ကျနော်တို့နဲ့ ဦးပေါ်ဦး


( ၁ )
" တံခါးလာခေါက်တာ ဘယ်သူလဲ "
" ငါ ပါဟ ပေါ်ဦးရ၊ ဦးဝိုင်းပါ။ တံခါးဖွင့်ပါအုံး "
" ဘယ်က ငါလဲ၊ ဦးဝိုင်းက ဥပုသ်ဆောင်မှာ "
" မနောက်ပါနဲ့ ပေါ်ဦးရာ၊ ငါ့ အသံကို မှတ်မိသားနဲ့၊ ငဝိုင်း အစစ်ပါ "
ငါဆိုတိုင်း ငဝိုင်းဆိုတိုင်း တံခါးဖွင့်ပေးရမယ်ဆိုရင် မြို့ရိုးတံခါး ပိတ်ဖို့ မ လိုတော့ဘူး "
ဘိုးတော် ဦးဝိုင်းကြီး တော်တော် ကြေကွဲသွားတယ်။

( ၂ )
" တံခါးလာခေါက်တာ ဘယ်သူလဲ "
" ကျနော်ပါ ဦး ပေါ်ဦး၊ ပြောစရာ ရှိလို့ပါ "
" ကျနော်ဆိုတိုင်း တံခါးဖွင့်ပေးရမယ်ဆိုရင် မြို့ရိုးတံခါး ပိတ်ဖို့ မလိုတော့ ဘူး၊ ပြောစရာရှိရင် ပြော "
" ကျေးဇူးပါ။ ကျနော် ရန်ကုန်ပြန်မလို့ ပါ "
" ရန်ကုန်ကိုသွားပြီး နင်က ဥပုသ် သွားစောင့်မလို့လား "
" ကျနော်က ဘိုးတော် ဦးဝိုင်းမှ မဟုတ်တာ၊ ဥပုသ်ကို စောင့်စရာ မလိုပါ ဘူး၊ ဥပုသ် က ကျနော့်ကို စောင့်နေတာပါ "
" သီလမရှိ၊ ဘာဝနာမရှိ၊ မိစ္ဆာဒိဋ္ဌိကောင်၊ ရန်ကုန်ကိုသွားပြီး နင်က ဘာလုပ် မှာလဲ "
" ဘိုးတော် ဦးဝိုင်းနဲ့ ရှယ်ယာလုပ်ပြီး ဘိုးဘိုးအောင်ဆီက " ဝ " လုံးတွေ အ ကုန် ကန်ထရိုက် စာချပ်နဲ့ ဝယ်ထားမလို့ပါ၊ ဒေါ်လာရှိရင် ချေးပါဦး "
" မရှိဘူး မချေးဘူး၊တံခါးဖွင့်ပေးမယ်၊ ဝင်ခဲ့၊ ငါပြောစရာ ရှိလို့ "
" ဥပုသ်ကျိုးမှာမို့ မဝင်တော့ဘူး၊ သွားပြီဗျာ။ ဘိုးတော် ဦးဝိုင်းက စောင့်နေလို့ "

" ဟေ့ကောင် နေဦး၊ ငါ ပြောစရာရှိလို့၊ ဦး ပေါ်ဦးဖြတ်ထုံးစာအုပ် ငါထုတ် ချင် လို့၊ နင် ပတ်ဘလစ်ရှာ ရှာပေးနိုင်မလား၊ ကော်မရှင်ခ ပေးမယ် "
" ခင်ဗျားစာအုပ်က ဝယ်မယ့် လူရော ရှိမှာ မို့လား၊ ကဲပါလေ၊ ပတ်ဘလစ်ရှာ ရှာခဲ့ပါ့မယ်၊ သွားပြီဗျာ "
" ရှိမှာပါကွာ၊ ငါ့ခေတ်နဲ့ ငါတော့ ပေါ်ဦး တစ်ဦးတည်း ရှိခဲ့တာပါ။ ဒါနဲ့ " ဝ " လုံးတွေနဲ့ နင်တို့က ဘာလုပ်မှာလဲ "
" ဘာမှ မလုပ်ဘူး၊ ဝယ်ပြီး သိမ်းထားမှာ၊ " ဝ " လုံးတွေရှားပါးတော့မှ ထုတ်ရောင်းမှာ "
" နှစ်ယောက်စလုံး အရူးတွေကွာ "

