to Sri Lanka with some monks to preach dhamma. During the six months preceding his mission to Sri Lanka, Mahinda went about visiting the Buddha Viharas around Rajagriha and gained knowledge in the company of learned monks. He met his mother at Vidisa on his way to Sri Lanka. His mother gave him a reception fitting a noble sramana. She was glad that her son was going to preach dhamma in Sri Lanka. His mother’s affection compelled Mahinda to stay a month at Vidisa.

    It happened during the reign of King Devanampiya Tissa in Sri Lanka. He had strong friendly ties with King Asoka. As Asoka dispatched Mahinda to Sri Lanka in the company of some monks to preach dhamma, he sent his emissary to inform the king. Asoka was crowned in 272 BC, and Mahinda landed at Singhala dweepa in 254 BC in the company of four monks. Mahinda was thirty-two at the time.

    According to the Mahavansa, when Mahinda arrived in Tamraparni, it was the Full-moon’s day in the lunar month of Jyestha – a day of festive celebrations in the land. King Devanampiya Tissa had gone to the Misraka mountain to hunt and celebrate the occasion with forty-four thousand men. When Mahinda received the information, he joined the king at the mountain with the monks. He told the king – “I am a preacher sent by Asoka from Jambudeepa.” The kind, who already had Asoka’s message, received Mahinda with sheer warmth. Mahinda started his work at once. He preached to the king the Hastipadopamasutta, which was originally delivered by Sariputta in the presence of the order of the monks at Savatthi. Consequently, Devanampiya Tissa was instantly converted to Buddhism along with his forty-four thousand men.Subsequently, Mahinda completed his task in Sri Lanka with the help of the king.

Devanampiya Tissa’s wife’s name was Anuloma or Anula. Inspired by the wave of Buddhism in the land, Queen Anuloma sought the king’s permission to join the dhamma. Tissa was too happy to refuse her. But, Mahinda said – “I am not authorized to initiate women. But, it is not fair to obstruct the expansion of the dhamma either.” He added – “I will send a message to my father, and you should also ask him that he may send Sanghamitta here for the purpose.”

    Accordingly, Devanampiya Tissa dispatched a messenger to Pataliputra. Asoka was delighted to receive the news of his son’s success. He asked for a branch of the bodhi-tree from Bodhgaya and dispatched Sanghamitta to Sri Lanka with it. The Branch was planted there as a symbol of dhamma. The tree still stands in Sri Lanka and is, incidently, the oldest tree in the world.

    In Sri Lanka, a royal welcome was extended to Sanghamitta with the branch. Queen Anuloma Devi and another five hundred inmates of the harem were initiated by Sangha, while Mahinda initiated the king’s nephew, Arista and his five hundred friends into dhamma. Mahinda stayed at Anuradhpur Vihara, which has become a pilgrim’s place for the Buddhists. In Sri Lanka, Mahinda preached for thirty-eight years and established Buddhism as the official religion of Sri Lanka. Landing in Sri Lanka at the age of thirty-two years, Mahinda died there at seventy, i.e. in 200 BC. The place of his death is still held sacred by the Sri Lankans. Sanghimitta passed away two year after Mahinda’s death. The two were dedicated to the propagation of Buddhism in a remote land by their righteous father. Such was the greatness of Asoka.

  

သီဟနာဒ

သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့


            အသောကမင်းကြီး မြန်မာ့ယဉ်ကျေးမှုမှာ နာမည်ကြီးသလောက် ကျွန်ုပ်တို့ သိသည့် အသောက အကြောင်းက နည်းလွန်းသည်။ရေတွင်း၊ ရေကန် ၊ စေ တီ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်၊ ကလိင်္ဂစစ်ပွဲ၊ ကိုးတိုင်း ကိုးဌာနသာသ နာပြု အစီအစဉ်၊ သေခါနီး သေကံ မကောင်း။ သိထားသမျှတွေကလည်း တူးဖော်တွေ့ရှိလာသော ကျောက်စာများနှင့် တေ့တေ့ဆိုင်ဆိုင် ကြည့်သော အခါ မိမိတို့ သိထားသလို သိပ်မဟုတ်လှတော့။တကယ်တော့ အသောက သည် လဲဂျင့်ထဲက လယ်ဂျင်ဒရီ မဟုတ်။ သူ့သမိုင်းသူ နက်နက်ကြီး တူး စိုက်သွားသူဖြစ်သည်။

            တူးဖော်တွေ့ရှိမှု၊ ပညာရှင်တို့ သုတေသနပြုမှုတို့ကို အခြေခံ စကားပြောရာ မဟာဝံသနှင့် ဒီပဝံသ တို့ပါ သံသယဖြစ်ဖွယ်၊ မေးမြန်းဖွယ်များစွာ ရှိလာခဲ့ သည်။ ညီတော်၊နောင်တော် ၉၉ ယောက်ကိုသတ်ပြီး နန်းတက်ခဲ့ရသည် ဆိုသည့် အချက်မျိုးကို ကျောက်စာများက လက်ခံဖို့ အင်တင်တင် ဖြစ်နေသည်။ ခမည်းတော် ဗိန္ဒုသာရမှာ သားတော် အရေအတွက် ဤမျှမရှိဟု သုံးသပ် လာကြသည်။ အသောကသည် စစ်ရေး စစ်ရာကို ကျွမ်းကျင်သော်လည်း ဤမျှ ရက်စက်ေ သာ၊ ညီတော်၊နောင်တော် ၉၉ ယောက်ကိုသတ်သော ( စဏ္ဍာသောက၊ လူ ကြမ်းကြီး အသောက ) ဖြစ်နိုင်ဖွယ်မရှိ။
ဗုဒ္ဓဘာသာ ဖြစ်လျှင် ဤမျှ ရက်စက် ကြမ်းကြုတ်သော ဘုရင်ပင် ဤမျှ နူးညံ့ သိမ်မွေ့သွားရသည်ကို ပြလိုသော ဗုဒ္ဓဘာသာရဟန်း စာရေးဆရာများကြောင့်ဗုဒ္ဓဘာသာ မဖြစ်မီ အသောကသည် ရှိရင်းစွဲ အသောကထက် ပိ၍ ရက်စက် ပုံ ပေါက်ခဲ့ရဟန်တူသည် ဟူသော ပညာရှင် သံသယတို့ကို မဟာဝံသ၊ ဒီပဝံ သတို့ ကိုးကားဖြေဆိုကာမျှဖြင့် မရနိုင်တော့။ ထိုထိုသို့သော သံသယ စကား တို့ကြောင့်ပင် အသောကမင်ကြီးက ပို၍ စိတ်ဝင်စား စရာ ကောင်းနေပြန်ေ သးတော့သည်။
ကျွန်ုပ်တို့ မသိသေးသည့် အသောက အကြောင်းကလည်း ကျယ်ပြော လှချေသေး၏။

            မည်သို့ဖြစ်စေ ယခု လပြည့်နေ့၌ သီဟိုဠ်သို့ သင်္ဃမိတ္တာ ထေရီနှင့် ဗော ဓိညောင်ပင်ငယ် ရောက်ရှိခဲ့သည်ဟု ယုံကြည်ကြရသည်။ သီဟိုဠ်သားတို့ အထွတ်အမြတ်လည်း ထားကြသည်။ ဤနေ့ကို သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့ ဟု ခေါ်တွင်သည်။

            ဤမှာပင် မနက်ဖြန်မှာ သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့ ကျင်းပကြဦး မည်။



" မဟာဗောဓိ ပူဇာ ဂါထာ "
ဣမေ ဧတေ မဟာဗောဓိ၊ လောကနာထေန ပူဇိတာ။
အဟမ္ပိ တေ နမဿာမိ၊ ဗောဓိရာဇာ နမတ္ထုတေ။

This great tree of Enlightenment
The Lord of the world reverenced.
I too shall salute you.
May there be homage to you, O great Bodhi.


( သိင်္ဃမိတ္တာ စာလုံးပေါင်းကတော့ စဉ်းစားဖွယ် ဖြစ်သည်ဟု ယူဆမိသည်၊ အားလုံး၌ Sanghamitta ဟုသာ တွေ့ရသည်။ အဓိပ္ပါယ်လည်း ပါသည်။)


 သီဟနာဒ

ဂလိုဘယ် သက်သတ်လွတ်ကိစ္စ ( ပေါက်တတ်ကရ )


သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်ပြီး ပြောနေခဲ့ကြတာ များလှပြီ။ အရှေ့ရော၊ အနောက်ရော။ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးတွေရော၊ တိရစ္ဆာန် မကာကွယ်မစောင့်ရှောက်ရေးတွေရော။ မြန်မာပြည်မှာဆို ဆရာတော်တွေရော၊ ဂိုဏ်းဆရာတွေရော၊ ဘာသာရေး တီးမိခေါက်မိ ရှိသူတွေရောပဲ။
ဘယ်သူတွေ ဘာပြောပြော အာရှက (အိန္ဒိယက ) ကျောင်း သားလေးတွေက လော့ဂျစ်မှာ သူများတွေထက် သာနိုင်တယ်။ မယုံရင် သူတို့ တက်စ်ဘုတ်ကိုသာကြည့်။

"easily cheat, tell lies, they forget promises, they are dishonest and tell bad words, steal, fight and turn to violence and commit sex crimes”

အသာစားသူတွေဟာ လိမ်တယ်၊ ကောက်တယ်၊ ကတိဖျက်တယ်၊ မရိုး သား၊ နှုတ်ကြမ်း၊ အကြမ်းဖက်၊ ကာမေသု လွန်ကြူး " တဲ့။

အိန္ဒိယ " New Healthway " ဆိုတဲ့ ကလေးပညာပေး ကျောင်းသုံး စာအုပ် က ဆက်ရှင်းပြတယ် meat-eaters are “lazy, sluggish and short-lived”. တဲ့။
စဉ်းစားစရာဆိုလို့ ပျင်းနေ၊ မလုပ်ချင် မကိုင်ချင်ဖြစ်နေ၊ အသက်တိုနေရတာနဲ့ အထက်က ရာဇဝတ်မှုတွေ ကျူးလွန်ချိန်မှ ရှိပါတော့မလား ဆိုတာပါပဲ။

အိန္ဒိယမှ မဟုတ်ပါဘူး။ ဟောင်ကောင် တရုတ် ဖတ်စာအုပ်ထဲမှာလည်း ( သူ က ရာဇဝတ်မှုကို အစားအစာနဲ့ မခွဲဘူး )
“Foreign children fight in the playground but Chinese children do not fight in the playground.”
ဖတ်စာအုပ်ထဲမှာတော့ မရှိသေးဘူး။ စင်္ကာပူမှာလည်း ဖောရိန်းသားတွေ များ လာလို့ ရာဇဝတ်မှုတွေပိုများလာတဲ့ အကြောင်းတွေ ပြောနေကြတာ ကြာပြီ။
ဆိုင်၊ မဆိုင်တော့မသိဘူး။ လူများရင်တော့ ပြဿနာ များမှာပေါ့။

ထားပါတော့။ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်လို့ အမြင်တွေကတော့ ဘယ်တော့မှ တူမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သက်သတ်လွတ်နဲ့ ကိုယ် ကျင့်တရား ဆက်စပ်ရင်ပေါ့။

BC10,000 မှာ Ugg က မီးကို ရှာတွေ့တယ်။ သူလည်း မီးကို ရှာတွေ့ရော လူတွေက ချက်စရာမလိုတဲ့ စလပ်ကို စားကြဖို့ ပြောလာကြန်တယ်။ သူ့တွေ့ရှိမှုကို တန်ဖိုးမထားကြလို့ သူ့ကို အားနာစရာကောင်းနေတယ်။

AD 900 မှာ သက်သတ်လွတ်သမား Vikings တွေက အင်္ဂလန်ကမြို့တွေ ကို ရက်ရက်စက်စက် နှိပ်စက် ဖျက်ဆီးကြတယ်။
ရွာသားတွေခမျာ သမီးတွေ၊ ဇနီးတွေ၊ အိမ်ဖော်တွေ၊ အားလူး၊ ခရမ်းချဉ်သီး၊ မုန်လာဥ အဖြူ အနီတွေ ဖွက်ထားကြရတယ်။ သူတို့က အသားရှောင်ပေ မယ့် ရှေ့မှာ ပြောခဲ့တာတွေကို မရှောင်ကြဘူးလေ။

AD 1120 မှာ ဥရောပ အရှေ့ပိုင်း သက်သတ်လွတ်သမား barbarian hordes တွေက စိုက်ပျိုးထားသမျှ ကြက်သွန် အဖြူ အနီတွေအားလုံး တူးပြီး လုယူကြလို့ သက်သတ်လွတ်မဟုတ်တဲ့ တောင်သူတွေ တော်တော် ခံလိုက် ရတယ်တဲ့။
ဒါက သက်သတ်မလွတ် သမားတွေရဲ့ အကြောင်းပြချက်၊မဆိုးဘူးထင်တယ်။

သက်သတ်လွတ်ကိစ္စတွေ ပြောတာများလာတော့ တချို့က အိုလံပစ် အားက စား ပြိုင်ပွဲကိုတောင် နိုင်ငံအလိုက် မပြိုင်ဘဲ အစားအစာနဲ့ ခွဲပြိုင်ရင် ကောင်း မယ်လို့ အကြံပြုလာနေကြပြီ။
ဥပမာ သက်သတ်လွတ်အသင်း၊ သက်သတ်မလွတ်အသင်း၊ ကုန်းသတ္တဝါစားအသင်း၊ ရေသတ္တဝါစားအသင်း၊
မီးလွတ်အသင်း၊ မီးမလွတ်အသင်း စသဖြင့်ပေါ့။

