ဆင်ခြေ

(၁)
အမှန်တရားသည်
ရထားဆိုက်ချိန် နောက်ကျခဲ့၏။

( ၂ )
တကယ်တော့
ဘယ်သူမှ နောက်မကျပါဘူး
နေဝင်တာကကို စောလွန်းသွားတာပါ။

( ၃ )
တကယ်တော့
နေဝင်တာက မစောပါဘူး
ထူထဲ တဲ့ ဘဝအနွေးမောကြောင့်
ခပ်ဖွဖွ ဆောင်းခြေသံကို
နား မစွင့်မိခဲ့ကြတာပါ။


၁။မောင်သိန်းဇော်
၂။တာရာမင်းဝေ




ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment