မင်္ဂလာပါ ကမ္ဘာ

ကမ္ဘာပျက် ကြိမ်စာတစ်ခု ကျော်ခဲ့ရပြန်ပြီ
ကမ္ဘာကို လာဖျက်မယ့် နီဘုရုဂြိုဟ်လည်း " No where near to see. "
မာယန် ရဲ့ ဘာသာပြန်ဆိုမှုကလည်း " Lost in translation. "
ဒီစာကို သင်ဖတ်နိုင်ရင်
ကမ္ဘာဟာ ကျန်းကျန်းမာမာ ပဲ ကွဲ့
လို့ သတင်းစာတွေ ပြောနေကြတယ်။
Niburu ခေါ်တဲ့ Planet X ဟာ
၂၀၀၃ ခု ကတည်းက ကမ္ဘာဖျက်ဖို့ အော်နေခဲ့သပ
နာဆာက ပေါချောင်ကောင်း ကောလဟလကို မဝယ်ခဲ့ဘူး
လူ့သမိုင်းမှာ ကမ္ဘာဖျက် ကောလဟလ သန်းချီလို့ ထွက်ခဲ့ဖူးပ တဲ့။

နောက်ပြီး ကျန်နေသေးတဲ့ ကောလဟလ တွေက
ကမ္ဘာဟာ လုံးဝအမှောင်ကျ ဘလက်ကောက်ဖြစ်ရဦးမယ်
ကမ္ဘာ လည်ပတ်ပုံပြောင်းပြီး ကမောက်ကမဖြစ်ရဦးမယ်
ဆိုလာမုန်တိုင်း တိုက်ခတ်တာ ခံရဦးမယ်
နာဆာက ပေါချောင်ကောင်း ကောလဟလကို မဝယ်ခဲ့ဘူး။

လူသားက Planet X အစား X- Factor ကို မွေးစားလိုက်တယ်
အာဒမ် ဝက စတွက်ရင်
ကောလဟလ တွေ ကျဆုံးပြီးပြီ
ကိုလိုနီတွေ ကျဆုံးပြီးပြီ
အာဏာရှင်တွေ ကျဆုံးပြီးပြီ။

ဒီမနက်မှာတော့
ရင်ကော့ကော့နဲ့ လမ်းသလားနေတဲ့ ကမ္ဘာကိုတွေ့လို့
ဟောင်း အာ ယူ
မင်္ဂလာပါ ကမ္ဘာ။ ။


 ဇင်ဝေသော်

Post a Comment