အကြိုက်ဆုံးကတော့ ဖေးဘရိတ် မစ္စတာ ဂျင်းမ်ရဲ့ အောက်က အကိုးအကား ပါပဲ။
"To all you hunters who kill animals for food, shame on you; you ought to go to the store and buy the meat that was made there,where no animals were harmed." အသားစားဖို့ တောလိုက်တဲ့ မုတ်ဆိုးတွေ၊ ခင်ဗျားတို့ အစားရှက်တယ်။ အသားရောင်းတဲ့ဆိုင်မှာ သွား ဝယ်၊ အဲ့ဒီမှာ ထုတ်လုပ်တယ်၊ ဘယ်သတ္တဝါကိုမှ ညှင်းဆဲ၊ သတ်ဖြတ်နေစရာ မလိုဘူး "

ကဲ ဒါဆို ဗုဒ္ဓဘာသာများတဲ့ မြန်မာတွေကရော ဘာပြောကြမလဲ။ ( ပြောနေကြတာတော့ များနေပြီ )
သိသလောက် ၅ ပါးသီလထဲမှာတော့ အစားအစာနဲ့ပတ်သက်လို့ တစ်ခုပဲပါ တယ်၊ နောက်ဆုံးကဟာ။
အဲဒါ သက်သတ်လွတ်၊ မီးတော့မလွတ်ဘူး ထင်တယ်။ ( တချို့လွတ်၊ တချို့ မလွတ်ထင်တယ် ) ထင်တယ်ဆိုတာ သေသေချာချာ မသိလို့ ဆိုလိုတာပါ။

ဒါနဲ့ စကားမစပ် စာပေဟောပြောပွဲမှာ ဖိတ်ထားတဲ့ စာရေးဆရာ ( စာရေး ဆရာမ တွေ မပါ ) တွေကို နယ်ခံတွေက
" အသောက်အစား မရှိတဲ့ ဆရာတွေ ထမင်းစားကြွကြပါ ခင်ဗျား " လို့ ထမင်းစားဖိတ်တော့ တစ်ယောက်မှ မထကြဘူး တဲ့။ " တဲ့ " ဆိုတော့ တဆင့်ကြားပေါ့။ ။


 ဇင်ဝေသော်

ခရစ္စမတ် ဟာသများ


ကျောပေါ်မှာ မမြင်ချင်လို့ပါ

မြင်းစီးထားတဲ့ လမ်းပြပုလိပ်နဲ့ စက်ဘီးအသစ်စီးလာတဲ့ ကလေးတစ်ယောက် လမ်းမှာတွေ့ကြတယ်။
ရဲက
" စက်ဘီးလေးက လှတယ်၊ စင်တာ ( Santa ) ကပေးထားတာလား "
" ဟုတ်တယ် "
" စင်တာကိုပြော၊နောက်နှစ်ဆိုရင် နောက် မီးလုံးပါ ပါတဲ့ စက်ဘီးပေးပါလို့ "
နောက် မီးလုံးမပါလို့ ဆိုပြီး ရဲက ကလေးကို ဒဏ်ငွေ ( ၂၀ ) ရိုက်၊ ဖြတ်ပိုင်း ပြန်ပေးလိုက်တယ်။

ဖြတ်ပိုင်းကိုယူ၊ စက်ဘီးပေါ်တက်လိုက်ပြီး ကလေးက
" မြင်းကြီးက လှလိုက်တာ၊ စင်တာ( Santa ) က ပေးထားတာလား "
ကလေးကို ပြန်နောက်ချင်တဲ့ ရဲက
" ဟုတ်တယ်၊ စင်တာက ပေးထားတာ "
" စင်တာကိုပြောပေးပါ၊ နောက်နှစ်ဆိုရင် stupid ဦးနှောက် ကို မြင်းခေါင်းထဲမှာပဲ ထားပေးပါ၊ မြင်း ကျောပေါ်တင်ပေးမထားပါနဲ့လို့ "
ပြောရင်းဆိုရင်း ကလေးက စက်ဘီးစီးပြီး ထွက်သွားတယ်။



လျှို့ဝှက်တာဝန်

ချပ်ကျောင်းကနေ ထွက်လာတော့ ဂျက်က ကျနော့်ရှေ့မှာ။ တရားဟော ဆရာက အပြင်က ရပ်စောင့်ရင်း ထွက်လာတဲ့လူတိုင်းကို လက်ဆွဲနှုတ် ဆက်နေတယ်။
ဂျက်ကို လက်ဆွဲနှုတ်ဆက်အပြီး တရားဟော ဆရာက
" မင်းလည်း ဘုရားသခင်ရဲ့ တပ်မဟာထဲ ( Army of the Lord! ) ဝင်သင့်တယ် "
" ကျနော်က ဝင်ပြီးသားပါ ဗျာ "
" ခရစ္စမတ် နဲ့ အီစတာပွဲ ရက်က လွဲလို့ မင်းကို တွေ့လည်း မတွေ့မိပါလား "
ဂျက်က တိုးတိုးလေး သူများ မကြားစေချင်တဲ့ ပုံစံနဲ့
" I'm in the secret service." တဲ့။

ဈေးဝယ်စောမှု

ခရစ္စမတ်နေ့ဆိုတော့ စိတ်ကောင်းဝင်နေတဲ့ တရားသူကြီးက ချိုချိုသာသာပဲ တရားခံကို စစ်ဆေးတယ်။
" ဘယ်အမှုနဲ့ တရားစွဲခံရတာလဲ "
" စောစောစီးစီး ခရစ္စမတ်ဈေးဝယ်ထွက်မှုပါ "
" ဟင် ဒါက တရားဥပဒေ ချိုးဖောက်တာမှ မဟုတ်ဘဲ၊ ဘယ်လောက်များ စောသွားလို့လဲ "
" စတိုးဆိုင်မဖွင့်ခင် စိတ်ကြိုက် ဈေးဝင်ဝယ်လိုက်မိလို့ပါ "
( အွန်လိုင်းခရစ္စမတ် ဟာသများမှ )


 ကမ်းလက် 

အင်္ဂလိပ်စာ အမှားများ


ခရစ္စမတ်နေ့မို့ " ဗုဒ္ဓဘာသာနဲ့ စစ်တပ် " အစား အပျင်းပြေ ဟာသလေးများ ကိုပဲ တင်ပေးလိုက်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အင်္ဂလိပ်စာ အမှားလေးတွေ မို့ ဘာသာမပြန်ဘဲ သူ့အတိုင်းထားလိုက်ပါတယ်။

ဟော်တယ်ဝန်ထမ်းနဲ့ ဘီသိုဗင်

Writer Simon Winchester phoned the concierge at the Mandarin Oriental hotel to ask him for some Beethoven.
The usual concierge was off so Simon spoke to a young staff member.
“Do you know who Beethoven is?”
“No. What room is he in?”
“No, no, he’s dead.”
“Oh. We’d better call security.”

ကိုယ့်ကိုယ်ကိုယ် ဖုန်းဆက်လို့မရ

Colin Robertson called his own office at the Commission for Canada.
“This is Colin Robertson. I’d like to speak to—”
“Mr Robertson is not here.”
“No. THIS is Mr Robertson. I want—”
“Why are you calling yourself?”

ဒါဆို ဒီညတွေ့မယ်

Paul Frankland phoned Café de Paris in Lan Kwai Fong.
"My name is Frankland. I wish to cancel my reservation for tonight."
"You have a reservation for two people at 8 pm."
"Yes. I wish to cancel it."
"May I have your telephone number?"
"Why do you need my number if am canceling my reservation?"
"Okay. Thanks. See you tonight."

မနေ့က ရောက်ရင် ခေါ်ပါ
Alan Skyrme phoned an export firm in Kowloon. A receptionist answered:
"Mr Chan’s office."
"Is he available?"
"He is out of town. He is due back from his trip yesterday."
"If he was due back yesterday, can I get hold of him?"
"Please call back yesterday."

လျှပ်စစ်မီး မရောင်းပါ

Craig Sanderson’s house was suffering a power cut. He decided to phone Park ’n’ Shop supermarket to see if it was open, or whether it had also had a blackout.
"Is that Park n shop?"
"Yes."
"Do you have any electricity?"
"No, sir. We don’t sell electricity."

မနက်စာ ရောင်းချိန်
Simon phoned a Wyndham Street restaurant to ask about its menu.
“You have an all-day breakfast?”
“Yes sir.”
“When do you open?”
“Lunchtime, sir.”


 ကမ်းလက် 

မော်ဒန် ကလေးအဖေအသစ်များအတွက် Baby Manual


Microswift Baby 0.1 ကို မှာယူတဲ့အတွက် ကျေးဇူးတင်ပါသည်။ ရိုရိုသေသေ ကိုင်တွယ်မည်ဆိုလျှင် သင့်ကို နှစ်ပေါင်းများစွာ ပျော်ရွှင်စေပါ လိမ့်မည်။
But first, take a moment to register. Click here to register now.

Baby 0.1. ကို အသုံးမပြုမီ အောက်ပါလမ်းညွှန်ချက်များကို သေသေချာချာ ဖတ်ပါ။
သင့်ရဲ့ Microswift Baby 1.0 သည် Microswift Woman 2.0. ခေါ်သည့် container နဲ့အတူ ရောက်ရှိလာမည်ဖြစ်သည်။ ထို container ကို စနစ်တ ကျ ထားရမည်၊ မအေးလွန်း၊ မပူလွန်းသော ရာသီဥတုနှင့်ကိုက်ညီသည်။ ထို container ကို လွှတ်မချရ၊ အလေးအပင်များ သယ်ဆောင်ရန် မခိုင်းရ။ သို့သော် မည်မျှ ဂရုစိုက်စေ ထို container က မထင်မှတ်သော တုန့်ပြန်မှု ရှိနေတတ်သည်။ ဖြစ်ရိုးဖြစ်စဉ်ဟုသာ သဘောထားပါ။




( ၁ )
ပထမဆုံး Baby 0.1. ကို container မှ ထုတ်ယူရမည်။ ထိုအခါ အခက်အခဲ အနည်းငယ်ရှိနိုင်သည်၊ စိုးရိမ်စရာ မရှိပါ။ အထူးသတိပြုရန်မှာ Baby 0.1. ကို ထုတ်ယူရာ၌ ကျောက်လှည့်၊ တူ၊ ရဲတင်း စသည်တို့ကို မသုံးရန်ဖြစ်သည်။
သင်တွေ့ရမည့် ပစ္စည်းတို့သည်
Baby 0.1
Placenta
Umbilical cord တို့ဖြစ်သည်။
(If any of these are not present, please see your dealer.)

( ၂ )
Once Baby 1.0 is out of the package၊ သူကိုယ်တိုင် စတင် အလုပ်လုပ် မည်။ အလုပ်မလုပ်သေးဘူးဆိုလျင် တင်ပါးလိုနေရာမှာ ညင်သာစွာ ပုတ်ပေး လိုက်ပါ။ ( ရဲတင်း စသည် မသုံးရ )
အလုပ်လုပ်ခြင်းဟူသည် " အူဝဲ အူဝဲ အူဝဲ " ဟူသော အသံထွက်လာခြင်း ကို ဆိုလိုသည်။ ထို အူဝဲကြောင့် စိုးရိမ်စရာမရှိ။

( ၃ )
Baby 0.1 အပြင်ရောက်လာပြီးနောက် ဘက်ထရီ ချက်ချင်းသွင်းထားရမည်။ ဘက်ထရီသွင်းရန် container ၏ storage device နှစ်ခုမှ တစ်ခုခု နှင့် ဆက်သွယ်ထားရမည်။ ဆက်သွယ်ရာ၌ Baby 1.0 ၏ မျက်နှာပေါ်ရှိ နှင်း ဆီနုရောင် ဂျက်ပင်အပေါက်နှင့် ( သူ့ကို Mouth ဟု တက်ကနီကယ် တမ်း ဖြင့် ခေါ်သည် ) ဆက်သွယ်မှသာ ဘက်ထရီဝင်မည်။ အခြားဂျက်ပင်အပေါက်များနှင့် ( ဥပမာ Ear or Nostril ) ဆက်သွယ်လျှင် ဘက်ထရီ လုံးဝ မဝင်ကြောင်း သတိပြုပါ။
ဘက်ထရီ တစ်ခါသွင်းထားလျှင် နာရီအတော်ကြာ ခံသည်၊သို့သော် ဘက်ထ ရီကို ပုံမှန်သွင်းပေးရမည်၊ ပုံမှန်ဆိုရာ၌ ညချိန်ပါ ပါဝင်သည်။

( ၄ )
Baby 0. 1 ကို ဘက်ထရီသွင်းရာ၌ မူလ အော်ရီဂျင်နယ် container ၏ storage device နှစ်ခုကိုသာ အမြဲ အသုံးပြုဖို့လိုအပ်သည်။ သို့မဟုတ်ပါက ရေရှည်၌ Baby 0.1 ၏ ပါဖောင်မင့်ကို တနည်းမဟုတ် တနည်း ထိခိုက်လာနိုင်သည်။
၎င်း Baby 0.1 ညစ်ပတ် ပေရေခဲ့သော် washing machine ထဲ ထည့်ပြီး မလျှော်ရ၊ တစ်ရှူး ( သို့ ) နူးညံ့သောအဝတ်ဖြင့်သာ သန့်စင်ပေးရမည်။ ထိုထက်ပိုပြီး ဆိုးရွားသော် ( သို့ ) Baby 0.1 မှ မကောင်းသော အနံ့အသက် လိကောက် ( ယိုစိမ့် ) ဖြစ်သော် သင်ကိုယ်တိုင် ဖြေရှင်းမရတော့ပါ။ ထိုကိစ္စကို ဖြေရှင်းရန် Woman 2.0 ထံ ပြန်ပို့ပေးပါ။

( ၅ )
Enjoy Baby 0.1 ။ သင့် ဆွေမျိုးများ၊ မိတ်ဆွေမျာကို ပြနိုင်သည်၊
Baby 0.1 ကို လက်ခံ၊ သုံးစွဲပြီးသည့်နောက် နောက်ထပ် Microswift Babies.များ ဆက်လက်လိုချင်လာလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်မိပါသည်။
And if you don’t – well, there’s a no returns policy. So get used to it.

