စင်္ကာပူအမျိုးသားတက္ကသိုလ်ထဲက ဥပေက္ခာ


စင်္ကာပူအမျိုးသားတက္ကသိုလ် ( National University of Singapore ) ဗုဒ္ဓဘာသာ အဖွဲ့ချုပ် ( Buddhist Society ) ( NUSBS ) ကျောင်းသားများ၏ Dhamma camp ၌ စင်္ကာပူအမျိုးသား တက္ကသိုလ် ဗုဒ္ဓဘာသာ အဖွဲ့ချုပ်၏ Spiritual Adviser တစ်ပါးဖြစ်သည့် ဦးစိတ္တရ ( ယနေ့ နံနက် ၉ နာရီခွဲမှ ၁၁ နာရီ အထိ) တင်ပြ ဆွေးနွေးခဲသည့် ဥပေက္ခာ ဆိုင်ရာ တရား မှတ်စု အကျဉ်း ကို တင်ပေးလိုက်ပါသည်။ ( အောက်မှာ အင်္ဂလိပ်နုတ် ပေးထားပါသည်။ )

ဥပေက္ခာဟူသည်

ဥပေက္ခာဟူသည် ညီမျှသောခံစားမှု၊ ခမ်းနားသော ခံစားမှုမျိုးကို ဆိုလိုသည်။
ဥပေက္ခာ အမျိုးမျိုးရိုသော်လည်း နေ့စဉ် လူနေမှုနှင့် သက်ဆိုင်သော ဥပေက္ခာ နှစ်မျိုး တွေ့ရသည်။
ဗြဟ္မဝိဟာရုပေက္ခာ နှင့် သင်္ခါရုပေက္ခာ တို့ဖြစ်သည်။
ဗြဟ္မဝိဟာရုပေက္ခာ ဟူသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မဝိဟာရ တရား လေးပါးမှ ဥပေက္ခာ ဖြစ်ပြီး ဝန်းကျင် သက်ရှိေ လာ က နှင့် ဆက်နွှယ်သည်။ လူမှုဆက်ဆံရေး၌ သက်တောင့် သက်သာ ဖြစ်ရန် လိုအပ်သည်။
သင်္ခါရုပေက္ခာက ဖြစ်ပျက် အစဉ် သဘာဝတရားတို့ နှင့် ဆက်နွှယ်ပြီး အနိမ့် အမြင့် လောကဓံတရားမှ အစ၊ အဖြစ် အပျက်၊ အိုနာသေ တရားတို့နှင့် ရင် ဆိုင်ရသော အခါ ရှိနေသည့် တည်ငြိမ် ခမ်းနားသော ခံစားမှုမျိုးဖြစ်သည်။ သဘာဝနှင့် ရင်ဆိုင်ရာ အရေးအကြီးဆုံး သဘောတရားဖြစ်သည်။

စရန္တိ ဝိသမေ သမံ၊ မညီညွတ်သော မြေပြင်၌ ဟန်ချက်ညီညီ လျှောက်ခြင်း ဟု ဘုရားရှင် မိန့်မှာသည်။

ဥပေက္ခာ ကျင့်စဉ်

ဤ၌ ဈာန်ကျင့်စဉ်၊ ဝိပဿနာကျင့်စဉ် နှင့် ဗြဟ္မစိုရ် ကျင့်စဉ်ဟု သုံးမျိုး ကွဲ သည်။
ဈာန်ကျင့်စဉ်၌ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ၊ ဟု ဈာန်အင်္ဂါ ၅ မျိုး၊ ဈာန် ၅ ပါးရှိရာ စတုတ္ထဈာန်အရောက် သုခ အစား ဥပေက္ခာ ဝင်လာသည်။ သမာဓိဆိုင်ရာ ဥပေက္ခာ ရဖို့ စတုတ္ထဈာန်ရောက်အောင် ကျင့်သုံးရသည်။
ဝိပဿနာကျင့်စဉ်၌ အဖြစ် အပျက်စသော သဘာဝကို သိသော ဥဒယဗ္ဗယ စသည့် ဉာဏ်စဉ်တို့ကို အဆင့်ဆင့် ကျော် လွန်ပြီး နောက် ဆုံး တောင့် တ ကြောင့်ကြ ကင်းသည့် သင်္ခါရုပေက္ခာကို ရောက်သည်။
ဗြဟ္မစိုရ် ကျင့်စဉ်၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တို့ကို တစ်ပေါင်း တည်း တွဲ၍ ကျင့်ရ ခက်သလို ခွဲ၍လည်းမရတတ်။ အခြေအနေ နှင့် အချိန် အခါကို လိုက်၍ ကျင့်နိုင်သည်။

