သင်္ဃမိတ္တာနေ့ (သို့မဟုတ်) မဟာဗောဓိနေ့ မှတ်စု

        ဗုဒ္ဓဘာသာများ၌ပင် သီဟိုဠ်ဗုဒ္ဓဘာသာက ဗောဓိပင်ကို ပို၍ အလေးထားသည်။ ဘုရားရှိခိုးရာ၌ပင် ဗောဓိပူဇာ (ဗောဓိပင် ရှိခိုးပူဇော်ခြင်း) ဖြင့် အစပြုတတ်ကြသည်။ အငြင်းပွားဖွယ်တော့ မရှိ။ သူတို့ ဗုဒ္ဓဘာသာကို ရလိုက်ခြင်းကပင် ဗောဓိပင်နှင့် တွဲ၍ ရခဲ့ခြင်းကြောင့်ပင်။ သင်္ဃမိတ္တာနှင့် ဗောဓိပင်တို့ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ရောက်ရှိသည်ဟု ယုံကြည်ကြသည့် ဇေဋ္ဌနက္ခတ် ယှဉ်ခိုက်၊ မြန်မာလို တန်ဆောင်မုန်းလပြည့်နေ့ကို သင်္ဃမိတ္တာနေ့ဟု သက်မှတ်ကြခြင်း ဖြစ်သည်။
        ဤနေ့ကို ဂုဏ်ပြုသောအားဖြင့် “မဟိန္ဒနှင့် သင်္ဃမိတ္တာ” ဟူသော ဇာတ်လမ်းလေးကို “Asoka, the Great” စာအုပ်မှ ယူ၍ တင်ပေးလိုက်ပါသည်။
မြန်မာပြန်အကျဉ်း