Ref : The Baby Manual The for Modern Men
By: Mr Jam


 ဇင်ဝေသော်

အသင်းကြီးတွေ အာရုံနောက်တဲ့ အပတ်


အသင်းငယ်တွေ ခံ ကန်သွားတဲ့ အပတ်ပါပဲ။ အဆင်နယ်က ပင်နယ်တီ၊ မန်စီးတီးက အချိန်ပို ဂိုးနဲ နိုင်သွားတယ်။ ကံသီလို့သာပေါ့ ရွှေခြံရာ။
တော့တင်ဟန်လည်း မဟန်နိုင်ခဲ့ဘူး။ မန်ယူက ဆွမ်ဆီးကို သရေ။ ဆွမ်ဆီးကစားသွားတာက အသင်းငယ်ဆိုပေမဲ့ အိမ်ကွင်းဆိုတော့ ခပ်တင်းတင်းပဲ။
တကယ်က ကံလည်းပါတယ်။

ဒါနဲ့ ပတ်သက်ပြီး....
ဖာဂူဆန်ကို အစားထိုးဖို့ အတွင်းရေး တစ်ပြေးနေတာက မော်ရင်ညိုမဟုတ်၊ ဂွာဒီယိုလာ မဟုတ်။
ဆွမ်ဆီးနည်းပြ မိုက်ကယ် လောဒရပ် ဖြစ်နေတယ်။ စိတ်ဝင်စား စရာ။ လူတော်ပဲ။ ယဉ်လည်း ယဉ်ကျေးတယ်။
ဟီလာရီကို ကင်နီ နဲ့ အစားထိုးမယ့် အိုဗားမားထက်တောင် မိုက်သေးတယ်။

ချယ်လ်ဆီး ဗီလာက ခမ်းမင်း ဆွန်း။ ဂိုးမပြတ်လောက်ဘူး ထင်တယ်။ ပြတ် ရင် ချယ်လ်ဆီး ခွင်ဖောက်တာပဲ။
ဂိုးပြတ်နိုင်သွားပေမဲ့ လီဗာပူးက အခုတလော အသင်းကြီးလား၊ အသင်းလေးလား မသိတော့ဘူး။ ( ဆောရီး လီဗာပူး ခရေးဇေး တို့ ရေ )
ဒါကြောင့် အသင်းကြီးတွေ အသက်ရှူမချောင်တဲ့ အပတ်လို့ ပြောရတာပါ။


 ဇင်ဝေသော်

ပြန်ကို ပြန်ရမယ့် ကွန်မင့် ( ၂ )


အက်သစ်ရဲ့ အဓိပ္ပါယ်ကတော့ အဘိဓာန် အကြီးအသေးပေါ်မှာ မူတည်ပြီး အတို အရှည်ကွဲတာကလွဲရင် အဘိဓာန် တိုင်းမှာ ပါပါတယ်။
ကလေးအက်သစ်က " မာမီ ကုတင်အောက်မှာ ပုန်းနေတယ် " ဖြစ်ပေမယ့် လူကြီး အက်သစ်က ဒီထက်တော့ ပိုသင့်တာပေါ့။
ဥပမာ အေးအေးဆေးဆေး ဇနီးနဲ့ တေ့တေ့ဆိုင်ဆိုင် စကားပြောတာမျိုး၊ တကယ် အပြစ်ရှိရင်လည်း ထွက်ပြီး ရင်ဆိုင်လိုက်၊ ကိုယ်တစ်ယောက်လုံး ရှိတယ်လို့ အားပေးတာမျိုး စသည် စသည် ဖြစ်နေရမှာပေါ့။
" ဟုတ်ပါတယ်ဗျာ၊ ခင်ဗျားတို့ အလိုရှိနေတဲ့ ကျနော့်ဇနီးကတော့ ကုတင်အောက်မှာ ပုန်းနေလေရဲ့ " ဆိုရင် အက်သစ်တော့ အက်သစ်ပေါ့။ ဒါပေမယ့် ကလေးအက်သစ်။
အဖမ်းခံရမယ့် နေရာက မဟုတ်ရင် အက်သစ်အရေးကြီးကြောင်း ပြောရ တာ တော်တော် အရသာရှိပါတယ်။ သဘောတူတယ်။

ဒုတိယ ကိစ္စက ပြောသင့်၊ မ ပြောသင့်၊ ဒါလည်း အက်သစ်ပဲ။ မှန်တယ်၊ ပြောရမလား။ ပြော၊ မပြောရဲ့ အကျိုးဆက်တွေက ဘာလဲ။ ဒါပါ။

ပြီးတော့ အင်္ဂလိပ်စကားပြော မဟုတ်တဲ့ နိုင်ငံသားတွေ အတွက် အပို ရှိသင့်တဲ့ အက်သစ်။
ဒီအကြောင်းကို ပြောမှရမယ်၊ ဒါပေမယ့် ဘယ်ဘာသာစကားနဲ့ပြောမလဲ။
မြန်မာလို ပြောဆို၊ ဝေဖန်၊ ရေးသားက အချင်းချင်း လက်တို့ပြောတာမျိုးပါ။ ဒီကိစ္စ ( မစွံတဲ့ကိစ္စ ) ကို အပြင်လူ မသိစေချင်တဲ့ စေတနာပါတယ်။
အဓိပ္ပါယ်တူ စကားတစ်ခွန်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြောကြည့်ပါ။ ကျယ်ပြန့်မှု မတူသလို အဓိပ္ပါယ်ယူဆပုံလည်း လုံးဝ မတူနိုင်ဘူး။ အင်္ဂလိပ် မီဒီယာ သယ်သွားတဲ့ သတင်းက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ တွေးပုံခေါ်ပုံနဲ့ လုံးဝမတူတဲ့ လူထုဆီကို ဖြစ်နေ ပါတယ်။

ကျနော် အရင်ဆောင်းပါးမှာ ပေးခဲ့တဲ့ အချက်တွေနဲ့ ပတ်သက် လို့ ပြော ချင်၊ ရေးချင်တာလည်း လက်တွေယား၊ အင်္ဂလိပ်လို မရေး တတ်တာလည်း မဟုတ်၊ မရေးသင့်ဘူး ထင်ပါတယ်လေ ဆိုပြီး ( အင်္ဂလိပ်လိုမရေး ) မြန်မာလိုပဲ ရေးတဲ့ ပြည်တွင်း ပြည်ပ ပညာ ရှင်တွေ အများကြီးရှိနိုင်တယ်။
ဒီ မီဒီယာခေတ်ကြီးမှာ ဘာမှ ဖုံးအုပ်လို့ မရဘူးဆိုတာတော့ လူတိုင်းသိပါ တယ်၊ သူတို့ စေတနာက ကိုယ့်ကြောင့်တော့ မဖြစ်စေ ချင်ဘူး။ ဒါပါပဲ။

ဒေါ်စုကို ဘယ်သူမှ မဝေဖန်သင့်ဘူးလို့တော့ မပြောခဲ့ဖူးပါဘူး။

မြန်မာအစိုးရကို ဝေဖန်အကြံပြုချင်တာ၊ ပြည်သူကိုအသိပေးချင်တာဆိုရင်တော့ အင်္ဂလိပ်လိုရေးလည်း အပိုပဲ၊ အခြားအကြောင်းတွေရေးတာက အဓိပ္ပါယ်ရှိတယ်၊ အင်္ဂလိပ်လို မဖတ်နိုင်သူတွေကို မြန်မာတစ်ယောက်က အင်္ဂလိပ်လိုရေးပြီး ဝေဖန်တာက ဘာအဓိပ္ပါယ်ရှိမှန်း ( သိတော့သိတယ် ) မသိလို့။



ဇင်ဝေသော်

အက်သစ်သဘောနဲ့ အူကြောင်ကြား အင်္ဂလိပ်တတ် မြန်မာများ


အက်သစ်ဟာလည်း လူလားမမြောက်သေးတဲ့ ကလေးတွေလက်ထဲ ရောက် သွားရင် မိဘတွေ အဖမ်းခံရတတ်ပါတယ်။
ဒါကို လူလားမြောက်သူ အမြင်နဲ့ ကျေးဇူးပြု ခဏကြည့်ပေးပါ။ ပြီးတော့ တစ် ခုခုကို ဆုံးဖြတ်ကြည့်ပါ။
အသေးစား ဥပဒေ တစ်ခုနဲ့ ငြိနေတဲ့ အမျိုးသမီး ( ကလေးအမေ ) တစ်ယောက်ကို ရဲက အလိုရှိတယ်။ လိုက်ရှာတယ်။
အိမ်ထဲမှာ သူမရှိသလားလို့ ရဲက မေးတော့ အမျိုးသား ( ကလေးအဖေ ) က မရှိဘူး လို့ လိမ်တယ်။
အဲဒီ အချိန် ကျောင်းမှာ အက်သစ်သဘောတရား နားထောင်ခဲ့ရတဲ့ ၄ နှစ် အရွယ် သမီးလေးက
" ဒယ်ဒီ လိမ်တာ၊ မာမီက ကုတင်အောက်မှာ ပုန်းနေတာ " လို့ ရဲကိုပြောလိုက်လို့ မယားရော လင်ပါ အဖမ်းခံရတယ်။ အဲဒါ အမေရိကမှာ။

နောက်ကလေး တစ်ယောက်ကလည်း အမေရိကမှာပဲ။ သူ့အဖေက တေးဂီ တပညာရှင်၊ မူးယစ်ဆေးဝါး ပပြောက်ရေး ကျောင်းကပွဲမှာ ဖျော်ဖြေခဲ့သူ။
အဲ့ဒါ ၅ နှစ်းသား သားငယ်က
" မူးယစ်ဆေးဝါး ပပြောက်ရေး ကျောင်းကပွဲမှာ ဖျော်ဖြေခဲ့ပေမယ့် အိမ် မှာတော့ ဒယ်ဒီက တရားမဝင် ဆေးဝါးတွေ သုံးစွဲပါတယ် " လို့ သူ့ဆရာတွေကို သွားပြောတယ်။
ဆရာတွေက တဆင့် ရဲဆီသတင်းရောက်သွားပြီ့း  ဒယ်ဒီလည်း အဖမ်းခံ လိုက်ရလေရော။
အဲ့ဒါ ၄ နှစ်အရွယ် သမီးလေးနဲ့ ၅ နှစ်းသား သားငယ်လေးတို့ရဲ့ အက်သစ်ပေါ့။ ကဲ ဘယ်လိုပြောကြမလဲ။ အက်သစ်တော့ အက်သစ်ပေါ့လေ။

ကျနော်တို့ ပြည်တွင်းပြည်ပမှာလည်း ၄ ၊ ၅ နှစ် ကလေး အက်သစ်နဲ့ နိုင်ငံ၊ အစိုးရနဲ့ လူထု ဒုက္ခရောက်အောင် အင်္ဂလိပ်လို လျှောက်ရေးတဲ့ မနူးမနပ် ပညာတတ်တွေရှိတယ်။
မာမီကုတင်အောက်မှာ ပုန်းနေတယ်၊ ဒယ်ဒီ ဆေးသုံးတယ် ဆိုတာမျိုးတွေ။

ကမ္ဘာကျော်အောင် အမေရိကန် သမ္မတကို သေနတ်နဲ့ ပစ်ရတယ်ဆိုသလို ပါပဲ မြန်မာလူမျိုး တစ်ယောက် ကမ္ဘာကျော်ချင်ရင်.........
၁ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ပြစ်နှစ်နှစ် အင်္ဂလိပ်လိုရေးပြီး ဝေဖန်
၂ ။ ရိုဟိန်ဂျာကို ထောက်ခံကြောင်း အင်္ဂလိပ်လိုရေး
၃ ။ မြန်မာအစိုးရ လူ့ အခွင့်အရေး ချိုးဖောက်ဆဲဆိုတာ သာဓကတချို့နဲ့ အင်္ဂလိပ်လိုရေး
၎ ။ လက်ရှိအစိုးရဟာ နောက်ကြောင်းပြန်လှည့်နိုင်တယ် ဆိုတာ ကောက် ချက်တချို့၊ အကိုးအကားတချို့နဲ့ လှလှပပရေး
၅ ။ ရေးတဲ့အခါ မြန်မာနာမည်စစ်စစ်နဲ့ရေး

ခင်ဗျားတို့လည်း အက်သစ်ရှိသူဖြစ်၊ နာမည်လည်းကြီး။ သေချာတယ် ကမ္ဘာ မှာ ခင်ဗျားတို့အတွက် တစ်နေရာစာရှိပါတယ် မနူးမနပ် ပညာတတ်ကြီး တို့ ...... ရေ။



ဇင်ဝေသော်

စနေ ဘောလုံး ( ၄ ) ပေါလ်စခိုးလ်း Or A man who has nothing to say


" စနေ ဘောလုံးဆိုတာ " ဘောလုံး သဘောတရားတွေထက် ဒီလောကထဲ က လူတွေရဲ့ အကြောင်း၊ ပြုံးစရာသတင်းတွေ အကြောင်းကို ခံစားရသ လို ရေးမိတာပါ။

