ကွန်စစ်စတင့် ဖြစ်သူများ

မေး ။      ။ တော်လှန်ရေးသမား စစ်စစ်တွေဟာ ဘယ်လိုလူတွေပါလဲ။

ဖြေ ။     ။ ရုရှား စာရေးဆရာကြီး တစ်ယောက် ပြောဖူးပါတယ်။  တော်လှန်ရေးသမား စစ်စစ်တွေဟာ ပထမ နိုင်ငံခြားသားတွေကို  တော်လှန်ပါတယ်။ တော်လှန်ဖို့  နိုင်ငံခြားသားတွေ မရှိတော့ဘူးဆိုရင် အချင်းချင်း အုပ်စုခွဲပြီး ဆက်လက် တော်လှန်ကြပါတယ် တဲ့ ။ ကွန်စစ်စတင့် ဖြစ်လို့ ချီးကျူး စရာပါ။

မေး ။     ။ အနောက်က အမျိုးသားတွေ နဲ့ အာရှ အမျိုးသမီးတွေ အိမ်ထောင်ကျတာ များပြီး အနောက်က အမျိုးသမီးတွေ နဲ့  အာရှ အမျိုးသားတွေ အိမ်ထောင်ကျတာ တော်တော်နည်းပါတယ်။ ဘာကြောင့်လဲ လို့ မေးတဲ့ အခါမှာ အာရှ အမျိုးသမီးတွေက ရင့်ကျက်တယ် ( Girl ) ဂါးလ် ကနေ (Lady ) လေဒီ ဖြစ်လာကြတယ်၊ အာရှ အမျိုးသားတွေကတော့ အသက်ကြီးလာပေမယ့် ( Man )မဲန်း ဖြစ်မလာဘဲ ( Big boys ) ဘစ် ဘွိုင်းပဲ ဖြစ်နေကြလို့ လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။

ဖြေ ။     ။ ဘာမှ မပြောချင်ပါဘူး။ အာရှ အမျိုးသားတွေက အာရှ အမျိုးသမီးတွေထက် ပိုပြီး ကွန်စစ်စတင့် ဖြစ်တယ်ဆိုတာ ကမ္ဘာကတောင် သိနေမှပဲ။


ဇင်ဝေသော်

1 comments:

ဆယ်တန်းတုန်းက constant အကြောင်းသင်ရတော့ ဆရာမက မေးတယ် ပြင်ပမှာ ဘယ်အရာတွေ constant ဖြစ်တာမြင်ဖူးလဲတဲ့... တစ်ယောက်က ဖြေတယ် နာရီလက်တံတွေ၊ နောက်တစ်ယောက်က ဖြေတယ် ... ဘုန်းဘုန်းတွေ ဆွမ်းခံကြွတဲ့ခြေလှမ်းတဲ့။
ပြုံးစစများ ဖြစ်သွားလေမလား ... :)

Reply

Post a Comment