ကျောင်းသားများနှင့် အကိုက်ညီဆုံး သာဓက ကို ပေးရလျှင်
How are you?
I'm OK. Thanks. ဆိုလျင် မေတ္တာ ပွားနိုင်သည်။
How is everything?
Not very good. I'm having a lot problems. ဆိုလျင် ကရုဏာ ပွားရ သည်။
How is everything?
Great! I didn't expect that much. Actually, the result was much better than I expected. ဆိုလျင် မုဒိတာ ပွားရသည်

ဥပေက္ခာက အနည်းငယ်ကွဲသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားပါလျက် အကျိုးဆက် ( သို့ ) တုန့်ပြန်မှုက အကြောင်း အမျိုးမျိုးကြောင့် ပုံစံ ကွဲနိုင် သည်။
ထိုအခါရောက်မှ ငါလည်းတတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီ၊ ကျန်တာတော့ ကံစီမံရာပဲ ဟု စိတ်သက်သာအောင် ပညာဖြင့် ထားခြင်းဖြစ်သည်။
ဤသည်က " မညီညွတ်သော မြေပြင်၌ ဟန်ချက် ညီညီ လျှောက်ခြင်း " ဖြစ်သည်။

ဥပေက္ခာအပေါ် လွဲမှားသော အမြင်နှင့် ဝေါဟာရ အချိ့

မျက်ကွယ်ပြု၊ ရက်စက်၊ စိမ်းကားခြင်း စသည်တို့နှ့င် ဥပေက္ခာ အထူး
မျက်ကွယ်ပြု၊ ရက်စက်၊ စိမ်းကားခြင်း စသော ရှေး တရားတို့ က လော ဘ၊ ဒေါသ၊ မောဟ တို့၏ ထုတ်ကုန်ဖြစ်ပြီး ဥပေက္ခာ က သမာဓိ ပညာ၏ ထုတ်ကုန်ဖြစ်သည်။ လုံးဝမတူပါ။
ဗိုက် အလွန်ဆာနေစဉ် စားကောင်းသောက်ဖွယ် အနံ့ရလျှင် ခံရခက်သလို နာလည်မှု မပါသော လောဘက ထိမ်းရခက်သည်။
စားကောင်းသောက်ဖွယ် အနံ့ရသော်လည်း မိမိက ဗိုက်ဝနေလျင် ထို အနံ့က သိပ်ဒုက္ခ မပေးနိုင်သလို ပညာပါက လောဘကို ထိမ်းထားလို့ရသည်။
အကျိုး အကြောင်း မသိရလျင် တစ်ခုခုကို ဒေါသ ဖြစ်ရသည်။ အကျိုး အကြောင်း သိလိုက်ရလျင် ဒေါသ ပြေသွားသည်။
ထို့အတူ မျက်ကွယ်ပြု၊ ရက်စက်၊ စိမ်းကားခြင်း စသည်တို့က အတ္တကို အခြေခံပြီး ကိုယ့်အလိုအတိုင်း တစ်ဖက်သားက မဖြစ်လာသဖြင့် ခံစား ရသော ခံစားမှုဖြစ်သည်။
ဥပေက္ခာက နားလည်မှုကို အခြေခံသည်။ အဇ္ဈတ္တ၌ ဖြစ်တတ်သော သောမနဿ၊ ဒေါမနဿ ဝေဒနာများမှ လွတ်သွား သည်။
စိတ်ငြစ်၍ စိတ်မတည်ငြိမ်သလို အပျော်လွန်လျင်လည်း စိတ်မတည်ငြိမ်။ ဥပေက္ခာက ဤ အစွန်း နှစ်ဖက်မှ လွတ်သွားပြီး တည်ငြိမ်သွားသည်။
ဤသည်က " မညီညွတ်သော မြေပြင်၌ ဟန်ချက် ညီညီ လျှောက်ခြင်း " ဖြစ်သည်။
ဥပေက္ခာ လည်း ခံစားမှုသာဖြစ်သည်။ သို့သော် ထို ခံစားမှုက ခမ်းနားသည်။ စိတ်ကို လုံခြုံမှု ရစေသည်။

Equanimity
Equanimity is a calm state of mind and attitude to life so that one does not lose one’s temper or get upset.
Equanimity: a state of mind that regards all beings and natural processes with impartiality, free from attachment and aversion.

Mainly two types of Equanimity:
Equanimity towards beings and natural processes .

Three practices to acquire that.
1 ) Concentration: Initial application. Sustained application. Joy. Happiness/ equanimity. One pointedness.
2 ) Insights: Knowing things/processes the way they are, arising and falling away.
3 ) Loving-kindness, compassion, appreciation and equanimity.

Caranti visamam samam- walking evenly on the uneven.

Misunderstanding with:
Don't bother, don't care, give a cold shoulder and equanimity.
While one is the product of anger, ignorance and selfishness, the other is the product of proper understanding and maturity.

May you all be calm and peaceful!
Bhante Cittara


 ကမ်းလက် 

Post a Comment