ပေါ်ပြူလာ ဖြစ်တဲ့နေရာမှာတော့ ဒေးဗစ် ဘက်ခမ်းနဲ့ ပေါလ်စခိုးလ်းတို့က မတူဘူးပေါ့။
ဒါပေမယ့် သူတို့နဲ့ အနီးဆုံး၊ အချစ်ဆုံး ( Nearest and dearest ones ) လူ သားတွေဆီမှာတော့ တန်ဖိုးတစ်ခုခု ရှိနေမှာ အမှန်ပဲ။ပေါ စခိုးလ်း ကစားခဲ့ ပုံတွေနဲ့ သူ သွင်းယူခဲ့ရတဲ့ ခက်ခက်ခဲခဲ အနိုင်ဂိုးအကြောင်းသတင်းေ ထာက်တွေက မေးမယ် လုပ်နေချိန်မှာ ပေါ စခိုးလ်း ဆိုတဲ့လူကတော့ သူ့ဇနီးနဲ့ သူ့ကလေးတွေရှိရာကို အမြန်ရောက်ဖို့ အဝေးပြေးလမ်းမပေါ်မှာ ဂီယာတွေ တင် မောင်းနေပေါ့။

" ပေါ စခိုးလ်း က ဒါတွေကို ပြောနေမယ့်အစား သူ့ဇနီးနဲ့ သူ့ကလေးတွေဆီ အမြန်ရောက်ဖို့ပဲ စဉ်းစားနေတဲ့ ကောင် "
က ဂုရုကြီး ဖာဂူဆန်ရဲ့ တပည့် အစား အဖြေစကား။
သူ့ အောင်မြင်မှုကို သူ့ဇနီးနဲ့ သူ့ ကလေးတွေကိုပဲ အရင် ပြောပြချင်တာ လား၊ ပေါ်ပြူလာဖြစ်ခြင်းကို မလိုလားတာလား ဆိုတာတွေကတော့ ဝေဝါး ဆဲပါ။ ဒါပေမယ့် ကြာဆံ ဆံပင်တွေနဲ့ ပေါ စခိုးလ်းကို မန်ယူ ပရိဿတ်တွေ ချစ်တာ ထက် သူ့ဇနီးနဲ့ သူ့ကလေးတွေက ပိုပြီး ဂုဏ်ယူကြမယ်လို့ ထင်တယ်။ သူ့ကို ကမ္ဘာက သိပေမယ့် လူလေးယောက်သာ အနီးဆုံးရှိတဲ့ ဘဝထဲ နေ ရဲတဲ့ ပေါ စခိုးလ်း ဟာ တကယ် မိသားစုကို တန်ဖိုးထားတဲ့ လူတစ်ယောက် ဆိုတာတော့ မန်ယူ ကို မုန်းသူတွေတောင် မငြင်းရဲပါဘူး။ ကွင်းထဲက ဘောလုံး၊ ကွင်းပြင်က ဇနီးနဲ့ သူ့ ကလေးတွေကလွဲရင် သူ့မှာ ဘာမှ မရှိသလိုပဲ။ ရှားလွန်းတဲ့ ၂၀၊ ၂၁ ရာစု ဘောလုံးသမားပါပဲ။

သူ့အကြောင်းပြောကြသူတွေထဲ သူ့ အသင်းသား မဟုတ်သူတွေကို ရှာ ကြည့်မိတော့ ဘာစီလိုနာက ကွင်းလယ် မာရှယ်ဂျင်နရယ် ရှဗီ ဟာနန်ဒက် ကို အရင်တွေ့ရတယ်။
" Paul Scholes is a role model. For me – and I really mean this – he’s the best central midfielder I’ve seen in the last 15, 20 years. I’ve spoken to Xabi Alonso about him. He’s spectacular, he has it all: the last pass, goals, he’s strong, he doesn’t lose the ball, vision. If he’d been Spanish he might have been rated more highly. Players love him."
ပေါလ်စခိုးလ် က ရိုးလ်မော်ဒယ်ပါ။ ကျနော့်အတွက်တော့ ကျနော်သိ မီ တဲ့ ၁၅ နှစ် နှစ် ၂၀ ကာလမှာ သူဟာ အတော်ဆုံး ကွင်းလယ်ကစားသမားပါပဲ။ ဒီအကြောင်း ရှဗီ အလောင်ဆိုနဲ့ ပြောဖူးတယ်။ ဘက်စုံ ထူးချွန်တဲ့ ကစားသ မားပဲ၊ ပေးနိုင် ယူနိုင်၊ ဂိုးသွင်းနိုင်ပဲ။ သန်တယ်၊ သူ့ဆီကဘောလုံး ဆုံးခဲ တယ်၊ အကွက်မြင်တယ်။ သူသာ စပိန်တစ်ယောက်ဆိုရင် သူ့ကိုပိုပြီး အသိ အမှတ်ပြုကြမှာ၊ ကစားသမားတိုင်း သူ့ကိုချစ်ကြတယ်။

ရှဗီ ဟာနန်ဒက် ကို လိုဗ်က်ဝိတ် ( အကောင်သေးတယ် ) ထင်ရင် လဲဂျင့် ခေါင်းပြောင်ကြီး ဇီဒန်း ပြောတာကို နားထောင်ကြည့်ရအောင်
Zinedine Zidane: " My toughest opponent? Scholes of Manchester. He is the complete midfielder. Scholes is undoubtedly the greatest midfielder of his generation."
ကစားရ အခက်ဆုံး ကစားသမား လား၊ မန်ယူက ပေါလ်စခိုးလ်ပဲ။ ဘက်စုံတော်တဲ့ ကွင်းလယ် ကစားသမား။ သူ့မျိုးဆက်မှာတော့ အတော်ဆုံး ကွင်းလယ် ကစားသမားတစ်ယောက်ပဲ။

ဒီအထဲ ပီလီတောင် ပါနေသေးတယ်။ " ပေါလ်စခိုးလ်နဲ့ ဆို သူ ဒီထက် ဂိုးပိုများအောင် သွင်းနိုင်မယ် " တဲ့။
Pele: " If he was playing with me, I would score so many more. "

သူတို့ အထဲမှာ ကွင်းပြင် အထိရောက်အောင် ပေါလ်စခိုးလ် အကြောင်း ပြောပြနိုင်သူကတော့ ပေါ်တူဂီက ဖီဂိုပါ။
Figo:" I’m star-struck when I see Paul Scholes because you never see him. On the pitch you can’t catch him. Off the pitch he disappears."
ပေါလ်စခိုးလ်နဲ့ ကစားရတာဟာ ကြယ်ပွင့်ရှာရသလိုပဲ။ ကွင်းထဲမှာလည်း သူ့ကိုဖမ်းလို့မမိဘူး။ ကွင်းပြင်ရောက်ပြန်တော့ ဒီလူက ပျောက် သွားပြန်ရော၊ မြင်ကို မမြင်ရတော့ဘူး တဲ့။

ပေါလ်စခိုးလ်ရဲ့ အတွင်းကာရိုက်တာကိုတော့ သူနဲ့ အနီးကပ်နေခဲ့ရတဲ့ ရွိုင် ကိန်းက အသိဆုံး ဖြစ်မှာပေါ့။ ရွိုင်ကိန်းကလည်း နုနုရွရွ မပြောတတ်ဘူး။
Roy Keane: No celebrity bulls**t, no self-promotion – an amazingly gifted player who remained an unaffected human being.
နိုး စလီဘရစ်တီ ဘူးရှစ်၊ ကိုယ်ဂုဏ်ကို မဖော်၊ ဒီဘောလုံးလောကရဲ့ လွမ်းမိုး မှု လုံးဝ မခံရတဲ့ အံ့ဩစရာ ဘောလုံးသမား တဲ့။

သူ့အကြောင်း စာရေးမယ်ဆိုတော့လည်း သူပြောစကား ကိုးကားဖို့ဆိုတာက မရှိ။ ဒီတော့ " A man who has nothing to say " တဲ့။
ကလပ်တွေ ပြောင်းချင်တိုင်း ပြောင်းနေကြတဲ့ ခေတ်ကြီးထဲမှာ မန်ယူကလွဲ ရင် ကစားစရာ ကလပ် မရှိဘူးလို့ ထင်ထားဟန်တူပါရဲ့ ဒီရာသီကုန်ရင် ဘောကန်ဖိနပ်ကို တိုင်မှာပဲ ချိတ်ထားတော့မယ် ဆိုလေရဲ့။
သူ့မန်နေဂျာ၊ သူ့ကစားဖော်တွေက ကမ္ဘာ့ စာမျက်နှာ မျက်နှာဖုံးတွေ မှာ တွေ့ရတတ်တဲ့ ဘက်ခမ်းထက် သူ့ကို ပိုတန်ဖိုးထားတယ်ဆိုရင်...
သူ့ကစားဟန်တွေကို ကင်မရာရှေ့မှာ တခမ်းတနား ကြွားဝါနေဖို့ထက် ပြီး တာနဲ့ ဇနီးနဲ့ ကလေးသုံးရောက်ရှိရာကို ဖုတ်ဖက်ခါရင်း ထွက်ပြေးသွားတတ် တဲ့ သူ့အတွက် ဇနီးနဲ့ ကလေးတွေက သိုသိပ်စွာ ဂုဏ်ယူနေကြတယ်ဆိုရင်..
ကျနော်တို့ ငြင်းစရာစကား ရှာမရနိုင်ဘူး။ ။

Nickname
Scholesy
Ginger Prince

Height
5' 7" (1.70 m)

Spouse
Claire Froggatt (February 1999 - present) 3 children


ဇင်ဝေသော်

မင်္ဂလာပါ ကမ္ဘာ

ကမ္ဘာပျက် ကြိမ်စာတစ်ခု ကျော်ခဲ့ရပြန်ပြီ
ကမ္ဘာကို လာဖျက်မယ့် နီဘုရုဂြိုဟ်လည်း " No where near to see. "
မာယန် ရဲ့ ဘာသာပြန်ဆိုမှုကလည်း " Lost in translation. "
ဒီစာကို သင်ဖတ်နိုင်ရင်
ကမ္ဘာဟာ ကျန်းကျန်းမာမာ ပဲ ကွဲ့
လို့ သတင်းစာတွေ ပြောနေကြတယ်။
Niburu ခေါ်တဲ့ Planet X ဟာ
၂၀၀၃ ခု ကတည်းက ကမ္ဘာဖျက်ဖို့ အော်နေခဲ့သပ
နာဆာက ပေါချောင်ကောင်း ကောလဟလကို မဝယ်ခဲ့ဘူး
လူ့သမိုင်းမှာ ကမ္ဘာဖျက် ကောလဟလ သန်းချီလို့ ထွက်ခဲ့ဖူးပ တဲ့။

နောက်ပြီး ကျန်နေသေးတဲ့ ကောလဟလ တွေက
ကမ္ဘာဟာ လုံးဝအမှောင်ကျ ဘလက်ကောက်ဖြစ်ရဦးမယ်
ကမ္ဘာ လည်ပတ်ပုံပြောင်းပြီး ကမောက်ကမဖြစ်ရဦးမယ်
ဆိုလာမုန်တိုင်း တိုက်ခတ်တာ ခံရဦးမယ်
နာဆာက ပေါချောင်ကောင်း ကောလဟလကို မဝယ်ခဲ့ဘူး။

လူသားက Planet X အစား X- Factor ကို မွေးစားလိုက်တယ်
အာဒမ် ဝက စတွက်ရင်
ကောလဟလ တွေ ကျဆုံးပြီးပြီ
ကိုလိုနီတွေ ကျဆုံးပြီးပြီ
အာဏာရှင်တွေ ကျဆုံးပြီးပြီ။

ဒီမနက်မှာတော့
ရင်ကော့ကော့နဲ့ လမ်းသလားနေတဲ့ ကမ္ဘာကိုတွေ့လို့
ဟောင်း အာ ယူ
မင်္ဂလာပါ ကမ္ဘာ။ ။


 ဇင်ဝေသော်

နာမည်သတိ၊ ပြောသတိ


တောင် အာဖရိက အထက်တန်းကျောင်းရဲ့ နာမည်က " Thighs of a Virgin High School " တဲ့။ ဒါကို တရားဝင်နာမည်ပြောင်းဖို့ အာဏာ ပိုင်တွေက ပြင်ဆင်တော့ တချို့က သဘောမတူကြဘူး။
တောင် အာဖရိကမှာ ရယ်စရာ နာမည်နဲ့ ကျောင်း အမည်တွေ တော်တော် များတယ်။
Pickpocket Primary School ( ခါးပိုက်နှိုက် မူလတန်းကျောင်း ),
Drink Primary School ( ယမကာ မူလတန်းကျောင်း ) and
Prison Primary School. ( အကျဉ်းထောင် မူလတန်းကျောင်း) စတာတွေ တဲ့။

Thighs of a Virgin High School ကတော့ အလွန် "Thighs " လှတဲ့ အမျိုး သားတစ်ယောက်ကို ဂုဏ်ပြု မှည့်ခေါ်ထားတာဖြစ်လို့ တချို့ကသဘော မတူ ကြတာ လို့ဆိုပါတယ်။

ဒါနဲ့ ( "Thighs " ) နဲ့ ဆက်စပ်ပြီး အဖြူတွေနဲ့တွေ့၊ သူတို့ မသိဘူးဆို ပြီး မြန်မာစကား အရမ်းကာရော ပြောလိုက်မိလို့ ဒုက္ခရောက်ရပုံလေး ရှဲ ချင် လို့ပါ။
တက္ကသိုလ်ထဲ ရောက်လာတဲ့ အဖြူ ( ဂျာမန် ) အမျိုးသမီး တစ်ယောက် ကို နောက်ကနေကြည့်ပြီး ကျောင်းသားတစ်ယောက်က
" တိုးရစ်မကြီးက တောင့်တာ " လို့ အသံထွက် မှတ်ချက်ပြုတယ်။
အဲ့ဒီ တိုးရစ်မကြီးက နောက်လှည့်ပြီး

" ကျေးဇူးပါ၊ ဒါပေမဲ့ အဲသလိုပြောတာ သိပ်မကောင်းဘူးလေ၊ တိုးရစ်မကြီး က " ချော "  လိုက်တာလို့ ပြောရင် ပိုလို့ ပျော်စရာ ကောင်းတာပေါ့ " လို့ ပြန်ပြောတယ်။
သေလိုက်ပေါ့ ရွှေမြန်မာ ကျောင်းသား။ အဲ့ဒီ ဂျာမန် အမျိုးသမီးကြီး က မြူးနစ်တက္ကသိုလ်က မြန်မာစာ ပါမောက္ခကြီး။


