တရုတ်ဆီက သင်္ခန်းစာ ၂ ခု


သင်္ခန်းစာ ( ၁ )
တရုတ် တက္ကစီသမားက " ဆေးလိပ်မသောက်ရ " ဆိုတဲ့ ဆိုင်းဘုတ်အောက် မှာ ဆေးလိပ်မီးညှိပြီးသောက်နေတယ်။ သူသောက်တာ မြင်လို့ သောက်လို့ ရမှာပဲလေဆိုပြီး နိုင်ငံခြားသား တစ်ယောက်က ဆေးလိပ် သောက်ဖို့ ဆေးလိပ်ထုတ်လိုက်တော့....
အဲဒီ တက္ကစီသမားက ရုတ်တရက် ဆေးလိပ်သောက်တာကို ရပ်ပြီး " တွေ့လား NO SMOKING.” တဲ့ လို့ ခပ်တည်တည် လက်ညှိုးထိုးပြတယ်။
သူလည်း ဆက်မသောက်တော့ဘူး။ ပိုင်တယ်။

သင်္ခန်းစာ ( ၂ )
တရုတ် နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်မှာ ရှိတဲ့ ထိပ်သီးပိုင်း ရဲ အရာရှိ ကြီးတစ်ယောက်ဟာ ကိုယ်ကျင့်တရားပျက်ကွက်မှုနဲ့ အတော်ကြီး နာမည် ဆိုး ထွက်နေတယ်။ ပြည်သူ့ဆီက မတရား ရထားတဲ့ငွေတွေနဲ့ သူ့ရဲ့ လစ်ဗင်း တူဂဲသား အမွှာ ညီအမကို ထောက်ပံ့ပေးနေတယ် ဆိုတဲ့ စွပ်စွဲမှုလည်း ပါတယ်။ ဒီ သတင်းနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဖြေရှင်းချက်က
" ဒီ စွပ်စွဲမှုဟာ အမှားတွေပါ၊ သူ့ရဲ့ လစ်ဗင်း တူဂဲသား ညီအမက ညီအမ သာဖြစ်ပြီး အမွှာ ညီအမတွေ မဟုတ်ကြပါဘူး။ အခြေအမြစ် မရှိတဲ့စွပ်စွဲမှု သာ ဖြစ်ပါတယ် " တဲ့။
သူတို့က ပို ပိုင်သေးတယ်။


 ကမ်းလက် 

Post a Comment