ပြည်ပ သာသနာပြု အစစ်

မဟာဝီရ.......
မဟာဝီရ ဆိုတာ ဂျိန်း ဘာသာရေး ခေါင်းဆောင်ကို ပြောတာမဟုတ်ပါဘူး။
မင်္ဂလ ဝိဟာရ ကို တည်ထောင်ခဲ့သူ၊ စင်ကာပူရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ပညာရေး
( Sunday Dhamma Classes) ကို စင်ကာပူ တရုတ်တွေကြား စတင်ခဲ့သူ၊
Buddhist and Pali Collage ကို တည်ထောင်ခဲ့သူ သီဟိုဠ် ဆရာတော်ကြီးပါ။

မနက်ဖြန်ဆိုရင်ပျံတော်မူသွားတာ ၁၀ နှစ် ပြည့်ပြီ။

သောဏထေရ် ဥတ္တရ ထေရ် တို့ သုဝဏ္ဏဘုမ္မိ ကို ရောက်တော့ သူတို့ အိန္ဒိယ နိုင်ငံသားတွေ သုဝဏ္ဏဘုမ္မိ မှာ
အုံနဲ့ ကျင်းနဲ့ ရှိပုံမရပါဘူး။ ရှင်အရဟံ ပုဂံကို ကြွတော့လည်း သူ့နိုင်ငံသားတွေ တမ္ဗဒီပ မှာ ကျောထောက်နောက်ခံ
ကြီးကြီးမားမား ရှိပုံ မရခဲ့ပါဘူး။

လူမျိုးကွဲတွေကြားမှာ သူ့ယဉ်ကျေးမှုကို ကိုယ်လေးစား၊ ကိုယ့်ဘာသာတရားကို သူတို့လက်ခံအောင်
ပြောဟော။ မလွယ်ကြောပါ။


မဟာဝီရ ဆရာတော်ကြီးဟာ အထက်ပါ မထေရ်တွေရဲ့ ကောက်ကြောင်းအတိုင်း လူမျိုးခြားတွေထဲ
တည့်တည့်တိုးပြီး သာသနာပြုသွားတယ်။ ဒိတ်ဒိတ်ကြဲ ပညာတတ်ကြီးလည်း မဟုတ်ဘူး။
ရှေးရိုးစွဲ ဗုဒ္ဓဘာသာ ပညာရေးဘဲ ပါလာတယ်။ အင်္ဂလိပ် စကားလည်း ရောက်စ က မပြောတတ်ဘူး။

သူ ချမ်းသာတာက သာသနာချစ်စိတ်နဲ့ ဝိရိယ ။ ၁၆ နှစ်သား ကတည်းက မက်ခဲ့တဲ့ သူ့ အိပ်မက်ကို ယုံကြည်၊
အကောင်အထည် ဖော်ရဲမှု။ ကမ္ဘာမကျော်ပေမယ့် ဒီ ဆရာတော်မျိုး လက်ချိုးရေရတာ ခေါင်းရှုပ်လောက်အောင် မများဘူး။
သူ့ တစ်ဘဝလုံးလည်း သူ တည်ထောင်တဲ့ နေရာလေးမှာဘဲ အဆုံးသတ်သွားတယ် ။
သူ့ နိုင်ငံကို မပြန်ဖြစ်တဲ့သက်တမ်းက ၃၆ နှစ် တဲ့။

သာသနာပြုဖို့ တကယ်လိုတာက ဘာလဲ....
မဟာဝီရ ဆရာတော် ကတော့ ရိုးရိုးလေး အသံထွက်ပြသွားတယ်။
(ခွင့်လွှတ်တော်မူပါ၊ ခပ်တိုးတိုး မသဲမကွဲပဲ ကြားလိုက်မိပါတယ်......အရှင်)




ကမ်းလက်၊ မဟာဝီရ နှစ်ပတ်လည် အမှတ်တရ







Copyright © 2012 ကမ်းလက်. All rights reserved.

2 comments

တကယ့်ကို အားကျဖွယ်ပါလားဘုရား၊ သာဓု ဝမ်းမြောက်စွာ ခေါ်မိပါတယ်။

Reply

မင်္ဂလာပါ Crystal
ပထမဆုံးပြောချင်တာက ကွန်မန့်တွေ မပြန်ဖြစ်တဲ့အတွက် တောင်းပန်ပါရစေ (About Us ထဲမှာ ကျနော်တို့ရဲ့ ဆိုရှယ်ညံ့ဖျင်းမှုကို ဘယ်လိုပင် ရေးထားပေမယ့်လည်း) အမြဲတမ်း လာရောက်လည်ပတ်အတွက်၊ ပြီးခြေရာတွေ ချန်ချန်ထားပေးတတ်တဲ့အတွက် ၊ လင့်ခ် ချိတ်ပေးထားတာတွေ အားလုံးအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်။ ကမ်းလက်မှ နွေးထွေးစွာ လက်ကမ်း ကြိုဆိုလျက်ပါ :)

Reply

Post a Comment