 ဇင်ဝေသော်

တရုပ် အမေရိကန်တို့ ကွဲပြားတဲ့ အခြေခံစိတ်


အမေရိက ဆင့်ဒီ ဝုဒ် အယ်လီမင်ထရီ ကျောင်းမှာ သေနပ်သမား ဝင်ရမ်း သွားတဲ့နေ့နဲ့ တစ်နေ့တည်း မှာပဲ အရင်နှစ်က တရုတ်ပြည်က အယ်လီမင်ထ ရီ ကျောင်းမှာလည်း လူရမ်းကား တစ်ယောက်က ဓားနဲ့ ဝင်ရမ်းသွားတယ်။

သူတို့ကလေးတွေရဲ့ လုံခြုံရေးအတွက် ကျောင်းအုပ်ကြီး အပါအဝင် အမေရိ ကန်ဆရာတွေက ကျည်ဆံကို ဝင်ခံပြီး အသက်ပေးသွားကြတယ်။ တရုတ်ဆရာတွေကတော့ ထွက်ပြေးသူက ပြေး၊ ပုန်းနေသူက ပုန်း။ ကလေးပေါက်စတွေနဲ့ ဓားသမားကို လွှတ်ထားကြတယ်။

အကြမ်းဖက်မှုသတင်းကို အာဏာပိုင်တွေဆီ အကြောင်းကြားတော့
အမေရိကန် အာဏာပိုင်တွေက ချက်ချင်း တုန့်ပြန်ပြီး တရုတ်အာဏာ ပိုင်တွေက ဟန်းဖုန်းနဲ့ ဂိမ်းကစားတာတောင် မပျက်ဘူး။


အကြမ်းဖက်မှု သတင်းနဲ့ ပတ်သက်ပြီး သတင်းဌာနတွေက မေးတော့
အမေရိကန် အာဏာပိုင်တွေက တလေးတစား သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးတယ်၊ တရုတ်အာဏာပိုင်တွေက " No point talking about it " ဒီအကြောင်းပြောနေလို့ ဘာ အဓိပ္ပါယ်ရှိမှာတုန်း လို့ ဖြေတယ်။

လက်နက် " ကွဲ " တာကလွဲရင် အကြမ်းဖက်လိုမှု စိတ်ရိုင်းကတော့ အတူတူ ပါပဲ။
အခု ပုံစံနဲ့ဆို တရုတ် အကြမ်းဖက်သမားလက်ထဲ သေနတ်ရောက် သွားရင် ကလေးတွေ အတွက် မတွေးရဲစရာပဲ။
အပြစ်မဲ့တဲ့ ကလေးလေးတွေဟာ ဘာကြောင့်များ စိတ္တဇသမားတွေရဲ့ ပစ် မှတ်ဖြစ်နေရသလဲဆိုတာ စိတ်ပညာရှင်တွေ ခေါင်း ရှုပ်နေရတဲ့ ပြဿ နာ ဖြစ်နေဆဲပါ။

ဒီခေတ်ကြီးထဲမှာ ကျောင်းဆရာ တစ်ယောက်ဟာ စာသင်ပေးရတာထက် တာဝန်တွေ အများကြီး ပိုလာနေပြီ။
မဖြူဖြူသင်း ရေ။ ကလေးအားလုံး ဘေးရန်ကင်းဖို့ ဆုတောင်းကြရအောင်။ တကယ်လို့ တစ်ခုခုဆိုရင်လည်း အမေရိကန်တို့ သမိုင်းက လှတယ်။ ဘာသာတရားတိုင်းက ချီးမွမ်းတယ်။ လူသားတိုင်းက လေးစားတယ်။

အဖြူ နဲ့ အမည်း။ ကလေးနဲ့ သေနတ်၊ ဓား။ အတ္တစိတ်နဲ့ အနစ်နာခံစိတ်။
အမေရိကန်ဆရာတွေ နဲ့ တရုတ်ဆရာတွေ။ အမေရိကန် အာဏာပိုင်တွေနဲ့ တရုတ်အာဏာပိုင်တွေက ပြယုဂ်တစ်ခု အပိုပေးထားခဲ့သေးတတယ်။

BEIJING - There were fewer children injured and no deaths in a knife attack at a school in China that happened on the same day as the Sandy Hook Elementary School massacre in the United States. But the soul-searching is no less intense.

In the attack in China - the latest in a series of similar incidents since 2010 - a knife-wielding man slashed 22 children in a primary school in Guangshan county in central Henan province. Coincidentally, it happened last Friday, the same day 20 pupils were murdered in the Connecticut school.

As in the US, the attack triggered renewed concerns over school safety and questions on how the mentally ill are treated. But for many, the most pressing worry is the conduct of the Chinese teachers, whose actions were in sharp contrast to those of their US counterparts.

During the Henan attack, which saw most of the pupils aged six to 11 suffering head wounds, teachers were nowhere to be seen. They had reportedly either fled for their lives or were slow in arriving at the scene.


 ဇင်ဝေသော်

ဒီတောင်ကို မောင်ဖြိုနိုင်ပါ့မလား ( ချန်ပီယံ လိဒ် )


ကံကောင်းတော့ မန်ယူက အုပ်စု ဗိုလ်၊ ကံဆိုးတော့ မက်ဒရစ်နဲ့တွေ့။ ကြိုဆို ပါတယ် ရော်နာဒို။
ကံသီလို့ အာဆင်နယ်က အုပ်စုတက်၊ ကံဆိုးတော့ ဘိုင်ယာနဲ့ထပ် တွေ့။

ကွာတား၊ ဆီမီးနဲ့ ဖိုင်နယ်မှာ မိုးကောင်းခဲတဲ့ အင်္ဂလိပ် ကလပ်တွေ အခြေ အနေ သိပ်မကောင်းဘူးထင်တယ်။
၂၁ ရက်နေ့ ကမ္ဘာမပျက်ခဲ့ရင့်  အင်္ဂလိပ် ကလပ်တွေရဲ့ ဆာဗိုက်ဗယ်က ထိုင်း နဲ့တွေ့တဲ့ မြန်မာအသင်းလိုပဲ။ ရင်ခုန်စရာ။

ကံသေကံမ ပြောလို့တော့ မရပါဘူး။
ဒီတောင်နှစ်လုံးကို ကျော်နိုင်ရင်တော့ နည်းပြက ကင်ဆာ ဖြစ်နေရှာတဲ့ ဘာ စီလိုနာ ( ဘာစာ )၊ မက်စီတို့ ပဲ့ကိုင် မရေမရာ။ ဝမ်နည်းစရာ သတင်း တစ် ပုဒ်။

ဒါဆို " ဒီတောင်ကို မောင် ဖြိုပါ့မယ် မြင်းမိုရ်မို့လား " ဆိုတဲ့ ကိုထီးကြီး ရဲ့ တေးသွားတွေ ငယ်မူငယ်သွေး ပြန်နိုင်သေးရဲ့။ ဖာဂူဆန် လေချွန်နေလေမလား။ မော်ရင်ညို တောင်ကလည်း မနိမ့်လှ ဘူး လေ။ သုံးသင်းလောက်အထိ ရွေးခွင့်ရရင် ဘာစာ၊ မက်ဒရစ် ( သို့ ) မန်ယူ နဲ့ ( 50% 50 ) ဘိုင်ယာကို စိတ်ကူးနဲ့ လောင်းကြေးတွေ တင်နေမိတယ်။
၂၁ ရက်နေ့ ကမ္ဘာမပျက်ခဲ့ရင်ပေါ့။ ။


 ဇင်ဝေသော်

ဆင်းဂဲလ် ဒိုင်မင်းရှင်း


ဟာရီကိန်း မုန်တိုင်းမကြာမီ ကျလာလိမ့်မယ်လို့ မိုးလေဝသ ဌာနက ခန့်မှန်း ထားပြီးတဲနောက် မိုးသက်လေပြင်း စ ကျလာတဲ့အချိန်မှာ ဆရာ့ဝန့်အိမ်က ဖုန်းမည်သံ ကြားရတယ်။

" ဒေါက်တာ၊ ကျနော့်ဇနီး အရေးပေါ် ဆေးကုသမှုလိုနေလို့ ကြွပေးပါလား "

" ကျနော် လာခဲ့ချင်ပါတယ်၊ ပြဿနာက ကျနော့် ကား ဝပ်ရှော့ ပို့ထားရ တယ်။ ခင်းဗျားကားမောင်းထွက်ခဲ့ပါလား၊ ကျနော် လိုက်ခဲ့မယ်လေ "

အဲဒီအချိန် ဟိုဖက်ကအသံ ခဏတိတ်သွားတယ်၊ ပြီးမှ ဒေါသတကြီးနဲ့...
" ဘာဗျ၊ ဒီလောက် ဆိုးရွားတဲ့ ရာသီဥတု အခြေအနေထဲမှာ ခင်ဗျားဆီ ကျုပ်က ကားမောင်းလာခဲ့ရမယ်၊ ဟုတ်လား " တဲ့။ ။

R.D, Dec, 1984


 ဇင်ဝေသော်

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၅ )


ပြဿနာက ငွေမဟုတ်ဘူး။ ကျောင်းတွေကိုလည်ပတ်ပေးမယ့် စနစ်တကျ လေ့ကျင့်ပေးထားတဲ့ လူတွေလိုတာ။ ဆွံ့အနားမကြားကျောင်းတွေဆောက်၊ ကျောင်းတွေဖွင့်။ ဒီလိုလုပ်လို့ မရဘူး။ ဒီကျောင်းတွေမှာ အလုပ်လုပ်မယ့် သူတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးရတာ။
အရေးအကြီးဆုံးအချက်ကို အရင်လုပ်ရတယ်။ အခြေခံမပါပဲ ဘာမှဆက်လုပ်လို့မရဘူး။
(လီကွမ်းယု)

မသိမ်မွေ့နိုင်ခဲ့တဲ့ အမျိုးသားရေး ချစ်စိတ် ( ၄ ) မှ အဆက်

မေး ။       ။ တန်းတူမရှိတဲ့ ပညာရေးစနစ်က နှစ်ပေါင်းရာချီပြီး…..
ဖြေ ။        ။ မဟုတ်ပါဘူး။ ဇီဝဗေဒအရကို မတူကြပါဘူး။ DNA ကိုကြည့် X ဟီးလစ် နှစ်ခုက မိန်းကလေးကို မွေးထုတ်ပေးတယ်။ X ဟီးလက်က Y ဟီးလတ်(စ်)ထက် ပိုကြီးနေရင် ယောက်ျားလေး မွေးထုတ်ပေးတယ်။ Y က ပိုသေးငယ်နေမယ်ဆိုရင် မိန်းကလေးက ယောက်ျားလေးတွေထက် သူမအဖေနဲ့ ပိုတူတယ်။ ယောက်ျားလေးတွေကျတော့ အမေနဲ့ ပိုတူသွားတယ်။ ငါ့သားနှစ်ယောက်ကို ကြည့်တော့ သူတို့နှစ်ယောက်စလုံးက သူတို့ အမေနဲ့ ပိုတူနေတယ်။ အဲဒါ ငါပြောတာ မဟုတ်ဘူး။ လူတွေက သူတို့ကို ကြည့်ပြီးပြောတာ။ ငါ့သမီးကျတော့ ငါ့အတိုင်းပဲ။
သီအိုရီတွေကို ငါဖတ်တယ်။ စိတ်လည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် အဲဒီသီအိုရီတွေက တကယ့်လက်တွေ့ဘ၀ထဲမှာ သက်သေပြနိုင်ရမယ်။ လူသားတွေရဲ့ဘ၀ဟာ တန်းတူရည်တူဖြစ်တယ်ဆိုတဲ့ သီအိုရီကိုတော့ ဘယ်တုန်းကမှ မှန်တယ် မထင်ခဲ့မိဘူး။

မေး ။       ။ လူ့အဖွဲ့အစည်းထဲမှာ လူတန်းစား ဘယ်လောက်ကွဲပြားတဲ့အထိ လက်ခံနိုင်တယ်လို့ ထင်ပါသလဲ။ ဒါကို အခြေခံပြီး လူတန်းစားပြဿနာကြီးတက်လာမှာရော မစိုးရိမ်ဘူးလား။
ဖြေ ။        ။ မင်းကိုယ်တိုင် အစိုးရနေရာကနေ ၀င်ကြည့်။ နှစ်ပေါင်း (၅၀) ကြာအောင် ငါ အတွေးတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ညီမျှမှုကိစ္စနဲ့ ပတ်သက်ပြီး ငါယုံကြည်အောင် မင်း မလုပ်နိုင်ဘူး။ မင်းဘာမှ မပြောလည်းဘဲ ဘ၀ရဲ့ အခြေခံအချက်တွေကို လက်တွေ့ကျကျ ငါသိခဲ့ပြီးပြီ။ မင်း ငါ့ကို မပြောင်းလဲနိုင်ဘူး။ ၀န်ကြီးတစ်ယောက်ယောက်က မင်းယုံကြည်သလို ယုံကြည်မယ်ဆိုရင် မွေးရာပါ အခွင့်အရေး၊ လူသားတိုင်း တူညီတယ်ထင်ရင် သူတို့က ငွေတွေ၊ အချိန်တွေကို ဖြုန်းနေဦးတော့မှာ။ နောက်ဆုံးမှ ငါပြောတဲ့ဆီကို ပြန်ရောက်လာမှာ။

