ဒီဇင်ဘာ စကာဦး


ဒီ အပတ်ကစလို့ အင်္ဂါနေ့တွေမှာ သီဟနာဒ ဘာသာပြန်ဆိုတဲ့ " ဗုဒ္ဓဘာသာနှင့် စစ်တပ် " ဆိုတဲ့ ဆောင်းပါးတွေကို တင်ပေး သွား မှာပါ။ ဆောင်းပါး အများစုဟာ ဗြိတိသျှစစ်တပ် အတွင်း တာဝန်ထမ်းဆောင်ဆဲ အရာရှိတွေ၊ ဗုဒ္ဓဘာသာ ပညာရှင်တွေ ရေးထားတဲ့ စစ်တပ်နဲ့ဆိုင်ရာ ဆောင်းပါတွေ၊ သဝဏ်လွှာတွေပါ။ အင်္ဂလန်က ထုတ်တဲ့ " The Middle Way= အလယ်လမ်းစဉ် " ဂျာနယ်ထဲက ထုတ်ယူထားတာဖြစ်ပါတယ်။ သုတေသန ဆန်တာတွေ ပါသလို ကိုယ်ရေး ကိုယ်တာ အတွေ့အကြုံ၊ ခရစ်ယန် အများစုကြားမှာ ရင် ဆိုင်ရတတ်တဲ့ အခက်အခဲတွေလည်း ပါပါတယ်။

အထူးအဆန်း အနေနဲ့ သိခွင့်ရလိုက်တာကတော့ ဗြိတိသျှ ဗုဒ္ဓဘာသာ စစ်သားတွေဟာ ဟစ်တလာရဲ့ စစ်တပ်ကို ပစ်ဖို့တောင် ပါဏာတိပါတ သိက္ခာပုဒ်ကြောင့် ငြင်းဆိုခဲ့ကြပါ သတဲ့။ တာဝန်နဲ့ ဗုဒ္ဓ အဆုံးအမကြား သူတို့ ဘယ်လိုများ ဟန်ချက် ထိန်းထား ခဲ့ ကြတယ်ဆိုတာ စိတ်ဝင်စားစရာပါ။
မေတ္တာဖြင့်


သီဟနာဒ 

Post a Comment