တရုပ် အမေရိကန်တို့ ကွဲပြားတဲ့ အခြေခံစိတ်


အမေရိက ဆင့်ဒီ ဝုဒ် အယ်လီမင်ထရီ ကျောင်းမှာ သေနပ်သမား ဝင်ရမ်း သွားတဲ့နေ့နဲ့ တစ်နေ့တည်း မှာပဲ အရင်နှစ်က တရုတ်ပြည်က အယ်လီမင်ထ ရီ ကျောင်းမှာလည်း လူရမ်းကား တစ်ယောက်က ဓားနဲ့ ဝင်ရမ်းသွားတယ်။

သူတို့ကလေးတွေရဲ့ လုံခြုံရေးအတွက် ကျောင်းအုပ်ကြီး အပါအဝင် အမေရိ ကန်ဆရာတွေက ကျည်ဆံကို ဝင်ခံပြီး အသက်ပေးသွားကြတယ်။ တရုတ်ဆရာတွေကတော့ ထွက်ပြေးသူက ပြေး၊ ပုန်းနေသူက ပုန်း။ ကလေးပေါက်စတွေနဲ့ ဓားသမားကို လွှတ်ထားကြတယ်။

အကြမ်းဖက်မှုသတင်းကို အာဏာပိုင်တွေဆီ အကြောင်းကြားတော့
အမေရိကန် အာဏာပိုင်တွေက ချက်ချင်း တုန့်ပြန်ပြီး တရုတ်အာဏာ ပိုင်တွေက ဟန်းဖုန်းနဲ့ ဂိမ်းကစားတာတောင် မပျက်ဘူး။


အကြမ်းဖက်မှု သတင်းနဲ့ ပတ်သက်ပြီး သတင်းဌာနတွေက မေးတော့
အမေရိကန် အာဏာပိုင်တွေက တလေးတစား သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးတယ်၊ တရုတ်အာဏာပိုင်တွေက " No point talking about it " ဒီအကြောင်းပြောနေလို့ ဘာ အဓိပ္ပါယ်ရှိမှာတုန်း လို့ ဖြေတယ်။

လက်နက် " ကွဲ " တာကလွဲရင် အကြမ်းဖက်လိုမှု စိတ်ရိုင်းကတော့ အတူတူ ပါပဲ။
အခု ပုံစံနဲ့ဆို တရုတ် အကြမ်းဖက်သမားလက်ထဲ သေနတ်ရောက် သွားရင် ကလေးတွေ အတွက် မတွေးရဲစရာပဲ။
အပြစ်မဲ့တဲ့ ကလေးလေးတွေဟာ ဘာကြောင့်များ စိတ္တဇသမားတွေရဲ့ ပစ် မှတ်ဖြစ်နေရသလဲဆိုတာ စိတ်ပညာရှင်တွေ ခေါင်း ရှုပ်နေရတဲ့ ပြဿ နာ ဖြစ်နေဆဲပါ။

ဒီခေတ်ကြီးထဲမှာ ကျောင်းဆရာ တစ်ယောက်ဟာ စာသင်ပေးရတာထက် တာဝန်တွေ အများကြီး ပိုလာနေပြီ။
မဖြူဖြူသင်း ရေ။ ကလေးအားလုံး ဘေးရန်ကင်းဖို့ ဆုတောင်းကြရအောင်။ တကယ်လို့ တစ်ခုခုဆိုရင်လည်း အမေရိကန်တို့ သမိုင်းက လှတယ်။ ဘာသာတရားတိုင်းက ချီးမွမ်းတယ်။ လူသားတိုင်းက လေးစားတယ်။

အဖြူ နဲ့ အမည်း။ ကလေးနဲ့ သေနတ်၊ ဓား။ အတ္တစိတ်နဲ့ အနစ်နာခံစိတ်။
အမေရိကန်ဆရာတွေ နဲ့ တရုတ်ဆရာတွေ။ အမေရိကန် အာဏာပိုင်တွေနဲ့ တရုတ်အာဏာပိုင်တွေက ပြယုဂ်တစ်ခု အပိုပေးထားခဲ့သေးတတယ်။

BEIJING - There were fewer children injured and no deaths in a knife attack at a school in China that happened on the same day as the Sandy Hook Elementary School massacre in the United States. But the soul-searching is no less intense.

In the attack in China - the latest in a series of similar incidents since 2010 - a knife-wielding man slashed 22 children in a primary school in Guangshan county in central Henan province. Coincidentally, it happened last Friday, the same day 20 pupils were murdered in the Connecticut school.

As in the US, the attack triggered renewed concerns over school safety and questions on how the mentally ill are treated. But for many, the most pressing worry is the conduct of the Chinese teachers, whose actions were in sharp contrast to those of their US counterparts.

During the Henan attack, which saw most of the pupils aged six to 11 suffering head wounds, teachers were nowhere to be seen. They had reportedly either fled for their lives or were slow in arriving at the scene.


 ဇင်ဝေသော်

Post a Comment