မေး ။       ။ လူထုမျှော်လင့်ထားမှုတွေ ပြောင်းလဲလာတဲ့အကြောင်း ပြောခဲ့တယ်နော်။ အထူးလိုအပ်ချက်တွေရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေပြောနေကြတာက နိုင်ငံတော်မှာ ကလေးပညာရေးထောက်ပံ့ဖို့ ရံပုံငွေတွေရှိတယ်။ ဒါပေမယ့် ထောက်ပံ့မှုက အတိုင်းအတာတစ်ခုအထိပဲဆိုတော့ ပုဂ္ဂလိကစေတနာရှင်တွေဆီသွားပြီး အကူအညီတောင်းနေကြရတယ်တဲ့။ ဒီအတွက် မစ္စတာလီ ဘယ်လိုခံစားရပါသလဲ။
ဖြေ ။        ။ ဦးနှောက်ချို့တဲ့ရှာတဲ့ ကလေးတွေအတွက် ကျောင်းတည်ဆောက်ပေးခဲ့တယ်။ Autism ကျောင်းတစ်ချို့နဲ့ (တစ်သီးတစ်သန့်ဆန်ပြီး သင်္ခန်းစာ၊ ပတ်ဝန်းကျင်တို့နဲ့ ကူးလူးဆက်ဆံမှုမရှိပဲ ပုံမမှန်ဦးနှောက်ဖွံ့ဖြိုးမှု) အမြင်အားမကောင်းတဲ့ ကလေးတွေအတွက် ကျောင်းတွေတည်ဆောက်ပေးခဲ့တယ်။ အရေးအကြီးဆုံးအချက်ကို အရင်လုပ်ရတယ်။ အခြေခံမပါပဲ ဘာမှဆက်လုပ်လို့မရဘူး။

မေး ။       ။ လူတွေပြောနေကြတာက ကျွန်တော်တို့မှာ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပြီးနေပြီ။ ဒါကြောင့် အခုအခြားနယ်ပယ်တွေဆီကို ဦးလှည့်သင့်နေပြီတဲ့။
ဖြေ ။        ။ ပြဿနာက ငွေမဟုတ်ဘူး။ ကျောင်းတွေကိုလည်ပတ်ပေးမယ့် စနစ်တကျ လေ့ကျင့်ပေးထားတဲ့ လူတွေလိုတာ။ ဆွံ့အနားမကြားကျောင်းတွေဆောက်၊ ကျောင်းတွေဖွင့်။ ဒီလိုလုပ်လို့ မရဘူး။ ဒီကျောင်းတွေမှာ အလုပ်လုပ်မယ့်သူတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးရတာ။

ဒါတွေကို ဘယ်မှာသွားလေ့လာရမလဲ။ အမေရိက၊ ဗြိတိန်နဲ့ သြစတေးလျမှာ သွားလေ့လာရမယ်။ ပါလီမန်အမတ် ဒင်းနစ် ပွါက ဒီကိစ္စအတွက် အစိုးရက တာဝန်ယူဖို့ အတင်းတွန်းအားပေးနေတယ်။ တည်ဆောက်၊ ပြင်ဆင်ထားတဲ့ ကျောင်းတွေနဲ့ ကိရိယာတွေကို လက်တွေ့ကျကျ အသုံးချနိုင်ဖို့ ဆရာတစ်ယောက်ကို လေ့ကျင့်ပေးရင် နှစ်ဘယ်လောက်ကြာမလဲ။ ဒါနဲ့ သူမကို ငါပြောတယ်။ ဒီကျောင်းတွေကို အစိုးရက တာဝန်လွှဲပြောင်းယူမယ်ဆိုရင်တောင်မှ ကလေးတွေကို အားပေးတတ်၊ အရည်အချင်းမမှီတဲ့ ကလေးတွေနဲ့ အရောတဝင်ဆက်ဆံတတ်တဲ့သူတွေ အစိုးရက လိုနေဦးမှာပဲ- လို့။ အဲသလို တာဝန်နဲ့ အလုပ်တွေကို ကြီးကြပ်ဖို့ သူတို့လိုလူတွေလိုတယ်။ ဒါက သူမရဲ့ ပုဂ္ဂလိကခံစားချက်သက်သက် မဟုတ်ဘူး။ သူ့သားက အဲသလို ဦးနှောက်ပုံမမှန်တဲ့ ရောဂါရှိနေတော့ သူမက တကယ်ကိုလေးလေးနက်နက်ကြီး ခံစားနေရပြီး ငါတို့ကို တွန်းနေတာ။

ငါက လုပ်ဖော်ကိုင်ဖက်တွေကို ပြောတယ်။ ဒီလို ဆွံ့အ၊ နားမကြား၊ ဦးနှောက်ပုံမမှန်တဲ့ ကလေးတွေရဲ့ ကျောင်းတွေကိုကွပ်ကဲဖို့ ကလေးတွေရဲ့ မိဘတွေလည်း ဘုတ်အဖွဲ့ထဲမှာပါနေမှ ရမယ်လို့။ သူတို့မိဘတွေကမှ တကယ်စိတ်ဝင်တစား သူတို့ကလေးတွေအတွက် တကယ်ခံစားကြရတာ။ ငါ့မြေးကောင်လေးတစ်ယောက်မှာ Albino (ခရုသင်းစွဲ ရောဂါကြီးဖြစ်ပြီး ဆံပင်၊ အသားအရေတွေ ပုံမှန်မဟုတ် ဖြူဖွေးနေသောရောဂါ) ရောဂါ ရလာတယ်။ အဲဒီနောက် သူ့ကို ပုံမှန်ကျောင်းမှာပြန်ထည့်ဖို့ တော်တော်ခက်သွားတယ်။

ဆက်ရန် - 



 ဇင်ဝေသော်

မြန်မာသမ္မတ ( သို့ ) နှီးဖျာတစ်ချပ်ရဲ့ ဗီတာမင် ရေကြည်တစ်ပေါက်


အင်တာဗျူးဆောင်းပါး ။    ။ Childhood Poverty inspired success
By Nirmal Ghosh. Indochina Bureau Chief.
The Straits Times. Saturday, Dec 15, 2012.

ဒီဆောင်းပါးက သတင်းဆောင်းပါးသာဖြစ်ပြီး ရသအား မပါလာဘူး။ အဖြူစာရေးဆရာ ( မိုက်ကယ် အဲရစ်၊ ဒေါ်စု တို့ မိတ်ဆွေ ) ရေးတဲ့ " ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည် " ဆောင်းပါးနဲ့တော့ တစ်ခြားစီ လို့ဆိုရမှာပါ။
အချက်အလက် အနေနဲ့ ပြောရရင်လည်း မြန်မာတွေ သိပြီးသားက တော်တော်များများပါ။ ဒါပေမဲ့ သူတို့ကတောင် ကိုယ့်နိုင်ငံ သမ္မ တ အကြောင်းကို စာမျက်နှာ နှစ်မျက်နှာပြည့် ဖော်ပြပေးထားတော့......
ချန်မထားခဲ့ချင်လို့ အဆင်ပြေသလို ပြန်ပေးလိုက်ပါတယ်။ အနည်ဆုံး သမ္မတကြီးရဲ့ ရိုးသားတဲ့ နောက်ခံကာလာကို ဂုဏ်ပြုရာ ရောက်တယ်လို့ပဲ ရိုးသားစွာ ခံယူမိပါတယ်။

ကွဲလွဲတဲ့ ယုံကြည်မှူတိုင်းကို လေးစားစွာ လက်ခုပ်တီးပါတယ်။ တာရာမင်းဝေ ပြောသလို " ၅ " ဂဏန်းခြင်းတူရင် မင်းက " ၉ " က ဆင်းလာတဲ့ " ၅ " လား၊ " ၁ " ကနေ တက်လာတဲ့ " ၅ " လားလို့ မေးမယ်၊ စိန်ခေါ်မယ်။ ကျနော်တို့ဟာ ဒီမိုကရေစီ ဈေးကွက်မှာ " ဇီးရိုး " က တက်လာခဲ့ရတာပါ။ ရှုံးစရာ မရှိတဲ့အိပ်ကပ်နဲ့ အမြတ်ရသရွေ့ အိမ်အပါယူပြီး အိမ်ကွင်းမှာ လှလှပပ ကစားနိုင်ဖို့ အင်တယ်လက်ကျူယယ် သံသယ တချို့ကို မမြင်ယောင်ဆောင်ထားမယ်။ ကိုယ့်ရှိတဲ့ ဉာဏ်တစ်ထွာနဲ့ ကြည့်မိတော့ အရှေ့ အနောက် ဖြန့်ကစားနေတဲ့ ဦးသိန်းစိန်နဲ့ ဒေါ်စု အတွဲလောက် ဂိုးရနိုင်ခြေရှိတဲ့ တိုက်စစ်  အတွဲလည်း မမြင်မိဘူး။ ဒီလိုနဲ့ " ကကြိုးလေးထွေ " ကခဲ့တဲ့နောက် " နှီးဖျာတစ်ချပ်ရဲ့ ဗီတာမင် ရေကြည်တစ်ပေါက် " ကို ငုံ့သောက်မိခဲ့ရပြန်ပါလေ ရော။
(ဇင်ဝေသော် ၊ ဘာသာပြန်သူ)



           နေပြည်တော်မှာ ရှိတဲ့ သမ္မတအိမ်ဆိုတာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကျုံးကူးဆိုတဲ့ ရွာကလေးကနေ လှမ်းကြည့်ရင် အတော် အလှမ်းဝေးလှတဲ့ နေရာတစ်ခုပါ။ ဒီကြားထဲ မလောက်မငှ ကျောင်းဆရာလစာကို နှီးဖျာယက်ရင်း ကျားကန်ထားခဲ့ရတဲ့ သူ့အဖေရဲ့ လစာပါ ထည့်ပေါင်းရင် ပိုလို့တောင် ဝေးကွာ သွားပါသေးတယ်။

           ဒါပေမဲ့ သမ္မတအိမ်တော်ခရီးကို လျှောက်လှမ်းခဲ့ရာမှာတော့ ကလေးဘဝက ဆင်းရဲမွဲတေမှုဟာ အဓိက မောင်းနှင်အားတစ်ခု ဖြစ်နေခဲ့တယ်ဆိုတာ မလွဲမသွေပါပဲ။

           “ကလေးဘဝကစလို့ တွန်းအား အဖြစ်စေဆုံး အချက်ကတော့ ဆင်းရဲမွဲတေမှုပါပဲ” လို့ စစ်ဗိုလ်ချုပ်ကြီး တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က  အတိတ်ဆီကို လှမ်းပြီး လက်ညှိုး ညွှန်ပြပါတယ်။ ကျနော်တို့ စထရိတ်တိုင်းမ်က အရင်အပတ် ကြာသာပတေးနေ့ (၁၃၊ ၁၂၊ ၂၀၁၂) က သမ္မတကြီးကို အင်တာဗျူးခဲ့ကြပါတယ်။ ဒီမှာသူက

           “ဆင်းရဲမွဲတေမှုဟာ အကြီးမားဆုံး စိန်ခေါ်မှုပါ။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်အောင် ကျနော်လည်း တတ်နိုင်သရွေ့ ကြိုးစားနေတာပါပဲ။ ဒါ့ကြောင်း ဆင်းရဲမှု လျော့ပါး၊ ပပျောက်ရေး စီမံချက်ဟာကျနော့်အတွက်အလွန်အရေးပါနေပါတယ်။နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးမှာလည်း ဒီကိစ္စက အထူးဦးစားပေးကဏ္ဍ ဖြစ်ပါတယ်”

           အထက်တန်းပညာရေး ပြီးတဲ့နောက် မိဘတွေက တက္ကသိုလ် ထားမပေးနိုင်ခဲ့တော့ သူဟာ ( လူမွဲ သားထွက်ပေါက်ဟာ ကိုရင်ဝတ်မလား၊ စစ်တက္ကသိုလ် တက်မလား ) စစ်တက္ကသိုလ်ကို တက်ခဲ့ရတယ်။ စစ်တက္ကသိုလ်မှာ စစ်ဘက်ဆိုင်ရာ ပညာရပ်တွေ သင်ကြားခဲ့ရသလို ဘူမိဗေဒနဲ့ လူမှုရေး သိပ္ပံ၊ နိုင်ငံရေးသိပ္ပံလို ဘာသာရပ်တွေပါ ပူးတွဲလေ့လာခဲ့ပြီး ဘီအေ ဝိဇ္ဇာဘွဲ့ ရခဲ့တယ်။

           “လက်ရှိ အနေအထား ရောက်လာအောင် သင်ကြားခဲ့ရတဲ့ ပညာရပ်တွေက အထောက်အကူ ပြုခဲ့တာပါ” လို့ သူက ဆိုတယ်။
“စစ်တပ်ထဲ ရောက်ပြီးတဲ့နောက် ဒုဗိုလ်ဘဝကနေ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးအထိ အဆင့်ဆင့် တက်ခဲ့ရတယ်။ စစ်အစိုးရလက်ထက် အတွင်းရေးမှူး (၁) ရာထူး ယူခဲ့တယ်။ အဲ့ဒီနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။ ဒီဘဝတွေကို ဖြတ်သန်းရင်း နိုင်ငံတော်နဲ့ လူထုအပေါ် နားလည်မှုတွေလည်း တိုးပွားလာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာလို့ ယုံကြည်ထားပါတယ်” လို့ သူက ဆက်ပြောတယ်။

           ကျယ်ပြန့်လွန်းလှတဲ့ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေထဲမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးတဲ့ ကဏ္ဍတွေထဲက တစ်ခုပါ။ “တည်ငြိမ်အေးချမ်းမှု ရှိပါမှ တရားဥပေဒ စိုးမိုးမှုကလည်း ရှိနိုင်မယ်” လို့ သူက ပြောပါတယ်။