( ၃ )
နှစ်ပတ်ကြာတော့ ခေါင်းငိုက်စိုက် ချထားတဲ့ ဘိုးတော် ဦးဝိုင်း နဲ့ ကျနော့် ကို တွေ့ရတယ်။
" ဟေ့ အရူးနှစ်ယောက်၊ မင်းတို့ " ဝ "လုံး ကုမ္ဖဏီ ကိစ္စက ဘယ်လိုလဲ "
" မမီလိုက်ဘူ ဗျာ။ တရုတ်က အကုန်ဝယ်သွားပြီ။ " ဝ " လုံးတင် မကဘူး၊ ဆိတ်မျက်လုံး နွားမျက်လုံးတွေပါ အကုန် ဝယ်သွားလို့ "
ဉာဏ်ပြေးတဲ့ ဦး ပေါ်ဦးက ချက် ဆို နားကက်က မီးတောက်တဲ့ အမျိုးပဲ။
" ဟိုက်။ ဒါဆို ရှင်အဇ္ဇဂေါဏ တော့ ဒုက္ခရောက် ပြီ "
" အဲဒါပေါ့ဗျာ၊ ကိုယ့်ပြည်တွင်းက ဆိတ်မျက်လုံး နွားမျက်လုံးတွေကို တ ရုတ်ပြည်ကနေ ပြန်မှာယူနေရလို့ ဈေး အဆမတန်ကြီးပြီး မဝယ်နိုင် ဖြစ်နေ ရှာတာ "
" ဒါဆို သူ့ မျက်လုံး တွေ "
" မဝယ်နိုင်လို့ မျက်လုံးမတတ်ရသေးဘူး "

" မင်းတို့ အစိုးရက ဘာဖြစ်လို့များ ရှိ ရှိ သမျှ တရုတ်ကို အကုန် ရောင်းရ တာလဲ "
" ဘိုးဘိုးအောင် ရှိရင် " ဝ "လုံး ရှိတယ် ဆိုပြီး ရောင်းတာ တဲ့။ တရုတ်က ဘိုးဘိုးအောင်ကိုပါ သူတို့ပါမစ် မရဘဲ " ဝလုံး " မရေးရလို့ ကန်ထရိုက် တစ် ခါတည်း ချုပ်ထားတာ တဲ့ ဗျာ "

" ဒါဆို ရှင်အဇ္ဇဂေါဏ ကိစ္စကိုရော တရုတ်က ဘာပြောသေး သလဲ၊ သူ့ ရွှေဖြစ် ငွေဖြစ်နည်းတွေ့နေပြီ ဆိုတာ သူတို့သိလောက်တယ် "
" ဟုတ်တယ်၊ သိတယ်။ သိလို့ ဈေးကိုင်နေတာ။ ဆိတ်မျက်လုံး နွားမျက် လုံးတွေကို ပေးမယ်။ ဒါပေမယ့် နှစ် ၃၀ အတွင်း သူတို့ အတွက်ပဲ လုပ်ပေးရ မယ်၊ ဘွန်း ထိုးထားရမယ် တဲ့ "
" ဒါနဲ့ ရှင်အဇ္ဇဂေါဏက အခု အသက် ဘယ်လောက် ရှိပြီလဲ "
" ၆၅ နှစ် "
ဒီတစ်ခါ ခေါင်းငိုက်စိုက်ကျသွားတာက " ဦး ပေါ်ဦးဖြတ်ထုံး " စာအုပ်ထုတ် ချင်တဲ့ ဦး ပေါ်ဦး ပဲ။
" ဦး ပေါ်ဦးဖြတ်ထုံးတွေ ဘာတွေ လုပ်မနေကြပါနဲ့တော့ကွာ။ တရုတ်ဖြတ် ထုံး အတိုင်းသာ ထားလိုက်ပါတော့ " တဲ့။


 ဇင်ဝေသော်

Post a Comment