        မဟိန္ဒမထေရ်၏ မိခင်သည် ဝိဒိသမြို့သူ မဟာဒေဝီ ဖြစ်သည်။ သူမက သူဋ္ဌေးသမီးဖြစ်ပြီး အသောကမင်းသားကို ခမည်းတော် ဗိန္ဒုသာရက ဝိဒိသမြို့သို့ စေလွှတ်ရာ နှစ်ယောက်တွေ့ဆုံပြီး ချစ်ခင် စုံမက်သဖြင့် လက်ဆက်ခဲ့ကြသည်။ သူတို့မှ သား မဟိန္ဒနှင့် သမီး သင်္ဃမိတ္တာတို့ ဖွားမြင်ခဲ့သည်။
        မဟိန္ဒမင်းသား (၁၄) နှစ်သား အရွယ်၌ အသောကမင်း ပါဋလိပုတ်ပြည့်ရှင် ဖြစ်လာခဲ့သည်။ ထို့နောက် အသောက က ပါဋလိပုတ်၌ ရွေ့ပြောင်းနေထိုင်ခဲ့သော်လည်း မိဘုရား မဟာဒေဝီကတော့ မိဘများနှင့်အတူ ဝိဒိသမြို့မှာပင် နေရစ်ခဲ့သည်။
        အသောက နန်းတက်ပြီး (၇) နှစ်မြှောက်၌ အသက် (၂၁) နှစ်အရွယ်ရှိ မဟိန္ဒ ရဟန်းပြုခဲ့သည်။ ပရိယတ္တိစာပေများ သင်ကြားပြီးသောအခါ အခြား ရဟန်းတော်များနှင့်အတူ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်) သို့ သာသနာပြုရန်ကြွရန် တာဝန်ပေးခဲ့ရသည်။ သီရိလင်္ကာ မသွားမီ ပြင်ဆင်သည့်အနေဖြင့် ရာဇဂြိုဟ်တဝိုက်ရှိ ဘုန်းကြီးကျောင်းတိုက်များသို့ သွားရောက်ကာ ပညာတတ် ရဟန်းတော်များထံမှ ဗုဒ္ဓဒေသနာတော်များကို ဆက်လက် လေ့လာခဲ့သည်။
        မဟိန္ဒမထေရ် သီရိလင်္ကာအကြွ လမ်းခရီး၌ ဝိဒိသမြို့ရှိ မယ်တော် မဟာဒေဝီကို ဝင်ရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ မဟာဒေဝီက သားတော်ကို ရဟန်းတစ်ပါးအနေနှင့် ဖူးမြင်ရခြင်း၊ သီရိလင်္ကာနိုင်ငံသို့ သာသနာပြု ကြွရောက်ခြင်းအပေါ် များစွာ ကျေနပ် ဖြစ်မိသည်။ သို့သော် သီရိလင်္ကာသို့ မကြွမီ မယ်တော်နှင့် တစ်လခန့်အတူ သီတင်းသုံးရန် လျောက်ထားသဖြင့် မဟိန္ဒမထေရ်ကလည်း လက်ခံခဲ့သည်။
        ထိုအချိန် သီရိလင်္ကာနိုင်ငံ၌ ဒေဝါနံပိယတိဿဘုရင် မင်းပြုနေ၏။ နှစ်နိုင်ငံ မြဲမြံသော သံတမန်ရေး ရှိနှင့်ပြီး ဖြစ်သည်။ အသောကမင်းကြီးက မဟိန္ဒမထေရ်နှင့် အခြား ရဟန်းတော်တို့ကို သီရိလင်္ကာသို့ သာသနာပြု စေလွှတ်ခဲ့သည်။ တိဿဘုရင်ကိုလည်း အကြောင်းကြားလွှာ ပါးခဲ့သည်။ မဟိန္ဒမထေရ် ရဟန်း (၄) ပါးနှင့်အတူ သီရိလင်္ကာရောက်သော သက္ကရာဇ်က ဘီစီ (၂၅၄) ဖြစ်ပြီး ထိုအချိန်၌ မထေရ်၏ သက်တော် (၃၂) နှစ် ရှိပြီး ဖြစ်သည်။
        မဟာဝံသကျမ်းအဆိုအရ မဟိန္ဒမထေရ် တမ္ဗပဏ္ဍိ (သီရိလင်္ကာ) ရောက်သည့်နေ့မှာ လပြည့်နေ့ ဖြစ်ပြီး တိဿဘုရင်က အခြွေအရံများနှင့် နက္ခတ်ပွဲသဘင် ဆင်ယင် ကျင်းပနေသည်။ မဟိန္ဒမထေရ်က ထိုသတင်းကို ကြားရပြီး တိဿဘုရင်ရှိရာ မိဿကတောင်သို့ ကြွရောက် တွေ့ဆုံခဲ့သည်။ ဇမ္ဗူဒီပဘုရင် အသောကမင်းကြီးက စေလွှတ်လိုက်သည့် သာသနာပြု ရဟန်းတော်များ ဖြစ်ကြောင်း မထေရ်က ပြောပြသည်။ ထိုအကြောင်းကို သိနှင့်ပြီးသား ဖြစ်သော ဒေဝါနံပိယတိဿမင်းကြီးက မထေရ်နှင့်တကွသော သာသနာပြု တစ်ဖွဲ့လုံးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။