           “နိုင်ငံရေးတည်ငြိမ်မှု ရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းသူပြည်သားတွေ လုံခြုံစိတ်ချစွာ နေနိုင်ရေး စတာတွေအတွက် အခြားနိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူတို့နဲ့ သဘောတူညီမှု ရယူ၊ ပန်းတိုင်တစ်ခုတည်းထားပြီး အလုပ် လုပ်သွားနိုင်ကြမယ်ဆိုရင် ကျနော်တို့ လိုအပ်နေတဲ့ နိုင်ငံရေး တည်ငြိမ်မှုလည်း ရလာနိုင်ပါတယ်”

           သူ့အသက် လေးဆယ်ကျော်ကျော်မှာ ပြည်ပခရီးစဉ်အနေနဲ့ တရုတ်နဲ့ စင်္ကာပူကို ရောက်ဖူးခဲ့တယ်။ ၂၀၀၇ - ခုနှစ်မှာ စစ်တပ်အစိုးရရဲ့ ဝန်ကြီးချုပ် ရာထူးကို သူ ရယူခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ပါလီမန်အသစ် အောက်မှာတော့ သူဟာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပေမဲ့ အစပထမပိုင်းမှာတော့ သူဟာ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွေးရဲ့ ရုပ်သေးလို့ ထင်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဦးသိန်းစိန်ဟာ ဘယ်သူရဲ့ ရုပ်သေးမှ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းချင်း သက်သေ ပြလာနိုင်ခဲ့တယ်။ အဲ့သလို ပြသလာနိုင်တာနဲ့အမျှ လူထုရဲ့ ထောက်ခံမှုလည်း သူ ရလာခဲ့တယ်။ စစ်အရာရှိတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်တာ ခံခဲ့ရပြန်ပါတယ်။

           သမ္မတဦးသိန်းစိန်နဲ့ ပတ်သက်လို့ ပြောစမှတ် ရှိနေတာက သူကိုယ်တိုင် သမ္မတ ဖြစ်လာခဲ့ပေမဲ့ သူ့ရဲ့ ဇာတိရွာလေးကတော့ အရင်အတိုင်း ရွှံ့ဗွက်ထူထူ၊ မီးမှန်မှန် မလာတဲ့ ရွာငယ်ဇနပုဒ်မီးလေးမှိတ်တုတ် တစ်ခု ဖြစ်နေဆဲ ဆိုတာပါပဲ။ သူ့အာဏာကို သုံးပြီး သူ့ရွာအတွက် ဘာမှ လုပ်မပေးခဲ့ပါဘူး။ သူ့ရဲ့ အသက်သုံးဆယ်ကျော် သမီးနှစ်ယောက်ဆိုရင်လည်း ရိုးရိုးကုတ်ကုတ်ပဲ နေကြလို့ လူ သိပ်မသိကြပါဘူး။ တစ်ယောက်ကဆိုရင် သူ့ဖခင် ဗိုလ်ချုပ်ကြီး ဖြစ်နေတာတောင် လူထုသုံး ဘက်(စ်) ကားကိုပဲ စီးပြီး အလုပ်သွားတတ်တယ်လို့ ဆိုပါတယ်။

           ဦးသိန်းစိန်နဲ့ ပတ်သက်လို့ အထူး အသိအမှတ် ပြုထားရတာကတော့ သူဟာ အမြဲတမ်း နှိမ်နှိမ်ချချပဲ နေတတ်တယ်ဆိုတာပါပဲ။

           အကြံပေးလာရင်လည်း ဂရုတစိုက် နားထောင်တတ်တယ်။ မေးလာရင်လည်း စနစ်တကျ ဖြေတတ်တယ်။ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ပြောစကားအရ အာဏာသုံးစရာ ရှိရင်တောင် သိမ်သိမ်မွေ့မွေ့ပဲ သုံးတတ်တယ်လို့ သိရပါတယ်။ ဧည့်သည်တွေကို ခမ်းနားတဲ့ သမ္မတ ဧည့်ခန်းမျိုးမှာ တွေ့ဆုံပေမဲ့ သူ့ဖက်က ဆက်ဆံရေးကတော့ ဟိတ်ကြီးဟန်ကြီး မရှိဘဲ နွေးနွေးထွေးထွေး တွေ့ဆုံ ဧည့်ခံတတ်တယ်လို့ သိခဲ့ရပြန်ပါတယ်။ သူ နေထိုင်မကောင်း ဖြစ်ခိုက် သူ့အတွက် သာစေ၊ မာစေဖို့ ဆုမွန်ကောင်း တောင်းပေးကြတဲ့ မက်ဆေ့ခ်ျတွေဟာလည်း အင်တာနက်ပေါ်မှာ ပလူပျံသလို ရှိနေခဲ့တယ်။ စစ်တပ်ကို အမုန်းကြီး မုန်းနေတဲ့ နိုင်ငံတစ်နိုင်ငံက သူလို စစ်ဗိုလ်ချုပ်ကြီးဟောင်းအပေါ် ဒီလောက် မေတ္တာထားနိုင်တာဟာ အံ့ဘနန်း ဖြစ်စဉ်တစ်ခုလို့ ပြောရမှာပါ။

           ရန်ကုန်အခြေစိုက် တမ္ပဒီပ လေ့ကျင့်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဒါရိုတ်တာ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်ဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်းကတော့ “လူတိုင်း နှစ်ရှည်လများ စက်ဆုပ် ရွံမုန်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တဖြစ်လဲ ဒီနိုင်ငံ့ခေါင်းဆောင် တစ်ယောက်ကို ဒီလောက်ကြီး ထောက်ခံနေကြတာက ရယ်စရာပဲ။ ဦးသိန်းစိန် လက်ထက်မှာ ပြောင်းသွားခဲ့တယ်။ ကျနော် ပြောရဲတယ်။ သမိုင်းမှာ ဘယ်စစ်တပ် ခေါင်းဆောင်မှ ဦးသိန်းစိန်လောက် ထောက်ခံမှု မရခဲ့ဖူးဘူး”

           သမ္မတဦးသိန်းစိန်ရဲ့ တစ်ကိုယ်ရေ အောင်မှုဟာ ရိုးသားနှိမ်ချခြင်း တစ်ခုကြောင့်တော့ မဟုတ်ပါဘူး။ သူဟာ မှန်ကန်ပြီး ကိုယ်ကျင့်တရား မပျက်ခဲ့သူတစ်ယောက် ဖြစ်ခဲ့တာလည်း ပါဝင်ပါတယ်။

           ၁၉၈၀ - ခုနှစ်တွေက ပြည်ပကို ထွက်လာပြီး အစိုးရကို ဆန့်ကျင်သူ၊ နိုင်ငံရေး သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကိုဇော်ဦးကတော့ “သူဟာ တော်တော် နောက်ကြောင်း ရှင်းခဲ့တဲ့လူပဲ။ ဘယ်သူကမှ သူ့ကို ကိုယ်ရေးကိုယ်တာ ဖောက်ပြန်မှုနဲ့ စွပ်စွဲလို့ မရဘူး။ အဓိက အကြောင်းတရားကတော့ သူ့ကိုယ်ကျင့်တရားပါပဲ” လို့ ပြောခဲ့တယ်။

           သူ့ဘဝရဲ့ စံပြပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲလို့ မေးတဲ့အခါမှာတော့ ဦးသိန်းစိန်က “ကျနော်တို့ နိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျနော့်ရဲ့ တစ်ယောက်တည်းသော စံပြပုဂ္ဂိုလ်က လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပဲ”။ မျိုးချစ်စိတ် ပြင်းထန်ပြီး လူထုတစ်ရပ်လုံး လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ၁၉၄၇ - ခုနှစ်မှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ဖခင် ဦးအောင်ဆန်းပါ။ အခြားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မော်စီတုန်း၊ ချူအင်လိုင်း၊ လီကွမ်းယုနဲ့ ပတ်ချုံဟီးတို့ကိုလည်း သူ လေးစားကြောင်း ဦးသိန်းစိန်က ဆက်ပြောခဲ့ပါသေးတယ်။

           “ဒီနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ကို ယုံကြည်ချင်ပန်းတိုင်နဲ့ လူထု လိုအပ်ချက်ကို နားလည် သဘောပေါက်ခြင်းပဲ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ လူထုရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင် အောင်မြင်မှာပါပဲ” လို့ သူ့ယုံကြည်ချက်ကို ဆက် ရှင်းပြပါတယ်။

ဦးသိန်းစိန်ရဲ့ စံပြပုဂ္ဂိုလ်ကြီးများ
ဗိုလ်ချုပ်အောင်ဆန်း
မော်စီတုန်း
ချူအင်လိုင်း
လီကွမ်းယု
ပတ်ချုံဟီး

သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ
အဝေးက အနောက်နိုင်ငံတွေနဲ့ပဲ ဖြစ်ဖြစ်၊ အနီးက အရှေ့ပိုင်းနိုင်ငံတွေနဲ့ ဖြစ်ဖြစ် မိတ်ဆွေရင်းတွေပဲ ဖြစ်နေချင်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကိုကြည့်ရင် တရုတ်ဆိုတာ အိမ်နီးချင်း ဖြစ်နေသလို မိတ်ဆွေဟောင်းလည်း ဖြစ်နေခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးဟာလည်း အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြရမယ့် မိသားစုတွေလို့ သဘောထားပါတယ်။

ဘယ်သူရဲ့ ဩဇာခံမှ မဖြစ်ရအောင် ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားကြမှာပါ။

တိုင်းရင်းသား လူမျိုးစုများအပေါ် သဘောထား
နိုင်ငံတော်အေးချမ်းဖို့ဆိုတာ နိုင်ငံရဲ့ ပေါ်လစီအပေါ်မှာ မူတည်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားတွေ အားလုံးဟာ အချင်းချင်း ရန်သူတွေလို သဘောမထားကြဘဲ ညီရင်းအကိုလိုပဲ သဘောထားကြမယ်ဆိုရင် ဒီကိစ္စကလည်း စကားစပြောလို့ ရပါပြီ။

ခေါင်းဆောင်မှု စွမ်းရည်
အခြေခံ လိုအပ်ချက်နဲ့ လူထုရဲ့ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။


 ဇင်ဝေသော်

အသက်ကြီးသူတွေ အလိမ်ပိုခံရတယ်


နယူးယောက် တိုင်းမ်၊ ဂျူဒီ ဂရေဟမ် ရဲ " For the elderly,less sense of whom to trust " ဆေးပညာရပ်ဆိုင်ရာ ဆောင်းပါးလေး ဖတ်မိလို့ တင်လိုက်ပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ မကြာခဏကြုံကြရတတ်တာက သူတို့ဟာ ဆွေမျိုးတွေကိုတော့မယုံ တစိမ်းတွေကိုမှ သွားပြီးယုံနေတတ်တာမျိုးပါ။ သံသယ ဖြစ်သင့်သူတွေကို မဖြစ်၊ သံသယ မ ဖြစ်သင့်သူတွေကို သံသယ ဖြစ် တတ်တာဟာလည်း ဒီ အကျိုးသက်ရောက်မှုပါပဲ။ University of California, Los Angeles ( UCLA ) ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ သုတေသနအရ သိပ္ပံနည်းကျတယ်လို့ ဆိုရမှာ။

အသက်ကြီးလာတာနဲ့ အမျှ ဘယ်သူ့ကို ယုံကြည်ရမလဲ ဆိုတဲ့ အသိဉာဏ်အားတွေလည်း လျော့ကျလာတယ်လို့ သိရပါတယ်။
ဒီ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ တေလာရဲ့ ဖခင်ဟာ သူနဲ့မသိ၊ လမ်းမှာတွေ့တဲ့ လူနှစ်ယောက်ကို ယုံကြည်ပြီး ဒေါ်လာ တစ်သောင်း ခွန်နှစ်ထောင် ( ၁၇၀၀၀ ) ပေးလိုက်ရာကနေ ဒီ သုတေသနကို စတင်ခဲ့ကြတာပါလို့ ဆိုပါတယ်။
ဆေးပညာဆောင်းပါးပေမဲ့ ဒါကို သိထားရင် ဆွေမျိုးတွေကိုတော့မယုံ တစိမ်းတွေကိုမှ သွားပြီးယုံတာတွေ တွေ့ရရင် စိတ်မပျက်၊ စိတ်မတိုမိတော့ဘဲ သူတို့ကို ပိုလို့စာနာမိနိုင်ပါတယ်။

သူတို့ လက်ထဲမှာ အဖိုးတန် ပစ္စည်းတွေ အပ်မထားမိဖို့၊ အသုံးငွေ အများကြီး ပေးမထားမိဖို့ စတာတွေကလည်း ဆင်ခြင်စရာတွေပါ။ နောက်ပြီး သိပ္ပံနည်းကျ လူလိမ်တွေက လူငယ်တွေထက် လူကြီးတွေကို အာရုံပိုကျနိုင်တယ် ဆိုတာကိုလည်း သတိထားလို့ ရနိုင်တာပေါ့။


 ဇင်ဝေသော်

ဗုဒ္ဓဘာသာနှင့် စစ်တပ် ( ၃ )

ပြီးတော့ သိကြားမင်းကိုယ်တိုင်လည်းပဲ အသူရာတွေနဲ့ စစ်တိုက်ခဲ့ရတာပါပဲ။ ဘုရားရှင်က တရားသောစစ်ပွဲနွှဲသူဆိုပြီး သိကြားမင်းကို အထူးတလည် ချီး မွှမ်းစကားပြောမနေပါဘူး။

မဟာယာနရဲ့ ဥပါယ်တစ်မျှင် ကျွမ်းကျင်ခြင်းအယူအဆ
မဟာယာနဗုဒ္ဓဘာသာက ဒီကိစ္စကို အထူးအလေးထား ဆွေးနွေးထားတာ ရှိပါတယ်။ လူအများအပေါ်ထားတဲ့ ကရုဏာကြောင့် လူတစ်ယောက်ကို သတ်ဖြတ်လိုက်ရခြင်းဟာ နှစ်ဦးနှစ်ဘက်ကို အကုသိုလ်ကနေ ကာကွယ်ရာ ရောက်လို့(ကိုယ်က အကုသိုလ်ဝင်ယူပေးလိုက်လို့) ပိုကောင်းတဲ့ အပြု အမူ လို့တောင် ဆိုထားပါတယ်။

ဥပါယကောသလ္လသုတ်မှာ ပြောထားတာက
“တစ်ခုသောဘဝမှာ ဘုရားအလောင်းဟာ သင်္ဘောကပ္ပတိန် တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ သင်္ဘောပေါ်က လူတစ်ယောက်ဟာ သူဋ္ဌေး၊ ကုန်သည်၊ ခရီးသွားတွေအားလုံးကို သတ်ဖြတ်ပြီးပါပါသမျှ ပစ္စည်းတွေကို အပိုင်သိမ်းဖို့ ကြံစည်နေခဲ့တယ်။ ဘုရားအလောင်းက ဒါကိုသိတော့ စဉ်းစား တယ်။ တကယ်လို့ ကုန်သည်တွေကို ဒီအကြောင်းပြောပြလိုက်ရင် သူတို့ က ဒေါသတကြီးနဲ့ ဒီလူကို လက်ဦးမှုရယူပြီး သတ်ပစ်ကြလိမ့်မယ်။ ဒါဆိုရင် သူတို့ အကုသိုလ်ကံကို ကျူးလွန်မိကြတော့မှာပဲ။ ဒါပေမယ့် အဲဒီလူဆိုးရဲ့ အကြံအစည်ကိုတော့ သူတားမှရမယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် သူ ကိုယ် တိုင်ပဲ အဲဒီလူကို သတ်လိုက်တယ်လို့ ဆိုထားပါတယ်။
(အဲဒီပုံပြင်က အဲဒီလူကို သတိပေး၊ မသတ်ဘဲဖမ်းပြီး ထိန်းချုပ်ထားရင် ရနိုင်ပါလျက်နဲ့ ဘာကြောင့် ဒီလိုမလုပ်ခဲ့ရတာလဲဆိုတာကိုတော့ ရှင်းပြမထားခဲ့ပါဘူး။ )

*** အထက်ပါကွင်းစကွင်းပိတ်က ပီတာဟာဗေးရဲ့ မှတ်ချက်ပါ။ အသည်းအသန်ပြောနေတဲ့ကြားက ဝင်နောက်သွားသေးတယ်။ အနောက်တိုင်းဗုဒ္ဓဘာသာက ပုဆစ်တုပ်၊ ပြောတာနားထောင်၊ “သတည်း” ချတိုင်း သာဓုခေါ်မယ့်လူတွေ မဟုတ်ကြဘူး။ (ဘာသာပြန်သူ)

ဘုရားရှင်နဲ့ စစ်တပ် ဆက်ဆံရေး

၁၈၉၄-ခု ဗုဒ္ဓဒေသနာ စုပေါင်းရွတ်ဆိုပွဲမှာ Paul Carrus က ‘ The Gospel of the Buddha’ ဆိုတဲ့အမည်နဲ့ သီဟစစ်သူကြီး ဘုရားရှင်ကို မေးလျှောက် တာနဲ့ပတ်သက်လို့ ပြောခဲ့ဖူးပါတယ်။

“စစ်ရေးစစ်မက်နဲ့ပတ်သက်ပြီး အကိုဖြစ်သူကို သတ်ဖြတ်ဖို့ကြိုးစားသူ ဟာ နောင်တ ရဖွယ်ဖြစ်တယ်လို့ ဘုရားရှင်မိန့်ခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်း ချမ်းရေးအတွက် စစ်ထွက်ရတဲ့ စစ်သားတွေကတော့ အပြစ်တင်စရာ မရှိ ပါ ဘူး။ အပြစ်ဆိုခြင်းဆို စစ်ပွဲဖြစ်အောင် ဖန်တည်းသူတွေကိုပဲ ဆိုရမှာပါ။ ဘုရားရှင်က ကိုယ့်အတ္တကိုပယ်ခွါဖို့ မိန့်ဆိုတော်မူခဲ့ပေမယ့် အကျင့်ပျက် အာ ဏာရှင်တွေကို ငြိမ်ပြီးခံနေကြဖို့တော့ မမိန့်မှာခဲ့ပါဘူး။
(Paul Carus, the Gospel of the Buddha. 1894)

ဒီစာသားကို လူတွေတော်တော်များများ ကိုးကားတတ်ကြပါတယ်။ ဒါပေမယ့် တကယ်ကိုးကားထိုက်အောင်ရော ဒီစာပိုဒ်က မှန်ကန်လို့လား။

Carus က ဒီစာပိုဒ်ကနေ အချက်နှစ်ချက် ဆွဲထုတ်ပါတယ်။
ပထမအချက်က ဒီစာပိုဒ်ကပြောတာဟာ စစ်ပွဲအကြောင်းမဟုတ်၊ ရာဇဝတ် သားကို တရားနဲ့အညီ စီရင်ခြင်းဖြစ်ပြီး၊ ဒုတိယအချက်က ဒါဟာ စစ်ပွဲ အကြောင်း ပြောနေတာမဟုတ်၊ ဘုရားဆီရောက်လာတဲ့ သီဟစစ်သူကြီး အကြောင်း ပြောနေတာဖြစ်တယ်ဆိုတဲ့ အချက်ပါ။

အထူးမှတ်သားထားသင့်တာက သီဟဟာ စစ်သူကြီးတစ်ယောက်ပါ။ ဒီဒေ သနာကို နာကြားရပြီးတဲ့နောက် သောတာပန်ဆိုက်သွားတယ်လို့ သိရပါ တယ်။ ဘုရားရှင်က သီဟ စစ်သူကြီးကို စစ်တပ်ကနေထွက်ဖို့ မတိုက်တွန်း ခဲ့ပေမယ့် သောတာပန်အဆင့်ကိုရောက်ပြီးတဲ့ အရိယာ သူတော် စင်ဟာ မ ကျိုး၊ မပေါက်၊ မပြောက်မကြားတဲ့ ကိုယ်ကျင့်သီလ ရှိနေရပါတော့ မယ်။ သောတာပန်ပုဂ္ဂိုလ်ဟာ အပါယ်မလားနိုင်တဲ့ အချို့ အကုသိုလ်အသေး အမွှားလေးတွေကို လွန်ကျူးနိုင်သေးတယ်လို့ ဆိုပေမယ့် ပြစ်မှု ကျူးလွန်ပြီး ရင် ချက်ချင်းအသိတရားရပြီး ပြင်သွားပါလိမ့်မယ်။ ဒါကြောင့် သောတာ ပန်ဖြစ်ပြီးသား အရိယာပုဂ္ဂိုလ်ဟာ သူတပါရဲ့း အသက်ကို စေတနာပါပါ သတ်ဖြတ်တယ်ဆိုတာကတော့ လုံးဝကိုမဖြစ်နိုင်တော့ပါဘူး။

အမှန်ဆို သီဟစစ်သူကြီးဟာ ဘုရားနဲ့မတွေ့ခင်က ဂျိမ်း ဘာသာဝင် တစ်ယောက်ပါ။ ဂျိန်းဘာသာဟာ “အဟိံသ” တရားနဲ့ပတ်သက်လို့ ဗုဒ္ဓ ဘာ သာထက်တောင် အလေးထားပါသေးတယ်။

ဘာပဲဆိုဆို ဘုရားရှင်ကို တစိုက်မတ်မတ်ကြည်ညိုထောက်ပံ့ခဲ့ပြီးသောတာပန်ဖြစ်မသွားရသူကတော့ပသေနဒီကောသလမင်းကြီးပါပဲ။ သူဟာ တွေးခေါ် စဉ်းစား တတ်ပြီး လူကောင်းတိုင်းနဲ့ မိတ်ဆွေဖြစ်နေသူလို့လည်း ဆို ထား ပါတယ်။ သူဟာ ကာကွယ်ရေးစစ်ပွဲကိုတော့ နွဲခဲ့ရပါသေးတယ်။ စစ်လိုတဲ့ အိမ်နီးချင်းဘုရင်က ဝင်ရောက်တိုက်ခိုက်လို့ပါ။ ပသေနဒီကောသလ ရှုံးသွားခဲ့တယ်။ ဒီတော့ ဘုရားရှင်က

“အောင်နိုင်သူမှာ ရန်သူတိုးပွါးပြီး
ရှုံးနိမ့်သူက စားမဝင် အိပ်မပျော်
ငြိမ်းအေးသူသာ ကြောင့်ကြမဲ့အိပ်ရပြီး
အောင်ပွဲ ရှုံးပွဲဆိုတာတွေကို လွန်မြောက်တယ်” လို့ ဓမ္မပဒ ဂါထာတော် နဲ့ ဟောခဲ့ပါတယ်။

နောက် ကောသလမင်းကြီးကပဲ လာတိုက်တဲ့ ရှင်ဘုရင်ကို ပြန် လည်တော်လှန်နိုင်ပြီး လက်နက်တွေ၊ စစ်တပ်တွေပါ ရုပ်သိမ်းလိုက်တော့မှ ဘုရားရှင်က-

“ဒီလိုအောင်မြင်မှုနဲ့သာ အောင်မြင်မှုအစစ်ကို ရနိုင်တယ်” လို့ မိန့်တော်မူ ခဲ့ပါတယ်။

ဒီနေရာမှာ သုံးသပ်စရာရှိနေတာက စစ်ပွဲတစ်ပွဲဖြစ်ပွါးရာမှာ တစ်ဖက်က တိုက်လာလို့ အခြားတစ်ဘက်က ခုခံတာပါပဲ။ စစ်ပွဲ၊ အကြမ်းဖက်မှုလို့ ဆိုပေ မယ့် တကယ့်စစ်ပွဲရဲ့ တရားခံကတော့ ကျူးကျော်စတင်တိုက်ခိုက်သူပါပဲ။ ဗုဒ္ဓဘာသာက တိတိကျကျရှုတ်ချတာကတော့ ကျူးကျော်စစ်ပွဲ ဆင်နွှဲ ခြင်းပါ။

Elizabeth Harris ကတော့ ဒီစာပိုဒ်ကပြောတာက ပသေနဒီကောသလမင်း ရဲ့ လက်ရှိအနေအထားကိုပြပြီး တစ်ဖက်သားက ကျူးကျော်တိုက်ခိုက်လာရင် ကိုယ်ကလည်းပြန်လည်ခုခံတဲ့စစ်ပွဲ နွှဲရမှာပဲဆိုတဲ့ အမှန်တကယ် ကမ္ဘာကြီး ရဲ့အခြေအနေ၊ နိုင်ငံရေးသဘောထားကို ဘုရားရှင်က ပြသခဲ့တာလို့ ဆိုပါ တယ်။ နိုင်ငံရေးသဘောတရားမှာတော့ တစ်ဖက်က ကျူးကျော်တိုက်ခိုက်ရင် အခြားတစ်ဖက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်ရမှာပါပဲ။ ဒါကြောင့် ပသေနဒီကောသလရဲ့ စစ်ပွဲကတော့ ချီးကျူးဖို့တောင် ကောင်းပါသေးတယ် လို့ ပြောပါတယ်။

ကျွန်တော်ကတော့ ဘာစစ်ပွဲပဲဖြစ်ဖြစ် ချီးမွမ်းစရာအကြောင်းမရှိဘူးလို့ပဲ မြင် ပါတယ်။

အခြားတစ်နေရာမှာကျတော့ ရှင်ဘုရင်တစ်ပါးရဲ့ တာဝန်တွေကြီးမားပုံ၊ ဘုရင့်လောဘကလည်း အဆုံးမသတ်နိုင်ပုံတွေနဲ့ပတ်သက်ကြီး စိတ်မကောင်းဖြစ်ရကြောင်း ဘုရားရှင်ကို လျှောက်ထားပြန်ပါသေးတယ်။ ဒါကြောင့် ဘုရားရှင်က မိမိရဲ့ ကုသိုလ်ရေးတွေမှာပဲ စိတ်ညွှတ်ထားဖို့၊ ဘုရင်လည်း အခြားသူတွေလို တစ်နေ့သေရမှာပဲလို့ ဆုံးမစကားမိန့်ကြားခဲ့ပါသေး တယ်။

စစ်မက်ဖြစ်ပွါးတာနဲ့ပတ်သက်လို့ ဘုရားရှင်က ကောသလမင်းကြီးကို တိုက်ရိုက်ဝေဖန်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ပြီးတော့ သိကြားမင်း ကိုယ်တိုင် လည်းပဲ အသူရာတွေနဲ့ စစ်တိုက်ခဲ့ရတာပါပဲ။ ဘုရားရှင်က တရားသော စစ်ပွဲနွှဲသူဆိုပြီး သိကြားမင်းကို အထူးတလည် ချီးမွှမ်းစကားပြောမနေပါဘူး။
နောက်ပြီး ရဟန်းဖြစ်လိုသူတစ်ယောက်ဟာ မင်းမှုထမ်း၊ စစ်မှုထမ်းဖြစ်နေ ရင် သူ့လက်ရှိတာဝန်က ကင်းလွတ်ခွင့်ရမထားဘူးဆိုရင် ရဟန်းပြုခွင့်ပင် ပိတ်ပင်ခဲ့ပါသေးတယ်။ ဒါတွေဟာ ဘုရားရှင်ရဲ့ စစ်တပ်၊ စစ်ပွဲတွေနဲ့ပတ်သက် လို့ ကင်းကင်းရှင်းရှင်းနေတယ်ဆိုတဲ့ သဘောတွေပါ။
( ဆက်ရန် )

ဗုဒ္ဓဘာသာနှင့် စစ်တပ် ( ၂ )

 သီဟနာဒ