        ထို့နောက် မထေရ်လည်း သာသနာပြုလုပ်ငန်း စတင်တော့သည်။ တိဿဘုရင်နှင့် အခြွေအရံများ အားလုံးကို အရှင်သာရိပုတ္တရာမထေရ် သာဝတ္ထိမြို့၌ ရဟန်းတော်တို့ကို ဟောကြားခဲ့သည့် ဟတ္ထိပဒေါပမသုတ်ကို ဟောကြားခဲ့ပြီး ဒေသနာအဆုံး၌ မင်းကြီးနှင့်တကွ လေးသောင်းလေးထောင်သော မင်းခစားတို့ ဗုဒ္ဓဘာသာအဖြစ် ခံယူကြသည်။ ထို့နောက် တိဿဘုရင်၏ ထောက်ပံ့မှုဖြင့် သီရိလင်္ကာနိုင်ငံ သာသနာပြု လုပ်ငန်းကို ဆက်လက် ဆောင်ရွက်တော်မူခဲ့သည်။
        ဒေဝါနံပိယတိဿ၏ ခယ်မတော်ဖြစ်သူ၊ ညီတော်၏ ကြင်ယာတော် အနုလာမင်းသမီးသည် သူမကိုယ်တိုင် ရဟန်းပြုခွင့်ရရန် ဘုရင်ကြီးထံ ခွင့်ပန်သည်။ မင်းကြီးက ဝမ်းသာမဆုံးဖြစ်ပြီး မဟိန္ဒမထေရ်ကို လျှောက်ထား တောင်းပန်ရာ “အမျိုးသမီးကို ရဟန်းပြုပေးရန် ငါ့မှာ အခွင့်အာဏာ မရှိ၊ သာသနာတော် ပြန့်ပွားရေး ဖြစ်သဖြင့် တားလည်း မတားမြစ်အပ်၊ ဤအကြောင်းကို ခမည်းတော် အသောကမင်းကြီးထံ အကြောင်းကြားပြီး သင်္ဃမိတ္တာကို စေလွှတ်ပေးရန် မေတ္တာရပ်ခံပေးမည်” ဟု မထေရ်က မိန့်လိုက်သည်။
        မထေရ်၏ ဩဝါဒအတိုင်း ဒေဝါနံပိယတိဿက ပါဋလိပုတ်သို့ တမန်တော်များ စေလွှတ်ပြီး အသောကမင်းကြီးထံ သဝဏ်လွှာ ဆက်သသည်။ သားရဟန်းတော်၏ အောင်မြင်သော သာသနာပြုခရီးကို နှစ်ထောင်းအားရ ရှိလှသော အသောကမင်းကြီးက သမီးတော် သံဃမိတ္တာနှင့်အတူ ဗုဒ္ဓဂယာမှ ညောင်ကိုင်းတစ်ကိုင်းပါ လက်ဆောင် ပေးလိုက်လေသည်။ ထိုညောင်ပင်ငယ်ကို ဓမ္မသင်္ကေတ တစ်ခုအနေဖြင့် သီရိလင်္ကာ၌ စိုက်ပျိုးစေသည်။ ထိုညောင်ပင်က ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး သစ်ပင်ဟု ဆိုနိုင်သည်။
        သင်္ဃမိတ္တာထေရီ သီရိလင်္ကာသို့ ရောက်သည့်အချိန်တွင် ကြီးကျယ်စွာ ကြိုဆိုခဲ့ကြသည်။ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် အနုလာဒေဝီနှင့် အလုပ်အကျွေး မောင်းမမိဿံ ငါးရာတို့ ဘိက္ခူနီသာသနာထဲ ဝင်ကြစဉ် မဟိန္ဒမထေရ်ကလည်း ဘုရင်၏တူတော် အရိဋ္ဌနှင့် သူငယ်ချင်း ငါးရာတို့ကို သူတော်ကောင်းတရား၌ တည်စေခဲ့သည်။
        အနုရာဓပူရမြို့ရှိ မဟိန္ဒမထေရ် သီတင်းသုံးခဲ့ရာ ကျောင်းတော်သည် ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့ အတွက် အထွဋ်အမြတ် ထားရာ နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
        မဟိန္ဒမထေရ် သီရိလင်္ကာ သာသနာပြုကာလသည် (၃၈) နှစ် ဖြစ်ပြီး သက်တော် (၇၀)၊ ဘီစီ (၂၀၀) ၌ ပျံလွန်တော် မူခဲ့သည်။
        ထို့နောက် နှစ်နှစ်ခန့်အကြာတွင် သင်္ဃမိတ္တာမထေရ်လည်း ပျံလွန်တော်မူခဲ့လေသည်။ ဤမောင်နှမ နှစ်ယောက်တို့ ကြိုးစား သာသနာပြုခဲ့မှု့ကြောင့် အလှမ်းဝေးကွာလှသော သီရိလင်္ကာကျွန်း၌ ဗုဒ္ဓသာသနာလည်း ထွန်းလင်းတောက်ပ လာခဲ့ရတော့သည်။
        ဤကား အသောကမင်းကြီး၏ သာသနာပြု အစီအမံ တစ်ခုပင်တည်း။


Mahinda and Sanghamitta


Mahinda’s mother’s name was Devi or Mahadevi, and she belonged to Vidisa. While a prince, Asoka was sent by Bindusara as a regent to Vidisa, where he married the daughter of a ‘setha’ or millionaire. The girl was named Devi. She bore Asoka a son, Mahinda, and a daughter, Sanghamitta, in that order. Asoka was crowned the king at Pataliputra when Mahinda was fourteen. Though Asoka settled there, Rani Devi lived in her parental home at Vidisa.

    Mahinda was initiated by sthavira Mahadeo in the seventh year of Asoka’s coronatin. Mahinda was twenty-one by then. After his initiation, Mahinda was dispatched to Sri Lanka with some monks to preach dhamma. During the six months preceding his mission to Sri Lanka, Mahinda went about visiting the Buddha Viharas around Rajagriha and gained knowledge in the company of learned monks. He met his mother at Vidisa on his way to Sri Lanka. His mother gave him a reception fitting a noble sramana. She was glad that her son was going to preach dhamma in Sri Lanka. His mother’s affection compelled Mahinda to stay a month at Vidisa.

    It happened during the reign of King Devanampiya Tissa in Sri Lanka. He had strong friendly ties with King Asoka. As Asoka dispatched Mahinda to Sri Lanka in the company of some monks to preach dhamma, he sent his emissary to inform the king. Asoka was crowned in 272 BC, and Mahinda landed at Singhala dweepa in 254 BC in the company of four monks. Mahinda was thirty-two at the time.

    According to the Mahavansa, when Mahinda arrived in Tamraparni, it was the Full-moon’s day in the lunar month of Jyestha – a day of festive celebrations in the land. King Devanampiya Tissa had gone to the Misraka mountain to hunt and celebrate the occasion with forty-four thousand men. When Mahinda received the information, he joined the king at the mountain with the monks. He told the king – “I am a preacher sent by Asoka from Jambudeepa.” The kind, who already had Asoka’s message, received Mahinda with sheer warmth. Mahinda started his work at once. He preached to the king the Hastipadopamasutta, which was originally delivered by Sariputta in the presence of the order of the monks at Savatthi. Consequently, Devanampiya Tissa was instantly converted to Buddhism along with his forty-four thousand men.Subsequently, Mahinda completed his task in Sri Lanka with the help of the king.

Devanampiya Tissa’s wife’s name was Anuloma or Anula. Inspired by the wave of Buddhism in the land, Queen Anuloma sought the king’s permission to join the dhamma. Tissa was too happy to refuse her. But, Mahinda said – “I am not authorized to initiate women. But, it is not fair to obstruct the expansion of the dhamma either.” He added – “I will send a message to my father, and you should also ask him that he may send Sanghamitta here for the purpose.”

    Accordingly, Devanampiya Tissa dispatched a messenger to Pataliputra. Asoka was delighted to receive the news of his son’s success. He asked for a branch of the bodhi-tree from Bodhgaya and dispatched Sanghamitta to Sri Lanka with it. The Branch was planted there as a symbol of dhamma. The tree still stands in Sri Lanka and is, incidently, the oldest tree in the world.

    In Sri Lanka, a royal welcome was extended to Sanghamitta with the branch. Queen Anuloma Devi and another five hundred inmates of the harem were initiated by Sangha, while Mahinda initiated the king’s nephew, Arista and his five hundred friends into dhamma. Mahinda stayed at Anuradhpur Vihara, which has become a pilgrim’s place for the Buddhists. In Sri Lanka, Mahinda preached for thirty-eight years and established Buddhism as the official religion of Sri Lanka. Landing in Sri Lanka at the age of thirty-two years, Mahinda died there at seventy, i.e. in 200 BC. The place of his death is still held sacred by the Sri Lankans. Sanghimitta passed away two year after Mahinda’s death. The two were dedicated to the propagation of Buddhism in a remote land by their righteous father. Such was the greatness of Asoka.

  

သီဟနာဒ

Post a Comment